ကုန်းထျန်းဟောက်၏ သတိပေးခြင်း
Vol. 15 Ch. 252
ကုန်းမိသားစုဆီ ပြန်ရောက်သောအခါ တခြားသူများသည် သီးသန့်စကားပြောနိုင်စေရန် သခင်ကြီးကုန်း နှင့် သခင်ကြီးယန်တို့ကို ထားခဲ့လိုက်လေသည်။ အခြားသူများသည် ကိုယ်လုပ်စရာရှိသည်များကို လုပ်နေကြလေသည်။
အခန်းထဲတွင် တစ်ယောက်မှမရှိသည့် အချိန်တွင် သခင်ကြီးယန်သည် စိုးရိမ်တကြီးမေးလေသည်။ "ခေါင်းဆောင် ရှောင်လင်းယွီကို လိုက်ဖို့ ထျန်းဟောက်ကို ဘာလို့ထောက်ခံတာလဲ။ ရှောင်လင်းယွီရဲ့ အခြေအနေအကြောင်း သိရဲ့သားနဲ့။ သူက အမည်မသိလူတစ်ယောက်ရဲ့ ကလေးကို လွယ်ထားရတာ။ ရှောင်လင်းယွီက ကုန်းမိသားစုနဲ့ လက်ထပ်မယ်ဆိုရင် မြို့တော်ကလူတွေအတွက် ဟာသဖြစ်နေမှာ"
"ဟာသလား။ ကုန်းမိသားစုကို ဘယ်သူက ရယ်ဝံ့တာလဲဆိုတာ ငါကြည့်ချင်တယ်။ ငါ့မြေးလေးက ရှောင်လင်းယွီကို သဘောကျတဲ့အတွက် ရှောင်လင်းယွီရဲ့ ဗိုက်ထဲကကလေးကို ကုန်းမိသားစုရဲ့ မြစ်အဖြစ် လက်ခံသွားမယ်။" ထိုအချိန်တွင် သခင်ကြီးကုန်းသည် သူ့ကို စိုက်ကြည့်ကာ "ယန်ကျန့်၊ နောက်နောင် ဒါကို ထပ်မပြောပြနဲ့။ ငါမကြားချင်ဘူး"ဟု ပြောလေသည်။
အမည်မသိသူတစ်ဦး၏ ကလေးဆိုသည်မှာ ကလေးကို မျိုးမစစ်အစား ယဉ်ကျေးစွာ ခေါ်ဝေါ်သည့် နည်းလမ်းဖြစ်သည်။
'ကုန်းမိသားစုရဲ့ ကလေးကို ဘယ်သူက မျိုးမစစ်လို့ ခေါ်မှာလဲ။ ငါ့ကောင်စုတ်လေးက လင်းယွီကို အနာဂတ်မှာ အပိုင်ရရင် မင်းအားလုံး အမှန်တရားကို သိလိမ့်မယ်'
ယန်ကျန့်သည် သခင်ကြီးကုန်း တွေးနေသည်များကို မသိနိုင်ပေ။
သို့သော် သခင်ကြီးကုန်း၏ သတိပေးချက်ကို သူ သတိပြုမိလေသည်။
သခင်ကြီးကုန်းသည် သူ့မြေးဖြစ်သူက ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးကို လိုက်ရန် အဘယ်ကြောင့် ထောက်ခံသည်ကို သူနားမလည်ပေ။
သို့သော် သူ၏မြေးအရင်းဖြစ်သူ ရှောင်လင်းယွီကို လိုက်သည့်အချက်ကို သူကန့်ကွက်ခဲ့သည်။
သခင်ကြီးယန်သည် သက်ပြင်းချလိုက်ပြီး "ခေါင်းဆောင် ဆုံးဖြတ်ချက်ချပြီးပြီမို့ ဒီကိစ္စကို ဆက်မပြောတော့ပါဘူး"ဟု ပြောလေသည်။
ထို့နောက် နှစ်ယောက်သားသည် အတိတ်ကို ပြန်လည် သတိရလာကြသည်။ စစ်တပ်ကထွက်ပြီးချိန်ကတည်းက ဘာတွေဖြစ်ခဲ့သနည်း...
အပြင်ဘက်တွင် ကုန်းထျန်းဟောက်သည် ခြံဝင်းအတွင်း သစ်ပင်ကြီးတစ်ပင်အောက်ရှိ ကျောက်စားပွဲတစ်ခု၌ ထိုင်နေလေသည်။ လက်ဖက်ရည်တစ်ခွက် သူ့ရှေ့တွင် ချထားလေသည်။
ကုန်းထျန်းဟောက်သည် တစ်ငုံသောက်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။
ဤလက်ဖက်ရည်သည် အကောင်းဆုံး လက်ဖက်ရွက်နဲ့ ချက်ထားမှန်း သိသာထင်ရှားသော်လည်း ရနံ့သည် ရှောင်မိသားစု၏ လက်ဖက်ရည်ထက် မွှေးခြင်းမရှိပေ။
ယန်စစ်မင်သည် ကုန်းအိမ်သို့ ရောက်ပြီးနောက် ကုန်းထျန်းဟောက်နှင့် အတူမထိုင်မီ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ယန်ရူယွီသည် ဤလူများ သူမကိုပေးနေသည့် ဖိနှိပ်ချုပ်ချယ်သည့် အငွေ့အသက်ကို မခံနိုင်သောကြောင့် အမြန်ထွက်ပြေးခဲ့လေသည်။
ကုန်းမိသားစုဝင်းထဲရှိ သစ်ပင်ကြီးအောက်မှာ လူငယ်နှစ်ယောက်.ထိုင်နေလေသည်။ တစ်ယောက်သည် ချောမော၊ ရဲရင့်ပြီး နောက်တစ်ယောက်မှာ ပြေပြစ်ပြီး နှစ်လိုဖွယ်ကောင်းပေသည်။ တစ်ဦးမှာ မီးခိုးရောင်ရှပ်အင်္ကျီကို အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် မီးခိုးရောင် လည်စည်းကို ဝတ်ဆင်ထားလေသည်။ နောက်တစ်ယောက်မှာ အင်္ကျီအနီနှင့် လည်စည်းနီကို ၀တ်ထားလေသည်။ သူတို့နှစ်ယောက်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလေသည်။
ယန်စစ်မင်သည် သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ဖြင့် ကစားနေလေသည်။ သူ့ပါးစပ်ထောင့်သည် ကွေးသွားကာ မဲ့ပြုံး ပြုံးလိုက်ကာ "ကုန်းထျန်းဟောက်၊ ခင်ဗျားက မြို့တော်ရဲ့ သခင်လေးပဲ။ လိုချင်တဲ့ မိန်းမကို ရနိုင်တယ်။ ဒါပေမယ့် ဘာလို့ ရှောင်လင်းယွီကို စိတ်ဝင်စားရတာလဲ။"ဟု မေးလေသည်။
ကုန်းထျန်းဟောက်၏ စူးရှသော မျက်လုံးများသည် ဝေ့လိုက်ပြီး "ယန်စစ်မင် ခင်ဗျားက Zမြို့ ရဲ့ သခင်လေးပဲ။ လိုချင်တဲ့ မိန်းမမှန်သမျှ ရနိုင်နေတာကို ဘာလို့ ရှောင်လင်းယွီကို စိတ်ဝင်စားတာလဲ။"ဟု ပြန်မေးလေသည်။
ယန်စစ်မင် "..." 'ငါတို့ စကားကောင်းကောင်းပြောလို့မရဘူးလား။'
မေးခွန်းတစ်ခုမေးတိုင်း ကုန်းထျန်းဟောက်သည် တစ်ခု ပြန်မေးလေသည်။
ယန်စစ်မင်သည် သက်ပြင်းချလိုက်ပြီး "တကယ်ပဲ ကျွန်တော့်လို အဆင့်ရှိတဲ့ လူတစ်ယောက်က ရှောင်လင်းယွီကို ဘာလို့ကြိုက်တာပါလိမ့်။ ဘယ်လိုထင်လဲ?"ဟု ဖြေလေသည်။
ကုန်းထျန်းဟောက်သည် သူ့ကို လျစ်လျူရှုလိုက်လေသည်။
ယန်စစ်မင်သည် "ကုန်းထျန်းဟောက်အနေနဲ့ ရှောင်လင်းယွီကို ဘယ်အချက်တွေ ကြည့်ပြီး သဘောကျတာလဲဆိုတာ ပြောပြပေးနိုင်မလား"ဟု မေးလေသည်။
'ဒါဆို ဒီအချက်တွေကို ပြောင်းလဲဖို့ လင်းယွီကို ငါပြောလို့ရနိုင်တယ်။' သူသည် ထိုသို့ တွေးနေသည်ကို ကုန်းထျန်းဟောက်ကို မပြောချေ။
ကုန်းထျန်းဟောက်သည် ထက်မြက်သူဖြစ်သည်။ ထိုကြောင့် သူသည် ယန်စစ်မင်၏ အစီအစဥ်ကို မမြင်နိုင်စရာ အကြောင်းမရှိချေ။
သူက အေးဆေးတည်ငြိမ်စွာပြောလိုက်လေသည်။ "သူနဲ့ပတ်သက်တဲ့ အရာမှန်သမျှ သဘောကျတယ်"
ယန်စစ်မင် "..."
ယန်စစ်မင်သည် "ကုန်းထျန်းဟောက်၊ ရှောင်လင်းယွီကို တကယ်လိုက်ချင်နေတာလား။ ခင်ဗျားရဲ့အဆင့်အတန်းအရ ရှောင်လင်းယွီရဲ့ဗိုက်ထဲကကလေးကို တကယ်စိတ်မရှိဘူးလား"ဟု မေးလေသည်။
ကုန်းထျန်းဟောက်သည် မျက်လုံး အနည်းငယ် ပင့်လိုက်ပြီး ယန်စစ်မင်ကို အထင်အမြင်သေးသော အကြည့်ဖြင့် အရိပ်အမြွက်ဖြင့် ကြည့်လိုက်လေသည်။
"သူ့ကိုလိုက်ဖို့ဆုံးဖြတ်ထားပြီးသားဆိုတော့ ကလေးကိုလည်း စိတ်မရှိပါဘူး" သူ့ကလေးကို လွယ်ထားသည်ဖြစ်ရာ အဘယ်ကြောင့် သူစိတ်ရှိရမည်နည်း။
ကုန်းထျန်းဟောက်သည် "ဘာလို့လဲ။ သခင်ကြီးယန်က အဲဒီလောက်သိသိသာသာ ဝန်ခံထားပြီးသားဆိုတော့ စိတ်ထဲရှိတာဘဲမလား?"ဟု မေးလေသည်။
ဤမေးခွန်းကို မမေးသင့်သည်ကို သူသိလေသည်။ နောက်ဆုံးတွင် သူ့ဘက်သို့ မြားဦးလှည့်လာပေသည်။
ယန်စစ်မင်သည် ရယ်လိုက်ပြီး "ဟုတ်ပါတယ်၊ ကျွန်တော် စိတ်မရှိပါဘူး"ဟု ပြောလေသည်။
ကုန်းထျန်းဟောက် သည် ထိုစကားကိုကြားသောအခါ သူ့နှုတ်ခမ်းများသည် ပြုံးယောင် သမ်းသွားလေသည်။ သူ့မျက်လုံးများတွင် လှောင်ပြောင်မှုများနှင့် ပြည့်နေသော်လည်း သူ့စကားများက ဝင့်ကြွားမှုများနှင့် ပြည့်နေလေသည်။ "ဟုတ်တယ်။ ခင်ဗျားစိတ်မရှိဘူး။ ဒါပေမယ့် သခင်ကြီးယန်ကရော။ ကျွန်တော့် အဖိုးကတော့ စိတ်မရှိတဲ့အပြင် အပြည့်အဝ ထောက်ခံတယ်။တကယ်တော့ သူက ကျွန်တော် ရှောင်လင်းယွီကို လက်မထပ်နိုင်ဘူးဆိုရင် ကျွန်တော့်အဖိုးကိုယ်တိုင်က ကျွန်တော့်ကို ကုန်းမိသားစုထဲက ထုတ်ပစ်လိမ့်မယ်!" သူ့စကားသည် လွန်စွာလေးနက်လေသည်။
ယန်စစ်မင်၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့လာသည်။ မျက်ခုံးပင့်လိုက်ပြီး သူ့အမူအရာသည်လည်း လေးနက်လာသည်။
'သခင်ကြီးကုန်းက ရှောင်လင်းယွီကို ဒီလောက်ထိ သဘောကျတာလား။ သူ့မြေးထက် သူ့ကို ပိုသဘောကျလို့လား'
တစ်စုံတစ်ခု မှားနေပြီဟု ခံစားရသော်လည်း မည်သည့်အရာဖြစ်သည်ကို သူမသိနိုင်ပေ။ ထို့ကြောင့် သူသည် ဒီကိစ္စကို ခဏထားလိုက်လေသည်။
သူ၏ လက်ရှိပြဿနာမှာ အင်အားကြီးမားသော အချစ်ပြိုင်ဖက်ကို မည်သို့ရင်ဆိုင်ဖြေရှင်းရမည်ကို စဉ်းစားရန်ဖြစ်သည်။
ကုန်းထျန်းဟောက်သည် သခင်ကြီးကုန်း၏ ပံ့ပိုးမှုဖြင့် ရှောင်လင်းယွီကို လိုက်ခဲ့သည်။ ရှောင်လင်းယွီကို အဆင့်အတန်းနှင့် အာဏာကြောင့် ရွေးချယ်လိမ့်မည်ဟု ယန်စစ်မင် မထင်ထားသော်လည်း ကုန်းမိသားစုသည် ၄င်းတို့၏ သြဇာများကို အသုံးချနိုင်လေသည်။
သို့သော် သူတို့သည် ရိုးသားသော်လည်း နောက်ဆုံးတွင် ရှောင်လင်းယွီသည် ဤလူ၏ ရင်ခွင်ထဲသို့ ရောက်သွားနိုင်လေသည်။
တစ်ဖက်တွင် ယန်စစ်မင်သည် ရှောင်လင်းယွီ ကိုလိုက်ရန် လအနည်းငယ်ရခဲ့သော်လည်း သူသည် သူ၏ဆန္ဒကို ဆန့်ကျင်ပြီး ရှောင်လင်းယွီသည် သူ့ချစ်သူဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် သူသည် ချစ်သူ မရမီတွင် သူသည် အချစ်ပြိုင်ဘက်ရခဲ့သည်။
သူရဲ့ အချစ်ပြိုင်ဖက်သည် အာဏာရှိလွန်းသူဖြစ်သဖြင့် သူသည် ထိတ်လန့်ပင်လာချေပြီဖြစ်သည်။
ပြိုင်ဆိုင်မှုသည် အမြဲတမ်း ကြီးမားသော တွန်းအားတစ်ခုဖြစ်သည်။
ယခုတွင် ရှောင်လင်းယွီကို သူ့ဇနီးဖြစ်စေချင်မိလေသည်။
သို့သော် ကြီးမားသော အတားအဆီးနှစ်ခုရှိလေသည်။ တစ်ခုမှာ ကုန်းထျန်းဟောက် ဖြစ်ပြီး ကျန်တစ်ယောက်မှာ သူ့အဖိုးဖြစ်လေသည်။
ထို့ကြောင့် လူတော်တော်များများသည် သူ၏ အတားအဆီး ဖြစ်လာလေသည်။ သူ့အဖိုး၏ တိတ်ဆိတ်မှုသည် သဘောမတူဟု ပြောခြင်းဖြစ်လေသည်။
သူ၏ မကျေနပ်မှုသည် ယန်မိသားစု၏ မကျေနပ်မှုဟုလည်း သတ်မှတ်နိုင်လေသည်။
သို့သော် ထိုကိစ္စများသည် အရေးမကြီးပေ။
ဤအချစ်ပြိုင်ဖက်ကို အနိုင်ယူနိုင်ပါက အရာအားလုံးသည် အနာဂတ်တွင် ပြေလည်သွားနိုင်လေသည်။
ယန်စစ်မင်သည် ခပ်ဖျော့ဖျော့ပြုံးပြီး " သခင်လေးကုန်း အဲ့အတွက် စိတ်ပူစရာမလိုပါဘူး"ဟု ပြောလိုက်လေသည်။
သို့သော်လည်း ကုန်းထျန်းဟောက်သည် လှောင်ပြောင်ပြီး "စိတ်မပူနဲ့ဟုတ်လား သခင်လေးယန်။ ခင်ဗျားအတွက် စိတ်မပူပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေအတွက် ငါ စိတ်ပူတယ်!" ထိုအချိန်တွင် သူ၏အမူအရာမှာ အေးစက်သွားပြီး "သခင်လေးယန်၊ မင်းဘာတွေလုပ်နေတယ်ဆိုတာ သိမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ယန်မိသားစုကို ကိုင်တွယ်ဖြေရှင်းနိုင်မှာလား"ဟု သတိပေးလေသည်။
ကုန်းထျန်းဟောက် ပြောပြီးသည်နှင့် ယန်စစ်မင်၏ တည်ငြိမ်သည့် အမူအရာသည် အေးစက်သွားလေသည်။
ထို့နောက် သူသည် "ဒီကိစ္စက စိတ်ပူစရာ မလိုပါဘူး သခင်လေးကုန်း!"
ဒီလိုပြောပြီး သူ့ပေါင်ပေါ်တွင် လက်ညှိုးဖြင့် ဆွဲချနေပြီး တွေးနေလေသည်။ ယန်မိသားစုသည် Zမြို့တွင် ကြီးမားသော မိသားစုတစ်ခုဖြစ်ပြီး အပေါ်ယံတွင် ညီညွှတ်ကြပုံရသော်လည်း...
.....
ကျန်းရှောင်လန်၊ ကျန်းချွမ်းကျောင်းနှင့် လျိုချန်းနျို တို့သည် အတူတကွ စုကြလေသည်။
"ချွမ်းကျောင်း၊ စိတ်ဆိုးမနေနဲ့။ အဲ့လူနှစ်ယောက်က ရှောင်လင်းယွီ ပြုစားတာ ခံနေရတာ"
ကျန်းရှောင်လန်သည် "ဒီကောင်မက သူမျိုးမစစ်တစ်ယောက်ကို လွယ်ထားတာတောင် အဲ့နှစ်ယောက်က စိတ်မရှိဘူးဆိုတော့ အစွမ်းထက်တဲ့ ဂါထာသုံးထားတာ နေမှာ"ဟု ပြောလေသည်။
"မှန်တယ်!" လျိုချန်းနျိုသည်လည်း ဝင်ထောက်ခံလေသည်။ "အဲ့မိန်းမက မြေခွေးလိုကောက်ကျစ်တဲ့ မိန်းမပဲ။ သစ်ကိုင်းသစ်ခက် ရွာသားတွေက သွားရည်တမြားမြား ကျနေတာ"
"ဟမ့်၊ အဲ့ဒါက သူ့မှာ နွားဘုရင်ငယ်လေးရှိလို့ပဲ" ကျန်းရှောင်လန်က "ငါ့မှာ အဲ့လိုရှိရင် စတော်ဘယ်ရီသီးတွေ အများကြီးစိုက်ပြီး ငွေတွေအများကြီးရအောင်လုပ်မယ်။ အဲ့အချိန်ကျမှ ဘယ်သူက ငါတို့ကို မထီမဲ့မြင်ပြုရဲတာလဲဆိုတာ ကြည့်လိုက်ဦးမယ်။ ယောက်ျားတွေကလည်း ငါတို့ကို ခေါင်းငုံ့ပေးကြရလိမ့်မယ်"ဟု ပြောလေသည်။
စတော်ဘယ်ရီသီး အကြောင်းပြောရင်း ကျန်းချွမ်းကျောင်းသည် မျက်လုံးပြူးပြီး "ရှောင်လန်၊ ချန်းနျို၊ ငါတို့က သူ့စတော်ဘယ်ရီသီးတွေကို ဖျက်ဆီးလိုက်ရင်ရော"
"အာ?!" ကျန်နှစ်ယောက်သည် အံ့သြသွားလေသည်။
***