ဒေါသထွက်နေသော သခင်ကြီးယန်
Vol. 15 Ch. 253
ထိုညတွင် သခင်ကြီးယန်နှင့် သူ့မိသားစုသည် ထောင်ယွမ်ရွာမှ ထွက်ခွာသွားကြသည်။
သခင်ကြီးယန်သည် နေချင်သေးသော်လည်း ထောင်ယွမ်ရွာတွင် သူ့အတွက် နေရာမရှိသေးချေ။
သခင်ကြီးယန် ထွက်သွားချိန်တွင် သူသည် မျက်ရည်ဝဲပြီး "ခေါင်းဆောင်ကို မထားခဲ့ချင်ဘူး"ဟု ပြောလေသည်။
အားလုံး, "..."
ဤသည်မှာ လင်မယား ခွဲခွာသကဲ့သို့ ဖြစ်လေသည်။
သခင်ကြီးကုန်းသည် ငိုနေသည်ကိုမြင်သောအခါ သူသညွခေါင်းကိုက်လာပြီး "ရှောင်ယန် ဒီနေ့ ဘယ်နှစ်ခါ ငိုပြီးပြီလဲ။ ဒါက အိမ်ပြန်ရတာလေ စစ်မြေပြင်ကို သွားရတာလဲမဟုတ်။ ဘာလို့ ဒါကို နောက်ဆုံးအကြိမ် နှုတ်ဆက်ရသလို လုပ်နေရတာလဲ။"ဟု ပြောလေသည်။
"ပြီးတော့ ဘေးကိုကြည့်လိုက်ဦး။ ကိုယ့်ဂျူနီယာလေးတွေရှေ့မှာ ငိုနေတာ မရှက်ဘူးလား"
သခင်ကြီးယန်သည် သခင်ကြီးကုန်း၏ လက်ကို ဆုပ်ကိုင်ထားပြီး လွှတ်ရန်ငြင်းဆန်နေသည်။ အငယ်များသည် ပါးစပ်ကိုပိတ်၍ မရယ်မိစေရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ ပခုံးများတုန်သည်ထိ ကြိတ်ရယ်မောမိကြလေသည်။
ယန်စစ်မင်နှင့် ယန်ရူယွီတို့သည် မျက်နှာများကို အုပ်ထားကြသည်။ သူတို့အဖိုးသည် ရှက်စရာကောင်းလွန်းပေသည်။
ယန်စစ်မင်သည် သူ့လက်ကို ချလိုက်ပြီး သခင်ကြီးယန်၏ ဘေးသို့ လျှောက်သွားကာ "အဖိုးကြိုက်ရင် ဒီမှာအိမ်ဆောက် ပေးမယ်လေ"ဟု ပြောလေသည်။ ယန်စစ်မင်သည် ထောင်ယွမ်ရွာ ရွာသည် ကုသရန်နှင့် ပြန်လည်ကောင်းမွန်ရန် နေရာကောင်းဖြစ်ကြောင်း သတိပြုမိခဲ့လေသည်။ ထို့ကြောင့် ကုန်းထျန်းဟောက်သည် သူ့အဖိုးကို ဒီကိုပို့လိုက်ခြင်းဖြစ်ပြီး သခင်ကြီးကုန်း၏ ကျန်းမာရေးသည် ဒီကိုပြောင်းလာပြီးနောက် ပို၍ကောင်းမွန်လာခဲ့လေသည်။
ဤသည်ကို သခင်ကြီးယန် ကြားချိန်တွင် ချက်ခြင်း အငိုရပ်သွားလေသည်။ "မင်အာ မင်း သေချာလား? ဒီမှာ ငါ့အတွက် အိမ်ဆောက်မယ်ဆိုတာ"
"ဟုတ်တယ်" ယန်စစ်မင်က ပြောလေသည်။
သို့သော် သူအနည်းငယ် စိတ်ပူသွားလေသည်။
သူ့အဖိုးသည် ထောင်ယွမ်ရွာတွင် နေမည်ဆိုပါက ရှောင်လင်းယွီကို ပိုးပန်းရန်မှာ အဟန့်အတားဖြစ်နိုင်လေသည်။
ရှောင်လင်းယွီကို ပိုးပန်းနိုင်ပြီး သူ့မိန်းမအဖြစ် သဘောတူပါက အိမ်ရှိ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်ဖြစ်သည်။
သခင်ကြီးယန်သည် ချက်ချင်းပင် "အိမ်က ကုန်းမိသားစုနားမှာ ဆောက်ရမှာ။ အခန်းတွေ အများကြီး မလိုပါဘူး။ ဒါပေမယ့် အိမ်ဝင်းက ကျယ်ရမယ် ပြီးတော့ ပတ်ဝန်းကျင်ကလည်း ကောင်းရမယ်..."
ယန်စစ်မင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ အဖိုး ကိစ္စမရှိပါဘူး။ အဖိုးစိတ်ကြိုက် ဖြစ်စေရပါမယ်"
သခင်ကြီးယန်သည် ကျေနပ်စွာ ခေါင်းညိတ်လေသည်။ "အမ်.. ကောင်းတယ်" ထို့နောက် သခင်ကြီးကုန်းထံသို့ လှည့်ကာ "ခေါင်းဆောင် နောက်ဆို အိမ်နီးချင်းတွေဖြစ်တော့မှာ"ဟု ဆိုလေသည်။
သခင်ကြီးကုန်းသည် ခေါင်းညိတ်လိုက်လေသည်။ "အင်း ဒါကောင်းသားပဲ။"
ထို့နောက် ယန်မိသားစုသည် ထွက်ခွာသွားလေသည်။
ယန်စစ်မင်နှင့် ယန်ရူယွီတို့သည် ကားပေါ်သို့ ကိုယ်စီတက်သွားကြပြီး သခင်ကြီးယန်သည်လည်း သူ့ကိုယ်ပိုင် ကားပေါ် တက်သွားလေသည်။
စတုရန်းမီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသော Zမြို့ ရှိ ယန်မိသားစု၏ အိမ်ကြီးသို့ ပြန်ရောက်သောအခါ ယန်ကျန့်၏ အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။ ယန်မိသားစု၏ အစေခံများနှင့် အိမ်ထိန်းများအားလုံးသည် လာရောက်ကြိုဆိုကြလေသည်။
သခင်ကြီးယန်သည် ကားပေါ်မှ ဆင်းကာ “အကြီးဆုံး သခင်လေးကို ငါ့စာကြည့်ခန်းထဲလာဖို့ ခေါ်လိုက်”ဟု တင်းကျပ်စွာ ညွှန်ကြားလိုက်လေသည်။
ရှောင်မိသားစုရှေ့တွင် ဖြစ်သောကြောင့် ထောင်ယွမ်ရွာတွင် တားရန် မသင့်သည့်အတွက် ယန်ကျန့်သည် ယန်စစ်မင်၏ ရှောင်လင်းယွီကို လက်ထပ်ရန် တောင်းဆိုမှုနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်။
ယန်စစ်မင်သည် စာကြည့်ခန်းတံခါးကို ခေါက်လိုက်လေသည်။
ယန်စစ်မင်စာသင်ခန်းထဲဝင်ပြီးသည်နှင့် သခင်ကြီးယန်သည် "ဒူးထောက်" ဟု ခိုင်းလေသည်။
ယန်စစ်မင်သည် ဒူးထောက်ကာ မေးလေသည်။ "ကျွန်တော်က ဘာလုပ်မိလို့လဲ အဖိုး။ ဘာလို့ ဒူးထောက်ရတာလဲ"
"ဘာလို့လဲဟုတ်လား" သခင်ကြီးယန်သည် တစ်သန်းတန်သော ကျောက်စိမ်းခွက်ကို ယန်စစ်မင်ထံသို့ ချက်ချင်းပစ်ချလိုက်လေသည်။ ယန်စစ်မင်သည် အမြန်ဖမ်းပြီး ဖျောင်းဖျရန် ကြိုးပမ်းလေသည်။
"အဖိုး ကျွန်တော့်ကို ရိုက်လို့ရပေမယ့် ပိုက်ဆံမဖြုန်းသင့်ဘူး။ ဒါက သုံးသန်းတန် ချန်မင်းဆက်က ခွက်နော်"
သခင်ကြီးယန်သည် မျက်မှောင်ကြုတ်ကာ ဒေါသဖြင့် လွှမ်းသွားလေသည်။ သူသည် ယန်စစ်မင်ကို ဒေါသတကြီး လက်ညှိုးထိုးပြီး "မင်း... မင်း ကျေးဇူးမသိတတ်တဲ့ မြေး၊ မင်း ငါ့ကို ပြန်မေးနေတာလား"ဟု ပြောလေသည်။
ယန်စစ်မင်သည် ခွက်ကိုကိုင်လိုက်ပြီး ဘာမှပြန်မပြောပေ။ နှုတ်ဆိတ်ခြင်းသည် ဟုတ်သည်ဟု ဝန်ခံခြင်းဖြစ်ပေသည်။
သခင်ကြီးယန်သည် ဒေါသအရမ်းထွက်ပြီး တစ်ကိုယ်လုံးတုန်နေသည်။ သူသည် ယန်စစ်မင် ကို လက်ညှိုးထိုးပြီး "ကျေးဇူးမသိတတ်တဲ့ သား..."ဟု ပြောလေသည်။
"အဖိုး ကျွန်တော်က အဖိုးရဲ့ မြေးနော်။ သားမဟုတ်ဘူး။" ဒူးထောက်နေသော ယန်စစ်မင်သည် သူ့ကို သတိပေးလေသည်။
"မင်း...ထွက်သွားစမ်း!" သခင်ကြီးယန်သည် တံခါးကို ညွှန်ပြပြီး အော်လိုက်လေသည်။
ယန်စစ်မင်သည် ခေါင်းညိတ်ပြီး "အဖိုး၊ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။ ကျေးဇူးပြုပြီး စိတ်ဆိုးမနေပါနဲ့တော့"ဟု ပြောလေသည်။ ထို့နောက် ယန်စစ်မင်သည် သူ့လက်ထဲရှိ ခွက်ကို ချလိုက်ပြီး တံခါးမှ ထွက်သွားလေသည်။
သခင်ကြီးယန်သည် ချက်ချင်း "ရပ်လိုက်။ ပြန်လာခဲ့"ဟု ပြောလေသည်။ သို့သော် သူ၏စိတ်ထဲတွင် 'ကောင်စုတ်လေး ဒီကောင့်ရဲ့ အကွက်ထဲ ထပ်ဝင်သွားတော့မလို့'ဟု ဆိုကာ ကျိန်ဆဲနေလေသည်။
တံခါးမှ ထွက်ခါနီး ယန်စစ်မင်သည် ခေတ္တရပ်ကာ လှည့်ကြည့်ပြီး “အဖိုးပဲ ထွက်သွားဆို"ဟု ပြောလေသည်။
သခင်ကြီးယန်သည် လှောင်ပြီး "အဲ့ဒါက အရင်က အခုက အခု ဒီကိုလာပြီး ဒူးထောက်စမ်း"ဟု ပြောလေသည်။
ယန်စစ်မင်သည် တွေးလိုက်မိလေသည်။ 'ဒီတစ်ခါတော့ ငါမလွတ်တော့ ဘူးထင်တယ်'
ယန်ကျန့်သည် "ပြောစမ်း မင်းနဲ့ အဲ့ ရှောင်လင်းယွီက ဘယ်လိုတွေလဲ"ဟု မေးလေသည်။
ယန်စစ်မင်သည် ပေါ့ဆစွာ "အဖိုး၊ ဖြစ်ပျက်ခဲ့တာကို ကြားပြီးပြီပဲကို သိသင့်နေပါပြီ"ဟု ပြောလေသည်။
"ငါက အားလုံးကို ဘယ်လိုသိမှာလဲ" သခင်ကြီးယန်သည် သူ၏ လမ်းလျှောက်တုတ်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်ပြီး ပုံမှန်ထက် ဒေါသထွက်နေသောအသံဖြင့် "မင်းက ရှောင်လင်းယွီနဲ့ အိပ်တဲ့လူ မဟုတ်တာကို ဘာလို့ ဝန်မခံခဲ့တာလဲ။ ငါ ဒီနေ့ မျက်နှာဘယ်လောက်ပျက်ရလဲ သိလား။"ဟု ပြောလေသည်။
"မင်းရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတယ် ထင်လို့ တင်တောင်းဖို့ အဲဒီမိန်းကလေးရဲ့ မိဘတွေဆီ သွားခဲ့တာ။ ခမည်းခမက်လို့တောင် ခေါ်လိုက်သေးတယ်။
ဒါပေမယ့် အဆုံးမှာတော့ ဒါတွေအားလုံးက နားလည်မှု လွဲနေတာတဲ့လား"
"ဒါပေမယ့် ရှင်းပြပြီးပြီမလား။"ဟု ယန်စစ်မင်က ပြောလေသည်။
"ဟုတ်တယ်။ ရှင်းပြီးပြီ" ယန်ကျန့်သည် "ဒါပေမယ့် ငါအဲ့ဒီနားလည်မှုလွဲမှားမှုအတိုင်းသာ ဖြစ်လိုက်စေချင်တယ်"ဟု ပြောလေသည်။ သူသည်ဘာမှမဟုတ်သည်ကိုပင် ပျော်ခဲ့လေသည်။ သူ့တွင် ပွေ့ဖက်စရာ မြစ်တစ်ယောက်ရှိနေပြီဟု သူထင်ခဲ့သည့်အတွက် သူအလွန်ပျော်ရွှင်ခဲ့လေသည်။
သခင်ကြီးယန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး "ကောင်းပြီ၊ ဒီကလေးက မင်းနဲ့ဘာမှမဆိုင်ဘူးဆိုတော့ နောက် သူတို့နဲ့ ဝေးဝေးမှာနေ"ဟု ပြောလေသည်။
"မနေနိုင်ပါဘူး" ယန်စစ်မင်သည် ခေါင်းကို ခါလိုက်လေသည်။ "အဖိုး ကျွန်တော် ရှောင်လင်းယွီကို တစ်ကယ် နှစ်သက်တယ်။ သူ့ကို လက်ထပ်ချင်တယ်။ အဖိုးကို ကောင်းချီး ပေးစေချင်တယ်"
"ငါ့ကို ကောင်းချီးပေးချင်တာလား" ယန်ကျန့်က မေးလေသည်။ "ယန်မိသားစုကို ဘယ်လောက်ထိ မျက်နှာပျက်စေမယ်ဆိုတာ သိလား ယန်စစ်မင်။ မင်းဟာ အဖမဲ့ ကလေးကို လွယ်ထားရတဲ့ မိန်းမနဲ့ လက်ထပ်ရင် အထက်တန်း အသိုင်းအဝိုင်းမှာ ဟာသဖြစ်ရုံမကဘဲ ယန်မိသားစုတစ်ခုလုံးလည်း မင်းကြောင့် မျက်နှာပျက်ရမယ်ဆိုတာ မင်းမသိဘူးလား။"
"အဖိုး!" ယန်စစ်မင်သည် တစ်စုံတစ်ခုပြောရန် လုပ်ချိန်တွင် ယန်ကျန့်သည် လက်ကာပြကာ တားလိုက်လေသည်။
"ထားတော့ ငါ ဒီနေ့ အရမ်းပင်ပန်းနေပြီ အနားယူလိုက်ဦးမယ်။ မင်းသွားလို့ရပြီ"
"ဟုတ်ကဲ့ အဖိုး"
ယန်စစ်မင်သည် စာကြည့်ခန်းမှ ထွက်ပြီး တံခါးကို ပိတ်လိုက်သောအခါ နောက်ခန်းရှိ ယန်ရူယွီသည် သူ့ကို ဆွဲကာ "အစ်ကို အဆင်ပြေရဲ့လား"ဟု စိုးရိမ်တကြီး မေးလေသည်။
ယန်စစ်မင်သည် သူ၏လည်စည်းကို ဖြည်လိုက်ပြီး "အဆင်ပြေပါတယ်"ဟု ဖြေလေသည်။
ယန်ရူယွီသည် "အစ်ကို အခုပဲ ပထမ ဦးလေးနဲ့ အဒေါ်က ကျွန်မကို တားပြီး ဘာဖြစ်သွားလဲဆိုတာ မေးကြတယ်။ ဒါပေမယ့် သူတို့ကို ဘာမှမပြောခဲ့ပါဘူး"ဟု ပြောလေသည်။
"ကျေးဇူးပါ" ယန်စစ်မင်သည် ပြုံးကာ ပြောလိုက်လေသည်။
သူ၏ ဝမ်းကွဲအစ်ကို အကြီးဆုံးထံမှ ကျေးဇူးတင်စကားတစ်ခွန်းကို မရခဲ့ဖူးသည့်အတွက် ယန်ရူယွီတစ်ယောက် အံ့သြသွားလေသည်။
***