မီးလောင်ပြီးနောက်
Vol. 15 Ch. 256
မီးသည် ဆယ်မိနစ်ကျော်ကြာ ဆက်လက်လောင်ကျွမ်းခဲ့သည်။ အသေအပျောက်မရှိခဲ့သော်လည်း ဥစ္စာပစ္စည်းများ ဆုံးရှုံးခဲ့သည်။
မီးအမြန်ငြိမ်းရသည့် အကြောင်းအရင်း သုံးခုရှိလေသည်။။
ပထမမှာ လူတွေအများကြီးရှိခြင်းဖြစ်သည်။ လူတစ်ဦးစီတွင် ရေတစ်ပုံးစီရှိပြီး ရွာသားတစ်ရာကျော် မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သည်။
ဒုတိယအချက်မှာ မီးငြှိမ်းသတ်ရေး အစီအမံတွေ ရှိသည့်အတွက် ဖြစ်သည်။ မီးသတ်ဆေးဘူး အများအပြားကို တဲအတွင်း သိမ်းဆည်းခဲ့ပြီး ရေကန်အနည်းငယ် တူးဖော်ခဲ့သည်။ မီးလောင်ချိန်တွင် အင်ဂျင်မှ ရေကို စုပ်ကာ ရေဖြန်းခဲ့သည်။
တတိယအချက်မှာ ပထဝီဝင်ပတ်ဝန်းကျင်ကြောင့် ဖြစ်လေသည်။
ညသည် လေပြင်း မရှိချေ။ ထို့အပြင် လယ်ကွင်းသည် မြစ်ငယ်ဘေးတွင် ရှိနေသောကြောင့် ရေအလုံအလောက်ရရှိနိုင်သည်။
နောက်ဆုံးတွင် မီးခိုးလုံးကြီး ငြိမ်းသွားသည့်အခါ လူတိုင်းသည် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး "မီးက နောက်ဆုံးတော့ ငြိမ်းသွားပြီ"ဟု ပြုံးကာ ပြောကြသည်။
"ဟုတ်တယ်၊ နောက်ဆုံးတော့ မီးငြိမ်းသွားပြီ။ မဟုတ်ရင် ဒီအတိုင်းဆက်ပြီး လောင်နေရင် လယ်ကွင်းတစ်ခုလုံး ပျက်စီးသွားပြီး ဆုံးရှုံးမှုက ကြီးမားလိမ့်မယ်"
“ဒါပေမဲ့ အခုလည်း ဆုံးရှုံးမှုက နည်းတာမှ မဟုတ်တာ။ စတော်ဘယ်ရီတွေက အရမ်းဈေးကြီးတယ်။ တစ်လုံးကို ယွမ် ၂၀၀ နဲ့ ရောင်းတာ အလုံး၅၀ဆို ယွမ် ၁၀၀၀၀လောက် မီးထဲပါသွားပြီ။"
"ခန့်မှန်းတာအရ အလုံးရေ ၅၀ ကျော်လောက် ဆုံးရှုံးသွားပြီ။" ရွာသူရွာသားတစ်ဦးက ဝမ်းနည်းစွာပြောသည်။ "အိမ်ကြီးတချို့ မီးလောင်ပြီး စတော်ဘယ်ရီသီးတွေ ကုန်သွားပြီ"
"ဘာပြောပြော၊ မီးက ဘယ်လိုဖြစ်တာလဲ" ရွာသားတစ်ဦးက "မီးလောင်ရတဲ့ အရင်းမြစ်က စတော်ဘယ်ရီလယ်ကွင်းမှာ မဟုတ်ဘူး၊ တကယ်တော့ အဲဒီမြေကွက်က လာတာလို့ ကျွန်တော် ယုံကြည်တယ်" ထိုလူသည် ပေါင်းပင်များ မီးလောင်ပြာကျနေသည့် ကွက်လပ်ကို ညွှန်ပြသည်။ "ကြည့်စမ်း၊ ဒီမှာ မီးစလောင်တာ ဖြစ်နိုင်တယ်။ ဒီအကွက်နဲ့ အနီးဆုံး တဲတွေက အပျက်အစီးဆုံးပဲ။"
"မှန်တယ်။"
"ဒီမြေကွက်ကို ဝိုင်းထားပြီးသားဆိုတော့ ဒါက စတော်ဘယ်ရီခင်းရဲ့ အစိတ်အပိုင်းမဟုတ်ဘူး။ ဒါက ဘယ်သူ့မြေလဲ။"
"ထိုက်ပင်လယ်ကွင်းမှာ မိသားစုသုံးလေးခုက သူတို့ရဲ့မြေကို ရှောင်လင်းယွီကို မငှားခဲ့ကြဘူး။"
"ဒီမြေကွက်က ရှောင်ချန်းချိုက်ပိုင်တယ်။"
"အို၊ အဲဒါ ရှောင်ချန်းချိုက်ပါ။ သူက ဒီမှာ ဘာမှ စိုက်တာ မဟုတ်ဘူး။ နွေရာသီ အလယ်မှာ မြက်ပင်တွေက စိမ်းနေတယ်။ ဘာလို့ မီးက ရုတ်တရက် မီးလောင်ရတာလဲ"
“ညစောင့်တွေက ဆေးလိပ်သောက်ပြီး မီးငြိမ်းဖို့များ မေ့နေကြတာ မဟုတ်ဘူးလား။ သစ်ခွဲသားပေါ် စီးကရက်တို မတော်တဆ ပြုတ်ကျလို့ တောမီးလောင်တာလို့ ရုပ်မြင်သံကြားက သတင်းတွေ ကြားဖူးတယ်"
တစ်စုံတစ်ဦးမှ ချက်ချင်းငြင်းဆိုခဲ့သည်။ "အဲဒီအချိန်က တောင်ပေါ်မှာ ဘယ်သူမှ မရှိတဲ့အတွက် မီးကို သတိပြုမိတော့ ဘာမှလုပ်ဖို့ နောက်ကျနေပြီ။"
“အဲ့ဒါအပြင် ဆောင်းရာသီမှာ တောင်က ခြောက်သွေ့တဲ့ သစ်ကိုင်းတွေ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေနဲ့ ပြည့်နေတတ်တယ်"
"ဒါပေမယ့် ငါတို့က နွေလယ်ရောက်နေပြီ။ တောထဲမှာ ပေါင်းပင်ခြောက် နည်းနည်းပဲရှိတယ်။ စီးကရက်တစ်လိပ်တောင်မှ ဒီလိုအခြေအနေနဲ့ မီးစလောင်ဖို့ ခက်လိမ့်မယ်။ နောက်ပြီး စီးကရက်က လောင်နေတယ်ဆိုရင် မီးက မြန်မှာမဟုတ်ဘူး။ ချန်းပမ်းနဲ့ တခြားလူတွေက လွယ်လွယ်နဲ့ ငြိမ်းနိုင်လိမ့်မယ်။ တစ်ရွာလုံးက ကူညီစရာတောင် မလိုဘူး။"
"ဒါဆို လူတစ်ယောက်က ဒါကို ရည်ရွယ်ပြီး လုပ်ခဲ့တာလို့ ဆိုလိုတာလား။"
"ဟုတ်တယ်၊ အဲ့ဒါ တစ်ခုတည်းသော အဖြေပဲ။"
လူများသည် ထိတ်လန့်သွားကြသည်။
"တစ်ယောက်ယောက်က တမင်မီးရှို့လိုက်တာလား။ ဘယ်သူက ဒီလောက်ယုတ်မာနိုင်တာလဲ"
ဖေဖေရှောင်နှင့် ရှောင်ချန်းပမ်းတို့သည် မီးကျန်နေခြင်းမရှိကြောင်း သေချာစေရန် လှည့်ပတ်ကြည့်ရှုကြသည်။ မီးလက်ကျန် မရှိသည် သေချာသောအခါ စိတ်သက်သာရာ ရသွားကြသည်။
သို့သော် ဖန်လုံအိမ်များကို ဖုံးအုပ်ထားသော ပလပ်စတစ်အကာများသည် အရည်ပျော်သွားပြီး သံတိုင်များသာ ကျန်ရစ်ခဲ့သည်။
တဲအတွင်းမှ စတော်ဘယ်ရီသီးများ မီးလောင်သွားခဲ့သည်။
မေမေရှောင်၏ နှလုံးသားသည် ပြင်းထန်စွာ နာကျင်သွားသည်။ သူမ လှည့်ပတ်ကြည့်လိုက်ပြီး စတော်ဘယ်ရီသီး ကီလိုဂရမ် တစ်ထောင်ခန့် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းရသည်။ အားလုံး၏ အကူအညီဖြင့် မီးငြှိမ်းသတ်နိုင်သည်ပင် အကောင်းဆုံးဖြစ်နေချေပြီ။
သူမသည် သက်ပြင်းချလိုက်သည်။ သူမသည် စိတ်စုစည်းလိုက်ပြီး "ကျေးဇူးတင်ပါတယ်။ ညဥ့်နက်မှ အခုလို ထွက်လာပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ် အရေးမကြီးရင် အနှောင့်အယှက် မပေးချင်ပါဘူး" ဟု ပြောလေသည်။
တစ်စုံတစ်ယောက်သည် "ချိုးယင်းရယ် မလိုပါဘူး။ ယဉ်ကျေးလွန်းနေပြန်ပါပြီ"ဟု ပြောလေသည်။
"မီးက ဒီလောက်ကြီးတာ ကူညီဖို့က ကျွန်တော်တို့ရဲ့တာဝန်ပါ။ အဲ့ဒီမှာ ရပ်ပြီး စတော်ဘယ်ရီသီးတွေ မီးလောင်နေတာကို ကြည့်နေမယ်လို့ ထင်လို့လား"
"ဟုတ်တယ် ချိုးယင်း"
"ချိုးယင်း၊ မီးက ပြင်းတယ်။ ငါတို့ မငြိမ်းရင် လယ်ကွင်းထဲ ပြန့်နှံ့သွားလိမ့်မယ်။ နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးရဲစရာပဲ"
မီးလောင်မှုသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မထိခိုက်စေဟု မည်သူမျှ အာမ မခံနိုင်ချေ။
မေမေရှောင်သည် ပြုံးလိုက်သည်။ "ကောင်းပြီ၊ ဒီနေ့ညက မီးဘေးမှာ ပါဝင်ခဲ့တဲ့ မိသားစုတွေအားလုံးကို စတော်ဘယ်ရီသီးနှစ် ကတ်တီပို့ပေးလိုက်မယ်။"
"အာ, ချိုးယင်း၊ အဲဒါက အရမ်းများတယ်။ ငါတို့မလိုချင်ပါဘူး"
ရွာသားများသည် စတော်ဘယ်ရီ၏စျေးကို ချက်ချင်းပင် တွေးမိကြသည်။
"ပြီးတော့ မင်းအိမ်မှာရောင်းဖို့ စတော်ဘယ်ရီတောင် မလောက်ငှဘူး။ ဘာလို့ ပေးမှာလဲ" တစ်စုံတစ်ယောက်က ထပ်ပြောလေသည်။
"စတော်ဘယ်ရီသီးတွေ ပေးမယ့်အစား ချိုးယင်းကပဲ ရွာအတွက် ဟင်းချက်ပေးရင်ရော။ ငါတို့အားလုံး မင်းရဲ့ လက်ရာကို ကြိုက်တယ်။ မင်းအိမ်က ဟင်းချက်တဲ့အနံ့က နေ့တိုင်း သရေယိုစေတယ်"ဟု တစ်ယောက်က ဝင်ပြောလိုက်လေသည်။
မေမေရှောင်သည် ရယ်မောလိုက်သည်။ "ဒါက ပြဿနာမရှိပါဘူး။ ဒါပြီးရင် အားလုံးကို ဟင်းချက်ကျွေးပါ့မယ်"
"ကောင်းပြီ၊ ဒါသဘောတူညီချက်ပဲ!" တစ်ယောက်က ချက်ချင်းအော်လိုက်လေသည်။
မေမေရှောင်သည် ပြုံးပြီး "လူတိုင်း အလုပ်ပင်ပန်းနေလိမ့်မယ်။ ကျေးဇူးတင်ပါတယ်၊ အားလုံး အနားယူသင့်ပြီ။"
ထို့နောက် တယောက်ပြီး တယောက် ထွက်သွားကြလေသည်။
ရှောင်ကျန်းယန်တို့ ဇနီးမောင်နှံ၊ ရှောင်မင်ယန်းတို့ ဇနီးမောင်နှံ၊ ရှောင်ချန်းပမ်းတို့ ဇနီးမောင်နှံနှင့် အခြား ညစောင့်သုံးယောက်သာ ကျန်ခဲ့လေသည်။
ကျိုးယန်သည် ယောက်ျားဖြစ်သူကို ပေါက်ကွဲပြီး "ရှောင်ချန်းပမ်း၊ ရှင်က ဘယ်လို ညစောင့်သမားလဲ၊ ဒါက ဘယ်လိုဖြစ်တာလဲ"ဟု မေးလေသည်။
ညစောင့်လေးယောက်သည် ခေါင်းကို ငုံ့နေကြပြီး အလွန်အပြစ်ရှိသလို ခံစားရသည်။ သူတို့သည် စတော်ဘယ်ရီလယ်ကွင်းကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး မီးအကြီးအကျယ် လောင်စေခဲ့သည်။
ရှောင်ချန်းပမ်းသည် စီးကရက်တစ်လိပ်သောက်ပြီး "တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ မီးရှို့လိုက်တာ။ ငါတို့ လေးယောက်က နာရီဝက်တိုင်း ကင်းလှည့်နေကြတာ"ဟု ပြောလေသည်။
"မီးမလောင်ခင်မှာ ကျွန်တော်တို့ လှည့်ကင်းက ပြန်လာပြီး လင်းယွီဆီက ဖုန်းဆက်တယ်။ တစ်ယောက်ယောက် မီးရှို့နေတယ်လို့ ပြောတယ်။ မီးငြိမ်းသတ်ဖို့ ချက်ခြင်း အမြန်ပြေးပေမယ့် တရားခံက ရေနံဆီသုံးတဲ့အတွက် မီးလောင်တာ မြန်တယ်။ အစွမ်းကုန် ကြိုးစားပေမယ့် မီးက အရမ်းပြင်းလွန်းတယ်။"
ကျိုးယန်သည် "တစ်ယောက်ယောက်က တမင် မီးရှို့လိုက်တာ ဟုတ်လား။ ဘယ်သူရှို့တာလဲ။ အရမ်းယုတ်မာတဲ့သူပဲ"ဟု ထိတ်လန့်တကြား ပြောလိုက်လေသည်။
ရှောင်ချန်းပမ်းသည် ခေါင်းခါပြီး "ငါတို့ မသိသေးဘူး"ဟု ပြောလေသည်။ ထို့နောက် ရှောင်ကျန်းယန်နှင့် သူ့ဇနီးကို လှည့်ကြည့်ပြီး "ကျွန်တော် စိတ်မကောင်းပါဘူး ကျန်းယန်၊ ချိုးယင်း၊ ဒါက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုကြောင့်ပါ"ဟု ပြောလေသည်။
ရှောင်ကျန်းယန်သည် ခေါင်းခါလိုက်ပြီး "ဒါ မင်းတို့အပြစ်မဟုတ်ဘူး။ ငါ့ရဲ့ ယွီအာက မီးကာကွယ်ရေးတွေ အများကြီး လုပ်ခဲ့ပေမယ့် တရားခံ အောင်မြင်သွားပြီ။ မီးကို စောစောစီးစီး တွေ့ခဲ့တာကို ကျေးဇူးတင်ရမှာပဲ မဟုတ်ရင် ပျက်စီးမှုက ပိုကြီးလိမ့်မယ်"ဟု ပြောလေသည်။
ရှောင်ကျန်းယန်က သူတို့ကို အပြစ်မတင်သည့်အတွက် သူတို့လေးယောက်သည် ပို၍ အပြစ်ရှိသလို ခံစားရလေသည်။
ရှောင်လင်းယွီသည် မနာလိုသူများ ရှိသည်ကို သိသောကြောင့် သူတို့ကို ညစောင့်ခန့်ထားခြင်း ဖြစ်လေသည်။ ဖျက်ဆီးခံရနိုင်ချေရှိလေသည်။ သို့သော် အစောင့်များသည် ပေါ့ဆသောကြောင့် တရားခံကို အောင်မြင်အောင် ဆောင်ရွက်စေနိုင်ခဲ့လေသည်။
ရှောင်ကျန်းယန်နှင့် သူ့မိန်းမတို့သည် သူတို့လေးယောက်ကို ကြည့်၍ ဘာပြန်ပြောရမှန်းမသိချေ။
ရှောင်ကျန်းယန်သည် ရှောင်ချန်းပမ်း၏ ပခုံးကို ပုတ်ပြီး "တစ်ညလုံး စောင့်ကြည့်ဖို့ မင်းရဲ့အဖွဲ့ကို ဒုက္ခပေးရလိမ့်မယ်။ ငါတို့ အရင်ပြန်လိုက်မယ်။ မနက်ဖြန် ဒါတွေကို ရှင်းလိုက်မယ်"ဟု ပြောလေသည်။
ရှောင်ချန်းပမ်းနှင့် အခြားသုံးယောက်သည် ခေါင်းညိတ်ပြီး "ဟုတ်ပါတယ် မင်းလည်း ပင်ပန်းနေမယ်။ ကျေးဇူးပြုပြီး ပြန်နားလိုက်ပါ"ဟု ပြောလေသည်။
.....
အပြန်လမ်းတွင် စတုတ္ထအဒေါ်ရှောင်က ဒေါသတကြီးဖြင့် "ငါတို့ကို ရန်ငြိုးထားတဲ့သူက ဘယ်သူလဲ။ ဒီလိုမျိုး ဘယ်လိုဖြစ်လို့ လုပ်နိုင်ရတာလဲ!"ဟု ပြောနေလေသည်။
မေမေရှောင်သည် ခေါင်းခါပြီး "မသိဘူး၊ ဒါပေမယ့် ငါတို့ မကြာခင် သိမှာပါ"ဟု ပြောလေသည်။
သူတို့၏ စတော်ဘယ်ရီသီးတွေ ခေတ်စားလာစဥ်ကတည်းက သူတို့၏သမီးသည် စတော်ဘယ်ရီလယ်ကွင်းတစ်ဝိုက်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားခဲ့လေသည်။ လင်းယွီ သည် အချိန်မီ မီးကို ရှာဖွေတွေ့ရှိခြင်းသည် ကင်မရာများ၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။
"တရားခံက တကယ်မုန်းစရာကောင်းတာပဲ!" လျိုချွမ်းဟွာသည် ဒေါသတကြီးဖြင့် "သူတို့မှာ အသိစိတ်မရှိဘူးလား"ဟု မေးလေသည်။
အခြားသူမသည်လည်း ဒေါသထွက်နေကြလေသည်။ သူတို့အနေဖြင့် ထိုလူကို တွေ့အောင် ရှာရပေမည်။
***