← Chapters

သူမ၏ဆုံးဖြတ်ချက်

Vol. 15 Ch. 250

သူမ၏ဆုံးဖြတ်ချက်

Vol. 15 Ch. 250

ရှောင်လင်းယွီသည် သူမ၏ တုန်လှုပ်နေသည်ကို ထိန်းထားပြီး သူမသည် အခန်းသို့ အမြန် ပြန်သွားခဲ့​လေသည်။

မေမေရှောင်သည် နောက်မှ ကပ်လိုက်ကာ အခန်းထဲ ဝင်ပြီး တံခါးကို ပိတ်လိုက်​လေသည်။

မေမေရှောင်သည် လေးနက်စွာ မေး​လေသည်။ "ယွီအာ အခု ဘယ်လို​​တွေးထားလဲလဲ"

ရှောင်လင်းယွီသည် စိတ်တိုစွာ မေးလေသည်။ "အမေ ဘာကိုဆိုလိုတာလဲ"

"အ​မေ ဘာကိုဆိုလိုတာလဲဆိုတာ သမီးသိပါတယ်။ ဘာလို့ ဒီကိစ္စကို ခေါင်းရှောင်ချင်နေရတာလဲ " မေမေရှောင်သည် ဤကိစ္စကို အလွန်အလေးအနက်ထား​လေသည်။ သူသည် သူ့သမီး၏ တစ်သက်တာ ပျော်ရွှင်မှုကို အလေးထား​လေသည်။

ဤလူနှစ်ယောက်သည် သူတို့သမီးက တခြားတစ်ယောက်၏ ကလေးကို လွယ်ထားရသည်ကို စိတ်မ၀င်စားချေ။ လူတိုင်း၏ရှေ့တွင်ပင် ဖော်ပြရဲကြသဖြင့် စဉ်းစားသင့်​ပေသည်။

သူတို့သည် အာဏာရှိသော မိသားစုများမှ ဖြစ်ကြသော်လည်း အရေးအကြီးဆုံးမှာ ရှောင်လင်းယွီကို အမှန်တကယ် နှစ်သက်ကြခြင်းဖြစ်သည်။ သူမအ​ပေါ်​ကောင်းလျှင်ပင် လုံလောက်​ပေသည်။

မေမေရှောင်သည် ဆက်ပြောလေသည်။ "ကုန်းထျန်းဟောက်နဲ့ ယန်စစ်မင်တို့ နှစ်ယောက်လုံးက သမီးရဲ့ဗိုက်ထဲက အခြေအနေကို စိတ်မ၀င်စားကြဘူး။ သူတို့နှစ်ယောက်လုံး လက်ထပ်ချင်ကြတယ်။"

"သူတို့ နှစ်ယောက်လုံးက သမီးကို တစ်ကယ် နှစ်သက်ကြတာပါ။ မိန်းက​​လေးတစ်ယောက်က လက်ထပ်ရမှာပဲ။ ယွီအာ မင်းအမေပြောတာကို နားထောင်။ ဒီနှစ်ယောက်ထဲက တစ်ယောက်ကို ရွေးလိုက်ပါလား"

မေမေရှောင်သည် ရိုးသားစွာ​ပြော​​လေသည်။ သူ၏လေသံသည် သူ့သမီးအတွက် စိုးရိမ်စိတ်ကို ထုတ်ဖော်ပြ​လေသည်။ ပထမတွင် ဖေဖေရှောင်နှင့် အမေတို့သည် ကလေးမွေးရန် ဆန့်ကျင်ခဲ့သော်လည်း သမီးဖြစ်သူက မွေးရန် ဆုံးဖြတ်လိုက်သောအခါ သူတို့ဘာမျှ မတတ်နိုင်ပေ။

အိမ်ထောင်ရေးကိစ္စတွင် သမီးပြောသကဲ့သို့ ယောက်ျားများသည် တကယ်သဘောကျပါက သူ့အခြေအနေကို စိတ်၀င်စားမည်မဟုတ်​ချေ။ ယခုတွင် သူ့အခြေအနေကို စိတ်မ၀င်စားဘဲ လက်ထပ်လိုသော အမျိုးသားနှစ်ယောက်ရှိလေသည်။

မေမေရှောင်သည် စိတ်သက်သာရာ ရ​လေသည်။ သူ့သမီးသည် မည်သူ့ကို ရွေးသည်ဖြစ်​စေ ဂရုစိုက်ခံရမည်ကို သိသော​ကြောင့် ဖြစ်​လေသည်။

ရှောင်လင်းယွီသည် သူမ၏မိခင်သည် သူမအတွက် စိတ်ပူနေမှန်းသိသော်လည်း ထိုအချိန်တွင် သူမစိတ်တွေ ကမောက်ကမဖြစ်ကာ မည်သို့လုပ်ရမယ်မှန်း မသိ​တော့​ချေ။ " မေမေ အခုသမီး အရမ်းစိတ်ရှုပ်နေလို့ တစ်ယောက်တည်းနေချင်တယ် ထွက်သွား​ပေးလို့ရမလား"

"ကောင်းပြီ။" မေမေရှောင်သည် ခေါင်းညိတ်လိုက်သည်။ "ယွီအာ၊ သမီး စဉ်းစားပေးမယ်လို့ ကတိပေးနော်။"

သူမသည် ထွက်သွားပြီး တံခါးကိုပိတ်လိုက်သည်။

သူမ ထွက်သွားပြီးနောက် ရှောင်လင်းယွီသည် ငြိမ်သက်သွား​လေသည်။ သူမသည် ကုတင်ဘေးတွင် ထိုင်ကာ တုန်လှုပ်​နေ​လေသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး လက်ချောင်းများမှာလည်း ဖြူဖျော့နေသည်။

'သူတို့ သိသွားပြီ။ အခု ဘယ်လိုလုပ်ရမလဲ။ ကလေးမွေးဖို့ စောင့်ပြီးမှ ယူသွားကြမှာလား။ မဟုတ်ဘူး၊ သူတို့ ရှောင်ထုန်ကို မယူရဘူး'

ရှောင်ထုန်သည် မိခင်မရှိသောဘဝတွင် မကြီးပြင်း​စေလို​ပေ။ သူ၏အရင်ဘဝတွင်လည်း ထိုသို့ဖြစ်ခဲ့သဖြင့် နောက်တစ်ကြိမ်ထပ်၍ အမှား မခံလို​ပေ။ သူမသည် ရှောင်ထုန်ကို အကြွေးတင်​နေ​လေသည်။ သူမ၏ ဘဝတစ်ခုလုံးကို ထိုအ​ကြွေးကို ပြန်ဆပ်ရန် အသုံးချရမယ်ဆိုလျှင်တောင် လုပ်မည်ဖြစ်သည်။ ထို့​ကြောင့် သူမ ယခု ဘာလုပ်သင့်သနည်း။

ကုန်းထျန်းဟောက်သည် ရိုးသားသည်ဟု သူမ မထင်ချေ။ သူမဗိုက်ထဲက ကလေးသည် ကုန်မိသားစုမှ ဖြစ်သည်ဟု သိပြီးကြသည့်အတွက် သူ့ရည်ရွယ်ချက်မှာ ကလေးကို သူမဆီက ခိုးယူရန်ဖြစ်​ပေမည်။

ရှောင်လင်းယွီသည် ထိုအ​တွေးများကြားတွင် ပိတ်မိနေခဲ့​လေသည်။ ယန်စစ်မင် အကြောင်း တွေးရန် အချိန်ပင် မရှိချေ။ ယန်စစ်မင်သည် သူ့ကို အငယ်အနှောင်းလုပ်ရန် အမြဲတောင်းဆိုခဲ့​သော်လည်း ယခု သူ၏ ဇနီးဖြစ်ချင်နေ​လေသည်။ မည်သည့်အတွက်​ကြောင့်နည်း။

မေမေရှောင် ထွက်လာသောအခါ သခင်ကြီးကုန်းသည် အစိုးရိမ်ဆုံးဖြစ်တာကြောင့် စိုးရိမ်တကြီးမေးလိုက်လေသည်။"ချိုးယင်း၊ လင်းယွီ အဆင်ပြေရဲ့လား"

မေမေရှောင်သည် ခေါင်းခါပြီး "နေကောင်းပါတယ်၊ ပင်ပန်းနေပြီး ခဏလောက် အနားယူချင်တယ်လို့ ပြောတယ်"ဟု ပြော​လေသည်။

သခင်ကြီးကုန်းသည် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါတယ်၊ ဒါပေမယ့် ဗိုက်နာတာက ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် အသေးအမွှားကိစ္စမဟုတ်ဘူး။ သူ့ကို သေချာဂရုစိုက်မှရမယ်"

အားလုံး၊ "..." 'သခင်ကြီးကုန်းက ဘာလို့ ရှောင်လင်းယွီရဲ့ ကလေးအတွက် အရမ်းစိုးရိမ်နေရတာလဲ။ သူ့မြေးက ရှောင်လင်းယွီကို လိုက်​နေတာကြောင့် ရှောင်လင်းယွီရဲ့ ဗိုက်ထဲကကလေးကို ကုန်းမိသားစုရဲ့ မြစ်အဖြစ် ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့တာလား။'

သခင်ကြီးယန်၊ ရှောင်ကျန်းယန်နှင့် သူ့မိန်းမတို့သည် ထိုသို့ ကောက်ချက်ဆွဲ​ကြ​​ေလသည်။

သခင်ကြီးကုန်းသည် ရှောင်လင်းယွီကို အမြဲ ဂရုစိုက်ခဲ့သော်လည်း ဤမျှ​လောက်အထိ မဟုတ်ချေ။ ယခင်က လူကြီးတစ်ယောက်သည် အငယ်ကို ဂရုစိုက်သည့်ပုံစံ ဖြစ်​သော်လည်း ယခုတွင် သူ​၏မိသားစုဝင် တစ်​ယောက်ကဲ့သို့ ဂရုစိုက်​လေသည်။

ရှောင်ကျန်းယန်နှင့် သူ့မိန်းမသည် စိတ်သက်သာရာရသွား​လေသည်။

အမှန်အတိုင်းဆိုလျှင် သစ္စာမရှိသော ယန်စစ်မင်နှင့် မကြည်ဖြူသော သခင်ကြီးယန်တို့နှင့် နှိုင်းယှဉ်ပါက ကုန်းမိသားစုသည် ပို​ကောင်း​သော ရွေးချယ်မှုဖြစ်​လေသည်။

ယန်မိသားစုသည် နားလည်မှုလွဲ၍ တင်​တောင်းရန် လာရောက်ခဲ့သော်လည်း ထိုကိစ္စ​ကြောင့်ပင် ထိုလူငယ်နှစ်ဦးသည် ဤသို့ဝန်ခံခဲ့ကြခြင်း ဖြစ်​လေသည်။

ရှောင်လင်းယွီသည် ပြန်မ​ဖြေသော်လည်း လူငယ်နှစ်ယောက် သို့မဟုတ် မိသားစုနှစ်ခုသည် သူတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ထုတ်ပြခဲ့လေသည်။

ဖေဖေရှောင်နှင့် မေမေသည် အရာအားလုံးကို ရှင်းလင်းစွာ သိ​သော်လည်း ဘာမှ မပြောသေး​ချေ။ သူတို့သမီး၏ ရွေးချယ်မှုကို လေးစား​​ပေးကြမည်ဖြစ်သည်။

သခင်ကြီးကုန်းသည် ရှောင်လင်းယွီ နေကောင်းသည်ဟု ကြားပြီးနောက်တွင် စိတ်သက်သာရာရ​လေသည်။

ထို့နောက် ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းကို ထပ်ခါတလဲလဲ ပြောလေသည်။

"ချိုးယင်း၊ ငါ့​မြေးက မင်းရဲ့သမီးကို တကယ်ကြိုက်တာ။ မင်းမတားဘူး မလား"

ချန်ချိုးယင်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူမ ခေါင်းရမ်းကာ "သခင်ကြီး၊ ဒါက မျိုးဆက်သစ်လူငယ်တွေကြားက ကိစ္စပါပါ။ လင်းယွီကို လိုက်နေတာ မကန့်ကွက်ပါဘူး။ သခင်ကြီးနဲ့ ထျန်းဟောက်က လင်းယွီရဲ့ ဗိုက်ထဲက က​လေးကိုသာ လက်ခံမယ်ဆိုရင်​​ပေါ့။ တကယ်ဆိုရင် ထျန်းဟောက်ကို ထောက်ခံနေတာပါ"

သခင်ကြီးကုန်းနှင့် ကုန်းထျန်းဟောက်၏ မျက်လုံးများသည် တောက်ပလာသည်။ သူတို့နှစ်​ယောက်စလုံးသည် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ်၊ ငါတို့စိတ်မရှိပါဘူး"ဟု ပြော​လေသည်။

သူတို့ အဘယ်ကြောင့် စိတ်ရှိနိုင်မည်နည်း။ ရှောင်လင်းယွီ၏ဗိုက်ထဲက ကလေးသည် ကုန်းမိသားစု၏ သွေးသားရင်း ဖြစ်​နေသည်ကို။

မေမေရှောင်သည် ပြုံးပြီး "ဒါဆိုရင် ထျန်းဟောက် ကို ပံ့ပိုးပေးမယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ သားသမီးတွေကို ပျော်ရွှင်စေချင်ကြတာ မဟုတ်လား။"

"မှန်ပါတယ်" သခင်ကြီးကုန်းသည် ပြုံးပြီး ပြော​လေသည်။ ပြောနေရင်းဖြင့် ယန်ကျန့်ကို မျက်လုံးထောင့်ကနေ ကြည့်လိုက်လေသည်။

ယန်စစ်မင်သည် ရှောင်လင်းယွီကို သဘောကျပြီး သူမကို လက်ထပ်ချင်ကြောင်း ဝန်ခံသောအခါ ယန်ကျန့်သည် ဘာမှမပြောသော်လည်း သူ့အပြုအမူနှင့် အမူအရာသည် သူ့ရပ်တည်ချက်ကို ပြ​လေသည်။ ဒီကိစ္စကို သူသဘောမတးချေ။ ဒါပေမယ့် သူ့တုံ့ပြန်မှုသည်

ပုံမှန်ပါပင်ဖြစ်သည်။ သူသည် အဘယ့်​ကြောင့် သူ့​မြေးကို အခြားသူ၏ က​လေးကို လွယ်ထား​သော အမျိုးသမီးနှင့် လက်ထပ်ခွင့်ပြုရမည်နည်း။

ရှောင်ကျန်းယန်နှင့် သူ့ဇနီးက ဤကိစ္စကို နားလည်သည့်အတွက် သခင်ကြီးယန်ကို အပြစ်မတင်ချေ။

သို့​သော် သူတို့က သခင်ကြီးယန်ထက် သခင်ကြီးကုန်းကို ပိုပြီး လေး​လေးစားစား ဆက်ဆံကြ​ပေမည်။

ရှောင်ကျန်းယန်။ "ဟုတ်တယ်၊ ကလေးတွေဟာ သူတို့ မိဘတွေရဲ့ အတိတ်ဘဝက အကြွေးတွေပဲ။ မိဘတစ်​ယောက်အနေနဲ့ သူတို့အတွက် တစ်သက်လုံး စိတ်ပူနေမှာ"

သခင်ကြီးကုန်းသည် ခေါင်းညိတ်ကာ သဘောတူလေသည်။ "ဟုတ်တယ်၊ မင်းပြောသလိုပဲ"

သခင်ကြီးယန်သည် တစ်ခွန်းမှ မပြောချေ။

ယန်စစ်မင်သည် အနည်းငယ် စိတ်ပျက်သွာသော်လည်း ဘယ်တော့မှ လက်မလျှော့ချေ။

ရှောင်လင်းယွီသည် သူမ၏ ဆုံးဖြတ်ချက်ကို မ​ပြောရ​သေးသည့်အတွက် သူ့တွင် အခွင့်အရေးများစွာရှိ​နေသေးသည်။ ယခုတစ်ကြိမ်တွင် သူသည် ရှောင်လင်းယွီကို အမှန်တကယ်လက်ထပ်လို​လေသည်။

ယန်ရူယွီသည် ထောင့်တွင် ဆိတ်ငြိမ်စွာ ထိုင်​နေ​လေသည်။ သူမသည် ရည်ရွယ်ချက်ရှိရှိ မလုပ်ဆောင်ခဲ့သော်လည်း နားလည်မှုလွဲစေခဲ့သူဖြစ်သည်။ သူမသည် ဝမ်းကွဲအစ်ကို၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို အမှတ်မထင် တွေ့လိုက်ရ​လေသည်။

သူမသည် သူမ၏အစ်ကိုဝမ်းကွဲ အကြီးဆုံးကို ကြည့်လိုက်လေသည်။ သူမကို ပြန်ကြည့်လိုက်သောအခါ သူမသည် လက်သီးများကို တင်းတင်းဆုပ်ကာ တီးတိုး​ပြော​​လေသည်။ "အစ်ကို၊ နင်လုပ်နိုင်တာကို ငါထောက်ခံတယ်"

သူမ၏ဝမ်းကွဲသည် ဤမျှ ချစ်တတ်မှန်း သူမ မသိခဲ့ချေ။

ယန်ရူယွီသည် ရှောင်လင်းယွီ ကိုယ်ဝန်ရှိနေသည်ကို ဂရုမစိုက်​​ချေ။ ရှောင်လင်းယွီသည် မင်လုပ်ခဲ့ခြင်း မဟုတ်​သော​ကြောင့် ဖြစ်​လေသည်။

ရှောင်လင်းယွီသည် သားကောင်ဖြစ်ခဲ့ရသည်။ သူမသည် ဆေးခတ်ခံခဲ့ရသည်။ ထို့ကြောင့် သူမသည် အမည်မသိ အမျိုးသားတစ်ဦးနှင့် အတူအိပ်ခဲ့သည်။

ယန်ရူယွီသည် ရှောင်လင်းယွီဆီတွင်

သူ၏ ကိုယ်ပိုင်အကြောင်းပြချက် ရှိလိမ့်မည်ဟု သူမ ယုံကြည်လေသည်။ ကလေးဖျက်ချလျှင် ကလေးမရနိုင်​တော့သည်လည်း ဖြစ်နိုင်​လေသည်။ အန္တရာယ် အလွန်များ​​ပေသည်။ ယန်ရူယွီသည် ထိုအခြေအနေမျိုး ဖြစ်လာပါက သူမသည် ရှောင်လင်းယွီကဲ့သို့ပင် ရွေးချယ်မည်ဖြစ်သည်။

ယန်စစ်မင်သည် ယန်ရူယွီ အားပေးသည်ကို မြင်လိုက်ရပြီး ပြုံးလိုက်လိုက်​လေသည်။

ထိုအရာသည် အလွန်ကောင်းပေသည်။ နောက်ဆုံးတွင် သူ့ကို ထောက်ခံမည့်သူတစ်ယောက်ရှိပြီဖြစ်သည်။

သခင်ကြီးကုန်းသည် ရှောင်ကျန်းယန်နှင့် ခေတ္တစကားစမြည်ပြောပြီး ထိုနေရာသို့ လာရသည့်အ​ကြောင်းကို မှတ်မိသွား​လေသည်။

သခင်ကြီးကုန်းသည် "ရှောင်ယန် မင်းငါ့ကို စောစောက ဖုန်းဆက်ပြီး မင်းမြေးအတွက် မင်္ဂလာကိစ္စ​ပြောဖို့ ထောင်ယွမ်ရွာ ရွာကို လာတယ်လို့ပြောတာ အဲ့ဒါ ကျန်းယန် မိသားစုဆီလား"

ယန်စစ်မင်၏ နှုတ်ခမ်း​ထောင့်​လေးသည် လှုပ်သွား​​လေသည်။

'သခင်ကြီးကုန်းက ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ ပြော​နေတာပဲ။ နောက်ပြီး လက်ထပ်ဖို့ ကမ်းလှမ်းချက်လည်း မအောင်မြင်တာကို ဘာလို့ အဲ့ကိစ္စပြန်​ပြော​နေတာလဲ'

သူ့မြေးတွင် အခွင့်အရေးရပြီကို သိ​သောကြောင့် သူပြန်​ပြော​နေခြင်း ဖြစ်​ပေမည်။

သခင်ကြီးယန်သည် အနည်းငယ် ရှက်သွားပြီ ပြောသည်။ " ခေါင်း​ဆောင် အဲ့ကိစ္စကို ထပ်မ​ပြောပါနဲ့လား။ နားလည်မှုလွဲသွားတာပါ။ မြေးမလေးက အမှားလုပ်လိုက်မိတယ်​လေ"

ယန်ရူယွီ၊ "..."

ဤကိစ္စမှာ နားလည်မှုလွဲသည်​​တော့ မဟုတ်​​ချေ။ သူ့အစ်ကိုသည် ရှောင်လင်းယွီကို သဘောကျေသာ်လည်း သူတို့၏အဖိုးသည် လက်မခံပေ။

သခင်ကြီးကုန်းသည် စိတ်ဝင်တစားနှင့် မေး​လေသည်။ "ဪ ဘယ်လိုအမှားလဲ"

သခင်ကြီးယန်သည် သက်ပြင်းချလိုက်ပြီး "ဒီကိစ္စကို ထပ်မပြောတော့ဘဲ နေရ​အောင်" ထိုမိန်းကလေး၏ မိဘများသည်လည်း ရှိနေသဖြင့် သူသည် အလွန်အရှက်​နေခြင်း ဖြစ်​လေသည်။

သခင်ကြီးကုန်းသည် မည်သည့်အချိန်တွင် ရပ်ရမည်ကို သိ​လေသည်။ သူသည် ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒီအကြောင်းကို မပြောတော့ဘူး။ တကယ်တော့ ငါတို့က မင်းလက်ထပ်ဖို့ကိစ္စ လာ​ပြောတာဆိုလို့ ငါတို့အမြန်လိုက်လာတာ။"

လူတိုင်း၊ "..."

သခင်ကြီးယန်၊ "..."

'မ​ပြော​တော့ဘူးလို့ ပြောလိုက်တာမလား။ ဘာလို့ ဆက်​ပြော​နေ​သေးတာလဲ'

သခင်ကြီးယန်သည် ကူကယ်ရာမဲ့စွာ "ခေါင်းဆောင်က ကျွန်တော့်ကို တားဖို့ ဒီကိုပြေးလာတာလို့ ဆိုလိုတာလား။" သူသည် ခေါင်း​ဆောင်​ဟောင်းနှင့် ရင်းနှီးသည်ဖြစ်ရာ ခေါင်း​ဆောင်​ဟောင်းသည် စိတ်သ​ဘောထားကြီးမား​ကြောင်း သိ​လေသည်။

သခင်ကြီးကုန်းသည် ခေါင်းညိတ်ပြီး "ဟုတ်တယ် မင်းကိုတားဖို့ ငါဒီကိုလာခဲ့တာ။ ဒီကောင်လေးက လင်းယွီကို အရမ်းကြိုက်တာ။ သူ့ရဲ့မိဘတွေက ဆုံးသွားတာကြာပြီဆိုတော့ ငါသူ့အတွက် တစ်ခုခုလုပ်​ပေးရမှာ​ပေါ့"ဟု ပြော​လေသည်။

သခင်ကြီးယန်၊ "..."

​'ခေါင်း​ဆောင်ရဲ့မြေးကို ဒီလိုလုယူခိုင်းရတာ တကယ်ကောင်းလို့လား။ ​​ခေါင်း​ဆောင်ရဲ့မြေးက ပျက်စီးသွားတဲ့ မိန်းမနဲ့ လက်ထပ်ရင် မြို့တော်ကလူတွေ လှောင်ပြောင်မှာကို မကြောက်ဘူးလား။'

'မြို့တော်ရဲ့ နံပါတ်တစ် သခင်လေးက ပျက်စီးနေသော အမျိုးသမီးနဲ့ အ​ဖေမသိတဲ့က​လေးကို အိမ်ကို ခေါ်လာခဲ့မှာလား'

သခင်ကြီးယန်သည် ခေါင်း​ဆောင်​ဟောင်း၏ စိတ်ထားကို တစ်ဖန် သဘောကျပြန်​လေသည်။

သူက ပြုံးပြီးပြောတယ် "လင်းယွီက တကယ်တော်တဲ့ ကလေးပဲ။ ပြီး​တော့ သူက အရမ်းလှတယ်။ ဒီကလေးနှစ်ယောက်က သဘောကျတာ မဆန်းပါဘူး"ဟူ၍ အပြုသဘောဆောင်သော စကားကို ပြော​လေသည်။ သူသည် ကောင်မလေးအိမ်မှာဖြစ်​လေသည်။ ပျက်စီးသွားတဲ့ကလေးမသည် သူ့မိသားစုအတွက် အဆင်မပြေနိုင်ဘူးဟု ပြော၍မသင့်​ပေ။

သခင်ကြီးကုန်းသည် ခေါင်းညိတ်လိုက်​လေသည်။ "လင်းယွီက မိန်းမကောင်း​လေးတစ်ယောက်ပါ။ ရှောင်ယန် ဒါကို မင်းမသိနိုင်ပေမယ့် လင်းယွီက အရမ်းတော်တယ်"

"အိုး? ဘယ်လိုများလဲ" သခင်ကြီးယန် က မေးသည်။

ခေါင်း​ဆောင်​ဟောင်း၏ ချီးမွမ်းမှုကို ရရန်မလွယ်ချေ။ ရှောင်လင်းယွီသည် ချီးကျူးခံရသဖြင့် ထူးထူးခြားခြား ဖြစ်ပုံရ​လေသည်။

သခင်ကြီးကုန်းသည် “ရွာဝင်ပေါက်မှာ လူအုပ်ကိုတွေ့လား”ဟု မေး​လေသည်။

"ဟုတ်ကဲ့။"

"သူတို့အားလုံးက စတော်ဘယ်ရီခူးဖို့ ဒီကိုရောက်နေကြတာ။ ဧည့်သည်တွေ အဆုံးမရှိပဲ။ လင်းယွီက အဲဒီစတော်ဘယ်ရီတွေ အားလုံးကို စိုက်ထားတာ။ ၆ မူပေါ်က သူ့ရဲ့ စတော်ဘယ်ရီသီးတွေက​နေ သူယွမ် သုံးသန်းကနေ လေးသန်းအထိ ရထားပြီးသား။"

"ယွမ် သုံးသန်းက​နေ လေးသန်းအထိလား" ယန်မောင်နှမသည် ဂဏန်းကို ကြားရသောအခါ လွန်စွာအံ့ဩသွားကြ​လေသည်။ "အဲ့လောက်​တောင်လား?"

ရှောင်ကျန်းယန်သည် "ဒါက သခင်ကြီးနဲ့ ထျန်းဟောက်တို့ရဲ့ ကျေးဇူးတွေပါပဲ။ ကျွန်​တော်တို့ရဲ့ စတော်ဘယ်ရီသီးတွေကို ဒီလောက်ဈေးကြီးကြီးပေးပြီး မဝယ်ခဲ့ရင် ဒီလို ဝင်ငွေတွေ အများကြီးရှိမှာ မဟုတ်ဘူး။"ဟု ပြော​လေသည်။

သူအမှန်အတိုင်းပြောနေခြင်းဖြစ်​လေသည်။

ဒီအခိုက်အတန့်တွင် မေမေရှောင်သည် "စစ်မင်၊ မင်းစမ်းကြည့်ဖို့ လွန်ခဲ့တဲ့ နှစ်ရက်က စတော်ဘယ်ရီသီးတွေ ပို့ပေးခဲ့တယ်။ ​ရောက်ရဲ့လား။"ဟု မေး​လေသည်။

ယန်စစ်မင်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်​လေသည်။ "ဒေါ်လေး ကျွန်တော် အဲဒါတွေကို မရဘူး။ ဘယ်ကို ပို့လိုက်တာလဲ"

မေမေရှောင်သည် "လင်းယွီဆီက​နေကြားတယ်။ သူတို့က ယန်လုပ်ငန်းစုရဲ့ ဥက္ကဌ ရုံးခန်းကို ပို့လိုက်တယ်တဲ့။ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက မင်းဆီ​ရောက်ပြီလို့ ပြောတယ်"ဟု ပြော​လေသည်။

ယန်စစ်မင်သည် ပြုံးပြီး "ဟုတ် ဒေါ်လေး။ ကျွန်​​တော်ပြန်ကြည့်လိုက်ပါ့မယ်"

***

All Chapters