← Chapters

အဖမ်းခံလိုက်ရပြီ

Vol. 15 Ch. 261

အဖမ်းခံလိုက်ရပြီ

Vol. 15 Ch. 261

အဆုံးတွင် ကျန်းရှောင်လန် အဖမ်းခံလိုက်ရသည်။

ရဲများက ကျန်းရှောင်လန်၏ ရာဇဝတ်မှုသက်သေဗီဒီယိုကိုလည်း ယူသွားသည်။

ကျန်းရှောင်လန်အဖမ်းခံလိုက်ရသော်လည်း ရှောင်ချန်းချိုင်အပါအဝင် ရွာသားများအားလုံး တိတ်ဆိတ်နေခဲ့ကြသည်။ ကျန်းရှောင်လန်က ပြစ်မှုတစ်ခု ကျူးလွန်ခဲ့ခြင်းပင်။ ရွာရဲ့ဂုဏ်သတင်းမှာအရေးကြီးပေမယ့်လည်း ပြစ်မှုတစ်ခုကို လက်သင့်ခံရန်ကတော့ အရမ်းအန္တရာယ်များလွန်းသည်။ သူမ၏ပြစ်မှုတစ်ခုမျိုး ထပ်မလုပ်နိုင်ဘူးဟု ဘယ်သူမှ အာမမခံနိုင်ပေ။

ကျန်းရှောင်လန်က လက်ထိပ်များဖြင့် ခေါ်ထုတ်ခံနေရစဉ် အရုပ်ကြိုးပြတ်သွားမတတ်ဖြစ်နေသည်။ သူမသည် အကျိုးဆက်များက ဒီလောက်ကြီးမားသွားမယ်လို့ မျှော်လင့်မထားပေ။ ရှောင်လင်းယွီထံတွင် ချက်ချင်းအဖမ်းခံရလိမ့်မယ်လို့လည်း မထင်ထားပေ။

သူမ ငိုနေမိသည်။

ကျန်းချွမ်းကျောင်းက တံခါးအပြင်ဘက်တွင် ရပ်နေသည်ကိုမြင်သောအခါ သူမက အော်ပြောလိုက်သည်။

“ကျန်းချွမ်းကျောင်း ဒါအကုန်နင့်အမှားပဲ။ နင်သာအဲ့ဒီလို မပြောလိုက်ဘူးဆိုရင် ငါဒီလိုမီးမွှေးဖို့ အကြံရခဲ့မှာမဟုတ်ဘူး”

၎င်းကိုကြားသောအခါ လူတိုင်းအံ့ဩသွားသည်။

ဒါက ကျန်းချွမ်းကျောင်းနဲ့ ဆက်စပ်နေတာလား?

ထို့နောက် အံ့ဩမှုများပြီးဆုံးသွားပြီး ကျန်းရှောင်လန်နဲ့ ကျန်းချွမ်းကျောင်းတို့က နီးကပ်နေခဲ့သည်။ သူတို့က ဘယ်တုန်းကမှ မကောင်းခဲ့ပေ။ သူတို့က အမြဲထိုင်ပြီး လူတွေအကြောင်း အတင်းတုပ်နေကြတာ။ သူတို့အပေါ်မှာပဲ အကြွေးတင်နေသလိုလို ဘာလိုလိုနဲ့ဖြစ်သည်။

ကျန်းချွမ်းကျောင်းက ‌ကျန်းရှောင်လန်ကို မီးမြိုက်ဖို့ စလှုံ့ဆော်တာဖြစ်နိုင်သည်။

ကျန်းရှောင်လန်က ငတုံးတစ်ယောက်ပဲ။

ကျန်းချွမ်းကျောင်းရဲ့မိသားစုနဲ့ ရှောင်ကျန်းယန်ရဲ့မိသားစုက ကမ္ဘာမကျေရန်သူတွေဖြစ်ကြောင်း ရွာထဲကလူတိုင်း သိသည်။

ရှောင်ကျန်းယန်ရဲ့မိသားစုက စိုက်ပျိုးဖို့ မြေငှားကတည်းက ရွာသားများကို အလုပ်ခိုင်းရန် ခန့်ထားသည်။ ဒါပေမယ့်လည်း ကျန်းချွမ်းကျောင်းရဲ့မိသားစုထဲက ဘယ်သူ့ကိုမှတော့ မခန့်ခဲ့ပေ။

ရှောင်ကျန်းယန်ရဲ့မိသားစုက အလွန်ကပ်စေးနဲသည်ဟု တချို့ရွာသားများက တိတ်တဆိတ်ပြောကြသည်။ သူတို့တွေက တစ်ရွာတည်းဖြစ်ကြသည်။ ဒါကြောင့် အရမ်းစိတ်သဘောထားသေးသိမ်မနေသင့်ပေ။

လူတိုင်းက ဒီလိုပါပဲ။ သူတို့ဆီမှာ အဖြစ်ဆိုးတွေ မဖြစ်သေးသရွေ့တော့ စိတ်မဝင်စားသလိုပဲနေကြတယ်။ ဒါပေမယ့်လည်း သူတို့သာ ‌ရှောင်ကျန်းယန်ရဲ့နေရာမှာဆိုရင် ဖေဖေရှောင်ထက်ကို ပိုပြီး စိတ်သဘောထားသေးသိမ်နေလောက်တယ်။

ဘာပဲဖြစ်ဖြစ် ဘယ်သူမှတော့ သိသိသာသာမပြောရဲပေ။

ရှောင်မိသားစုဆီကနေ အကျိုးအမြတ်လိုချင်နေသေးသရွေ့တော့ သူတို့ကို စိတ်အနှောင့်အယှက်မပေးတာ အကောင်းဆုံးပဲဖြစ်သည်။ ‌ကျန်းရှောင်လန်ရဲ့အဆုံးသတ်က အကောင်းဆုံးဥပမာပဲဖြစ်သည်။

တူရာတူရာစုနေကြခြင်းပဲဖြစ်သည်။ ကျန်းချွမ်းကျောင်းနဲ့ ရင်းနှီးသည့်အုပ်စုက စိတ်သဘောထားတူညီကြသည်။ သူတို့က စိတ်သဘောထားသေးသိမ်ပြီး အငြိုးကြီးသည်။

တစ်ယောက်က၊ “ကျန်းချွမ်းကျောင်း နင်သူ့ကိုပြဿနာရှာအောင် ဘာလို့စပေးရတာလဲ?”

“ဘာတွေပြောနေတာလဲ?”

ကျန်းချွမ်းကျောင်းက အရမ်းစိတ်ဆိုးသွားပြီး ခြေဆောင့်ကာ အော်လိုက်သည်။

“ငါ ရှောင်မိသားစုအကြောင်း နည်းနည်းပြောဖူးတာမှန်ပေမယ့် သူ့ကိုပြဿနာရှာဖိူ့တော့ မပြောခဲ့ဘူး! ငါသူ့ကို ပြဿနာရှာအောင် တွန်းအားပေးနေတာကို နင်မြင်လို့လား? အခု ဒီလိုဖြစ်သွားတော့ ငါ့ကို အပြစ်တင်ချင်တာလား? အိမ်မက်ဆက်မက်နေလိုက်!”

ကျန်းရှောင်လန်က သူမကို ထပ်ပြီးဆွဲထည့်နေမှာကိုစိုးရိမ်ပြီး ကျန်းချွမ်းကျောင်းသည် မြင်ကွင်းမှ အမြန်ပျောက်ကွယ်သွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် စူးရှသောအကြည့်တစ်ခုက သူမနောက်လိုက်နေတာကိုတော့ ကျန်းချွမ်းကျောင်း သတိမထားမိခဲ့ပေ။

ကျန်းရှောင်လန်က ကျန်းချွမ်းကျောင်းပြေးထွက်သွားသည်ကို ကြည့်နေခဲ့သည်။ သူမ၏သွားများ တကျိကျိဖြစ်လာသည်အထိ စိတ်တိုနေခဲ့သည်။

ကျန်းရှောင်လန်အဖမ်းခံလိုက်ရပြီးနောက် လေထုကအနည်းငယ်ဆိုးရွားပြီး တင်းမာနေသည်။

တချိုရွာသားတွေက ကျန်းရှောင်လန်က အရမ်းပုံကြီးချဲ့ခံလိုက်ရတယ်လို့ ခံစားနေရဆဲဖြစ်သည်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့အားလုံးက တရွာသားတည်းဖြစ်ကြသည်။ ပြဿနာကို တိတ်တဆိတ်သာဖြေရှင်းလိုက်သင့်သည်။ ထောင်ထဲပို့လိုက်ခြင်းက အရမ်းများလွန်းသည်။

ထို့တိုင် အခြားသူများက ရှောင်လင်းယွီနှင့် သဘောတူကြသည်။ ကျန်းရှောင်လန်ကဲ့သို့ အပြစ်သားမျိုးက ဥပဒေအရ အစီရင်ခံသင့်သည်။ အတိုချုံးရလျှင် လူတွေ အုပ်စုကွဲသွားသည်။ တချို့က ဒီအကြောင်း အများကြီးတွေးမနေကြပေ။

တခြားသူများကတော့ နောက်တယောက်အဖမ်းခံရတော့မည့်အတိုင်း လေးလေးလံလံဖြင့် အိမ်ပြန်သွားကြသည်။

သိပ်မကြာခင်ပင် ရှောင်မိသားစုဝင်းထဲ၌ လူတချို့သာကျန်ခဲ့တော့သည်။

ရှောင်ချန်းချိုင်က ရှောင်ကျန်းယန်ရဲ့မိသားစုကို ဖြူဖပ်ဖြူရော်နှင့် ကြည့်လိုက်သည်။ သူစိတ်တိုပြီး ထွက်သွားလိုက်သည်။

ရွာလူကြီးက နောက်ဆုံးထွက်သွားသူဖြစ်သည်။ သူက ဖေဖေရှောင်ကိုကြည့်ပြီး သတိပေးလိုက်သည်။

“အနာဂတ်မှာဂရုစိုက်ဦး၊ ရှောင်ချန်းချိုင်ရဲ့မိသားစုက ပုံမှန်ဆိုရင်တော့ အရမ်းအေးဆေးပြီးရိုးသားတယ်။ သူအရမ်းကြီးမညှာမတာလုပ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ အခု သူ့မိန်းမလည်း ခေါ်သွားခံလိုက်ရပြီ။

သူကဒီကိစ္စကို ဒီအတိုင်းထားမှာမဟုတ်ဘူး။ လင်းယွီက ကိုယ်ဝန်ကြီးနဲ့ မင်းအရမ်းဂရုစိုက်ဖို့လိုတယ်”

“ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ရွာသူကြီး!”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

ရွာသူကြီး ထွက်သွားချိန်တွင် ကုန်းမိသားစုသာ ဝင်းထဲတွင် ကျန်ခဲ့သည်။

ထိုနေရာတွင် ကုန်းသခင်ကြီး ကုန်းထျန်းဟောက်၊ ရှောင်ဝမ်၊ ရှောင်ကျန်းနဲ့ စားဖိုမှူးကျောက်တို့ ရှိနေသည်။

သခင်ကြီးကုန်းက ရှောင်လင်းယီကို စတင် သင်ခန်းစာပို့ချနေသည်။

“ကောင်မလေး၊ မင်းပြဿနာကို ကိုယ်တိုင်ဖန်တီးပြီး ဘာဆက်ဖြစ်သွားမယ်လို့ စဉ်းစားနေတာလဲ? တော်သေးလို့သာ၊ ဘာမှမဖြစ်ဘဲ အကျိုးဆက်တွေကလည်း မခံမရပ်နိုင်အောင်ဖြစ်မသွားခဲ့ဘူး!”

မတော်တဆမှုတစ်ခု ဖြစ်သွားတော့မလိုဆိုပေမယ့်လည်း ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ ဘာမှမပြောခဲ့ပေ။

မေမေရှောင်ကလည်း ဆတ်ခနဲအာရုံပြောင်းလိုက်သည်။

သူမရဲ့သမီးကို ပြင်းပြင်းထန်ထန်ဆုံးမလိုက်သည်။

“ရှောင်လင်းယွီ မင်းဘာလို့ အလျင်စလိုလုပ်ရတာလဲ? သခင်ကြီးပြောသလိုပဲ ကံကောင်းလို့ဘာမှမဖြစ်တာ”

ရှောင်လင်းယွီက ပြုံးပြီး

“ဒါပေမယ့် သမီးအဆင်ပြေတယ်မလား?”

“စောင့်ကြည့်ဗီဒီယိုကို ကြည့်လိုက်တော့ တရားခံက ထွက်ပြေးဖို့ ကြိုးစားနေတာကို တွေ့လိုက်တယ်လေ။ သူ့ကိုဖမ်းဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ချင်ပေမယ့်လည်း လူတိုင်းက မီးငြိမ်းဖို့ ဝရုန်းသုန်းကားဖြစ်နေကြတာ။ ပြီးတော့ သမီးလည်း တရားခံကို မလွတ်သွားစေချင်ဘူးလေ။”

ရှောင်ဝမ်နဲ့ ရှောင်ကျန်းက အချင်းချင်း တိတ်တဆိတ်ကြည့်လိုက်ကြသည်။ သူတို့ ရှောင်လင်းယွီကို မြင်လိုက်တုန်းက သူမကို ကျန်းရှောင်လန်က တွန်းထုတ်နေခဲ့ခြင်းသည်။

အကြီးဆုံးသခင်လေးသာ အပြေးရောက်မလာပါက တစ်ခုခုဖြစ်နှင့်ပြီးလောက်ပြီ။

ဒါပေါ့ အကြီးဆုံးသခင်လေးက ဘာမှမပြောဘူးဆိုတော့ သူတို့လည်း ဘာမှမပြောတော့ဘူးပေါ့။

မေမေရှောင်ရဲ့ ဒေါသတွေက တရားခံဆီကို ဦးတည်နေသည်။

“ငါတို့ ‌ကျန်းရှောင်လန်ကို ဘာလုပ်ခဲ့လို့လဲ? သူက ငါတို့မြေကိုလာပြီး ညလယ်ခေါင်ကြီးမှာ ငါတို့ပစ္စည်းတွေကို မီးရှို့ခဲ့တာလေ။ မီးကိုသာ မြန်မြန်မတွေ့ခဲ့ဘူးဆိုရင် မြေဆယ်မူကျော်ကျော်က မီးလောင်ပြင်ကြီးဖြစ်သွားလောက်ပြီ။”

ဒီလိုဆိုရင်တောင် သူတို့ သိန်းနဲ့ချီဆုံးရှုံးနေပြီဖြစ်သည်။

“အမေ သမီးတို့ တချို့လူတွေရဲ့စိတ်ကို နားမလည်နိုင်ဘူး”

ရှောင်လင်းယွီကပြောလိုက်သည်။

“သမီးတို့ဘ‌ဝတွေပိုကောင်းလာလို့ သူတို့ကမနာလိုဖြစ်နေကြတာ။ သူတို့ရဲ့စိတ်တွေ ပိုပြီးတော့ မတည်မငြိမ်ဖြစ်လာတယ်။ သူတို့က သမီတို့ပစ္စည်းတွေကိုဖျက်စီးပြီး သူတို့အဆင့်လောက်ကို ပြန်ကျသွားစေချင်တာ”

“‌ဒီကျန်းရှောင်လန်...”

မေမေရှောင် ဆွံ့အသွားသည်။

“အမေ ကျန်းရှောင်လန်က သမီးတို့ပစ္စည်းတွေကို မီးရှို့ခဲ့တာ။ အကျဉ်းကျခံရတာနဲ့ မလုံလောက်ဘူး။ သူပျက်စီးဆုံးရှုံးမှုတွေအတွက်လည်း လျော်ကြေးပေးရဦးမယ်”

ရှောင်လင်းယွီကပြောလိုက်သည်။

“မနက်ဖြန်ကျရင် သမီးတို့ ရှောင်းချန်းချိုင်ရဲ့အိမ်ကိုသွားပြီး ဒီအကြောင်းပြောရမယ်”

“အာ?!”

All Chapters