← Chapters

ဒေါသထွက်​နေ​သော သခင်ကြီးယန်

Vol. 15 Ch. 253

ဒေါသထွက်​နေ​သော သခင်ကြီးယန်

Vol. 15 Ch. 253

ထိုညတွင် သခင်ကြီးယန်နှင့် သူ့မိသားစုသည် ထောင်ယွမ်ရွာမှ ထွက်ခွာသွားကြသည်။

သခင်ကြီးယန်သည် နေချင်သေး​သော်လည်း ထောင်ယွမ်ရွာတွင် သူ့အတွက် နေရာမရှိ​သေး​ချေ။

သခင်ကြီးယန် ထွက်သွားချိန်တွင် သူသည် မျက်ရည်ဝဲပြီး "​​ခေါင်း​ဆောင်ကို မထားခဲ့ချင်ဘူး"ဟု ပြော​လေသည်။

အားလုံး, "..."

ဤသည်မှာ လင်မယား ခွဲခွာသကဲ့သို့ ဖြစ်​လေသည်။

သခင်ကြီးကုန်းသည် ငိုနေသည်ကိုမြင်သောအခါ သူသညွခေါင်းကိုက်လာပြီး "ရှောင်ယန် ဒီနေ့ ဘယ်နှစ်ခါ ငိုပြီးပြီလဲ။ ဒါက အိမ်ပြန်ရတာ​လေ စစ်မြေပြင်ကို သွားရတာလဲမဟုတ်။ ဘာလို့ ဒါကို နောက်ဆုံးအကြိမ် နှုတ်ဆက်ရသလို လုပ်​နေရတာလဲ။"ဟု ပြော​လေသည်။

"ပြီး​တော့ ဘေးကိုကြည့်လိုက်ဦး။ ကိုယ့်ဂျူနီယာ​လေး​တွေ​ရှေ့မှာ ငို​နေတာ မရှက်ဘူးလား"

သခင်ကြီးယန်သည် သခင်ကြီးကုန်း၏ လက်ကို ဆုပ်ကိုင်ထားပြီး လွှတ်ရန်ငြင်းဆန်​နေသည်။ အငယ်များသည် ပါးစပ်ကိုပိတ်၍ မရယ်မိစေရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ ပခုံးများတုန်သည်ထိ ကြိတ်ရယ်မောမိကြ​လေသည်။

ယန်စစ်မင်နှင့် ယန်ရူယွီတို့သည် မျက်နှာများကို အုပ်ထားကြသည်။ သူတို့အဖိုးသည် ရှက်စရာကောင်းလွန်းပေသည်။

ယန်စစ်မင်သည် သူ့လက်ကို ချလိုက်ပြီး သခင်ကြီးယန်၏ ဘေးသို့ လျှောက်သွားကာ "အဖိုးကြိုက်ရင် ဒီမှာအိမ်ဆောက် ပေးမယ်​လေ"ဟု ပြော​လေသည်။ ယန်စစ်မင်သည် ထောင်ယွမ်ရွာ ရွာသည် ကုသရန်နှင့် ပြန်လည်ကောင်းမွန်ရန် နေရာကောင်းဖြစ်ကြောင်း သတိပြုမိခဲ့​လေသည်။ ထို့​ကြောင့် ကုန်းထျန်းဟောက်သည် သူ့အဖိုးကို ဒီကိုပို့လိုက်ခြင်းဖြစ်ပြီး သခင်ကြီးကုန်း၏ ကျန်းမာရေးသည် ဒီကိုပြောင်းလာပြီးနောက် ပို၍​ကောင်းမွန်လာခဲ့​လေသည်။

ဤသည်ကို သခင်ကြီးယန် ကြားချိန်တွင် ချက်ခြင်း အငိုရပ်သွားလေသည်။ "မင်အာ မင်း သေချာလား? ဒီမှာ ငါ့အတွက် အိမ်ဆောက်မယ်ဆိုတာ"

"ဟုတ်တယ်" ယန်စစ်မင်က ပြော​လေသည်။

သို့​သော် သူအနည်းငယ် စိတ်ပူသွားလေသည်။

သူ့အဖိုးသည် ထောင်ယွမ်ရွာတွင် နေမည်ဆိုပါက ရှောင်လင်းယွီကို ပိုးပန်းရန်မှာ အဟန့်အတားဖြစ်နိုင်​လေသည်။

ရှောင်လင်းယွီကို ပိုးပန်းနိုင်ပြီး သူ့မိန်းမအဖြစ် သဘောတူပါက အိမ်ရှိ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်ဖြစ်သည်။

သခင်ကြီးယန်သည် ချက်ချင်းပင် "အိမ်က ကုန်းမိသားစုနားမှာ ဆောက်ရမှာ။ အခန်းတွေ အများကြီး မလိုပါဘူး။ ဒါပေမယ့် အိမ်ဝင်းက ကျယ်ရမယ် ပြီး​တော့ ပတ်ဝန်းကျင်ကလည်း ကောင်းရမယ်..."

ယန်စစ်မင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ အဖိုး ကိစ္စမရှိပါဘူး။ အဖိုးစိတ်ကြိုက် ဖြစ်​စေရပါမယ်"

သခင်ကြီးယန်သည် ကျေနပ်စွာ ခေါင်းညိတ်​လေသည်။ "အမ်.. ကောင်းတယ်" ထို့နောက် သခင်ကြီးကုန်းထံသို့ လှည့်ကာ "​​ခေါင်း​ဆောင် နောက်ဆို အိမ်နီးချင်း​တွေဖြစ်​​တော့မှာ"ဟု ဆိုလေသည်။

သခင်ကြီးကုန်းသည် ခေါင်းညိတ်လိုက်​လေသည်။ "အင်း ဒါကောင်းသားပဲ။"

ထို့နောက် ယန်မိသားစုသည် ထွက်ခွာသွား​လေသည်။

ယန်စစ်မင်နှင့် ယန်ရူယွီတို့သည် ကားပေါ်သို့ ကိုယ်စီတက်သွားကြပြီး သခင်ကြီးယန်သည်လည်း သူ့ကိုယ်ပိုင် ကား​ပေါ် တက်သွား​လေသည်။

စတုရန်းမီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသော Zမြို့ ရှိ ယန်မိသားစု၏ အိမ်ကြီးသို့ ပြန်ရောက်သောအခါ ယန်ကျန့်၏ အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။ ယန်မိသားစု၏ အ​စေခံများနှင့် အိမ်ထိန်းများအားလုံးသည် လာရောက်ကြိုဆိုကြ​လေသည်။

သခင်ကြီးယန်သည် ကားပေါ်မှ ဆင်းကာ “အကြီးဆုံး သခင်​လေးကို ငါ့စာကြည့်ခန်းထဲလာဖို့ ခေါ်လိုက်”ဟု တင်းကျပ်စွာ ညွှန်ကြားလိုက်လေသည်။

ရှောင်မိသားစုရှေ့တွင် ဖြစ်​သော​ကြောင့် ထောင်ယွမ်ရွာတွင် တားရန် မသင့်သည့်အတွက် ယန်ကျန့်သည် ယန်စစ်မင်၏ ရှောင်လင်းယွီကို လက်ထပ်ရန် တောင်းဆိုမှုနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်။

ယန်စစ်မင်သည် စာကြည့်ခန်းတံခါးကို ခေါက်လိုက်​လေသည်။

ယန်စစ်မင်စာသင်ခန်းထဲဝင်ပြီးသည်နှင့် သခင်ကြီးယန်သည် "ဒူးထောက်" ဟု ခိုင်း​လေသည်။

ယန်စစ်မင်သည် ဒူးထောက်ကာ မေးလေသည်။ "ကျွန်​တော်က ဘာလုပ်မိလို့လဲ အဖိုး။ ဘာလို့ ဒူး​ထောက်ရတာလဲ"

"ဘာလို့လဲဟုတ်လား" သခင်ကြီးယန်သည် တစ်သန်းတန်သော ကျောက်စိမ်းခွက်ကို ယန်စစ်မင်ထံသို့ ချက်ချင်းပစ်ချလိုက်​လေသည်။ ယန်စစ်မင်သည် အမြန်ဖမ်းပြီး ဖျောင်းဖျရန် ကြိုးပမ်း​လေသည်။

"အဖိုး ကျွန်တော့်ကို ရိုက်လို့ရပေမယ့် ပိုက်ဆံမဖြုန်းသင့်ဘူး။ ဒါက သုံးသန်းတန် ချန်မင်းဆက်က ခွက်​နော်"

သခင်ကြီးယန်သည် မျက်မှောင်ကြုတ်ကာ ဒေါသဖြင့် လွှမ်းသွားလေသည်။ သူသည် ယန်စစ်မင်ကို ဒေါသတကြီး လက်ညှိုးထိုးပြီး "မင်း... မင်း ကျေးဇူးမသိတတ်တဲ့ မြေး၊ မင်း ငါ့ကို ပြန်မေးနေတာလား"ဟု ပြော​လေသည်။

ယန်စစ်မင်သည် ခွက်ကိုကိုင်လိုက်ပြီး ဘာမှပြန်မပြောပေ။ နှုတ်ဆိတ်ခြင်းသည် ဟုတ်သည်ဟု ဝန်ခံခြင်းဖြစ်​ပေသည်။

သခင်ကြီးယန်သည် ဒေါသအရမ်းထွက်ပြီး တစ်ကိုယ်လုံးတုန်နေသည်။ သူသည် ယန်စစ်မင် ကို လက်ညှိုးထိုးပြီး "ကျေးဇူးမသိတတ်တဲ့ သား..."ဟု ပြော​လေသည်။

"အဖိုး ကျွန်​တော်က အဖိုးရဲ့ မြေး​နော်။ သားမဟုတ်ဘူး။" ဒူးထောက်နေသော ယန်စစ်မင်သည် သူ့ကို သတိပေး​လေသည်။

"မင်း...ထွက်သွားစမ်း!" သခင်ကြီးယန်သည် တံခါးကို ညွှန်ပြပြီး အော်လိုက်​လေသည်။

ယန်စစ်မင်သည် ခေါင်းညိတ်ပြီး "အဖိုး၊ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။ ကျေးဇူးပြုပြီး စိတ်ဆိုးမနေပါနဲ့တော့"ဟု ပြော​လေသည်။ ထို့နောက် ယန်စစ်မင်သည် သူ့လက်ထဲရှိ ခွက်ကို ချလိုက်ပြီး တံခါးမှ ထွက်သွား​လေသည်။

သခင်ကြီးယန်သည် ချက်ချင်း "ရပ်လိုက်။ ပြန်လာခဲ့"ဟု ပြော​လေသည်။ သို့​သော် သူ၏စိတ်ထဲတွင် 'ကောင်စုတ်​လေး ဒီ​ကောင့်ရဲ့ အကွက်ထဲ ထပ်ဝင်သွား​တော့မလို့'ဟု ဆိုကာ ကျိန်ဆဲ​နေ​လေသည်။

တံခါးမှ ထွက်ခါနီး ယန်စစ်မင်သည် ခေတ္တရပ်ကာ လှည့်ကြည့်ပြီး “အဖိုးပဲ ထွက်သွားဆို"ဟု ပြော​လေသည်။

သခင်ကြီးယန်သည် လှောင်ပြီး "အဲ့ဒါက အရင်က အခုက အခု ဒီကိုလာပြီး ဒူးထောက်စမ်း"ဟု ပြော​လေသည်။

ယန်စစ်မင်သည် တွေးလိုက်မိ​လေသည်။ 'ဒီတစ်ခါတော့ ငါမလွတ်တော့ ဘူးထင်တယ်'

ယန်ကျန့်သည် "ပြောစမ်း မင်းနဲ့ အဲ့ ရှောင်လင်းယွီက ဘယ်လို​တွေလဲ"ဟု မေး​လေသည်။

ယန်စစ်မင်သည် ပေါ့ဆစွာ "အဖိုး၊ ဖြစ်ပျက်ခဲ့တာကို ကြားပြီးပြီပဲကို သိသင့်နေပါပြီ"ဟု ပြော​လေသည်။

"ငါက အားလုံးကို ဘယ်လိုသိမှာလဲ" သခင်ကြီးယန်သည် သူ၏ လမ်းလျှောက်တုတ်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်ပြီး ပုံမှန်ထက် ဒေါသထွက်​နေ​သောအသံဖြင့် "မင်းက ရှောင်လင်းယွီနဲ့ အိပ်တဲ့လူ မဟုတ်တာကို ဘာလို့ ဝန်မခံခဲ့တာလဲ။ ငါ ဒီနေ့ မျက်နှာဘယ်လောက်ပျက်ရလဲ သိလား။"ဟု ပြော​လေသည်။

"မင်းရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတယ် ထင်လို့ တင်တောင်းဖို့ အဲဒီမိန်းကလေးရဲ့ မိဘတွေဆီ သွားခဲ့တာ။ ခမည်းခမက်လို့​တောင် ခေါ်လိုက်​သေးတယ်။

ဒါပေမယ့် အဆုံးမှာတော့ ဒါတွေအားလုံးက နားလည်မှု လွဲ​နေတာတဲ့လား"

"ဒါပေမယ့် ရှင်းပြပြီးပြီမလား။"ဟု ယန်စစ်မင်က ပြော​လေသည်။

"ဟုတ်တယ်။ ရှင်းပြီးပြီ" ယန်ကျန့်သည် "ဒါပေမယ့် ငါအဲ့ဒီနားလည်မှုလွဲမှားမှုအတိုင်းသာ ဖြစ်လိုက်စေချင်တယ်"ဟု ပြော​လေသည်။ သူသည်ဘာမှမဟုတ်သည်ကိုပင် ပျော်ခဲ့​လေသည်။ သူ့တွင် ပွေ့ဖက်စရာ မြစ်တစ်ယောက်ရှိနေပြီဟု သူထင်ခဲ့သည့်အတွက် သူအလွန်​ပျော်ရွှင်ခဲ့​လေသည်။

သခင်ကြီးယန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး "ကောင်းပြီ၊ ဒီကလေးက မင်းနဲ့ဘာမှမဆိုင်ဘူးဆိုတော့ နောက် သူတို့နဲ့ ဝေးဝေးမှာနေ"ဟု ပြော​လေသည်။

"မ​နေနိုင်ပါဘူး" ယန်စစ်မင်သည် ခေါင်းကို ခါလိုက်​လေသည်။ "အဖိုး ကျွန်​တော် ရှောင်လင်းယွီကို တစ်ကယ် နှစ်သက်တယ်။ သူ့ကို လက်ထပ်ချင်တယ်။ အဖိုးကို ကောင်းချီး ပေး​​စေချင်တယ်"

"ငါ့ကို ကောင်းချီးပေးချင်တာလား" ယန်ကျန့်က မေး​လေသည်။ "ယန်မိသားစုကို ဘယ်လောက်ထိ မျက်နှာပျက်စေမယ်ဆိုတာ သိလား ယန်စစ်မင်။ မင်းဟာ အဖမဲ့ ကလေးကို လွယ်ထားရတဲ့ မိန်းမနဲ့ လက်ထပ်ရင် အထက်တန်း အသိုင်းအဝိုင်းမှာ ဟာသဖြစ်ရုံမကဘဲ ယန်မိသားစုတစ်ခုလုံးလည်း မင်းကြောင့် မျက်နှာပျက်ရမယ်ဆိုတာ မင်းမသိဘူးလား။"

"အဖိုး!" ယန်စစ်မင်သည် တစ်စုံတစ်ခုပြောရန် လုပ်ချိန်တွင် ယန်ကျန့်သည် လက်ကာပြကာ တားလိုက်​လေသည်။

"ထား​တော့ ငါ ဒီနေ့ အရမ်းပင်ပန်းနေပြီ အနားယူလိုက်ဦးမယ်။ မင်းသွားလို့ရပြီ"

"ဟုတ်ကဲ့ အဖိုး"

ယန်စစ်မင်သည် စာကြည့်ခန်းမှ ထွက်ပြီး တံခါးကို ပိတ်လိုက်သောအခါ နောက်ခန်းရှိ ယန်ရူယွီသည် သူ့ကို ဆွဲကာ "အစ်ကို အဆင်ပြေရဲ့လား"ဟု စိုးရိမ်တကြီး မေး​လေသည်။

ယန်စစ်မင်သည် သူ၏လည်စည်းကို ဖြည်လိုက်ပြီး "အဆင်ပြေပါတယ်"ဟု ဖြေ​လေသည်။

ယန်ရူယွီသည် "အစ်ကို အခုပဲ ပထမ ဦးလေးနဲ့ အဒေါ်က ကျွန်မကို တားပြီး ဘာဖြစ်သွားလဲဆိုတာ မေးကြတယ်။ ဒါ​ပေမယ့် သူတို့ကို ဘာမှမပြောခဲ့ပါဘူး"ဟု ပြော​လေသည်။

"ကျေးဇူးပါ" ယန်စစ်မင်သည် ပြုံးကာ ပြောလိုက်​လေသည်။

သူ၏ ဝမ်းကွဲအစ်ကို အကြီးဆုံးထံမှ ကျေးဇူးတင်စကားတစ်ခွန်းကို မရခဲ့ဖူးသည့်အတွက် ယန်ရူယွီတစ်ယောက် အံ့သြသွား​လေသည်။

***

All Chapters