← Chapters

ရင်းနှီး​သော ဆက်နွယ်မှု

Vol. 15 Ch. 255

ရင်းနှီး​သော ဆက်နွယ်မှု

Vol. 15 Ch. 255

သူမ၏မိဘများ ထွက်ခွာသွားပြီးနောက် ရှောင်လင်းယွီသည် အလွန်စိုးရိမ်နေခဲ့သည်။ သူမတွင် ကိုယ်ဝန်ရှိသည့်အတွက် လိုက်သွားပါက တခြားသူများကို ဒုက္ခပေးမိရုံသာဖြစ်လိမ့်မည်။

သူမသည် ဧည့်ခန်းထဲတွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်လျှောက်နေမိသည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို တွေးကာ ဗီဒီယိုကို ကြည့်ရန် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။

သူမသည် ဗီဒီယိုကို ပြန်လှန်ကြည့်ကာ ချုံပုတ်များအတွင်း ဖြတ်သွားနေသည့် အရိပ်တစ်ခုကို သတိပြုမိသည်။

ရှောင်လင်းယွီသည် သူမ၏ စူးရှသော မျက်လုံးများကို ​မှေးလိုက်ပြီး တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်လိုက်သည်။ ပုံသဏ္ဍာန်သည် ပိုက်များတစ်လျှောက်နှင့် ချုံပုတ်များတစ်လျှောက် ရွေ့လျားသွားသည်။ ထိုနေရာသည် ကင်မရာ မမြင်နိုင်သည့်နေရာဖြစ်သည်။

သို့သော် ၎င်းသည် ကံဆိုးခြင်း သို့မဟုတ် ကံကောင်းခြင်းတစ်ခုဖြစ်ကြောင်း ကာယကံရှင်က မသိပေ။

မည်သို့ပင်ဆိုစေကာမူ မီးရှို့သူသည် မီးလောင်ပြီးနောက် လွတ်မြောက်ရန် လာခဲ့သည့် လမ်းကြောင်းအတိုင်းပဲ ပြန်သွားမည်ဖြစ်သည်။

ဤသည်ကို တွေးမိပြီး ရှောင်လင်းယွီသည် အမြန်ပြေးထွက်သွားလေသည်။

သူမသည် ထိုလူကို အမိအရ ဖမ်းချင်လာသည်။

ညဉ့်နက်သန်းခေါင်ဖြစ်၍ ကောင်းကင်သည် မှောင်မိုက်နေ၏။ မီးငြိမ်းရန် လူတိုင်းက မီးသတ်​​ဆေးဘူးနှင့် ဓါတ်မီးသွား ယူကြသဖြင့် ရှောင်လင်းယွီသည် ထွက်သွားသသည်ကို မည်သူမျှ သတိမထားမိပေ။

ရှောင်လင်းယွီသည် လမ်းမကြီးအတိုင်း မသွားဘဲ လယ်တစ်ဖက်ရှိ တောင်ကုန်းပေါ်တက်သွား​လေသည်။

ဓာတ်မီးအသေးကိုကိုင်ပြီး ဂရုတစိုက်ဖြင့် လမ်းလျှောက်လေသည်။ တရားခံကိုဖမ်းရန် အရေးကြီးသော်လည်း ရှောင်ထုန်ထက် ပို၍ အရေးမကြီးပေ။ သူမ၏ ဦးစားပေးအရာကို သူမ သေချာသိ​လေသည်။

ခဏ လမ်းလျှောက်ပြီးနောက် ရှောင်လင်းယွီ သည် အဝေးမှ လှမ်းကြည့်လိုက်​လေသည်။ ထိုလူက ပိုက်ကိုဖြတ်ပြီး ရွာကိုဦးတည်လေသည်။

ရှောင်လင်းယွီ၏ ဓာတ်မီးကို သူသတိပြုမိသွားပြီး ပိုက်ဆီသို့ လှည့်ပြန်သွားခဲ့သည်။

ရှောင်လင်းယွီသည် သူ့ကို လွယ်လွယ်နှင့် လွှတ်ထားမည် မဟုတ်​ချေ။

သူမက လိုက်ဖမ်းရန် ဓာတ်မီးကို ပိတ်လိုက်​လေသည်။ စိမ့်စမ်းရေ၏ အလင်းပြန်မှုကြောင့် ရှောင်လင်းယွီသည် အမှောင်ထဲတွင် သေချာမြင်နိုင်မှန်း သိလိုက်လေသည်။

ရှောင်လင်းယွီသည် ထိုလူကို လိုက်၍ တဖြည်းဖြည်း မီလာလေသည်။

သူသည် ပြစ်မှုကျူးလွန်ထားသူ ဖြစ်​သော​ကြောင့် မြစ်ကမ်းနှင့် ပိုက်ဆီ သို့ရောက်သောအခါ မီးမဖွင့်ရဲပေ။ သို့သော် သူသည် နယ်မြေနှင့် ရင်းနှီးမှုရှိသော​ကြောင့် လွတ်မြောက်နိုင်မည်ဟု သူယုံကြည်​လေလေသည်။

ရှောင်လင်းယွီသည် လိုက်​နေဆဲဖြစ်သည်။ မီးငြိမ်းသတ်ရန် ကြိုးစားနေသော ရွာသားများ ရှိ​သော​ကြောင့် သူသည် မြစ်ကိုဖြတ်ပြီး ထိုက်ပင်လယ်ကွင်းသို့ ပြန်မသွားနိုနိုင်တော့ချေ။

ထိုလူသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မြစ်ကမ်းနားရှိ သစ်ပင်အောက်ရှိ အပေါက်ငယ်တစ်ခုကို သတိပြုမိသည်။ ပုန်းအောင်းရန် နေရာ​ကောင်းဖြစ်​ပေသည်။

သို့သော်လည်း ထိုလူသည် အထိုပေါက်ဆီသို့ သွားသောအခါ တစ်စုံတစ်ယောက်သည် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ ထိတ်လန့်ကြောက်လန့်သွားသည် ။

သူမသည် အားနည်းသောအလင်းရောင်မှတဆင့် သူမ၏ဖမ်းသူ၏မျက်နှာကို ယောင်ဝါးဝါးမြင်နိုင်သည်။

ထို့နောက် ရှောင်လင်းယွီ၏ အံ့အားသင့်သွားသော အသံကို ကြားလိုက်ရ ္လေသည်။ "ဒေါ်လေးကျန်း၊ ဒေါ်လေးလား!"

ဒေါ်လေးကျန်းသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ရှောင်လင်းယွီ တစ်ယောက်တည်း ရှိနေသည်ကို သူမ သတိပြုမိသောအခါ ငြိမ်သက်သွားသည်။ သူမသည် ရင်ဘတ်ကို ပွတ်သပ်မိ​လေသည်။

“ဟုတ်တယ်၊ ငါပဲ။ ဘာဖြစ်နေတာလဲ။ မြစ်ထဲကို လာလို့မရဘူးလား။ နင်က ဒီမြေကို ပိုင်လို့လား”

"ဒေါ်လေးမလား?" ရှောင်လင်းယွီသည် "ဒေါ်လေး မီးရှို့ခဲ့တာတာမလား" သူမသည် အလွန်သေချာနေပုံရသည်။

ဒေါ်လေးကျန်းသည် ထိတ်လန့်နေသော်လည်း ဝှဂံမခံနိုင်ပေ။ ရှောင်လင်းယွီ၏ လက်ကို တွန်းဖယ်ရန် ကြိုးစားပြီး "မီးလား ငါမီးမရှို့ပါဘူး" ဟု ပြောလေသည်။

ရှောင်လင်းယွီသည် ဒေါသတကြီးဖြင့် "ဒေါ်လေး မရှို့ဘူးဆိုရင် ဘယ်သူရှို့မှာလဲ"ဟု ပြော​လေသည်။

ဒေါ်လေးကျန်းက သူ့လက်ကို ဖယ်လိုက်လိုသည်။ ဒေါသတကြီးဖြင့် “ငါဘယ်လိုသိမှာလဲ”ဟု ပြန်ပြောလေသည်။

"ဒေါ်လေးမဟုတ်ဘူးဆိုရင် ဘာလို့ ညဘက်ကြီး ဒီကို တိုးတိုးတိတ်တိတ် လာရတာလဲ" ရှောင်လင်းယွီသည် "ဒေါ်လေး ဒီပိုက်က​နေ တွားသွားနေတာ တွေ့တယ်။ ပိုက်က ထိုက်ပင်လယ်ကွင်းကို တိုက်ရိုက်သွားနေတာ။ အားလုံးက မီးငြိမ်းဖို့ ကြိုးစားနေကြပေမယ့် ဒေါ်လေးက မြစ်ကိုဖြတ်နေရတာနဲ့ အလုပ်ရှုပ်နေတာ​လေ" ထိုအချိန်တွင် ရှောင်လင်းယွီသည် ဒေါသတကြီးဖြင့် အော်လိုက်ပြီး "ကျန်းရှောင်လန် ရှင် ကျွန်မလယ်ကို ဘာလို့မီးရှို့လိုက်တာလဲ"ဟု ပြောလေသည်။

ကျန်းရှောင်လန်၏လက်ကို ရှောင်လင်းယွီသည် တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ သူမ အလွန်စိတ်လှုပ်ရှားနေပြီဖြစ်ပြီး ထိုစွပ်စွဲချက်ကိုကြားလိုက်ရ​သောအခါ သူမပို၍ကြောက်လာ​လေသည်။ "ငါမရှို့ဘူးလို့ ပြောနေတယ်လေ။ လွှတ်!"

ပြောနေရင်းဖြင့် ရှောင်လင်းယွီကို အဝေးကို သူမ၏လက်တစ်ဖက်ကို အသုံးပြု၍ တွန်းထုတ်ရန် ကြိုးစားခဲ့သော်လည်း ရှောင်လင်းယွီသည် အလွန်သန်မာနေ​​ပေသည်။ နေ့စဥ် လယ်လုပ်နေရသည့် ကျန်းရှောင်လန်ပင် ရှောင်လင်းယွီကို ဖယ်၍မရ​ချေ။

ကျန်းရှောင်လန်သည် ဤနေရာတွင် နေ၍မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် စိတ်တွေပူလာပြီး ရှောင်လင်းယွီ၏ ဗိုက်ကို တွန်းရန် အခြားလက်တစ်ဖက်ကို အသုံးပြုလိုက်လေသည်။

ရှောင်လင်းယွီသည် ဤသည်ကို မြင်သောအခါ သူမသည် မျက်​လုံးကျယ်သွားပြီး ကျန်းရှောင်လန်၏ လက်ကိုချက်ချင်းလွှတ်လိုက်လေသည်။ ကျန်းရှောင်လန်သည် ဤအခွင့်အရေးကို အသုံးပြု၍ ရှောင်လင်းယွီကို ပြန်တွန်းထုတ်ခဲ့သည်။

အင်အားနှင့် နေရာကျဉ်းသောကြောင့် ရှောင်လင်းယွီ တုန်လှုပ်သွားပြီး ဟန်ချက်ပျက်သွားသည်။ သူ့နောက်တွင် မြောင်းတစ်ခုရှိလေသည်။

မြောင်းသည် တစ်မီတာနီးပါး နက်သည့်အတွက် သူမ ပြုတ်ကျပါက နောက်ဆက်တွဲဆိုးကျိုးမှာ မှန်းဆမရချေ။

သို့သော် ရှောင်လင်းယွီသည် လဲနေသည့်အရှိန်ကို မထိန်းနိုင်ပေ။ သူမ ကြောက်လန့်တကြား ထအော်လိုက်သည်။

ကျန်းရှောင်လန်သည် ရှောင်လင်းယွီကို ဂရုမစိုက်ဘဲ သူမ ပြေးထွက်သွားလေသည်။

ရုတ်တရက် တစ်စုံတစ်ယောက်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထိုလူသည် ဟန်ချက်မညီမီ အကြိမ်အနည်းငယ် ယိမ်းထိုးသွား​လေသည်။

ကုန်းထျန်းဟောက်က သူမကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီးနောက် စိုးရိမ်တကြီးဖြင့် "ယွီအာ ဘယ်လိုလဲ? အဆင်ပြေရဲ့လား"ဟု မေး​လေသည်။

ရှောင်လင်းယွီသည် တုန်လှုပ်သွားပြီး ခေါင်းကို မော့လိုက်သည်။ သူမကို ကယ်တင်ရန် အပြေးအလွှားလာခဲ့သည့် ကုန်းထျန်းဟောက်ကို ကြည့်လိုက်လေသည်။ သူမကို သူခေါ်သည့် နာမည်ကိုပင် ဘာမှပြောမိခြင်းမရှိပေ။

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီကို ကြောက်နေသဖြင့် ငြိမ်​​နေသည်ဟု ယူဆ​လေသည်။ မျက်နှာရှေ့တွင် လက်ကို ဝှေ့ယမ်းပြီး "ယွီအာ တစ်ခုခုပြော၊ မကြောက်နဲ့"ဟုဆိုကာ စိုးရိမ်တကြီးမေးလေသည်။

ဤအခါမှသာ ရှောင်လင်းယွီသည် သူမအား ကုန်းထျန်းဟောက် ၏ ပွေ့ဖက်ထားကြောင်း သိရသည်။ သူမကို လုံခြုံနွေးထွေးသော ပွေ့ဖက်ထား လေသည်။

'ငါ့ကို​ ထပ်ကယ်​ပြန်ပြီ။ ဒါဒုတိယအကြိမ်ဖြစ်ပဲ။ ကံတရားများလား?'

သူမမျက်နှာ အနည်းငယ်နီလာသည်။ ထို့နောက် သူမသည် တည်ဟန်ဆောင်ကာ "မစ္စတာကုန်း လွှတ်​ပေးလို့ရမလား။ အသက်ရှူလို့ မရဘူး"ဟု အေးစက်စွာ ပြောလိုက်သည်။

ကုန်းထျန်းဟောက်သည် ထိုစကားကိုကြားသောအခါ ချက်ခြင်းလွှတ်လိုက်သည်။ အဆင်ပြေသည် သေချာသည့်အခါ သူသည် ချက်ချင်း သက်ပြင်းချလိုက်ပြီး "ယွီအာ ဒီမှာခဏနေ။ ဟိုတရားခံကိုသွားဖမ်းလိုက်ဦးမယ်!"ဟု ပြော​လေသည်။

သူသည် ကျန်းရှောင်လန် နောက်ကို လိုက်လာခဲ့သည်။

ရှောင်လင်းယွီသည် ကိုယ့်ကိုယ်ကိုယ် ပြန်ပြော​လေသည်။ "ယွီအာ? သူငါ့ကို ယွီအာလို့ ခေါ်တာလား"

ရှောင်လင်းယွီသည် တောင်ကုန်းပေါ်တွင် ရပ်နေ၍ အလွန်ကြောက်လန့်နေပုံရသည်။ သူမ၏ ဗိုက်ကို ကာကွယ်ရန် လက်များဖြင့် ကာလိုက်သည်။

ခဏအကြာတွင် ကုန်းထျန်းဟောက်သည် သူ့လက်ထဲတွင် လူတစ်ယောက်ကို ဆွဲလာပြီး ရောက်လာသည်။

သူမလက်ကို ချည်နှောင်ထားသည်။

ကုန်းထျန်းဟောက်သည် "ယွီအာာအဲဒီလူကို ဖမ်းခဲ့ပြီးပြီ"ဟု ​ေပြာ​လေသည်။

ရှောင်လင်းယွီသည် ခေါင်းညိတ်ပြီး "သွားရအောင်။ ကျွန်မတို့ သူ့ကို ရွာပြန်ပို့မယ်"ဟု ပြော​လေသည်။

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ တစ်ယောက်တည်း ပြန်သွားမည်ကို စိတ်ပူ​လေသည်။

မီးငြှိမ်းသတ်သူ အများအပြား ရှိသော​ကြောင့် သူသည် ရှောင်လင်းယွီ၏ ကိုယ်ရေးကိုယ်တာ အစောင့်အဖြစ် လုပ်​လေသည်။..

***

All Chapters