အကွက်ရွှေ့ခြင်း
Vol. 15 Ch. 264
မကြာခင်မှာပင် ကုန်းမိသားစုမြေးက ရှောင်လင်းယွီကိုလိုက်နေမှန်း အားလုံးသိသွားကြသည်။ သူတို့က လူမြင်ကွင်းမှာတောင် အချင်းချင်း ဖက်နေကြပြီလေ။ စတော်ဘယ်ရီခင်းမှာအလုပ်လုပ်တဲ့လူတေ ဒါကိုမြင်လိုက်ကြသည်။
ကုန်းထျန်းဟောက် အိမ်ပြန်ရောက်သောအခါ သူ့အဘိုးက သူ့ကို ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။ ၎င်းက ကုန်းထျန်းဟောက်ကို ကြက်သီးမွေးညင်းထစေခဲ့သည်။ သူက၊ “အဘိုး ဘာတွေကြည့်နေတာလဲ?”
သခင်ကြီးကုန်းက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး၊ “မင်းကတကယ့်ကိုတခုခုပဲ! ရက်ပိုင်းပဲရှိသေးပေမယ့် မင်းမိန်းမနဲ့ ခြေလှမ်းအကြီးကြီးတွေတောင်လှမ်းနေပြီ!”
ကုန်းထျန်းဟောက်က၊ “….”
သခင်ကြီးကျန်းက ရယ်မောကာ ဆက်၍၊ “အချိန်နည်းနည်းကြာလာရင်တော့ အခြေကျလောက်ပြီမလား?”
ကုန်းထျန်းဟောက် “....”
'အဲ့ဒါထက်လည်း ပိုကြာချင်ကြာနိုင်တယ်။ နှစ်ယောက်သားရဲ့နီးစပ်မှုက မတော်တဆအခြေအနေတွေချည်းကြောင့်ပဲ။’
…
ရှောင်မိသားစုမှာတော့ မေမေရှောင်က သူ၏စီစစ်မေးမြန်းမှုကို လုပ်ဆောင်နေသည်။
“ယွီအာ၊ သမီး ကုန်းထျန်းဟောက်နဲ့ပက်သက်ပြီး တကယ်ပဲ ဘယ်လိုခံစားရတာလဲ?”
ရှောင်လင်းယွီ၏မျက်နှာက နီရဲသွားပြီး၊ “အမ ဘာကိုဆိုလိုတာလဲ? အမေ သမီးမှာ သူ့အတွက် ဘာခံစားချက်မှမရှိပါဘူး”
မေမရှောင်က တည်ငြိမ်သောအမူအယာဖြင့် ပြောနေခြင်းဖြစ်သည်။
“သမီးတို့နှစ်ယောက်က လူမြင်ကွင်းမှာဖက်နေတာလေ။ ဒါတောင် သူ့အတွက် ဘာခံစားချက်မှမရှိဘူးလား? ယွီအာ အမေပြောမယ်။ သမီးရဲ့အခြေအနေကိုစိတ်မခုမယ့်လူရှာရတာ မလွယ်လှဘူး။ သမီးသူ့ကိုကြိုက်ရင် လက်မလျှော့သင့်ဘူး”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။
“အမေ သမီးနားလည်ပါတယ်”
ဒါပေမယ့် စိတ်ထဲတွင်တော့ သူမက ဤကဲ့သို့ တွေးတောနေသည်။
'ဒါပေါ့ သူဒါကိုစိတ်မခုပါဘူး။ ကလေးကသူ့ကလေးပဲဥစ္စာ။'
ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က သူမရဲ့ကလေးကို အဝေးခေါ်သွားမှာစိုးသည့်အကြောင်းကိုတော့ သူမအမေကိုမပြောခဲ့ပေ။ ကုန်းထျန်းဟောက် ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ သူမ စောင့်ကြည့်ချင်သေးသည်။ သူမ အယောင်ယောင်အမှားမှားမဖြစ်ချင်ပေ။
“ဘာပဲဖြစ်ဖြစ် ယွီအာ။ အလျင်စလိုလည်းမလုပ်ပါနဲ့။ ဆက်ဆံရေးတွေက ဖြည်းဖြည်းဆေးဆေးနဲ့ အခြေခိုင်ဖို့လိုတယ်”
မေမေရှောင်က မထိန်းနိုင်ဘဲ တကျည်ကျည်လုပ်နေသည်။
“သူဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဘယ်လောက်ပဲ ဩဇာကောင်းကောင်း၊ အရေးအကြီးဆုံးက ကောင်းမွန်တဲ့ စာရိတ္တတစ်ခုရှိဖို့ပဲ”
ရှောင်လင်းယွီက သာမန်ကာလျှံကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ သမီးနားလည်ပြီ”
သူမ နားပူနားဆာလုပ်နေတာကို ထပ်မကြားချင်တော့သောကြောင့်၊ “အမေ သမီးပင်ပန်းနေလို့ ခနနားချင်တယ်”
“…”
မေမေရှောင်က သက်ပြင်းချပြီး၊ “ကောင်းပြီလေ သမီးနားရင်လည်းနားပေါ့။ ဒါကိုတော့ တလျှောက်လုံး စဉ်းစားထားဦး!”
မေမေရှောင် ထွက်သွားပြီးနောက် ရှောင်လင်းယွီက မျက်လုံးဖွင့်ပြီး အိပ်ယာပေါ်တွင် လှဲနေသည်။ သူမဘယ်လောက်ပဲကြိုးစားအိပ်အိပ် အိပ်မပျော်ပေ။ ခနကြာပြီးနောက် သူမ တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူမမျက်နှာများထူပူပြီး အနည်းငယ် စိတ်လှုပ်ရှားလာသည်။
ရှောင်လင်းယွီက သူမပါးတွေကို ပုတ်ပြီး၊ “ရှောင်လင်းယွီ နင်အဲ့လူအဲ့ကြောင်း ထပ်စဉ်းစားလို့မရဘူး! နင်သတိလက်လွတ်ဖြစ်လို့မရဘူးလေ! အရုးလုပ်ခံလို့မရတော့ဘူး! သူက ဒီကို ရှောင်ထုန်ကို လုသွားဖို့ရောက်လာတာဆို ဘယ်လိုလုပ်မှာလဲ?”
ရှောင်လင်းယွီက ကုန်းထျန်းဟောက်၏လက်မောင်းများကြားတွင် သူမနှစ်ကြိမ်ပွေ့ဖက်ခံလိုက်ရသည့်အကြောင်း ပြန်စဉ်းစားနေသည်။ သူမ ကုန်းထျန်းဟောက်၏ ကျယ်ပြန့်ပြီးထူထဲသောရင်အုံကို ခံစားလို့ရနေသည်။ ၎င်းမှာ လုံခြုံပြီးနွေးထွေးသော ခံစားမှုတစ်ခုရှိနေသည်။ ဘာပဲဖြစ်ဖြစ် သူမကိုယ်သူမ ထိန်းချုပ်ရမည်။
သူမ အရူးလုပ်ခံလို့မရတော့ဘူးလေ။
ဒါက ထောင်ချောက်တစ်ခုဆို ဘယ်လိုလုပ်မှာလဲ?
…
အပြင်ဘက်တွင် ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ရဲ့ ပွေ့ဖက်မှုက ရွာရဲ့ ခေါင်းကြီးသတင်းဖြစ်နေသည်။
“ကျစ် ကျစ် အရှက်မရှိချက်ဟေ့။ သူတို့က နေ့အလင်းရောင်ကြီးမှာတောင် ဖက်နေကြတာ”
ကျန်းချွမ်းကျောင်းက ဒီသတင်းကိုကြားသောအခါ အပျော်လွန်သွားသည်။
“အဲ့ဒီရှောင်လင်းယွီက တကယ့်အပျက်မပဲ။ သူက ယောက်ျားတွေကို တစ်ယောက်ပြီးတစ်ယောက် ဆွဲဆောင်နေတယ်”
ဘယ်လိုပဲဖြစ်ဖြစ် ရွာသားများကတော့ ကျန်းချွမ်းကျောင်းကို အလိုလိုပင် ရှောင်ကြဉ်နေကြပြီ။
လူသိရှင်ကြားအချစ်နဲ့ပက်သက်ပြီး သူတို့မှာ ကိုယ်ပိုင်အမြင်တွေရှိကြပေမယ့် ကျန်းချွမ်းကျောင်းကိုတော့ ၎င်းအကြောင်း ပြောမည်မဟုတ်ပေ။
ကျန်းချွမ်းကျောင်းမှာ ညစ်ပတ်တဲ့ပါးစပ်နဲ့ ဆိုးရွားတဲ့ စိတ်နှလုံးရှိသည်။ သူက သူတို့ပြောစကားတွေကို ရှောင်မိသားစုကို ဆန့်ကျင်ဖို့ လွယ်လွယ်ကူကူပဲ သုံးလိုက်လိမ့်မည်။
ကျန်းရှောင်လန်က အဖမ်းခံလိုက်ရပြီး လျိုချန်းနျိုကလည်း သူ့မိသားစုဆီကနေ ကျန်းချွမ်းကျောင်းနားမသွားဖို့ ပြင်းပြင်းထန်ထန်သတိပေးခံထားရသည်။
သူတို့က သူမ ကျန်းချွမ်းကျောင်းဆီကနေ ဂျင်းထည့်ခံရပြီး နောက်ထပ်ကျန်းရှောင်လန်ဖြစ်လာမှာ စိုးရိမ်နေကြသည်။
လျိုချန်းနျိုရဲ့မိသားစုက ကျန်းချွမ်းကျောင်းက ရှောင်ကျန်းယန်တို့မိသားစုနဲ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိမှန်း သိသည်။
ကျန်းချွမ်းကျောင်းက တစ်ရွာလုံးက ရှောင်မိသားစုနှင့် အဆင်မပြေဖို့ဆုတောင်းနေသည်။
အရင်က လျိုချန်းနျိုရဲ့မိသားစုက ရှောင်လင်းယွီရဲ့မြေကိုမငှားဖို့ ကျန်းချွမ်းကျောင်းထံမှ သတိပေးခံထားရသည်။
ကျန်းချွမ်းကျောင်းက သူတို့တွေစတော်ဘယ်ရီတွေစိုက်ကြလိမ့်မယ်လို့ ပြောဆိုခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဘာစတော်ဘယ်ရီပျိုးပင်မှ မတွေ့ခဲ့ကြပေ။ ရှောင်လင်းယွီကလည်း သူတို့ကို မမျှဝေပေ။ အဆုံးမှာတော့ သူတို့က မြေကွက်ကို မြေရိုင်းတစ်ခုအဖြစ်ပဲ ထားခဲ့လိုက်သည်။
ကျန်းချွမ်းကျောင်းနဲ့အဆက်အသွယ်ရှိတဲ့ ဘယ်မိသားစုဆိုမဆို ရှောင်ကျန်းယန်တို့ထံမှ အကျိုးအမြတ်ရရန် အခက်တွေ့ကြသည်။
ဥပမာအနေနဲ့ ရှောင်ကျန်းယန်က သူ့ရဲ့လယ်မှာလုပ်ဖို့ အလုပ်ခန့်ရင် တချို့မိသားစုတွေကို အမြဲချန်ထားသည်။
ကျန်းရှောင်လန်ရဲ့မိသားစုနဲ့ လျိုချန်းမေရဲ့မိသားစုကတော့ ပြောစရာကိုမလိုတော့ပေ။
သူတို့ဘာများလုပ်နိုင်မှာလဲ? သူတို့က အရင်ဆုံး ကျန်းရှောင်ယန်ကို ဆန့်ကျင်ခဲ့ကြတာလေ။
ကျန်းရှောင်လန်ရဲ့အဖမ်းခံရမှုက လျိုချန်းနျိုရဲ့မိသားစုကို ကြီးမားတဲ့သတိပေးမှုပဲဖြစ်သည်။ လျိုချန်းနျိုရဲ့ယောက္ခမက တိုက်ရိုက်ပင် သတိပေးခဲ့သည်။ သူတို့ လျိုချန်းနျိုကို ကျန်းချွမ်းကျောင်းအနားမှာ ထပ်တွေ့ပါက သူ့ရဲ့အရင်အိမ်ကို ပြန်ပို့ပစ်မယ်ဟူ၍ဖြစ်သည်။ ပြီးတော့ အဲ့ဒီမိန်းမက သူတို့အတွက် ဒုက္ခတွေသာသယ်လာပေးသည်။
လျိုချန်းနျိုက ဒါကိုကြောက်ပြီး ချက်ချင်းရိုသေကျိုးနွံသွားသည်။ သူမ ကျန်းချွမ်းကျောင်းကို ထပ်မရှာရဲတော့ပေ။ ကျန်းချွမ်းကျောင်းက ရွာထဲမှာ ချဥ်ဖတ်ဖြစ်လာသည်။ လူတိုင်း သူ့ကို ရှောင်ကြသည်။
ကျန်းချွန်းကျောင်းမှာ တကျည်ကျည်လုပ်ဖို့ သူ့မိသားစုပဲရှိတော့သည်။ ဘာပဲဖြစ်ဖြစ် ရှောင်ဖူချီကလည်း ရှောင်ချန်းချိုင်လိုပဲ လူအေးဖြစ်သည်။
ကျန်းချွမ်းကျောင်းက သူ့ကိုစကားပြောရတာ အရမ်းပျင်းဖို့ကောင်းတယ်လို့ ခံစားရသည်။ သူ့အပြင်တော့ မိသားစုထဲမှာ ဆယ်ကျော်သက်သားလေးတစ်ယောက်ပဲကျန်တော့သည်။ သူမရဲ့ သမီးနှစ်ယောက်က လက်ထပ်ပြီးနေပြီ။ ကျန်းချွမ်းကျောင်းက သူမယောက္ခဘက်နဲ့လည်း ဆက်ဆံရေးကောင်းကောင်းမရှိပေ။
ကျန်းချွမ်းကျောင်းမှာ အကြဉ်ခံနေရသည်။ ၎င်းက ပြည့်စုံတဲ့အတင်းတုပ်မှုတစ်ခုဆိုပေမယ့်လည်း သူမနဲ့အတင်းတုပ်မယ့်သူမရှိပေ။ သူမအရမ်းမရိုးမရွဖြစ်နေသည်။ ထောင်ယွမ်ရွာကလူတွေက သူမနဲ့ စကားမပြောချင်ကြတော့ တခြားရွာကလူတွေကို ရှာရတော့သည်။
....
ဈေးနေ့တစ်ရက်တွင်...
သူမ လျိူမိသားစုရွာက လူတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိသွားသည်။
“ကျစ် ကျစ် ရှင်ကကိုယ်တွေ့မမြင်လိုက်လို့။ မိန်းမနဲ့ယောက်ျားက လူပုံအလယ်မှာ အချင်းချင်းဖက်နေတာ။ သူတို့က ရင်ဘက်တွေရော ခါးတွေရော ထိပြီး ယုယုယယဖက်နေကြတာ။ အရမ်းရယ်ဖို့ကောင်းတာပဲ။ သူတို့အစား တော်တော်ရှက်မိတယ်!”
ကျန်းချွမ်းကျောင်းက အားရပါးရ ပြောလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အမူအယာကတော့ ထူးထူးခြားခြား စိတ်လှုပ်ရှားနေသည်။
“နှစ်ယောက်လုံးက မရှက်တတ်ကြဘူး။ အရှက်ကိုမရှိကြတာ”
“ကျန်းချွမ်းကျောင်း နင့်ရွာက စတော်ဘယ်ရီပင်တွေက ဈေးကောင်းကောင်းနဲ့ ရောင်းရတယ်။ အဲ့ဒါတွေက နာမည်ကြီးတက္ကသိုလ်က တစ်ယောက်ဆီကမလား။ သူ့နာမည်က ရှောင်လင်းယွီမလား?”
ရှောင်လင်းယွီက ရှင်းအန်းမြို့မှာပင် တော်တော်နာမည်ကြီးနေပြီ။
“ဟုတ်တယ်လေ အဲ့တစ်ယောက်ပဲ။ နင်တို့ဒါကိုမသိသေးပေမယ့် သူက မြို့ကြီးမှာ နှစ်တော်တော်လေးလုပ်လာတာ။ ဒါပေမယ့် ဘယ်သူမှန်းမသိတဲ့လူဆီကနေ ကန်ထုတ်ခံရပြီး အိမ်ပြန်လာရတယ်လေ! မြို့ကြီးမှာ ဆက်နေလို့မရတော့ဘူး!”
“အမ်?”
ရွာသားမဟုတ်သူများက ဒီအကြောင်းမကြားဖူးသောကြောင့် အတော်လေး စိတ်ဝင်စားနေကြသည်။
“အဲ့ဒီတော့ ကလေးက မိမစစ်ဖမစစ်လေးလား?”
“ဒါပေါ့ ဘယ်လိုပဲဖြစ်ဖြစ် မိမစစ်ဖမစစ်ကလေးနဲ့တောင် သူက လိပ်ပြာလေးလိုဝတ်စားပြီး ယောက်ျားတွေနားကို ဖျားယောင်းဖို့ သွားလာနေတုန်းပဲ။ သူ့မှာ ဘာသိက္ခာစောင့်စည်းမှုမှမရှိဘူး။ ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လဲ...”
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူမပခုံးကို ပုတ်လိုက်သည်။
ကျန်းချွမ်းကျောင်းက ကောင်းကောင်းကြီး လုပ်ဇာတ်ခင်းနေသည်။
သူမက လှည့်ကြည့်ပြီး
“ဘယ်သူလဲ? မမြင်ဘူးလား ငါဒီမှာ...”
သူမနောက်တွင်ရပ်နေသည့် အမျိုးသားကိုမြင်တော့ မျက်နှာထားက ပြောင်းသွားသည်။
ပြီးနောက် ပြုံးပြီး၊ “ရှင်ကိုး”
လူတွေက ၎င်းကိုမြင်ပြီး သိချင်စိတ်ဖြင့်၊ “ချွန်းကျောင်း ဒီလူကဘယ်သူလဲ?”
ကျန်းချွမ်းကျောင်းက ပြုံးပြီး၊ “သူက ငါ့မိသားစုထဲက ဆွေမျိုးတစ်ယောက်ပဲ။ ဒီနေ့တော့လုပ်စရာရှိသေးလို့။ နောက်နေ့မှပြောကြတာပေါ့”
“ကောင်းပြီလေ!”
လျိုရွာမှ အမျိုးသမီးက ထိုအမျိုးသားကိုကြည့်ပြီး ကျန်းချွမ်းကျောင်းကို ထူးဆန်းသောမျက်နှာထားနှင့် ကြည့်သွားသည်။
‘နင့်မိသားစုထဲက ဆွေမျိုးလား? ဘယ်သူ့ကိုလာနောက်နေတာလဲ? ဘယ်လိုဆွေမျိုးကများ နင့်ကို ခပ်ညှို့ညှို့အကြည့်နဲ့ ကြည့်မှာမလို့လဲ?'
ထိုအမျိုးသမီးတွေက ကျန်းချွမ်းကျောင်းရဲ့ အသိအကျွမ်းဟောင်းများဖြစ်သည်။ သူတို့က ကျန်းချွမ်းကျောင်း ဘယ်လိုလူစားမျိုးမှန်း ကောင်းကောင်းသိကြသည်။
ကျန်းချွမ်းကျောင်းက အကြည့်တွေကို လျစ်လျူရှုပြီး ထိုယောက်ျားနှင့် ဘေးချဉ်းကပ်လျှောက်လာသည်။
သူနဲ့အတူတူလမ်းလျှောက်နေတဲ့အခါ သူမမျက်လုံးတွေက ဘေးဘီကိုကြည့်နေသည်။ သူမအရမ်း သတိထားနေပေမယ့်လည်း ဣန္ဒြေမရဖြစ်နေသည်။
ရုတ်တရက် သူတို့နှစ်ယောက် တစ်စုံတစ်ယောက်ထံမှ ခပ်ပြင်းပြင်း ဝင်တိုက်ခံလိုက်ရသည်။ အဲ့ဒီယောက်ျားမျက်နှာက မုတ်ဆိတ်မွှေးတွေနဲ့ပြည့်နေပြီး ချက်ချင်း တောင်းပန်လိုက်သည်။
“ဆောရီး ဆောရီး၊ ကျုပ်နောက်ကို တစ်ယောက်ယောက်လိုက်နေလို့ ခင်ဗျားတို့ကို သတိမထားမိလိုက်တာ”
ကျန်းချွမ်းကျောင်းရဲ့ နုနယ်တဲ့နှာခေါင်းက တွ့န်သွားသည်။ သူမ တော်တော်စူးတဲ့အနံ့တစ်ခုကို ရလိုက်ပေမယ့် ၎င်းကို သိပ်အာရုံမစိုက်လိုက်ပေ။ သူမက ထေ့ငေါ့လိုက်သည်။
“မြန်မြန်လစ်လိုက်တော့ ကျွန်မတို့အလျင်လိုနေတာ”
“အိုခေ အိုခေ ဆောရီး ဆောရီး။ အခုသွားပြီ!”
ထိုလူ ပြေးထွက်သွားသည်။
ထိုယောက်ျားက လူရှင်းတဲ့ထောင့်တစ်ခုကိုရောက်တော့ မုတ်ဆိတ်မွှေးကို ချွတ်လိုက်ပြီး ရင်းနှီးတဲ့မျက်နှာတစ်ခုကို ပြသနေသည်။ ရှောင်ကျန်းက သူ့နဖူးက ချွေးတွေကို သုတ်ပစ်လိုက်ပြီး လက်ဖျောက်တီးလိုက်သည်။ သူက ပျော်ရွှင်စွာဖြင့်၊ “ပြီးပြီ!”
သူက ကျန်းချွမ်းကျောင်းနဲ့ သူ့လင်ငယ်ကို စက်ဆုပ်စွာကြည့်လိုက်ပြီး သရော်လိုက်သည်။
“ကိုယ်ဖော်တဲ့ဆေးကိုယ် ဘယ်လိုကြိုက်သွားမလဲဆိုတာ ကြည့်ဦးမယ်!”
***