အပြင်လူများ
Vol. 15 Ch. 257
ညဥ့်နက်နေပြီဖြစ်ပြီး မီးမရှိသဖြင့် လမ်းလျှောက်ရသည်မှာ မလွယ်ပေ။
ကုန်းထျန်းဟောက်သည် ကျန်းရှောင်လန်ကို ဆွဲထားသဖြင့် သူမသည် ယိမ်းထိုးသွားစေသည်။
တစ်ဖက်တွင် သူသည် ရှောင်လင်းယွီကို ဂရုတစိုက် လမ်းညွှန်နေလေသည်။ “သတိထား၊ ချော်မလဲစေနဲ့”ဟု စိုးရိမ်စွာဖြင့် ပြောသည်။ဖြစ်နိုင်ပါက သူမကို အိမ်သို့ ပွေ့ချီသွားချင်လေသည်။ သို့သော် ရှောင်လင်းယွီသည် ကြိုက်မည်မဟုတ်ပေ။ ရှောင်လင်းယွီသည် သူ့ကို ပို၍ ရှောင်ဖယ်လာမည်ကို စိုးသဖြင့် ကုန်းထျန်းဟောက်သည် အတင်းအကြပ်မလုပ်ခဲ့ပေ။
ကျန်းရှောင်လန်သည် "ရှောင်လင်းယွီ ကာသွားခွင့်ပေး ငါ ဒီအတိုင်းလမ်းလျှောက်ထွက်နေတာ။ မီးမရှို့ပါဘူး။ ငါ့ကို မစွပ်စွဲနဲ့"
ရှောင်လင်းယွီသည် ထိုစကားကိုကြားသောအခါတွင် သူမသည် ရုတ်တရက် ရပ်တန့်သွားသည်။ ကုန်းထျန်းဟောက်သည် သူမကို ကာကွယ်ရန် ချက်ချင်းရပ်လိုက်လေသည်။
ရှောင်လင်းယွီသည် ကျန်းရှောင်လန်ကို ကြည့်ပြီး အေးစက်စွာရယ်မောရင်း "ဒေါ်လေးကျန်းကို တကယ်လွှတ်လိုက်မယ် ထင်လား? ဒေါ်လေးအပေါ် ရန်ငြိုးမရှိပါဘူး။ ဒါပေမယ့် ညသန်းခေါင်မှာ ကျွန်မရဲ့မြေကို မီးရှို့ခဲ့တယ်။ ဒေါ်လေးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ အခုမှ လာလွှတ်ခိုင်းနေတာလား။ အဲ့ဒါ မဖြစ်နိုင်ဘူး။"ဟု ပြောလေသည်။
"ကျွန်မ ရဲလည်းခေါ်ပြီးပြီ။ မကြာခင် ဒီကို ရောက်လာလိမ့်မယ်။ လွှတ်မလားဆိုတာတော့ ရဲတွေပေါ်မှာပဲ မူတည်လိမ့်မယ်။"
ရှောင်လင်းယွီသည် ရဲကိုဖုန်းဆက်ပြီးကြောင်း ကျန်းရှောင်လန် ကြားသောအခါ သူမ အလွန်ကြောက်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။ သူမ အရမ်းကြောက်သွားသဖြင့် ဒူးထောက်ထိုင်ချလိုက်လေသည်။
"မင်းရဲခေါ်လိုက်တာလား။ တကယ်ရဲခေါ်တာလား။ ဘာလို့ ရဲကိုခေါ်တာလဲ"ဟု ပြောရင်း သူမ၏ အမူအရာသည် ဂနာမငြိမ် ဖြစ်လာလေသည်။
ရှောင်လင်းယွီသည် မျက်မှောင်ကြုတ်ကာ ရယ်မောလိုက်လေသည်။ "ဒေါ်လေးကျန်းက အရမ်းရယ်စရာကောင်းတာပဲ။ ကျွန်မမြေကို မီးရှို့လိုက်တာကို ဘာလို့ ရဲမခေါ်ရမှာလဲ။ မီးရှို့မှုဆိုတာ ရာဇ၀တ်မှုဆိုတာ မသိဘူးလား။"
"ရာဇဝတ်မှုဟုတ်လား" ကျန်းရှောင်လန်၏ မျက်ဆံများသည် ကျဉ်းမြောင်းလာပြီး သူမ အလွန်ကြောက်ရွံ့ပုံရလေသည်။ ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မခတော့ပေ။ သူမသည် ခေါင်းခါပြီး "မဟုတ်ဘူး၊ မသွားချင်ဘူး... ထောင်ထဲ မသွားချင်ဘူး"ဟု ပြောလေသည်။
"အခု အရမ်းနောက်ကျသွားပြီ။" ရှောင်လင်းယွီ က ပြောသည်။ "မီးမရှို့ခင်က ဘာလို့မစဉ်းစားခဲ့တာလဲ"
"မဟုတ်ဘူး ငါမသွားဘူး!" ကျန်းရှောင်လန်သည် ငြင်းဆန်ခဲ့လေသည်။ မီးမရှို့ခင်တွင် သူမသည် ချက်ချင်းဖမ်းမိသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။
သူမ၏ အကြံမှာ မီးရှို့ပြီးနောက် အမြန်ပြန်ဆုတ်ကာ မြစ်ကို ဖြတ်ပြီးသည်နှင့် တစ်ညလုံး ပျောက်သွားဖို့ဖြစ်သည်။
သို့သော်လည်း မြစ်ကမ်းပါးတွင် စောင့်ဆိုင်းနေသော ရှောင်လင်းယွီ၏ ဖမ်းဆီးခြင်းကို ခံရမည်ဟု သူမ မျှော်လင့်ခဲ့ပေ။ သို့သော် ထိုစဉ်က သူမသည် ယခုလောက်ထိ မကြောက်သေးပေ။ ရှောင်လင်းယွီ၏ ဖမ်းဆီးခြင်းကို ခံရသည်မှာ ကြောက်စရာမဟုတ်ပေ။ သူမလုပ်စရာရှိသည်မှာ ရှောင်လင်းယွီလက်မှ ပြေးပြီးပုန်းရန် သူမ၏အိမ်ကို ပြန်သွားရုံသာဖြစ်သည်။ ထိုကိစ္စများ ငြိမ်သွားမှသာ သူမအနေဖြင့် ပြန်လာမည်ဖြစ်သည်။
ထိုကိစ္စမှာ ပြစ်မှုမြောက်သည်ဟု မထင်သဖြင့် အဖမ်းခံရမည်ဟု မတွေးခဲ့ပေ။
ပညာမတတ်ခြင်းသည် အလွန်ကြောက်စရာကောင်းလှပေသည်။
လူသတ်မှုသည် ရာဇ၀တ်မှုဖြစ်သည်ကို အများစု သိကြသော်လည်း မီးရှို့မှုမှာ ရာဇ၀တ်မှုဖြစ်သည်ကိုတော့ မသိကြပေ။
ကျန်းရှောင်လန်သည် ထိတ်လန့်တုန်လှုပ်သွားလေသည်။
ကုန်းထျန်းဟောက်သည် သူမကို ကြိမ်ဖန်များစွာ ဆွဲခေါ်ခဲ့သော်လည်း သူမ မထချင်ပေ။ ထိုကိစ္စသည် သူ့ကို မျက်မှောင်ကြုတ်စေသည်။
ရှောင်လင်းယွီသည် "သူဒီလို အရူးထပြီး လျှောက်လုပ်တာကို ကျွန်မတို့ ခွင့်မပြုနိုင်ဘူး။" ရှောင်လင်းယွီသည် ကွင်းပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ လူများသည် မီးငြိမ်းသတ်နေဆဲဖြစ်သည်။ သူမ ခေါ်လျှင်လည်း သူတို့ မကြားနိုနိုင်ပေ။ သူမသည် စိတ်လော၍ ထွက်လာသောကြောင့် ဖုန်းလည်း မယူခဲ့ပေ။
ကုန်းထျန်းဟောက်သည် ခဏစဉ်းစားပြီး "သူက မထချင်ဘူးဆိုတော့လည်း ဒီမှာစောင့်ကြတာပေါ့။ မီးလည်း ငြိမ်းနေပြီ။ ခဏနေရင် တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်"ဟု ပြောလေသည်။
ရှောင်ဝမ် နှင့် ရှောင်ကျန်းတို့ သူနှင့်အတူလိုက်ပါလာခြင်းဖြစ်သည်။ ရှောင်လင်းယွီနောက် လိုက်သွားသည်ကို အစောက သူတို့သတိထားမိသဖြင့် မီးငြိမ်းပြီးနောက် ကုန်းထျန်းဟောက်ကို လိုက်ရှာကြပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း မီးသည် မိနစ်အနည်းငယ်ကြာပြီးနောက် ငြိမ်းသွားလေသည်။ ထိုအခါ လူစုခွဲကြလေသည်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့၏ အမှတ်တမဲ့ ကုန်းထျန်းဟောက်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူတို့သည် အထူးလေ့ကျင့်မှု ခံယူခဲ့သဖြင့် သူတို့၏ အမြင်အာရုံသည် သာမန်လူများထက် ပိုကောင်းလေသည်။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီကို ချက်ချင်းတွေ့လိုက်ရသည်။
"ဒါက သခင်လေးနဲ့ ရှောင်လင်းယွီပဲ။ ဟိုမှာ ဘာဖြစ်နေတာလဲ" ရှောင်ဝမ်သည် စိတ်ဝင်တစား မေးလေသည်။
ရှောင်ကျန်းသည် မျက်မှောင်ကြုတ်လိုက်လေသည်။
ကုန်းထျန်းဟောက်သည် လက်ဟန်ပြလိုက်သည်။ ရှောင်ကျန်းက "သခင်လေးက ငါတို့ကို ခေါ်နေပုံပဲ။ သွားကြည့်ရအောင်။"ဟု ပြောလေသည်။
အနီးသို့ရောက်သောအခါတွင် ထိတ်လန့်မှုဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေသည်။
သူတို့နှစ်ယောက်သည် ကုန်းထျန်းဟောက်ကို တစ်ပြိုင်နက် နှုတ်ဆက်လိုက်ကြသည်။ "သခင်လေး"
ကုန်းထျန်းဟောက်သည် မြေပြင်ပေါ်ရှိ အမျိုးသမီးကို လက်ညှိုးထိုးလိုက်ပြီး "ဒီအမျိုးသမီးက မီးရှို့တဲ့ တရားခံပဲ။ ထဖို့ ငြင်းနေတာကြောင့် မင်းတို့အတူ ဆွဲထုတ်ဖို့ လိုအပ်တယ်"ဟု ပြောလေသည်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းသည် ခဏအံ့အားသင့်သွားလေသည်။ သူတို့မျက်နှာပေါ် ဒေါသများ ပေါ်လာပြီး "ဒါဆို တစ်ယောက်ယောက်က တကယ်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့လိုက်တာပေါ့။ ဒါက မုန်းစရာကောင်းလွန်းတယ်။ ဒီမိန်းမကို ကျွန်တော်တို့ ဆွဲခေါ်သွားလိုက်မယ်။"ဟု ပြောလေသည်။
သူတို့သည် ကျန်းရှောင်လန်၏ လက်မောင်းကိုဆွဲကိုင်ကာ သူမကိုဆွဲခေါ်သွားလိုက်ကြသည်။
ကျန်းရှောင်လန်သည် "ငါ့ကို လွှတ်စမ်း။ မင်းတို့ဘာလုပ်နေတာလဲ၊ ငါ့ကို လွှတ်!"ဟု အော်လေသည်။
လမ်းလျှောက်ပြန်လာသော ရွာသားများသည် ကျန်းရှောင်လန်၏ အော်သံကိုကြားလိုက်ရေသာကြောင့် မီးများဖြင့် ထိုးကြည့်လိုက်ကြသည်။ သခင်ကြီးကုန်း၏ လက်အောက်ငယ်သားများသည် အမျိုးသမီးတစ်ဦးကို ဆွဲခေါ်နေသည်ကို မြင်လိုက်ရလေသည်။
ဤအမျိုးသမီးသည် ကျန်းရှောင်လန် ဖြစ်သည်ကို မြင်လိုက်သောအခါ လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။
ကျန်းရှောင်လန်သည် ရွာသားများကိုမြင်သောအခါ ချက်ချင်းဆိုသလို ရုန်းလိုက်ပြီး "ကူညီပါ၊ ကူညီကြပါ၊ သူတို့က ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာ။ ဒီအပြင်လူတွေက ငါ့ကို ဖမ်းဖို့ မင်းတို့ ခွင့်မပြုကြနဲ့!"ဟု အော်ပြောလေသည်။
တစ်ယောက်ယောက်က ကြားသောအခါ သူသည် ချက်ချင်းရှေ့ထွက်ပြီး "ရှောင်ဝမ်၊ ရှောင်ကျန်း၊ ဘာဖြစ်နေတာလဲ။ ဒေါ်လေးကျန်းကို ဘာလို့ဖမ်းထားကြတာလဲ"ဟု မေးလေသည်။
ရှောင်ကျန်းသည် ဒေါသတကြီးဖြင့် "ဒီအမျိုးသမီးက မီးရှို့တဲ့ တရားခံပဲ"ဟု ပြောလေသည်။
"ဘယ်လို?" ရွာသားများသည် အံ့သြသွားကြလေသည်။ " မီးရှို့သမား ရှိတယ်ဆိုတာ သိပေမယ့် အဲ့လူက ကျန်းရှောင်လန်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"မဟုတ်ဘူး၊ ငါမီးမရှို့ဘူး။ ရှောင်လင်းယွီက ငါ့ကို ချောက်နေတာ!" ကျန်းရှောင်လန်သည် ခေါင်းခါပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်တယ်။ "သူ ငါ့ကို စွပ်စွဲနေတာ။ ငါမီးမရှို့ခဲ့ဘူး"ဟု ပြောလေသည်။
ရှောင်ဝမ်သည် "ဒေါ်လေး ရှောင်လင်းယွီ ဘာလို့ ချောက်ချရမှာလဲ။ အားလုံးက မီးငြိမ်းနေတဲ့အချိန်မှာ ဒေါ်လေးက မြစ်ရဲ့တစ်ဖက်မှာ ဘာလုပ်နေတာလဲ။ ဒေါ်လေးက မီးလောင်တဲ့နေရာကနေ ဝေးရာကို ထွက်ပြေးနေတာလေ။ ရှောင်လင်းယွီက ဒေါ်လေးကို ဖမ်းမိသွားတာ"ဟု ပြောလေသည်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် ရှောင်လင်းယွီထံမှ အရာအားလုံးကို သိရှိခဲ့ကြပြီးဖြစ်သည်။
ကျန်းရှောင်လန်သည် သူ့ကိုယ်သူ ခုခံရင်း "ငါ့ကို ဘယ်သူက မီးရှို့တယ်လို့ ပြောတာလဲ။ ရှောင်လင်းယွီက ငါမီးရှို့တာကို မမြင်ဘူး။ ဘာလို့ ငါ့ကို မယုံတာလဲ။ ရွာလူကြီး ဒီအပြင်လူနှစ်ယောက်ကို ငါ့ကို ဒီလို ဆက်ဆံခွင့်ပေးမှာလား။"ဟု အော်ဟစ်ပြောလေသည်။
အခေါ်ခံရသော ရွာသူကြီးသည် မျက်နှာ မကြည်ပေ။ သူသည် မျှတစွာပြောလေသည်။ "ကျန်းရှောင်လန်၊ ရှောင်ဝမ်နဲ့ ရှောင်ကျန်း က အပြင်လူကတွေဆိုပေမယ့် လူကောင်းတွေ သူတို့က မင်းကို အကြောင်းပြချက်မရှိဘဲ ဖမ်းထားမှာမဟုတ်ဘူး။ မီးမရှို့ဘူးလို့ မင်းပြောတယ်နော် ဒါဆို အားလုံးက မီးငြိမ်းဖို့ အလုပ်ရှုပ်နေတာကို မင်းက မြစ်တစ်ဖက်ကမ်းမှာ ဘာလုပ်နေတာလဲ"
***