← Chapters

အပြိုင်အဆိုင်ဝန်ခံခြင်း ဒုန်း! ဒုန်း!

Vol. 15 Ch. 249

အပြိုင်အဆိုင်ဝန်ခံခြင်း ဒုန်း! ဒုန်း!

Vol. 15 Ch. 249

တစ်စုံတစ်ယောက် တံခါးခေါက်သံကို ကြားလိုက်ရ​လေသည်။

မေမေရှောင်သည် ခြံတံခါး ထဖွင့်ပေးလိုက်သည်။ သခင်ကြီးကုန်း နှင် သူ့မြေးကိုတွေ့ချိန်တွင် သူမသည် အိမ်ထဲဝင်ရန် ဖိတ်လိုက်​လေသည်။

သူတို့နှစ်ယောက် အိမ်ထဲ ဝင်လာသောအခါ ရှောင်လင်းယွီသည် ယန်စစ်မင်ကို ငြင်းဆိုသည်ကို ကြားလိုက်ရ​လေသည်။

သူတို့နှစ်​ယောက်၏ ပါးစပ်ထောင့်များသည် အလိုအလျောက် ကွေးသွား​လေသည်။

ယန်စစ်မင်သည် ယခင်က ရှောင်လင်းယွီအား ထိုသို့ ပြောဖူးခဲ့သည်။ ဘယ်လိုဆိုးဝါးတဲ့လူလဲ။

ရှောင်လင်းယွီသည် သူ့စကားကို အသုံးပြုကာ ငြင်းဆို​လေသည်။

"ဟဟ ရှောင်ယန် မင်းငါ့ကိုတွေ့ဖို့ ဒီကို လာတယ်သာပြောတာ ဘာဘို့ ဒီအိမ်ကိုရောက်နေတာလဲ။" သခင်ကြီးကုန်းသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဒီအဖိုးကြီး မင်းအစား မင်းကို ရှာဖို့ လာခဲ့ရတယ်"ဟု ပြောလိုက်​လေသည်။

ယန်ကျန့်သည် သခင်ကြီးကုန်း ကိုမြင်သောအခါ သူ၏အမူအရာသည် ချက်ချင်းပင် အလွန်စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်လျှံလာသည်။

သူသည် လမ်းလျှောက်တုတ်ကို လက်ထဲတွင်ကိုင်ကာ သခင်ကြီးကုန်းဆီ သွားကာ မျက်ရည်များ စီးကျလာသည်။

"ခေါင်း​ဆောင်..." သူသည် တုတ်ကို ပစ်ချလိုက်ပြီး သခင်ကြီးကုန်း ကို ပွေ့ဖက်လိုက်သည်။ ငိုရင်းဖြင့် "ခေါင်း​ဆောင်ကို ပြန်တွေ့ရတာ အရမ်းဝမ်းသာတာပဲ!"

လူတိုင်း၊ "..."

'သူဘယ်သူလဲ? ကလေးတစ်ယောက်လို ရုတ်တရက် ဘာလို့ ငိုနေတာလဲ။'

သခင်ကြီးကုန်းသည် ယန်ကျန့်ကို ပြန်ပွေ့ဖက်လိုက်ပြီး "ရှောင်ယန် မင်းက အဖိုး​တောင်ဖြစ်နေပြီ၊ ဘာလို့ ဒီလောက် ငိုနေသေးတာလဲ။"

သခင်ကြီးယန်သည် "တွေ့ရတာ အရမ်းစိတ်လှုပ်ရှားလွန်းလို့ မျက်ရည်ကိုတောင် မထိန်းနိုင်တော့ဘူး"

ယန်မောင်နှမ၊ 'အဖိုးက အငိုသန်တဲ့ ကလေးမှန်း မသိလိုက်ဘူး။'

သခင်ကြီးကုန်းသည် "ဟုတ်တယ်၊ မင်းနဲ့ထပ်တွေ့ရမယ်လို့ မထင်ထားဘူး"ဟု ပြော​လေသည်။

တစ်ယောက်နဲ့တစ်ယောက် မတွေ့သည်မှာ ဆယ်စုနှစ်ပင် ကြာခဲ့ပြီဖြစ်သည်။

"ခေါင်း​ဆောင်ကျန်းမာနေတာ တွေ့ရတော့ ဝမ်းသာမိတယ်" လို့ သခင်ကြီးယန်သည် ငိုရင်းဖြင့် ပြော​လေသည်။ သူ၏ ခေါင်း​ဆောင်ဟောင်းသည် နှလုံးတွင် ကျည်ပစ်ခံထားရပြီး ကျည်ဆန်ကို ဖယ်ရှားရန်မှာ အန္တရာယ်များခဲ့​ပေသည်။

သခင်ကြီးကုန်းသည် ခေါင်းညိတ်ပြီး "ထောင်ယွမ်ရွာ ရွာကို ပြောင်းပြီးကတည်းက ငါ့ကျန်းမာရေးက ပိုကောင်းလာတယ်။ ရှောင်ယန် မင်းလည်း ကျန်းမာ​ရေး ကောင်းတာပဲ"

သခင်ကြီးယန်သည် ခေါင်းညိတ်ပြီး "ဒါက အရင်တုန်းက ခေါင်းဆောင်ဟောင်းရဲ့ ဂရုစိုက်မှုကြောင့်ပါ ကျေးဇူးတင်ပါတယ်" သခင်ကြီးကုန်းနှင့် အတူရှိစဥ်က နောက်ခံအင်အားပံ့ပိုးမှုမှာ တာဝန်ယူထား​သောကြောင့် ပြင်းထန်ဒဏ်ရာများ မရခဲ့ပေ။ ထို့အပြင် ပြင်းထန် သေနတ်ဒဏ်ရာအနည်းငယ်ရရှိခဲ့သူမှာ သခင်ကြီးကုန်း ဖြစ်​လေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် အသက်​ဘေးမှ လွတ်​​မြောက်ခဲ့​လေသည်။

"အဖိုးအရင်ထိုင်သင့်တယ်​နော်" ကုန်းထျန်းဟောက်သည် ပြော​လေသည်။ အသက်ကြီးသူများသည် ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပေသည်။

သခင်ကြီးယန်သည် သခင်ကြီးကုန်းကို ခေါင်း​​ဆောဆောင်ဟောင်းလို့ ခေါ်တဲ့အကြောင်း ရှောင်ကျန်းယန်နှင့် သူ့ဇနီးကြားသောအခါ သူတို့ အံ့သြသွား​လေသည်။ ပညာမတတ်သော်လည်း ခေါင်း​​ဆောင်​ဟူ​သော အသုံးအနှုန်းကို သိနေကြ​လေသည်။ အများအားဖြင့် တပ်မတော်မှ ဗိုလ်ချုပ်များကိုသာ ထိုသို့ ခေါ်ကြခြင်းဖြစ်​လေသည်။ သူတို့သည် ယခင်က ရုပ်မြင်သံကြားတွင် မြင်ဖူး​လေလေသည်။

သို့​သော် သူတို့ ဘာမှ မပြောခဲ့ချေ။

မေမေရှောင်သည် လက်ဖက်ရည်ပြင်ရန် သွားလိုက်​လေသည်။

ရှောင်ကျန်းယန်သည် "လူကြီးမင်းတို့၊ ကျေးဇူးပြုပြီး ထိုင်ပါ!"ဟု ပြော​လေသည်။

အဖိုးကြီး နှစ်ယောက် ထိုင်ပြီး​သောအခါ အတိတ်ကို သတိရလာလေသည်။ တခြားမည်သူမှ ထိုထဲသို့ မပါဝင်နိုင်​ပေ။

သခင်ကြီးယန်သည် အ​စောက လက်ထပ်ဖို့ ပြောစဥ်က ယန်မောင်နှမသည် မတ်တပ်ရပ်နေခဲ့ကြသည်။ သို့သော် ယခုတွင် သခင်ကြီးကုန်း သည် ထိုနေရာတွင် ရှိနေသဖြင့် သူတို့သည်လည်း ထိုင်နေကြရသည်။

ဤစားပွဲဝိုင်းတွင် အဖိုးကြီးနှစ်ယောက်သည် ထိပ်တွင်ထိုင်ပြီး လူငယ်နှစ်ယောက်သည် ဘေးတစ်ဖက်စီတွင် ထိုင်ကြ​လေသည်။

သူ့အဖိုးဘေးတွင် ထိုင်နေသော ကုန်းထျန်းဟောက်သည် မျက်လုံးများ တောက်ပလာပြီး "မစ္စတာယန် ဒါ လင်းယွီအ​ပေါ် ခင်ဗျားရဲ့အမြင်​ပေါ့"ဟု ပြော​လေသည်။

ယန်စစ်မင်၏ ပါးစပ်ထောင့်တွင် ကွေးသွား​လေသည်။ သူသည်ဘယ်လိုဖြေရမှန်းမသိပေ။ ထိုအချိန်တွင် သူသည် ရှောင်လင်းယွီနှင့် နီးစပ်ချင်သော်လည်း ရှောင်လင်းယွီသည် သူ့ကို ငြင်းဆန်ခဲ့​သောကြောင့် သူသည် သူမအား နှိမ့်ချသော စကားများစွာ ပြောခဲ့ဖူးသည်။

ဤစကားများသည် သူအား ငြင်းဆိုရန် ရှောင်လင်းယွီ၏ အကြောင်းပြချက်ဖြစ်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သူသည် အရမ်းအံ့သြသွာလေသည်။

ယန်စစ်မင်သည် ပြုံးပြီး "မစ္စတာကုန်း ကျွန်​တော်နဲ့ လင်းယွီက သူငယ်ချင်းတွေဆိုတာ သိတယ်မလား။ အဲဒါတွေက ဟာသအဖြစ်ပြောခဲ့တာတွေပါ" ထိုအချိန်တွင် သူသည် ရှောင်လင်းယွီကို လှည့်ကြည့်လိုက်ပြီး "လင်းယွီ၊ ငါက မင်းကို နောက်နေတာကို မင်းက အရမ်းအတည်ယူလွန်းတယ်"​ဟု ပြောလေသည်။

ရှောင်လင်းယွီ စကားကိုပင် မစောင့်ဘဲ ကုန်းထျန်းဟောက်သည် ပြုံးကာ သူ့ကို လှောင်ပြောင်လိုက်​လေသည်။ "ဟာသလား။ မစ္စတာယန် ခင်ဗျားက သုံးနှစ်သားလား။ မဟုတ်ရင် ဘာလို့ စကားနဲ့ အနိုင်ကျင့်တာရဲ့ အန္တရာယ်ကို မသိတာလဲ။ စိတ်ကြီးဝင်နေတဲ့ ဘဲရုပ်ဆိုးလေးလို့ထင်တယ်ပေါ့။ ဒါပေမယ့် ခင်ဗျားနဲ့ ယှဥ်ရင် အမျိုးသမီး အများစုက တကယ်ကို ရုပ်ဆိုးတဲ့ ဘဲလေးတွေပဲ"ဟု သူက ပြော​လေသည်။

အားလုံး၊ "... "

ဤလူသည်လည်း နောက်မဆုတ်ချေ။ သူသည် ယန်စစ်မင်က အမျိုးသမီးအများစုထက် ပိုလှသည်ဟု ဆို​လေခြင်းဖြစ်သည်။

ယန်စစ်မင်သည် မည်မျှ ယဉ်ကျေးသိမ်မွေ့သည်ဖြစ်စေ ဤကဲ့သို့ ပြောခံရလျှင် ဒေါသထွက်လိမ့်မည်ဖြစ်သည်။

သူ့မျက်နှာသည် မည်းမှောင်သွားပြီး "မစ္စတာကုန်း၊ ကျွန်တော်ပြောတာကို နားမလည်ဘူးလား။ ဒါက လင်းယွီနဲ့ ကျွန်တော့်ကြားက ဟာသတစ်ခုလို့ ပြောတယ်​လေ။ လင်းယွီအစား ပြောရ​အောင် ခင်ဗျားကဘယ်သူလဲ။ လင်းယွီနဲ့ ဘယ်လိုပတ်သက်လို့လဲ"

ဤစကားသည် ကုန်းထျန်းဟောက်၏ နှလုံးသားအထိ ထိမှန်သွား​လေသည်။

ထို့နောက် ကုန်းထျန်းဟောက်သည် "ကျွန်တော်က အခုအချိန်မှာ လင်းယွီနဲ့ ဘာမှ မပတ်သက်​သေးဘူးဆိုပေမယ့် အနာဂတ်မှာ ကျွန်တော် သူနဲ့လက်ထပ်ဖို့ စိတ်ကူးထားပါတယ်"ဟု ယုံကြည်ချက်ရှိစွာ ပြော​လေသည်။

သခင်ကြီးကုန်းမှလွဲ၍ လူတိုင်းသည် ပါးစပ်အ​ဟောင်းသားဖြစ်သွားလေသည်။

ရှောင်လင်းယွီ၏ လက်ထဲမှ ပန်းသီးသည် မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။ ယခုတစ်ကြိမ်တွင် သူမ၏အမူအရာသည် အံ့အားသင့်၍ ထိတ်လန့်တကြားဖြစ်ကာ သူမ၏မျက်လုံးများတွင် ထိုအရိပ်အ​ယောင်များကို တွေ့ရ​လေသည်။

ကုန်းထျန်းဟောက် ယခုတစ်ကြိမ် ထောင်ယွမ်ရွာသို့ လာရခြင်း ရည်ရွယ်ချက်မှာ သူမဖြစ်သည်ဟု မထင်ထားပေ။

ထိုအချိန်တွင် ရှောင်လင်းယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ​လေသည်။ 'သူက ငါ့ဗိုက်ထဲက ကလေးက သူနဲ့ရတာမှန်းသိလို့ ဒီလိုလုပ်နေတာလား။ သူ့အခြေအနေအရ အဲ့တုန်းက ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းဖို့ဆိုတာ သူ့အတွက် အလွယ်​လေးပဲ ။ ကုန်းထျန်းဟောက် က ငါ့ဗိုက်ထဲက ကလေးကြောင့် ငါ့ကိုလိုက်ချင်နေတာလား။ မဟုတ်ဘူး! ကလေးက ငါ့က​လေးပဲ။ ရှောင်ထုန်ကို ဘယ်သူမှ ငါ့ဆီကနေ မယူသွားရဘူး!'

ရှောင်လင်းယွီ သည် သူမဗိုက်ကို ကိုင်လိုက်​လေသည်။ သူမသည် မျက်လွှာချလိုက်ပြီး သူမှ အမူအရာသည် လေးနက်လေသည်။

ကုန်းထျန်းဟောက်သည် သူမကို ကြည့်နေ​လေသည်။ သူသည် ရှောင်လင်းယွီ အမှန်အတိုင်း သိသွားပြီဟု သူချက်ချင်းနားလည်လိုက်​လေသည်။

သူ့မျက်လုံးထဲတွင် စိတ်အနှောင့်အယှက်ဖြစ်​နေသည့် ပုံစံပြနေ​သော်လည်း သူဘာမှ မတတ်နိုင်ချေ။

သူသည် စိတ်မရှည်ခဲ့​ပေ။

ရှောင်လင်းယွီကို လိုက်ရန် သူတစ်ဆင့်ခြင်း လုပ်ခဲ့သင့်​သော်လည်း ယန်မိသားစုက လက်ထပ်ရန် ကမ်းလှမ်းသည်ကို ကြားလိုက်သောအခါ သူသည် စိတ်ရှုပ်သွားလေသည်။

စကားသည်​ပြောပြီးဖြစ်သဖြင့် ပြန်ရုတ်သိမ်း၍ မရ​တော့​ချေ။

ထို့​ကြောင့် မထူးဇာတ်ခင်းကာ ဖုံးကွယ်မထားတော့ချေ။ သူ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလျှင် ထောက်ခံမှု ပိုရနိုင်လေသည်။

ယန်စစ်မင်သည် စိတ်တိုလာ​လေသည်။ သူသည် နောက်ကျမကျန်ချင်သဖြင့် "ရှောင်လင်းယွီ၊ သေချာနားထောင်။ အတည်​ပြော​နေတာ။ ငါမင်းကို တစ်ကယ် သဘောကျတယ်။ လနည်းနည်း​တော့ကြာပြီ မင်းကို ကြိုက်ခဲ့တာ။ မင်းကို လက်ထပ်ချင်တယ်"ဟု ပြော​လေသည်။

ယန်စစ်မင် ပြောပြီးသည်နှင့် တစ်အိမ်လုံး တိတ်ဆိတ်သွား​လေသည်။

ဤကိစ္စသည် ချစ်ခြင်းမေတ္တာကို ဝန်ခံခြင်းပြိုင်ပွဲအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ရှောင်လင်းယွီကို ဝန်ခံခဲ့သူမှာ ထူးချွန်သော အမျိုးသားနှစ်ဦးဖြစ်​လေသည်။

ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းသည် ဤကိစ္စနှင့် ပတ်သက်ပြီး မည်သို့လုပ်ရမယ်မှန်း မသိ​ချေ။

ပထမဦးစွာ ယန်စစ်မင်နှင့် ရှင်းရ​လေသည်။ ရှောင်လင်းယွီသည် ယန်စစ်မင်က သူမကို စိတ်ဝင်စားသော်လည်း သူမကို လက်ထပ်ချင်သည်ဟု မပြောခဲ့ပေ။ ယန်စစ်မင်သည် ရှောင်လင်းယွီကို သူ့ချစ်သူဖြစ်ရန် နှစ်ကြိမ်သုံးကြိမ် တောင်းဆိုခဲ့သော်လည်း ရှောင်လင်းယွီက အကြိမ်တိုင်း ငြင်းပယ်ခဲ့သည်။ ယန်စစ်မင် သည် ရှောင်မိသားစုကို အကြိမ်များစွာ ကူညီခဲ့သော်လည်း ရှောင်လင်းယွီသည် သူ၏ချစ်သူဖြစ်ရန် အတင်းအကြပ်မလုပ်ဆောင်ခဲ့ပေ။ သာမန်သူငယ်ချင်းဟုပင် သူ့ဘက်က ပြောခဲ့သည်။

ထို့​ကြောင့် လက်ထပ်ရန် ကိစ္စက ဘယ်ကရောက်လာတာလဲ။

သို့သော် အမှန်တကယ် အံ့အားသင့်စရာမှာ ကုန်းထျန်းဟောက် ဖြစ်သည်။ သခင်ကြီးကုန်း သည် ထောင်ယွမ်ရွာတွင် အခြေချနေထိုင်ပြီးနောက် ကုန်းထျန်းဟောက်သည် ရောက်ခဲလှ​လေသည်။ သူလာလျှင်ပင် အမြန်ထွက်သွားတတ်​သော​ကြောင့် သူသည် ရှောင်လင်းယွီနှင့် လုံးဝအဆက်အသွယ်မရှိပေ။

ဒီတော့ သူကရော ဘာလို့ ဖွင့်ပြောရပြန်တာလဲ။

ရှောင်ကျန်းယန်နှင့် သူ့မိန်းမသည် ကုန်းထျန်းဟောက်ကို သံသယဖြင့် ကြည့်ပြီး ယန်စစ်မင်ကို ကြည့်​လေသည်။ နှစ်ယောက်လုံးသည် တုန်လှုပ်သွားကြ​လေသည်။

ထို့နောက် အံကြိတ်နေသော သမီးဖြစ်သူကို ကြည့်လိုက်ကြသည်။

လင်မယားနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးမှိတ်ပြလိုက်ကြသည်။

မေမေရှောင်သည် စိုးရိမ်စိတ်ဖြင့် ချက်ချင်းမေးလေသည်။ "ယွီအာ ဘာဖြစ်တာလဲ သမီး?"

ရှောင်လင်းယွီသည် အာရုံပြန်ရလာပြီး သူမ၏ မျက်လုံးများမှ မျက်ရည်များဖြင့် "အမေ၊ ဗိုက်နာတယ်!"ဟု ပြော​လေသည်။

အကြောင်းတစ်ခုခုကြောင့် ကလေးသည် သူမ၏ဗိုက်ထဲတွင် ကန်နေသဖြင့် နာကျင်ခံစားရခြင်း ဖြစ်​ပေသည်။

ရှောင်ထုန်သည် သူ့အဖေ၏ စကားကိုကြားပြီး အရမ်းစိတ်လှုပ်ရှာနေခြင်း​ကြောင့်လား။

ရှောင်လင်းယွီ ဗိုက်နာသည်ဟု ကြား​သောအခါ သူတို့သည် ချက်ချင်းပင် "ဗိုက်နာနေတာလား?"ဟု ဝိုင်းမေးကြ​လေသည်။

သခင်ကြီးကုန်းသည် စိတ်လှုပ်ရှား​နေလေသည်။ သူသည် ကုန်းထျန်းဟောက်ဘက်လှည့်ပြီး "မင်းဘာရပ်နေတာလဲ။ မြန်မြန် ကောင်မလေးကို ဆေးရုံပို့လိုက်။ ဒါက ကိုယ်ဝန်သည်အတွက် အသေးအမွှားကိစ္စမဟုတ်ဘူး!"ဟု ပေြာ​လေသည်။

ကုန်းထျန်းဟောက်သည် ထလိုက်ပြီး ရှောင်လင်းယွီ၏ဘေးကို သွားကာ ငုံ့လိုက်ပြီး ရှောင်လင်းယွီကို ပွေ့ချီရန် ပြင်​လေသည်။

ရှောင်လင်းယွီသည် အထိတ်တလန့်ဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ "မလုပ်နဲ့...ကျွန်မ ဆေးရုံသွားစရာ မလိုဘူး။ ရှင်...ကျွန်မကို မချီနဲ့။"ဟု ပြော​လေသည်။

ရှောင်လင်းယွီသည် သူ့ကို ငြင်းလိုက်သောအခါ ကုန်းထျန်းဟောက်၏ အေးစက်သော မျက်နှာသည် မျက်မှောင်ကြုတ်သွား​လေသည်။ "ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဗိုက်နာတာ အရမ်းအန္တရာယ်များတယ်။ ဆေးရုံသွားရမယ်"

ထိုသို့​ပြောပြီးနောက် ငုံ့လိုက်​လေသည်။

"ခဏ" ရှောင်လင်းယွီသည် စိုးရိမ်တကြီး တားလိုက်​လေသည်။ "ကျွန်မ... ဗိုက်မနာတော့ဘူး။ ဆေးရုံသွားစရာ မလိုတော့ဘူး"

သခင်ကြီးကုန်းသည် ကြားသောအခါ "လင်းယွီ မင်းဒီကိစ္စက ဟာသလုပ်စရာမဟုတ်ဘူး။ မင်းဗိုက်တကယ်နာရင် ဆေးရုံသွားရမယ်။"ဟု ပြော​လေသည်။

မေမေရှောင်သည် "ယွီအာ ၊ သခင်ကြီးပြောတာ မှန်တယ်။ ဒီကိစ္စက ဟာသလုပ်စရာမဟုတ်ဘူး။ မင်းဗိုက်နာရင် ဆေးရုံသွားရမယ်။"ဟု ထောက်ခံ​လေသည်။

ရှောင်လင်းယွီသည် အသက်ပြင်းပြင်းရှူပြီး "အဖိုး၊ အမေ စိတ်မပူပါနဲ့။ ကျွန်မ နေကောင်းပါတယ်။ ကလေးက ကျွန်မကို ကန်တာ ပြင်းသွားလို ဗိုက်နာသွားတာပါ အခုနေကောင်းနေပါပြီ။ အမေ သမီး နည်းနည်းတော့ ပင်ပန်းနေပြီ။ ခဏလောက် အနားယူဖို့ အခန်းထဲ ပြန်သွားလိုက်ဦးမယ်။"

ထိုသို့​ပြောပြီး သူမထွက်သွား​လေသည်။

မေမေရှောင်က "ကလေးကို သူ့အခန်းထဲပြန်ပို့လိုက်ပါဦးမယ်"ဟု ပြော​လေသည်။

နှစ်ယောက်သား ထွက်သွားပြီးနောက် ထိုနေရာသည် တိတ်ဆိတ်သွား​လေသည်။

ဘေးမှကြည့်နေသော ယန်ရူယွီသည် အခြားသူများကို ဂရုတစိုက်ကြည့်လိုက်​လေသည်။ ထို့နောက် သူမသည် သူမ၏အဖိုးကို ဂရုတစိုက်ကြည့်ကာ တံတွေးမျိုချလိုက်​လေသည်။ 'ရှောင်လင်းယွီက တကယ်ချစ်စရာကောင်းတယ်။ သူတရားမ၀င်ကလေးနဲ့ ကိုယ်ဝန်ရှိနေတာတောင် ဒီလိုလူ​တော်နှစ်ယောက်က ချစ်ကြတယ်' သူမသာ ထို​နေရာတွင်ဖြစ်လျှင် လွန်စွာပျော်နေမည်ဖြစ်သည်။

သို့သော်၊ ယန်ရူယွီသည် တစ်ချိန်လုံး နှုတ်ဆိတ်နေသော သူမ၏ အဖိုးကို ကြည့်ကာ ဝမ်းကွဲအစ်ကိုကို သနားမိ​လေသည်။ 'အစ်ကိုက ရှောင်လင်းယွီကို လက်ထပ်ဖို့ ခက်ခဲလိမ့်မယ်။ ရှောင်လင်းယွီက ငြင်းတဲ့အပြင် အဖိုးက ခွင့်မပြုဘူး။ သခင်ကြီးကုန်းသာ ရှိမ​နေရင် အဖိုးက ဒေါသပေါက်ကွဲနေ​လောက်ပြီ'

သခင်ကြီးကုန်းသည် ယန်စစ်မင်ကို ကြည့်ပြီး ယန်ကျန့်ကို ကြည့်လိုက်​လေသည်။

သခင်ကြီးကုန်းသည် ချက်ချင်းပြုံးပြပြီး ရှောင်ကျန်းယန်အား "ကျန်းယန်၊ ငါ့မြေးက မင်းရဲ့သမီးကို အရမ်းကြိုက်တယ်တဲ့။ မင်းမတားဘူး မဟုတ်လား"ဟု ပြော​လေသည်။

သူ့မြေးဖြစ်သူ ဝန်ခံလိုက်ပြီးချိန်တွင် သူ့အ​နေဖြင့် ကူညီရ​တော့မည်ဖြစ်သည်။ သူသည်လည်း သူ့မြစ်ကို တတ်နိုင်သမျှ မြန်မြန်တွေ့ချင်လေသည်။

ရှောင်ကျန်းယန်သည် အံ့သြသွား​လေသည်။

သခင်ကြီးကုန်းသည် ကုန်းထျန်းဟောက်ကို တားမည်ဟု သူထင်ခဲ့​လေသည်။ ပုံမှန်အားဖြင့် အကြီးအကဲများသည် ၎င်းတို့၏သား/မြေးကို အမည်မသိဖခင်တစ်ဦး၏ ကလေးလွယ်ထား​သော မိန်းကလေးတစ်ဦးနှင့် လက်ထပ်ခြင်းမပြု​စေလိုသော​ကြောင့် တားမြစ်တတ်ကြ​ပေသည်။

တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ။

***

All Chapters