← Chapters

လူသိရှင်ကြားအချစ်

Vol. 15 Ch. 263

လူသိရှင်ကြားအချစ်

Vol. 15 Ch. 263

ရှောင်ကျန်းက စုံစမ်းစစ်ဆေးမှုကို ကုန်းထျန်းဟောက်သို့ အစီရင်ခံလိုက်သည်။

ရှောင်ကျန်းက စိတ်လှုပ်ရှားစွာဖြင့်၊ “သခင်လေး ဒါက‌တကယ့်ကို တခုခုတော့တခုခုပဲ”

ကုန်းထျန်းဟောက်က ဝင်းထဲတွင် ထိုင်နေသည်။

ရှောင်ဝမ်က သခင်ကြီးနှင့်အတူတူရှိနေသည်။

ရှောင်ကျန်းက စုံစမ်းစစ်ဆေးမှုအများစုကို ပြုလုပ်ခဲ့သည်။

“ဒါကဘာလဲ?”

ကုန်းထျန်းဟောက်က မေးလိုက်သည်။

“ကျန်းချွမ်းကျောင်းမှာ ကိစ္စတစ်ခုရှိသေးတယ်!”

ရှောင်ကျန်းက ပြောလိုက်သည်။

“သူနောက်မီးလင်းထားတဲ့သူက သူ့အရင်ချစ်သူဟောင်းပဲ”

“သူလက်မထပ်ခင်က သူ့မှာ အဲ့ဒီလူနဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပြီး အဲ့ဒီကိစ္စပေါ်သွားတယ်။ အချက်အလက်ကျကျပြောရရင် သူတို့ကိစ္စပေါ်သွားပြီး သူတို့လက်ထပ်လိုက်သင့်ပေမယ့် အဲ့ဒီလူမှာ မိန်းမနဲ့ မိသားစုက ရှိပြီးသားဖြစ်နေတယ်။ အဲ့ဒီဟာပေါ်လာပြီးတော့ မိသားစုနဲ့ တစ်ရွာလုံး အရှက်တကွဲဖြစ်သွားကြတယ်”

“မိန်းမငယ်လေးက လက်ထပ်ပြီးသားယောက်ကျားတစ်ယောက်နဲ့ အိပ်ယာပေါ်မှာ လက်ပူးလက်ကြပ်အမိခံလိုက်ရတယ်။ ရွာနီးစပ်ကလူတိုင်း ဒီအကြောင်းကိုသိတယ်။ ကျန်းချွမ်းကျောင်းရဲ့မိသားစုက သူ့ကိုလက်ထပ်ပေးချင်ပေမယ့် ဘယ်သူမှသူ့ကို မလိုချင်ကြဘူး”

“အဲ့ဒါကြောင့် အဝေးကလူတယောက်နဲ့ ကျန်းချွမ်းကျောင်းနဲ့ ကိုမိတ်ဆက်ပေးဖို့ ဆွေမျိုးတွေကိုတောင်းဆိုရုံပဲ လုပ်နိုင်ခဲ့ကြတယ်။ ဒါသူ ထောင်ယွမ်ရွာကို ဘယ်လိုရောက်လာလဲ‌ဆိုတာပဲ။ သူက ဒီကလူပျိုကြီးတစ်ယောက်ကို လက်ထပ်ထားတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချွမ်းကျောင်းလက်ထပ်သွားပြီးတော့လည်း သူကဂနာမငြိမ်ဖြစ်နေတုန်းပဲ။ မိခင်တစ်ယောက်ဖြစ်လာတာတောင် ရွစိတတ်‌နေတုန်း။ တခေါက်ကဆို သူ့အရင်ရွာကိုပြန်သွားပြီး အဲ့ဒီလင်နဲ့ထပ်တွေ့ခဲ့တယ်။ သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန်ပဲ ဆက်သွယ်မိခဲ့ကြတယ်”

“အဲ့ဒီဆက်ဆံရေးကခုထိဆက်သွားနေတုန်းပဲ”

ကုန်းထျန်းဟောက်က နားမလည်စွာဖြင့်

“ဘယ်သူမှသတိမထားမိကြဘူးလား?”

ရှောင်ကျန်းက ပြုံးပြီးတော့

“ဘယ်လိုလုပ်မထားမိဘဲနေမှာလဲ? လူတိုင်းက ဒါကိုမျက်စိမှိတ်ပေးထားကြတာ”

ကုန်းထျန်းဟောက်က ၎င်းကိုကြားသောအခါ ကျောက်စားပွဲကို လက်ဖြင့်တချက်ခေါက်လိုက်ပြီး အေးစက်စက်အပြုံးတစ်ခုဖြင့်၊ “အခုဒါကစိတ်ဝင်စားဖို့ကောင်းနေပြီ။ မျက်စိမှိတ်ထားတာတွေပြန်ဖွင့်ဖို့အချိန်ရောက်နေပြီ။ ရှောင်ကျန်း တစ်ခုခုသွားစီစဉ်ထားလိုက်တော့”

“ဟုတ်ကဲ့ပါ အကြီးဆုံးသခင်လေး!”

ရှောင်ကျန်းက တရိုတသေပြောလိုက်သည်။ သူက တောအမျိုးသမီးနဲ့ လွယ်လွယ်ကူကူပဲ ရင်ဆိုင်နိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျန်းက အမြဲတမ်းလိမ္မာပါးနပ်သည်။ တစ်ခုခုလုပ်ရမည်ဆိုလျှင်လည်း ကောင်းကောင်းမွန်မွန်လုပ်တတ်သည်။

ကျန်းချွမ်းကျောင်းက အမြဲတမ်း ရှောင်မိသားစုနဲ့ ဆန့်ကျင်ဘက်လုပ်သည်။ အရင်တုန်းကတော့ ၎င်းကအဆင်ပြေသေးသည်။ အခုကျတော့ ရှောင်မိသားစုက ပိုပေါ်လွင်လာတဲ့အတွက် စိတ်သ‌ဘောထားသေးသိမ်တဲ့မိန်းမက သူတို့ ကောင်းမွန်တဲ့ဘဝတစ်ခုရနေတာကို ဟန်ဆောင်မကြည့်နိုင်တော့ပေ။

ကျန်းရှောင်လန်ဆိုတာလည်းရှိသေးသည်။ နောက်ကျရင်တော့ လီရှောင်လန်နဲ့ လျိုရှောင်လန်တို့လည်း လာလိမ့်ဦးမည်။ ကျန်းချွမ်းကျောင်းက အနားမှာထားဖို့ အရမ်းအန္တရာယ်များလွန်းသည်။

ဒါကြောင့် ဒီလိုအန္တရာယ်ပုဂ္ဂိုလ်မျိုးကို အမြန်ဆုံး အဆက်ဖြတ်ပစ်လိုက်တာကောင်းသည်။ ဒါက ရှောင်မိသားစုကို နောင်လာမယ့်ပြဿနာများမှ ကယ်တင်ပေးနိုင်လိမ့်မည်။

ကုန်းထျန်းဟောက်သည်လည်း အိမ်မှထွက်လာခဲ့လေသည်။

…

ပင်မမီးကြီးကိုငြိမ်းသတ်နိုင်လိုက်သော်လည်း ၎င်းက တချို့ စတော်ဘယ်ရီခင်းများကို‌တော့ လောင်ကျွမ်းပစ်ခဲ့သည်။

ရှောင်လင်းယွီမှာ ဖန်လုံအိမ်ကိုပြုပြင်ဖို့နဲ့ မီးလောင်သွားတဲ့စတော်ဘယ်ရီတွေကိုဖယ်ပစ်ဖို့ လူတွေရှိသည်။

သူတို့ကိုဆွေးသွားအောင်ထားလိုက်ရင် ပိုးမွှားတွေပေါက်ဖွားပြီး တခြားစတော်ဘယ်ရီများကို ထိခိုက်စေလိမ့်မည်။

“နှမြောစရာပဲ!”

တူးခြစ်နေသောစတော်ဘယ်ရီတွေကိုကြည့်ပြီး လူ‌များ စိတ်မကောင်းဖြစ်နေကြသည်။

“ကျန်းရှောင်လန်က လင်းယွီရဲ့အခင်းကို မီးရှို့ပစ်ရလောက်တဲ့အထိ ဘာလို့မိုက်မဲရတာလဲ? အမိုက်မပဲ”

“သူကတကယ့်ကို တုံးလွန်းတယ်။ မိန်းမတစ်‌ယောက်ပြောလိုက်တဲ့ စကားလုံးနည်းနည်းလောက်ကို ပစ်ယုံခဲ့တယ်လေ။ အခုတော့ သူ့တဘဝလုံးကို ထောင်ထဲမှာပဲ ကုန်ဆုံးရတော့မယ်”

လူတွေက လောင်ကျွမ်းထားသော အခင်းများကို ရှင်းလင်းပြီးသည်နှင့် ၎င်းကိစ္စကို ဆွေးနွေးနေခဲ့ကြသည်။

ကျန်းရှောင်လန်က ယဉ်ယဉ်လေးရူးနေသည်ဟု လူတိုင်းတွေးခဲ့ကြသည်။ သူ့မှာ ရှောင်ကျန်းယန်ရဲ့မိသားစုနဲ့ ကြီးကြီးမားမားအမုန်းမရှိဘူးလေ။ ဒါဆိုဘာလို့ သူတို့စိုက်ခင်းတွေကို မီးရှို့ပစ်ရတာလဲ?

“ကျန်းရှောင်လန်၊ ကျန်းချွမ်းကျောင်းနဲ့ လျိုချန်းနိုတို့ နေ့တိုင်းဘာတွေပြောနေကြမှန်း ဘယ်သူသိမှာလဲ? ဒါပေမယ့် ကျန်းရှောင်လန်ကတော့ ငတုံးမမှန်းသေချာတယ်”

“သူဘယ်နှနှစ်လောက်ထောင်ကျမလဲငါသိချင်မိတယ်”

“အနည်းဆုံးတော့သုံးနှစ်ပဲ”

“နင်ဘယ်လိုသိလဲ?”

“မနေ့ညက အဲ့ဒီရဲတွေ ပြောသွားတယ်လေ။ မီးရှို့မှုက အနည်းဆုံးထောင်သုံးနှစ်ကျနိုင်တဲ့ ပြစ်မှုပဲ”

“သူမလုပ်ခဲ့တာတွေကို ရင်ဆိုင်လိုက်ရတာပဲ”

ရွာသားတွေက ကျန်းရှောင်လန်အကြောင်း မနေ့ညကတည်းက ပြောနေကြခြင်းဖြစ်သည်။

ရှောင်လင်းယွီကတော့ ဒီလူတွေပြောနေသည်ကို ဂရုမစိုက်အားပေ။ သူမက စိုက်ခင်းရိုးပေါ်မှာ ရပ်နေပြီး လောင်ကျွမ်းသွားတဲ့ရုံတွေကို မြင်တဲ့အခါမှာ မျက်မှောင်ကျုံ့လိုက်လေသည်။ သူတို့အားလုံးက ရှောင်ချန်းချိုင်ရဲ့မြေကွက်နဲ့ ဘေးချင်းကပ်ပဲ။

ဒီနေ့မနက်အစောက ရဲတွေက အခင်းနယ်မြေကိုစစ်ဆေးဖို့လာပြီး ရှောင်ချန်းချိုင်ရဲ့မြေတစ်ဝိုက်မှာ ရေနံဆီတွေပက်ထားတာကို ရှာတွေ့ခဲ့သည်။ ၎င်းက ဒီဟာကတမင်သက်သက်ရှို့မီးဖြစ်ကြောင်း သက်သေပြနေလေသည်။

ပစ္စည်းဥစ္စာပျက်စီးမှုတွေအရ ကျန်းရှောင်လန်က စီရင်ချက်ကြီးတစ်ခုကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လင်းယွီကတော့ သူမကို သိပ်ကရုဏာမသက်ပေ။

“မင်းဘာတွေစဉ်းစားနေတာလဲ?”

ရုတ်တရက် လေးနက်ပြီးဆွဲဆောင်မှုရှိသော အသံတစ်ခု သူမနားထဲသို့ဝင်လာသည်။ အသက်ရှူသံက သူမနားကိုဖြတ်သန်းသွားပြီး သူမက အလိုလိုပဲ ကြောက်စိတ်နဲ့နောက်ဆုတ်လိုက်မိသည်။

“ဘာလဲ? ဘာဖြစ်တာလဲ?”

လူတိုင်း ခေါင်းထောင်လာသည်။ ဒါပေမယ့်လည်း သူတို့ရှေ့ကမြင်ကွင်းကိုမြင်တဲ့အခါမှာ သူတို့ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

မေမေရှောင်က သူ့သမီးရဲ့အော်သံကိုကြားသောအခါ အမြန်ပြေးလာသည်။

“ဘာဖြစ်တာလဲ ယွီအာ...”

မေမေရှောင်က သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်နေကြသည်ကို မြင်လိုက်သည်။ တစ်နည်းပြောရရင် ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို သူ့လက်မောင်းထဲသို့ ကိုင်ဆုပ်ထားခြင်းဖြစ်သည်။ သူ့ရဲ့လက်တွေက ရှောင်လင်းယွီရဲ့ ခါးကိုသိုင်းဖက်ထားသည်။

မေမေရှောင်ရဲ့ခံစားချက်တွေ အနည်းငယ်ရောထွေးသွားသည်။

ကုန်းထျန်းဟောက်နဲ့ ယန်စစ်မင်က ကျော်ကြားတဲ့ကောင်လေးတွေဖြစ်ကြသည်။

သူတို့က ရှောင်လင်းယွီဗိုက်ထဲက ကလေးကိုဂရုမစိုက်ဘဲ ရှောင်လင်းယွီကို လိုက်ချင်နေကြသည်။

မေမေရှောင်နဲ့ ဖေဖေရှောင်က ပြဿနာမရှိပေမယ့်လည်း သူတို့သမီးရဲ့‌ဆုံးဖြတ်ချက်ကိုတော့ လေးစားသည်။

လူငယ်လေးနှစ်ယောက်ရဲ့ ဖွင့်ပြောမှုပြီးသွားတာမကြာသေးပေမယ့် ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက လူမြင်ကွင်းမှာတောင် အချင်းချင်းဖက်နေကြပြီ။ မေမေရှောင်ကကြိတ်ပျော်နေပေမယ့်လည်း ဒါကတော့ များလွန်းသည်။ လူတိုင်းကြည့်နေတယ်လေ!

မေမေရှောင်က တမင်သက်သက် ချောင်းဟန့်လိုက်သည်။

ရှောင်လင်းယွီ ချက်ချင်း သတိပြန်ဝင်သွားသည်။

သူမ ဘေးပတ်လည်ကိုကြည့်ပြီး လူတိုင်းကို သူတို့ကို မျက်လုံးအပြူးသားနဲ့ကြည့်နေသည်ကို ကြည့်နေကြသည်ကို မြင်လိုက်သည်။ သူမရဲ့မျက်နှာက မထိန်းချုပ်နိုင်ဘဲ နီရဲ‌သွားတော့သည်။ ပြီးနောက် သူမက ရှက်ရှက်ဖြင့်၊ “ကုန်းထျန်းဟောက်၊ ကျွန်မကိုလွှတ်ဦး!”

သူမမျက်နှာနီနေသည်။

‘ဒါအရမ်းရှက်ဖို့ကောင်းတာပဲ!’

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ ရှက်နေတဲ့မျက်မှာကိုမြင်သောအခါ မျက်လုံးပြူးကာ ရှောင်လင်းယွီ၏နူးညံ့သောခါးကို အင်တင်တင်နှင့် လွှတ်လိုက်သည်။

ထိုအချိန်မှာ မေမေရှောင်ကရုတ်တရက်မေးလိုက်သည်။

“ယွီအာ ဘာဖြစ်လို့လဲ? မင်းတို့ဘာလို့ အချင်းချင်းဖက်နေကြတာလဲ?”

မေမေရှောင်က လေသံပျော့ပျော့ဖြင့်မေးနေသည်။ သူမက လူအများကြီးနားထောင်နေကြသောကြောင့် တိုးတိုးမေးနေခြင်းဖြစ်သည်။

ရှောင်လင်းယွီက သူမ၏ ပူနွေးနေသောပါးများကို ပုတ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။

“အမေ အထင်မလွဲပါနဲ့! သမီးခြေချော်ပြီး လဲကျတော့မလို့။ ကုန်းထျန်းဟောက်က သမီးကို ကူဆွဲလိုက်တာ”

မေမေရှောင်က သူမကို သံသယဖြင့်ကြည့်လိုက်သည်။ သူက သူမကို ဆွဲထားခြင်းမဟုတ်။ သူမကို ဖက်ထားခြင်းဖြစ်သည်။ ‌မေမေရှောင်လည်း မျက်လုံးပါတယ်လေ။

ဘာပဲဖြစ်ဖြစ် ကုန်းထျန်းဟောက်နဲ့ သူမသမီးရဲ့ကြားက ကိစ္စကိုမြင်တော့ သူမ ပျော်ရွှင်ပြီး စိုးရိမ်နေခဲ့သည်။ ပြီးတော့ ဒီဆက်ဆံရေးက ခရီးပေါက်တာမြန်လွန်းသည်။ နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက်သိဖို့ အချိန်နည်းနည်းယူသင့်သည်။

ရှောင်လင်းယွီသာ သူမအမေဘာစဉ်းစားနေသည်ကိုသိပါက သူမသေချာပေါက်

“အမေ အမေထင်သလိုမဟုတ်ဘူး!”

ဟု ပြောလိမ့်မည်။

***

All Chapters