← Chapters

စတော်ဘယ်ရီဒလီဗာရီ

Vol. 15 Ch. 262

စတော်ဘယ်ရီဒလီဗာရီ

Vol. 15 Ch. 262

ကုန်းမိသားစုသို့ပြန်လာပြီးနောက် ကုန်းထျန်းဟောက်က ရှောင်ဝမ်နဲ့ ရှောင်ကျန်းကို ပြောလိုက်သည်။

“ဒီကျန်းချွမ်းကျောင်းက ရွာထဲမှာဆက်နေရင်တော့ ကြီးမားတဲ့ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်”

သူမက ရှောင်လင်းယွီနားမှာ တစ်ခါတစ်ရံ ပေါ်လာတတ်တယ်။ သူမက ကြီးကြီးမားမားမထိခိုက်စေဘူးဆိုရင်တောင် တော်တော်လေးစိတ်ရှုပ်ဖို့ကောင်းလေသည်။ ဒါ့အပြင် သူမသည် တခြားသူတွေကို မီးရှို့ဖို့ ‌နှိုးဆော်ပေးနိုင်လောက်တဲ့အထိကို ရက်စက်သည်။ သူမကို အခုကတည်းက မရှင်းထားဘူးဆိုရင် အနာဂတ်မှာ သေချာပေါက် ရှောင်မိသားစုကို ဒုက္ခပေးလိမ့်မယ်။

သူတို့နှစ်ယောက် အတော်လေး အံ့ဩသွားပြီး ‌ပြောလိုက်သည်။

“အကြီးဆုံးသခင်လေး သခင်လေးဘာကိုပြောချင်တာလဲ?”

ကုန်းထျန်းဟောက်က စိတ်မဝင်စားစွာဖြင့်

“သူမ ထောင်ယွမ်ရွာမှာထပ်‌ပေါ်မလာနိုင်အောင်သာလုပ်လိုက်”

ရှောင်ဝမ်နဲ့ ရှောင်ကျန်းကချက်ချင်း နားလည်သွားသည်။

“ဟုတ်ကဲ့ပါ”

၎င်းက သူတို့အတွက် အသေးအမွှားသာဖြစ်သည်။

….

နောက်ရက်တွင် ကတိပေးထားသည့်အတိုင်း မေမေရှောင်က မီးငြှိမ်းသတ်ရေးမှာပါဝင်ခဲ့ကြသည့်မိသားစုအားလုံးကို စတော်ဘယ်ရီနှစ်ကတ်တီပေးခဲ့သည်။

၎င်းက ရွာသားများကို စိတ်လှုပ်ရှားပျော်ရွှင်စေခဲ့သည်။

ရှောင်ကျန်းယန်ရဲ့မိသားစုမှ စတော်ဘယ်ရီများက တော်တော်ဈေးကြီးသည်။

ရွာသားများက နှစ်ကတ်တီမဆိုနှင့် နှစ်လုံးလောက်နှင့်ပင် အတော်လေးပျော်ရွှင်ကြလိမ့်မည်။

စတော်ဘယ်ရီနှစ်ကတ်တီက ယွမ်ရာချီတန်သည်။ ရှောင်ကျန်းယန်၏မိသားစုက တကယ်ပဲရက်ရောလေသည်။

တစ်ရွာလုံးကူညီပေးထားသည့်အတွက် မီးငြိမ်းသတ်ဖို့သိပ်မကြာလိုက်ပေ။ မီးက နာရီဝက်မတိုင်ခင်ပင်ငြိမ်းသွားခဲ့သည်။

“စတော်ဘယ်ရီနှစ်ကျင်က ယွမ်လေးရာဝန်းကျင်ရှိတယ်။ ချိုးယင်နဲ့ သူ့မိသားစုက ဒါကို ရုတ်တရက်ပို့လိုက်တာ။ အံ့ဩစရာပဲ”

“အဲ့ဒီလောက်လည်း အံ့ဩဖို့မကောင်းပါဘူး။ ရှောင်ကျန်းယန်ရဲ့မိသားစုက အမြဲတမ်း ရှင်းလင်းပြတ်သားတယ်။ ငါတို့ကမီးငြိမ်းဖို့ ကူညီခဲ့တယ်။ သူတို့ကငါတို့ကိုအကြွေးတစ်ခုတင်နေတယ်လေ”

“ဟုတ်ပါတယ်၊ မီးငြိမ်းဖို့ လူတိုင်းအားမထုတ်ခဲ့ဘူးဆိုရင် မီးက စတော်ဘယ်ရီခင်းတစ်ခုလုံးကို လောင်ကျွမ်းပြီး ဆုံးရှုံးမှုတွေပိုတောင်များလာဦးမှာ”

သူမက ရှောင်မိသားစုက သူတို့ကို စတော်ဘယ်ရီတွေပေးသင့်သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

သူတို့‌ကြောင့်မဟုတ်ဘူးဆိုရင် ရှောင်မိသားစုက ပိုပြီးတောင်ဆုံးရှုံးလိမ့်ဦးမည်။

“အဲ့ဒီကျန်းရှောင်လန်က တကယ့်ကို တစ်ခုခုပဲ။ သူ့မှာ ကောင်းမွန်တဲ့ဘဝရှိနေပေမယ့်လည်း ပြစ်မှုတစ်ခုကျူးလွန်ဖို့ ရည်ရွယ်ခဲ့တယ်။ အခုတော့ သူ့ဘဝတစ်ခုလုံးကို ထောင်ထဲမှာပဲ ကုန်ဆုံးရတော့မယ်”

“မီးရှို့မှုရဲ့အကျိုးဆက်တွေက ဒီလောက်ကြီးမားသွားလိမ့်မယ်လို့ ဘယ်သူကများတွေးမိမှာလဲ?”

“ကျန်းရှောင်လန်တော့ အခုတော်တော်လေး နောင်တရနေလောက်ပြီ”

“အဲ့ဒီတော့ရော? အဲ့ဒါက သူထောင်ထဲသွားရမှာကို ပြောင်းလဲနိုင်မှာတဲ့လား? ဒါပေမယ့် ငါတို့ရွာမှာ အခုလိုအပြစ်သားတစ်ယောက်ရှိနေတာတော့ ရှက်စရာပဲ။ ရှောင်လင်းယွီကနည်းနည်းကြမ်းလွန်းတယ်။ သူက ရွာသားတွေရဲ့မျက်နှာကို ဂရုတောင်မစိုက်ဘဲ ကျန်းရှောင်လန်ကိုဖမ်းဖို့ ရဲစခန်းကို တိုက်ရိုက်ကြီးခေါ်လိုက်တယ်”

“ကြမ်းတယ်လား?”

တစ်ယောက်က ချေပလိုက်သည်။

“အဲ့ဒီလိုပြောနိုင်တယ်ဆိုတာ အဖျက်စီးခံရတာက ရှင့်မြေမဟုတ်လို့လေ။ ရှင်သာ မီးရှို့ခံရတဲ့သူဆိုရင် ရဲခေါ်ပြီး တရားခံကို တခါတည်း သေနတ်နဲ့ပစ်ဖို့တောင်ပြောမှာပဲ။ အဲ့ဒါကို ရှင်က ရှောင်လင်းယွီကို တရားခံရဲ့မျက်နှာကို ထောက်စေချင်သေးတာလား? အဓိပ္ပာယ်မရှိတာ!”

မိန်းမကြီးက ညှိုးငယ်စွာဖြင့်၊ "ဒါပေမယ့် ငါတို့ရွာကနေ ရာဇဝတ်သားတစ်ယောက်ရှိလာတာ ကောင်းတဲ့အရာတော့မဟုတ်ဘူလေ။ ငါတို့ကလေးတွေရဲ့အနာဂါတ်ကျတော့ ဘယ်လိုလုပ်မလဲ။" ထိုအမျိုးသမီး စိုးရိမ်နေသည့်အချက်ပင်။ သူမမိသားစုမှ သားသမီးများသည် လက်ထပ်ရမည့်အရွယ် ရောက်နေကြပြီဖြစ်သည်။

“ယွီယင် ငါမင်းကို တရားချချင်နေတာမဟုတ်ဘူး ဒါပေမယ့်....”

တစ်စုံတစ်ယောက်က စိတ်ပျက်စွာဖြင့် ပြောလာခဲ့သည်။

“ငါတို့ရဲ့လူနေမှုဘ‌ဝတွေတိုးတက်လာတာနဲ့ လူတွေက ငါတို့ကလေးတွေကို လက်ထပ်ကြမယ်လို့ မထင်မိဘူးလား? ရှောင်လင်းယွီရွာကိုပြန်လာကတည်းက ရွာသားတော်တော်များများရဲ့ ဘဝတွေပိုကောင်းမွန်လာတာကို မင်းသတိမထားမိဘူးလား?

သူတို့က ရှောင်လင်းယွီအတွက် အလုပ်လုပ်ပေးနေတာတောင် ပိုက်ဆံတော်တော်ရနေတာ”

“ပြီးတော့ ရှောင်လင်းယွီက ငါတို့စိုက်တဲ့ အသီးအရွက်တွေကို ဝယ်မယ်လို့လည်းကတိပေးထားတယ်။ ငါတို့ဘာဆုံးရှုံးမှုမှမကြုံရအောင် သူမသေချာလုပ်မှာပဲ”

“အတိုပြောရရင် မင်းလည်း ရှောင်ကျန်းယန်ရဲ့မိသားစုကို သွားဆန့်ကျင်ရအောင်တော့ မတုံးအလောက်ဘူး။ အနာဂတ်မှာ သူတို့အတွက် အလုပ်လုပ်ဖို့ မင်းရဲ့မိသားစုကို ငြင်းဆိုလိုက်မယ်ဆိုရင် မင်းလည်းငိုရလိမ့်မယ်”

ယနေ့ခတ်တွင် လူတို့လက်ထပ်ကြသည့်အခါ များသောအားဖြင့်တော့ သူတို့၏ ဂုဏ်သတင်းနှင့် မိသားစုနောက်ခံအပေါ်တွင် အခြေပြုကြသည်။

သူတို့ရွာနီးစပ်ချုပ်များ၏ သတင်းကတော့ အဲ့ဒီလောက် သက်ရောက်မှုမရှိပေ။

သူတို့မှာ မှန်ကန်တဲ့ အကျင့်သိက္ခာရှိနေသရွေ့ သူတို့အတွက် ဘာစိုးရိမ်စရာရှိမှာလဲ?

“ပြီးတော့ မင်းတကယ်ပဲ ဒီမီးရှို့တဲ့လူကို ခွင့်လွှတ်လိုက်ချင်တာလား? သူကနောက်တခါ မင်းအိမ်ကို မီးရှို့ဖို့လုပ်ရင်ရော? ငါတို့ကျန်းရှောင်လန်ကို မဖမ်းဘူးဆိုလို့ရှိရင် သူက ရွာရဲ့ အရမ်းအန္တရာယ်ဖြစ်စေတဲ့အကြောင်းရင်းဖြစ်လာလိမ့်မယ်”

ယွီယင်က သေချာနားလည်ရန် ပြန်လည်တွေးတောလိုက်သည်။

သူမက ခေါင်းခါပြီး အပြုံးတစ်ခုဖြင့်

“ရှင်မှန်တယ်”

သူမက ရှောင်ချန်းချိုင်အရင်ညက‌ပြောထားသောအရာကြောင့် စိတ်ရှုပ်နေခြင်းဖြစ်သည်။

ထောင်ယွမ်ရွာမှာသာ ရာဇဝတ်သားတစ်ယောက်ရှိပါက အဲ့ဒါက ရွာရဲ့ဂုဏ်သတင်းကို သက်ရောက်စေလိမ့်မယ်ဟု ရှောင်ချန်းချိုင်က ပြောခဲ့သည်။

သူတို့က နောက်ထပ် ချန်းနှင့် လန်ရွာများ ဖြစ်သွားလိမ့်မည်။ သူတို့မြို့ကိုသွားလျှင် သူတို့ရဲ့နောက်မှာ လက်ညှိုးထိုးနေကြတဲ့လူများ ရှိနေလိမ့်မည်။ အရေးအကြီးဆုံးမှာ ၎င်းက လူငယ်များ၏ လက်ထပ်မှုများကို အတော်လေးသက်ရောက်ပေလိမ့်မည်။

“ရွာသားတွေသာ မီးကို အချိန်မှီမငြိမ်းလိုက်ဘူးဆိုရင် ဆုံးရှုံးမှုတွေက သန်းနဲ့ချီရှိလိမ့်မယ်။ ပြစ်မှုကပိုပြီးတော့တောင် ခွင့်လွှတ်မရ‌ဖြစ်တော့မယ်”

“ရဲတွေမနေ့ကလာတုန်းက ရည်ရွယ်ချက်ရှိရှိမီးရှို့တဲ့လူတွေက ဆယ်နှစ်ကျော်ကြာ အကျဉ်းချခံရနိုင်ပြီးတော့ သေဒဏ်အထိဖြစ်နိုင်တယ်လို့တောင် ပြောခဲ့တယ်”

“ကျန်းရှောင်လန်သာ တကွင်းလုံးကို မီးလောင်စေလိုက်ရင် သူမ သေဒဏ်ချခံရမှာပဲ”

“အဲ့ဒီလောက်တောင်လား?”

“ဟုတ်တယ်၊ အရင်တုန်းက ငါတို့ဘယ်သူမှ မသိခဲ့ဘူး။ နောင်ကျရင် ငါတို့ပိုဂရုစိုက်ဖို့လိုတယ်။ မီးနဲ့မကစားသင့်ဘူးလို့ သူများတွေပြောကြတာ မှန်တာပဲ။”

…

မေမေရှောင်က လူတိုင်းကို စတော်ဘယ်ရီတွေပို့ပေးခဲ့သည်။

အကုန်လုံးတော့မဟုတ်ဘူးပေါ့။

မီးငြိမ်းသတ်နိုင်လောက်တယ့်လူတွေရှိပေမယ့် မီးငြိမ်းဖို့မကူညီခဲ့ကြတဲ့ တချို့မိသားစုတွေကတော့ ဘာစတော်ဘယ်ရီမှမရလိုက်ပေ။

မိဘမဲ့များနှင့် လူကြီးများသာရှိသည့် မိသားစုတချို့လည်းရှိသည်။ မေမေရှောင်က သူတို့ကိုလည်း စတော်ဘယ်ရီတွေ လက်ဆောင်ပေးခဲ့သည်။ ၎င်းမိသားစုများ အပျော်လွန်ကာ မျက်ရည်ကျခဲ့ကြသည်။

သူတို့ထွက်လာပြီး မကူညီနိုင်ခဲ့သော်လည်း မနေ့ညကထလာပြီး မီးသတ်ဆေးဘူးများ အသုံးပြုခွင့်ပေးခဲ့သည်။

ရှောင်မိသားစုက အမြဲတမ်း အမှားနှင့် အမှန်ကိုသိသည်။ သင်ကောင်းကောင်းဆက်ဆံပါက ပိုပြီးကောင်းကောင်းဆက်ဆံမည်ဆိုသည်မျိုး ဖြစ်သည်။

ရွာသားများက ရှောင်မိသားစုရဲ့ ဂုဏ်သတင်းကိုသိသည့်အတွက် တတ်နိုင်သလောင် ရှောင်မိသားစုကို မဆန့်ကျင်ပဲနေခဲ့သည်။

အကျိုးအမြတ်ကိုအတူတူ ခံစားနိုင်ဖို့ သူတို့နှင့်အတူထောက်ခံမှုရအောင်ပင် ကြိုးစားကြသည်။

၎င်းက လူ့သဘာဝပင်ဖြစ်သည်။

စတော်ဘယ်ရီတွေက ယွမ်ရာတော်တော်လေးကုန်ကျသည်။ ပုံမှန်အားဖြင့်တော့ သူတို့၎င်းကို မတတ်နိုင်ပေ။ စတော်ဘယ်ရီ‌များကို ဈေးနည်းနည်းနှင့်ရလျှင်တောင် အနည်းငယ်တော့ ကုန်ကျနေစေလိမ့်ဦးမည်။

“ချိုးယင် ကျေးဇူးအများကြီးတင်ပါတယ်။ ငါတို့မနေ့ကအရမ်းမကူညီလိုက်ရပါဘူး။ မင်းဒီလိုလုပ်ဖို့မလိုဘူး”

ခုနစ်ဆယ်ဝန်းကျင်ရှိသည့် မိန်းမကြီးတစ်ယောက်က ငြင်းဆိုလိုက်သည်။

မေမေရှောင်က ပြုံးလျက်၊ “အ‌ဒေါ် အဒေါ်ကမနေ့ကကျွန်မတို့ကို ကူညီခဲ့ပါတယ်။ ကျွန်မတို့မီးငြှိမ်းဖို့ ရေပုံးငှားခဲ့တယ်‌လေ”

“ဒါဘာမှမဟုတ်ပါဘူး၊ ငါတို့ကို စတော်ဘယ်ရီတွေအများကြီးပေးဖို့ မလိုပါဘူး”

အန်တီကြီးက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော? ငါတို့နည်းနည်းပဲယူပြီး မင်းတို့ ကျန်တာတွေကိုပြန်ယူသွားလိုက်”

“အဒေါ် ကျွန်မရဲ့မိသားစုက စတော်ဘယ်ရီတွေ မနည်းပါးပါဘူး။ ကျေးဇူးပြုပြီး ဒါတွေကို ယူလိုက်ပါ။ ဒါတွေကို ဦးလေးနဲ့ အဒေါ့်မြေးတွေနဲ့ ဝေမျှစားကြပေါ့။ အဒေါ် ကျွန်မမှာ လုပ်စရာတွေရှိသေးတယ်။ အရင်သွားတော့မယ်နော်”

ဒီလိုနှင့် မေမေရှောင် မြန်မြန်ပဲထွက်သွားသည်။

အဒေါ်ကြီး ဘာမှမပြောနိုင်သေးခင်ပင် မေမေရှောင်က အတော်ဝေးဝေးလျှောက်သွားပြီဖြစ်သည်။

“ချိုး...”

အ‌ဒေါ်ကြီးက သူ့ကိုပြန်ခေါ်ချင်ပေမယ့်လည်း မေမေရှောင်က ပျောက်သွားပြီဖြစ်သည်။ သူမက စတော်ဘယ်ရီတွေကို အိမ်ကိုသာ ဂရုတစိုက် သယ်လာရတော့သည်။

“ချိုးယင်နဲ့ သူ့မိသားစုကတော့ တကယ့်လူကောင်းတွေပဲ။ လူကြီး ဒီကိုလာပါဦး။ ချိုးယင်က စတော်ဘယ်ရီတွေအများကြီး ပို့ပေးလိုက်တယ်။ မြည်းကြည့်ရအောင်”

သို့နှင့် ကြိမ်လုံးဖြင့် လူကြီးတစ်ယောက် ထွက်လာသည်။ သူမရဲ့ခြင်းထဲမှ စတော်ဘယ်ရီတွေကိုမြင်သောအခါ ချက်ချင်း စိတ်ဆိုးဆိုးနှင့် “အဘွားကြီး၊ ဒီစတော်ဘယ်ရီတွေကအရမ်းဈေးကြီးတာ။ ဘာလို့ဒါတွေကို ဝယ်လာရတာလဲ? ငါတို့ဒါတွေစားဖို့ထိမတတ်နိုင်ဘူးလေ”

အဒေါ်ကြီးက အပြုံးတစ်ခုဖြင့်၊ “ချိုးယင်က ဒါတွေကို ငါတို့ဖို့ ပေးလိုက်တာ။ ဒါတွေကိုယူဖို့လည်းပြောသွားတယ်။ နောင်ကျရင် သူတို့မိသားစုအကူအညီလိုတဲ့အခါ ငါတို့ ကူညီဖို့လိုတယ်။ အဘိုးကြီး လာပြီးမြည်းကြည့်ပါဦး”

အဘိုးကြီးက သွေးဆောင်နေသော စတော်ဘယ်ရီများကို ကြည့်ရင်း၊ “ငါမြည်းကြည့်မယ်။ ငါတို့ကျန်တာတွေကို မြေးလေးတွေဖို့ ချန်ထားလို့ရတယ်”

“ဟုတ်ပြီလေ!”

သူရဲ့မိန်းမက ပြုံးလျက် သဘောတူလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မိနစ်အနည်းငယ်ကြာပြီးသောအခါ ခြင်းထဲတွင် စတော်ဘယ်ရီတစ်ဝက်သာကျန်တော့သည်။

အသက်ကြီးကြီးစုံတွဲက အချင်းချင်း ဆွံ့အစွာကြည့်လိုက်ကြသည်။ ထို့နောက် စတော်ဘယ်ရီတွေကို ဝေးဝေးသွားထားလိုက်ကြသည်။ သူတို့ကဆက်စားနေပါက သူတို့ရဲ့မြေးတွေ စတော်ဘယ်ရီတစ်လုံးမှ စားလိုက်ရ‌တော့မည်မဟုတ်ပေ။

…

စတော်ဘယ်ရီမရတဲ့မိသားစုတွေက အရမ်းမမျှမတဖြစ်သည်ဟု ထင်မိကြသည်။

လူတိုင်းစတော်ဘယ်ရီရပြီး ဘာလို့ သူတို့မှ မရတာလဲ?

သူတို့နှစ်နှစ်ခြိုက်ခြိုက်အိပ်နေကြလို့ ဘာမှမကြားလိုက်ရဘူးလို့ပဲ ပြောတာလေ။ နေ့ပိုင်းမှာသာ ဖြစ်မယ်ဆိုရင် သူတို့လည်း ကူညီမှာပေါ့။

တခြားရွာသားများကတော့ တခစ်ခစ်ရယ်နေကြသည်။

ဒါပေါ့ အဲ့ဒီမိသားစုတွေက ရှောင်မိသားစုကိုသွားပြီး စတော်ဘယ်ရီတွေ မတောင်းရဲဘူးလေ...

သူတို့ အဲ့ဒီလိုလုပ်ဖို့အထိလည်း မျက်နှာမပြရဲကြပေ။

***

All Chapters