ခင်ပွန်းနှင့် ဇနီး
Vol. 15 Ch. 258
ရှောင်ကျန်းယန်နှင့် သူ့မိန်းမတို့ ခြံထဲကို ပြန်ရောက်သည့်အခါ ခြံဝင်းထဲတွင် လူများ ပြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူတို့သည် နားမလည် ဖြစ်ကုန်ကြသည်။ ရွာသူရွာသားများသည် အနားယူရန် ပြန်ကြပြီ မဟုတ်ဘူးလား။ သူတို့ ဘာကြောင့် ခြံဝင်းထဲတွင် စုဝေးနေကြသနည်း။
သူတို့ ခြံထဲကို မဝင်ခင် ရင်းနှီးသည့် အသံတစ်သံကို ကျယ်လောင်စွာ ကြားလိုက်ရလေသည်။ " ငါ မင်းကို ပြောထားပြီးသား။ ငါမီးမရှို့ဘူး နင်ငါ့ကို ဘာလို့ မယုံတာလဲ။ ရှောင်လင်းယွီနင် ငါ့ကို ထိန်းချုပ်ထားပိုင်ခွင့် မရှိဘူး။ ငါ အခု အိမ်ပြန်ချင်တယ်၊ ငါ့ကို လွှတ်ပေးစမ်း"
မေမေရှောင်သည် အရာအားလုံးကို ချက်ချင်းနားလည်လိုက်သည်။ တရားခံကို ဖမ်းမိခဲ့ပြီဖြစ်သည်။
သူမသည် ဒေါသတကြီး ခြံဝင်းထဲသို့ ချက်ချင်းပြေးဝင်ကာ ကျန်းရှောင်လန်၏ ရှေ့တွင် ရပ်လိုက်လေသည်။ သူမသည် ကျန်းရှောင်လန် ကို လက်ညှိုးထိုးလိုက်ပြီး "ကောင်းပြီ ကျန်းရှောင်လန် ဒါဆို နင်က ဒီည မီးရှို့တဲ့သူပေါ့။ ငါတို့ နင်နဲ့ ရန်ငြိုးမရှိပါဘူး။ နင်ဘာလို့ ဒီလိုလုပ်ရတာလဲ"ဟု မေးလေသည်။
ကျန်းရှောင်လန်သည် ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆိုလေသည်။
“ငါပြောပြီးပြီ နင်နားလည်အောင် ဘယ်နှစ်ခါ ရှင်းပြရမလဲ။ ငါပြောပြီးသား ငါ့ကို ချောက်ချလို့မရဘူးနော်”
ကျန်းရှောင်လန်သည် ကြိုးချည်မခံရတော့ဘဲ ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့က ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းခဲ့သည်။
ရှောင်လင်းယွီသည် သူမ၏ အထူးထိုင်ခုံပေါ်တွင် ထိုင်နေလေသည်။ ကုန်းထျန်းဟောက်သည် သူ့ဘေးမှာ ရပ်နေလေသည်။
ရှောင်လင်းယွီသည် "ဒေါ်လေးကျန်း၊ ဘာလို့ အရမ်းစိတ်ပူနေတာလဲ ကျွန်မပြောပြီးပြီ။ ရဲတွေကလာပြီး စုံစမ်းဖို့စောင့်နေမယ်။ တကယ် မီးမရှို့ခဲ့ဘူးဆိုရင် မနက်ဖြန်မှာ ဒေါ်လေးရဲ့အိမ်ကို သွားပြီး လျော်ကြေးအဖြစ် ယွမ် ၁၀၀၀၀ ပေးမယ်။ ဘယ်လိုသဘောရလဲ။"ဟု ပြောလေသည်။
၁၀၀၀၀ ယွမ်? ထိုပိုက်ဆံမှာ များလွန်းလှပေသည်။
ရွာသူရွာသားများသည် အချင်းချင်း အလွန်ရင်းနှီးကြလေသည်။ ကျန်းရှောင်လန်သည် အခြားသူများကို အခွင့်ကောင်းယူလိုသူဖြစ်သည်။ ထို့ကြောင့် ၁၀၀၀၀ ယွမ်မဆိုထားနှင့် ၁၀ ယွမ် ဆိုလျှင်ပင် ဤနေရာတွင် တစ်ညလုံး ထိုင်နေမည်ဖြစ်သည်။
သို့သော်....
"နင့်ပိုက်ဆံကို ငါကဘာလို့လိုချင်ရမှာလဲ။" ကျန်းရှောင်လန်သည် ရုတ်တရက် အလွန်စိတ်ဓါတ် ထက်သန်သူ ဖြစ်လာလေသည်။ "ငါပင်ပန်းနေပြီ အိမ်ပြန်အိပ်ချင်တယ်" သူမ ယခုလို ပြောသည့်အခါ နှလုံးသွေးများ ယိုစီးကျလာလေသည်။ သူမသည် ယွမ် ၁၀၀၀၀ကို ငြင်းပယ်လိုက်သော်လည်း ထိုငွေကို ရရှိရန်အတွက် လိုအပ်ချက်မှာ သူမ၏ အပြစ်ကင်းမှုပင်ဖြစ်သည်။ သို့သော် သူမတွင် အပြစ်ရှိကြောင်း သူမသိလေသည်။
ချက်ချင်းပင်ပဲ တခြားရွာသားများသည် သဘောပေါက်သွားကြသည်။ ကျန်းရှောင်လန်သည် သူ့ကိုယ်သူ ထုတ်ဖော်ခဲ့သလို ဖြစ်သွားလေသည်။ သူမသည် ရှောင်လင်းယွီ၏ စတော်ဘယ်ရီလယ်ကွင်းကို မီးရှို့ခဲ့သူ ဖြစ်နိုင်လေသည်။
ရှောင်လင်းယွီသည် အေးစက်စွာပြောလေသည်။
"ဒေါ်လေးကျန်း၊ ကျွန်မ တကယ်ကို စိတ်မကောင်းပါဘူး။ ရဲတွေ မရောက်လာခင်မှာ ဒေါ်လေး ဒီမှာပဲနေရလိမ့်မယ်။ အပြစ်ရှိမရှိကို ရဲက ဆုံးဖြတ်ပါလိမ့်မယ်။"
ကျန်းရှောင်လန်သည် လုံးဝ ရှုံးသွားလေပြီဖြစ်သည်။ "မင်းက ငါ့ကို စွပ်စွဲနေတာပဲ၊ ငါ့ကို သွားခွင့်ပြု"
ဤအခိုက်အတန့်တွင် ရွာသားတစ်ဦးက လှောင်ပြောင်ပြီး “ဒေါ်လေးကျန်း၊ အပြစ်မရှိဘူး ရှိတယ်ဆိုတာ ရဲက ပြောလိမ့်မယ်။ ဒေါ်လေးရဲ့စကားက ဘောင်မဝင်ဘူး"ဟု ပြောလေသည်။
ကျန်းရှောင်လန်အတွက် မည်သူကမှ ထောက်ခံမပြောရဲပေ။ အဖြေမှာ ရှင်းနေပေသည်။ ကျန်းရှောင်လန်သည် တရားခံ ဖြစ်နိုင်ချေများသည်။ မီးရှို့သူကို အဘယ်ကြောင့် ကူညီကြရမည်နည်း။ ဒုက္ခကို ဖိတ်ခေါ်နေသကဲ့သို့သာ ဖြစ်ချေလိမ့်မည်။
ကျန်းရှောင်လန်သည် ရွာသားတစ်ဦးမျှ သူမအတွက် ကာမပြောပေးဘဲ ကြည့်နေသည်ကို သတိပြုမိသောအခါ သူမ၏နှလုံးသားသည် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။ သူမ၏ နှလုံးသားသည် လေးလံလွန်း၍ အသက်မရှူနိုင်တော့ဘဲ မွန်းကျပ်လာသဖြင့် ခြံဝင်းထဲမှ အမြန်ပြေးထွက်ရန် လိုအပ်နေလေသည်။
ကျန်းရှောင်လန်သည် တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချား ကြောက်ရွံ့ပြီး အပြစ်ရှိသလို ခံစားရလေသည်။ သူမသည် ရောက်လာသူအားလုံးကို လက်ညှိုးထိုးပြီး "နင်တို့အားလုံး ရှောင်လင်းယွီ ဘက်ကပဲ။ သူ့ကို ကျေနပ်စေဖို့ ငါ့ကို အပြစ်တင်နေတာကြပဲ!"ဟု ပြောလေသည်။
ရွာသူရွာသားများသည် ထိုစကားကိုကြားသောအခါ မျက်နှာများ မည်းသွားကြသည်။ ကျန်းရှောင်လန်သည် ထိတ်လန့်နေတာကြောင့် ပတ်ရမ်းနေသည်ကို သိကြလေသည်။
"ကျန်းရှောင်လန်၊ မင်းအမှားတစ်ခုခုလုပ်ခဲ့လို့ ငါတို့ကို အပြစ်တင်ဖို့ကြိုးစားနေတာလား။" ရွာသူကြီးသည် ဒေါသတကြီး ပြောလေသည်။ "ငါတို့ ရှောင်လင်းယွီဘက် လိုက်တယ်လို့ ဘယ်လိုပြောနိုင်တာလဲ။ ငါတို့က တစ်ဖက်ကို လိုက်တယ်ဆိုရင် အဲ့ဘက်က မှန်နေလို့ပဲ။ အခုမင်းဘက်က မှားနေတယ်"
"ရွာသူကြီး ပြောတာမှန်တယ်!" တစ်စုံတစ်ယောက်က ချက်ချင်း ထောက်ခံလေသည်။
ကျန်းရှောင်လန်သည် ဒေါသအရမ်းထွက်သော်လည်း အခုချိန်မှာတွင် သူမဘာမှ မတတ်နိုင်သေးချေ။
ထိုအချိန်တွင် ကျန်းရှောင်လန်၏ ခင်ပွန်း ရှောင်ချန်းချိုက်သည် ပြေးလာခဲ့သည်။
ကျန်းရှောင်လန်၏ ခင်ပွန်း ရှောင်ချန်းချိုက်သည် ရှောင်ကျွင်း၏ ဖခင် ရှောင်ချန်းချိုက်တို့သည် နာမည်တူကြသော်လည်း သူတို့၏ စရိုက်များသည် တခြားစီဖြစ်သည်။
ရှောင်ကျွင်း၏ ဖခင်သည် အလွန်ကျိုးကြောင်းဆီလျော်စွာ တွေးတတ်သော်လည်း ယုတ္တိမကျသောဇနီးနှင့် လက်ထပ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သူ၏ဇနီးကို လွှတ်မထားပေ။ ထို့ကြောင့် ချန်းကွေ့ဟွာသည် မည်သည့်အခါမှ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့ခြင်းမရှိပေ။ ချန်းကွေ့ဟွာ၏ တစ်ခုတည်းသော အပြစ်မှာ ရှောင်လင်းယွီထံမှ ၃၀၀ ယွမ်ကို ချေးပြီး ပြန်ပေးရန် ငြင်းဆိုခြင်းဖြစ်သည်။ ရှောင်ချန်းချိုက်သည် ရှောင်လင်းယွီအား တောင်းပန်ရန် သူ့ဇနီးနှင့် သူ့မိသားစုကို ဆွဲခေါ်ခဲ့ရလေသည်။
သို့သော် ဤရှောင်ချန်းချိုက်သည် ကွဲပြားသည်။ သူသည် မယားကျွန်ဖြစ်သည်။ သူ့မိန်းမရှေ့တွင် သူသည် သူရဲဘောကြောင်လေသည်။ သူ့မိန်းမကို ဘယ်တော့မှ ပြန်မပြောချေ။ သူ့ဇနီးသည် အမှားလုပ်မိသောအခါတွင် သူသည် သူမအား အမြဲနှစ်သိမ့်ပေးရန် ရှိလေသည်။
ကျန်းရှောင်လန်သည် ယခုလို ရဲတင်းရခြင်းမှာ သူမ၏ ခင်ပွန်းဖြစ်သူ၏ ခွင့်လွှတ်ပေးမှုကြောင့်ဖြစ်သည်။
ရှောင်ချန်းချိုက်သည် ပိန်ပြီး အရပ်ရှည်သည်။ သူ၏ပါးပြင်တွင် အသားလေးတစ်စမျှ မရှိချေ။ သူ၏မျက်လုံးများသည် နစ်မြုပ်နေပြီး လူစာရင်းပင် မဝင်တော့ချေ။ သူ့ကိုကြည့်ရသည်မှာ အရိုးစုတစ်ခုကဲ့သို့ ဖြစ်လေသည်။
သူရောက်လာချိန်တွင် စကားတစ်ခွန်းမှ မပြောဘဲ သူ့လက်ကို မြှောက်လိုက်ပြီး ကျန်းရှောင်လန်၏ မျက်နှာကို ရိုက်လိုက်လေသည်။ ပါးရိုက်သံမှာ ပဲ့တင်သံထပ်သွားလေသည်။
ဤအရာက ခြံတွင်းရှိလူအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
ရှောင်ချန်းချိုက်သည် ဒေါသတကြီး အော်လိုက်လေသည်။ "ခွေးမ"
သူရဲဘောကြောင်သည့်သူသည် သူ့မိန်းမကို ရိုက်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားချေ။ သူမကို ခွေးမဟုပင် ကျိန်ဆဲလေသည်။ ထိုလူသည် နေ့ချင်းညချင်း ပြောင်းလဲသွားသလိုပင်ဖြစ်သည်။
ကျန်းရှောင်လန်သည် ခင်ပွန်းဖြစ်သူ၏ ပါးရိုက်မှုကြောင့် ထိတ်လန့်သွားခဲ့လေသည်။
သူမသည် မျက်နှာကို ကိုင်လိုက်ပြီး "နင်ငါ့ကိုရိုက်ရဲတာလား? ရှောင်ချန်းချိုက် နင့်လို အသုံးမကျတဲ့လူက ငါ့ကို ရိုက်ရဲတာလား?"ဟု ပြောလေသည်။
ရှောင်ချန်းချိုက်သည် အေးစက်စွာ ပြောလေသည်။ "ဒါတင်မကဘူး။ ငါမင်းနဲ့ ကွာရှင်းချင်တယ်။"
"ဘာ?" ကျန်းရှောင်လန်သည် အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် သူမသည် ဒေါသထွက်သွားလေသည်။ သူမက ရှောင်ချန်းချိုက်ကို စိန်ခေါ်ပြီး "ရှောင်ချန်းချိုက် နင့်လို အသုံးမဝင်တဲ့သူက ငါ့ကို ကွာရှင်းဖို့ သတ္တိရှိလား။ အဲ့လိုလုပ်ဖို့ ဘယ်သူက သတ္တိပေးလိုက်တာလဲ။"ဟု ပြောလေသည်။
"မင်းက လူမဆန်တဲ့ အရာတွေ လုပ်ပြီးပြီ။ အဲ့တော့ မင်းကို ငါကွာရှင်းရမယ်!" ရှောင်ချန်းချိုက်သည် အေးစက်စွာပြောလေသည်။
"အား! ငါနင့်ကိုအရင်သတ်မယ်!" ကျန်းရှောင်လန် ရုတ်တရက်ထရပ်ပြီး လေ၏အလျင်ဖြင့် ရှောင်ချန်းချိုက်ဆီသို့ ပြေးသွားလေသည်။
လင်နဲ့မယားကြားက ကိစ္စဖြစ်သည်မို့ ရှောင်ဝမ်နှင့် ရှောင်ကျန်းသည် သူမကို မတားပေ။
ကျန်းရှောင်လန်သည် သူ့ကိုရိုက်ရန် ပြေးလာသည်ကိုမြင်သောအခါ ရှောင်ချန်းချိုက်သည် ရုတ်တရက် နောက်ပြန်ဆုတ်လိုက်ပြီး သူသည် ကျန်းရှောင်လန်၏ လက်ကို ဖမ်းလိုက်ပြီး သူမ၏ မျက်နှာကို လက်ဖြင့် ရိုက်လိုက်သည်။ "ခွေးမ၊ ငါ မင်းကို သည်းခံနေတာကြာပြီ။ မင်း ငါ့ကို နေ့တိုင်း အသုံးမကျဘူးလို့ ခေါ်တယ်။ ငါသာ အသုံးမကျရင် ရှောင်ချွမ်းနဲ့ ရှောင်သုန့်ဘယ်က လာတာလဲ။"
"မင်းငါ့ကို ဖောက်ပြန်ခဲ့တာလား။ ငါပိုက်ဆံမရှာနိုင်လို့ မင်းကို ကောင်းကောင်း မနေရဘူးဆိုပြီး ညည်းညူနေတာ။ ငါရသမျှ တစ်ပြားတစ်ချပ်မကျန် မင်းကို ငါပေးခဲ့တယ်။ ဒါပေမယ့် မင်းငါ့ကို နိမ်နေတုန်းပဲ။ ငါ...ငါ သည်းမခံနိုင်တော့ဘူး။"
ရှောင်ချန်းချိုက်သည် ယခင်က ကျန်းရှောင်လန်ကို ချစ်ခဲ့သော်လည်း ယခု သူမကို မုန်းတီးနေချေပြီဖြစ်သည်။ သူခံစားခဲ့ရသည့် နှိပ်စက်မှုတွေအားလုံးသည် ပေါက်ကွဲသွားပြီဖြစ်သည်။ သူသည် အထိန်းအကွပ်မရှိဘဲ လက်တုံ့ပြန်ခဲ့သည်။
ကျန်းရှောင်လန်သည် ပျော့ညံ့သောမိန်းမဖြစ်သောကြောင့် ခင်ပွန်းသည်နှင့် မယှဉ်နိုင်ပေ။ ကျန်းရှောင်လန်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး "ရှောင်ချန်းချိုက်၊ နင်က အသုံးမဝင်တဲ့သူပဲ။ နင့်မိန်းမကို ဘယ်လိုရိုက်ရမယ်ဆိုတာပဲ သိတယ်။ နင့်မိန်းမကို အနိုင်ကျင့်တဲ့ သူတွေကို ဘာလို့ သွားမရိုက်တာလဲ။ နင်ဘယ်လိုလူလဲ"ဟု ပြောလေသည်။
ရှောင်ချန်းချိုက်သည် သူ့မိန်းမကို ကန်ကျောက်ပြီး ရိုက်နေသောကြောင့် ရွာသားများသည် သူ့ကို တားကြရသည်။
ရှောင်ချန်းချိုက်သည် သူမကို လက်သီးဖြင့် ထိုးလိုက်လေသည်။ "မင်းငါ့ကို အသုံးမဝင်ဘူးလို့ ပြောနေပေမယ့် မင်းကရော ဘယ်လောက်အသုံးဝင်နေလို့လဲ။ တအား ထက်မြက်လွန်းလို့ မီးရှို့မှုကျူးလွန်ဖို့ သတ္တိရှိလိုက်တာ။ မင်းကျန်တဲ့မိသားစုဝင်တွေကို နှောင့်ယှက်ရင် မင်းကိုသတ်ပစ်မယ်"
သူအကယ်၍ မရပ်ပါက ကျန်းရှောင်လန်ကို တကယ်သတ်မိပေလိမ့်မည်။
ရွာသူကြီး ရောက်လာပြီး "ရပ်လိုက်စမ်း ရှောင်ချန်းချိုက်၊ မင်းသူ့ကိုသတ်ဖို့ လုပ်နေတာလား။"ဟု ပြောလိုက်လေသည်။
***