အဆိပ်ပြင်းသည့်သူ
Vol. 15 Ch. 259
ရှောင်ချန်းချိုက်သည် ကျန်းရှောင်လန်ကို ရိုက်သည့်အခါ သူ့မျက်လုံးများသည် စူးရှပြီး မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူ၏ မျက်လုံးထောင့်မှ ရှောင်လင်းယွီကို တိတ်တဆိတ် ကြည့်နေလိုက်လေသည်။ ရှောင်လင်းယွီသည် သူ့ကို လုံးဝ ဂရုမစိုက်ချေ။
ရှောင်ချန်းချိုက်သည် ကျန်းရှောင်လန်ကို သတ်ပစ်မယ်ဟု ခြိမ်းခြောက်လျှင်ပင် ရှောင်လင်းယွီသည် သူ့ကို တားရန် ပါးစပ်မဟချ။ ရွာလူကြီးက ဝင်တားရလေသည်။
ရွာလူကြီးသည် "ရှောင်ချန်းချိုက်၊ မင်း ကျန်းရှောင်လန်ကို ကွာရှင်းနိုင်တယ်။ ဒါပေမယ့် မင်းသတ်လို့မရဘူးဘူး။ ဒါ့အပြင် မင်းမကွာရှင်းရသေးဘူး။ သူက မင်းမိန်းမဖြစ်နေတုန်းပဲ"ဟု ပြောလေသည်။
ရှောင်ချန်းချိုက်သည် ရပ်လိုက်ပြီး "ရွာသူကြီး၊ ဒီခွေးမ ဘာလုပ်လိုက်တာလဲ ကြည့်စမ်း။ ရှက်စရာကြီး။ သူ့ကို သင်ခန်းစာမပေးရင် ရွာသားတွေကို ဘယ်လို မျက်နှာပြရမလဲ"ဟု ပြောလေသည်။
ရှောင်လင်းယွီသည် ထိုစကားကိုကြားသောအခါ မျက်ခုံးပင့်လိုက်သည်။ 'ဒါက စိတ်ဝင်စားစရာပဲ။ တိတ်ဆိတ်တဲ့သူက အန္တရာယ်အများဆုံးဆိုတာ အမှန်ပဲကို။ ရှောင်ချန်းချိုက်က ပုံမှန်ဆိုရင် အားနည်းပေမယ့် သူက ဥာဏ်ကောင်းတာပဲ'
ရွာလူကြီးသည် မျက်မှောင်ကြုတ်ကာ "ကောင်းပြီ၊ ဒါပေမယ့် အားကို ထိန်းဦး။ မင်းမိန်းမကို ကြည့်စမ်း။ သူမသေရုံကျန်တော့တယ်။ ဘယ်လိုလုပ်မလဲ။"ဟု ပြောလေသည်။
ရှောင်ချန်းချိုက်သည် သူ့နှုတ်ခမ်းကို စေ့လိုက်ပြီး သူ့မျက်နှာပေါ်ရှိ ဒေါသများသည် မှေးမှိန်သွားလေသည်။ သူသည် ခေါင်းညိတ်ပြီး “ကျွန်တော် သူ့ကို သင်ခန်းစာပေးတာပါ"ဟု ပြောလေသည်။
ထို့နောက် ရှောင်ချန်းချိုက်သည် ရှောင်လင်းယွီ ထံသို့ သွား၍ တောင်းပန်လေသည်။ "လင်းယွီ တောင်းပန်ပါတယ်။ ငါ့မိန်းမက မင်းမြေကို မတော်တဆ မီးရှို့လိုက်တာ။ ဒါပေမယ့် ငါသူ့ကို သင်ခန်းစာပေးပြီးသွားပြီ။ နောက်နောင် ထပ်မလုပ်ရဲလောက်တော့ပါဘူး။ မင်းရဲ့ဒေါ်လေးကျန်းကို ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးနိုင်မလား။"
ရှောင်လင်းယွီသည် ဤသည်ကို မျှော်လင့်ပြီးသားဖြစ်သည်။ ရှောင်ချန်းချိုက်သည် ကျန်းရှောင်လန်ကို ရိုက်ပြီး လူအုပ်ကြီးထံမှ ကရုဏာကို ယူနိုင်ခဲ့လေသည်။ ရှောင်လင်းယွီသည် ကျန်းရှောင်လန်ကို ခွင့်လွှတ်လိုက်သည့်အခါတွင် သူမသည် ထောင်ဒဏ်ကျခံရတော့မည် မဟုတ်ပေ။
ရှောင်လင်းယွီသည် ရှောင်ချန်းချိုက်ကို ကြည့်ပြီး အပြုံးမဟုတ်တဲ့ အပြုံးဖြင့် ပြောလေသည်။ "ဦးလေးချိုက်၊ ခွင့်လွှတ်ဖို့က သိပ်အရေးမကြီးပါဘူး။ သူ့ကို ခွင့်လွှတ်ရင်တောင် ဒေါ်လေးကျန်းက မီးရှို့မှု ကျူးလွန်ခဲ့တာ အမှန်ပဲ။ ရဲတွေ ပါရလိမ့်မယ်။"
ဖေဖေရှောင်နှင့် မေမေရှောင်သည်လည်း ရှောင်ချန်းချိုက်၏ အကြံကို သိသွားခဲ့သည်။ ဒေါသထွက်လွန်း၍ မျက်နှာများတွင်ပင် ဒေါသရိပ်များ ပေါ်လာလေသည်။
မေမေရှောင်သည် ဒေါသတကြီးနှင့် "ရှောင်ချန်းချိုက်၊ ဒါက ဘာအဓိပ္ပာယ်လဲ၊ အဲ့လိုရိုက်လိုက်တာနဲ့ ကျန်းရှောင်လန်က ငါတို့လယ်ကွင်းကို မီးရှို့ခဲ့တာကို မေ့သွားစေချင်တာလား။ မင်းကတောတော် ဉာဏ်ကောင်းတာပဲ။"
"မင်းမိန်းမကြောင့် ငါတို့ဘယ်လောက်ဆုံးရှုံးခဲ့ရလဲ မင်းသိလား ငါပြောပြမယ် ယွမ် ၁၀၀၀၀၀ ကျော်တယ်"
“ဒါ့အပြင် မင်းရဲ့ဇနီးကို ရိုက်နှက်ဖို့ ငါတို့တောင်းဆိုခဲ့တာလား။ မင်းဘာသာ ရိုက်တာနဲ့ ငါတို့က ဘာလို့ ခွင့်လွှတ်ရမှာလဲ"
ရှောင်လင်းယွီ ပြောရန် မသင့်သည့် အရာအချို့ရှိသော်လည်း မေမေရှောင်က ပြောနိုင်လေသည်။
မေမေရှောင်၏ စကားများသည် ရွာသူရွာသားအများစုကို ဉာဏ်အလင်းပေးခဲ့သည်။ ရှောင်ချန်းချိုက်သည် ဇနီးဖြစ်သူအား သတိပေးခြင်းမရှိဘဲ အဘယ်ကြောင့် ရိုက်နှက်သည်ကို သူတို့နားလည်သွားကြသည်။ ဒေါသကို ထုတ်ပစ်ရန်နှင့် သူ၏ အကွက်ထဲသို့ ဝင်စေရန်ဖြစ်သည်။
ဤသည်မှာ တစ်ကယ်ကောင်းသည့် အကွက်ပင် ဖြစ်သည်။
သူတို့သည် အနေအေးသည့်လူကို အမှန်တကယ် လျှော့တွက်ခဲ့ကြပါသည်။
သူ၏ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြီးနောက် ရှောင်ချန်းချိုက်၏ မျက်နှာသည် နီရဲလာပြီး မည်သို့ ချေပရမည်ကို မသိပေ။ အဲဒီနောက် ရှောင်ချန်းချိုက်သည် တစ်ခုခုကို တွေးပြီး "ရှောင်လင်းယွီ၊ ငါ့မိန်းမက ငါတို့မြေမှာ ပေါင်းပင်တွေ မီးရှို့နေတာ မင်းလယ်ကို မီးကူးသွားတာက မတော်တဆမှုတစ်ခုပဲ။ ရဲတွေ ပါသွားရင်တောင် ရလဒ်က အတူတူပါပဲ။"ဟု ပြောလေသည်။
'စိတ်ဝင်စားဖို့ကောင်းသားပဲ' ရှောင်လင်းယွီ၏ ပါးစပ်ထောင့်သည် အနည်းငယ် ကွေးသွားသည်။ 'ဒီသူရဲဘောကြောင်တဲ့သူက အတော်လေး ထက်မြက်သားပဲ'
ရွာသားများသည် အထင်ကြီးသွားလေသည်။ ရွာလူကြီးက "ရှောင်ချန်းချိုက်၊ မင်းမိန်းမက စတော်ဘယ်ရီခင်းကို မီးတင်ရှို့ဖို့ မရည်ရွယ်ဘဲ မတော်တဆဖြစ်သွားတာလား။"ဟု မေးလေသည်။
ရှောင်ချန်းချိုက်ခေါင်းညိတ်ပြီး "ဟုတ်ပါတယ်!"ဟု ပြန်ဖြေလေသည်။
ရှောင်လင်းယွီသည် ငြင်းခုံမနေချင်တော့ဘဲ အေးစက်သည့် အမူအရာနဲ့ပြောလေသည်။ "ဦးလေးချိုက်၊ အဲဒါက ရည်ရွယ်ချက်ရှိ မရှိကို ရဲတွေက အတည်ပြုပေးပါလိမ့်မယ်။ ခွင့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"
ရှောင်ချန်းချိုက်သည် ရှက်ရွံ့သောအမူအရာဖြင့် "ရှောင်လင်းယွီ၊ ငါတို့က အိမ်နီးနားချင်းတွေပါ။ အရမ်းရက်စက်ဖို့လိုလို့လား?"ဟု ပြောလေသည်။
"ရှောင်ချန်းချိုက်၊ ငါတို့က အိမ်နီးချင်းတွေဆိုတာကို မှတ်မိသေးတယ်လား" ရှောင်ကျန်းယန်သည် ရှောင်ချန်းချိုက်၏ လေသံ မာသွားပြီးနောက် စိတ်တိုသွားကာ "မင်းမိန်းမက ညဘက် အိပ်မပျော်တာနဲ့ ငါတို့လယ်ကို မီးတင်ရှို့လိုက်တာ။ ရွာသားတွေရဲ့ အကူအညီမပါရင် ငါ့မိသားစုက ယွမ် ၁၀၀၀၀၀ကျော် ဆုံးရှုံးသွားလိမ့်မယ်။ မင်းရိုက်လိုက်ရုံနဲ့ သူ့ကို ခွင့်လွှတ်ရမှာလား"ဟု ပြောလေသည်။
"မင်းအိမ်မီးလောင်ရင် ငါကမင်းရဲ့အိမ်နီးချင်းမို့ ခွင့်လွှတ်မှာလား။" မေမေရှောင်သည် ပြန်ပြောလေသည်။ “အဲ့အပြင် မင်းမိန်းမကို ရိုက်ဖို့တောင် ငါတို့ မပြောခဲ့ဘူး"
ရှောင်ချန်းချိုက်သည် လိမ္မာပါးနပ်သော်လည်း စကားအရာတွင် မကျွမ်းကျင်ပေ။ အငြင်းအခုံတွင် ရှောင်မိသားစုကို သူအနိုင်မယူနိုင်ပေ။
ရှောင်ချန်းချိုက်သည် ဒေါသတကြီးဖြင့် "မင်းတို့အရမ်းရက်စက်ကြမှာလား။ ငါ့မိန်းမကို ထောင်ထဲပို့ပြီးတော့လေ"ဟု ပြောလေသည်။
သူသည် ကျန်းရှောင်လန် မဟုတ်ချေ။ မီးရှို့မှုသည် ရာဇ၀တ်မှုကြီးတစ်ခုမှန်း သူသိလေသည်။ သူသည် လှည့်ပတ်ကြည့်လိုက်ပြီး ရွာသူရွာသားများကို ပြောလေသည်။ "ရွာသူကြီး ကျွန်တော်တို့ထဲက တစ်ယောက်ယောက်ကို ဖမ်းပြီး ထောင်ထဲပို့ရင် အကျိုးဆက်က ဘာဖြစ်မလဲ တွေးပြီးပြီလား"
ကုန်းထျန်းဟောက်သည် ထိုစကားကိုကြားသောအခါ သူ၏ စူးရှသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ 'ဒီပိန်ပိန်နဲ့လူက စိတ်ဝင်စားဖို့ကောင်းသားပဲ။ ရှောင်မိသားစုက သူ့မိန်းမကို ခွင့်မလွှတ်ချင်တော့ ရှောင်မိသားစုကို ဖိအားပေးဖို့ ထောင်ယွမ်ရွာ ရွာတစ်ခုလုံးနဲ့ နာမည်ဂုဏ်သတင်းကို အသုံးပြုဖို့ စီစဉ်နေတာပဲ။'
ရှောင်ချန်းချိုက်သည် ဆက်ပြောလေသည်။ "ကျွန်တော်တို့ထဲက တစ်ယောက်ယောက် ထောင်ကျသွားရင် အားလုံး ငြိစွန်းမယ်ဆိုတာ လူတိုင်းသိနေတာပဲ။ တစ်ရွာလုံးက တခြားရွာသားတွေရဲ့ မထီမဲ့မြင်ပြုတာတွေ ခံရလိမ့်မယ်။"
"အကောင်းဆုံးဥပမာကတော့ ချန်းနဲ့ လန်မိသားစုကျေးရွာတွေပါ။ သူတို့ဟာ တခြားရွာသားတွေရဲ့ နှိမ်တာကို ခံနေရပါတယ်။ သူတို့ကို ပလိပ်ရောဂါတစ်ခုလို ရှောင်ရှားနေကြပါပြီ။ အခုချိန်မှာတော့ ဒီမိသားစုနှစ်စုက လူငယ်လေးတွေက သူတို့နဲ့ လက်ထပ်ဖို့ လူတောင် မရှာနိုင်တော့ပါဘူး။"
လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ရွာသူရွာသားများ အားလုံး တိတ်ဆိတ်သွားပြီး လေးလေးနက်နက် စဉ်းစားနေကြသည်။
ရှောင်ချန်းချိုက်၏စကားများသည် အဓိပ္ပာယ်ရှိလှသည်။ တစ်ယောက်ကို ထောင်ချပါက တစ်ရွာလုံးရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်သည်။ သားသမီးများ၏ အနာဂတ်ကိုလည်း ထိခိုက်မည်ဖြစ်သည်။ ချန်းနှင့် လန်ရွာများမှလူများကဲ့သို့ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံရလိမ့်မည်။
သို့သော်လည်း ရွာသားအများစုသည် ဉာဏ်ကောင်းသူများဖြစ်ကြပြီး ရှောင်ချန်းချိုက်နှင့် သူ၏ဇနီးအတွက် စကားမပြောဝံ့ကြပေ။
ရှောင်ကျန်းယန်၏ မိသားစုသည် အနိုင်ကျင့်ရန်မလွယ်ကူသောကြောင့်ဖြစ်သည်။
ရှောင်ချန်းချိုက်နှင့် သူ၏ဇနီးအတွက် စကားပြောဆိုပါက နောင်တွင် နွားဘုရင်ငယ်လေး၏ မြေဩဇာကို ကောက်ယူခြင်းမှ တားမြစ်ခံရနိုင်သည်။
ရွာသူရွာသား အများအပြား အကျပ်ရိုက်ကြရလေသည်။
***