← Chapters

နှစ်တစ်သောင်းတွေ့ဆုံပွဲ

Vol. 144 Ch. 2146

နှစ်တစ်သောင်းတွေ့ဆုံပွဲ

Vol. 144 Ch. 2146

ယန်လောရှုသည် လေးနက်သောအသံဖြင့် ပြောလိုက်၏။

“နောက်ပြီး မင်းတို့တွေကို ငါသတိပေးလိုက်မယ်... မင်းတို့တွေက တက္ကသိုလ်ကိုဝင်ရောက်လာပြီးတဲ့နောက် ကျင့်ကြံမှုအဆင့်တူခြင်းမှာ ကျင့်ကြံသူအများစုထက်သာလွန်နေပြီဆိုပေမယ့် ကျင့်ကြံခြင်းဆိုတာ ရေစီးကြောင်းကိုဆန်ပြီး ရွက်လွင့်ရသလိုပဲ... မင်းတို့တွေက ရှေ့ကို မတက်လှမ်းနိုင်ဘူးဆိုရင် မင်းတို့တွေက နောက်မှာကျန်ရစ်ခဲ့လိမ့်မယ်... မင်းတို့တွေက လုံးဝခိုကပ်နေလို့မရဘူး”

“နှစ်တစ်ထောင်လောက်ကြာပြီးရင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ နှစ်တစ်သောင်းတွေ့ဆုံပွဲက စတင်လာလိမ့်မယ်”

“မင်းတို့တွေက အဲ့ဒါကို အရင်ကကြားဖူးချင်ကြားဖူးမှာပေါ့...သူ့ရဲ့နာမည်အတိုင်းပဲ နှစ်တစ်သောင်းတွေ့ဆုံပွဲဆိုတာ နှစ်တစ်သောင်းမှာသာတစ်ကြိမ်ကျင်းပတဲ့ ကျင့်ကြံရေးစုဝေးပွဲတစ်ခုပဲ... အဲ့ဒီအချိန်ကျရင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ကျင့်ကြံသူများစွာက စုစည်းရောက်ရှိလာလိမ့်မယ်”

“အဲ့ဒီနှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေက ပြိုင်စံရှားတပည့်ဂိုဏ်းသားတွေက စုစည်းလာပြီးတော့ တစ်မူထူးခြားတဲ့ ရတနာပေါင်းများစွာနဲ့ နှစ်တစ်သောင်းမှာတစ်ကြိမ် အကြီးမားဆုံး စျေးကွက်ပွဲတော်တစ်ခုဖြစ်လာလိမ့်မယ်”

“အဲ့ဒီအချိန်ကျရင် အဲ့ဒီပြိုင်စံရှားတွေက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က နေရာတစ်နေရာအတွက် အပြင်းအထန် တိုက်ခိုက်ကြရလိမ့်မယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲသည် နှစ်တစ်သောင်းတိုင်းမှတစ်ကြိမ်ကျင်းပသော အင်မော်တယ်တာအိုတွေ့ဆုံပွဲမှာ ကျင်းပမည်ဖြစ်လေသည်။

ဤကဲ့သို့သော စုဝေးပွဲတစ်ခုမှာ အန္တရာယ်များစွာရှိပေလိမ့်မည်။

တစ်ဘက်မှာတော့ အဲ့ဒါသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိ ပြိုင်စံရှားများကိုစုစည်းပြီး သူတို့ကိုယ်သူတို့ နာမည်တစ်ခုတည်ဆောက်ရန် အခွင့်အရေးပေးဖို့ဖြစ်၏။

တစ်ဘက်မှာတော့ အဲ့ဒါသည် တံခါးပိတ်ကျင့်ကြံနေသောကျင့် ကျင့်ကြံသူများစွာအတွက် အသိအမြင်များကို ဖလှယ်နိုင်မည့်အခွင့်အရေးတစ်ခုဖြစ်လေသည်။

ယန်လောရှုက ပြောလိုက်၏။

“နှစ်တစ်သောင်းတွေ့ဆုံပွဲကျင်းပမဲ့နေရာက တစ်ခါနဲ့တစ်ခါမတူဘူး... အမြဲတမ်းလိုလိုတော့ အဲ့ဒါကို အင်မော်တယ်နိုင်ငံသုံးနိုင်ငံနဲ့ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းရဲ့ ပိုင်နက်နယ်မြေတွေမှာ ကျင်းပလေ့ရှိတယ်”

“ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကလွဲရင် အဖွဲ့အစည်းကြီးခုနှစ်ခုကပဲ အဲ့လိုမျိုးခမ်းနားတဲ့ ကျင့်ကြံရေးပွဲတော်တစ်ခုကိုကျင်းပပေးနိုင်တယ်”

“ကျွန်မသိတယ်”

ရုတ်တရက် မင်းသမီးသက်တံနီက အော်ပြောလိုက်၏။

“လာမယ့် နှစ်တစ်သောင်းတွေ့ဆုံပွဲက ကျွန်မတို့ရဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံမှာ ကျင်းပမှာပဲ”

“ဟုတ်တယ်”

ယန်လောရှုက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ စုစုပေါင်း နေရာအရေအတွက်တစ်ရာရှိတယ်... ဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကို အရမ်းတန်ဖိုးထားတယ်... ငါတို့ရဲ့တက္ကသို့လ်ကလည်းအတူတူပဲ... တစ်ဘက်မှာတော့ အဲ့ဒါက ဂုဏ်ယူဖွယ်ရာအမှတ်သင်္ကေတတစ်ခုဖြစ်တယ်... အခြားတစ်ဘက်မှာတော့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ လူတစ်ယောက်ရဲ့ အဆင့်သတ်မှတ်ချက်က ပိုပြီးတော့မြင့်မားလေလေ သူတို့ရရှိမယ့် အကျိုးအမြတ်တွေကလည်း ပိုပြီးကြီးမားလေပဲ”

“အဲ့ဒါအပြင် တက္ကသိုလ်ရဲ့ အပြင်ဂိုဏ်းတပည့်တစ်ယောက်ယောက်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ရောက်နိုင်မယ်ဆိုရင် သူတို့က အတွင်းဂိုဏ်းကို ကြိုတင်ဝင်ရောက်နိုင်ပြီး ကောင်းကင်အင်မော်တယ်အဆင့်ကို မဝင်ရောက်နိုင်ခင်မှာ အတွင်းဂိုဏ်းတပည့်တွေရဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေကို ကြိုတင်ပြီးတော့ ခံစားခွင့်ရရှိမယ်”

“အတွင်းဂိုဏ်းတပည့်တွေမှာ ဘယ်လိုမျိုးကျင့်ကြံရေးအရင်းအမြစ်တွေရှိလဲ... သူတို့က အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကို ပိုပြီးရတာလား”

လူအုပ်ကြားထဲမှ တစ်စုံတစ်ယောက်ကမေးလိုက်၏။

ယန်လောရှုက ညင်သာစွာပြုံးလိုက်၏။

“အပြင်ဂိုဏ်းတပည့်တွေက တစ်နှစ်မှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်ထောင်ကို လက်ခံရရှိနိုင်တယ်... အတွင်းဂိုဏ်းတပည့်တွေကတော့ အဲ့ဒါထက် အရေအတွက်ဆယ်ဆပိုများတယ်... ပြောရမယ်ဆိုရင် သူတို့က အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းကို လက်ခံရရှိတယ်”

“ဒါ့အပြင်...”

ယန်လောရှုက ခဏမျှရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။

“အတွင်းဂိုဏ်းတပည့်တစ်ယောက်အနေနဲ့ မင်းက အမြုတေစိတ်ဝိညာဥ်အရည်ကို လက်ခံရရှိဖို့ အခွင့်အရေးလည်းရှိတယ်”

လူအုပ်ကြီးက အံအားတသင့်ရေရွတ်လိုက်ကြ၏။

အမြုတေစိတ်ဝိညာဥ်အရည်သည် အလွန်တရာကျော်ကြားသော တစ်စုံတစ်ရာဖြစ်ပုံရလေသည်။

သို့သော်လည်း ဆူဇီမိုက အဲ့ဒါကိုတစ်ခါမှ မကြားဖူးပေ။

“အမြုတေစိတ်ဝိညာဥ်အရည်က အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေထက် ပိုသန့်စင်ပြီး ပိုပြီးကြွယ်ဝတယ်... အဲ့ဒီမှာ အညစ်အကြေးက မရှိသလောက်ပဲ... အဲ့ဒါကိုစုပ်ယူသန့်စင်ဖို့ကလည်း အများကြီးပိုပြီးလွယ်ကူတယ်”

မင်းသမီးသက်တံနီသည် ဆူဇီမို၏ တွေဝေရှုပ်ထွေးသောအမူအရာကို တွေ့မြင်သောအခါ သူမက အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။

“အမြုတေစိတ်ဝိညာဥ်အရည်တစ်စက်က အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းနဲ့ယှဥ်နိုင်တယ်”

ဆူဖီမိုက တိတ်တဆိတ်စွန့်အသွား၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ကောင်းကင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ သူတို့မှာ ဤကဲ့သို့သောပစ္စည်းကောင်းများ တကယ်ပင်ရှိနေ၏။

အတွင်းဂိုဏ်းပတ်ဝန်းကျင်မှာရှိသော ပိုမိုကြွယ်ဝသည့် ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့်အတူ အမြုတေစိတ်ဝိညာဥ်အရည်ကို ထပ်မံပေါင်းစည်းလိုက်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုအလျင်အဟုန်က နောက်ထပ်အဆင့်တစ်ခုထိ သေချာပေါက်မြင့်တက်သွားပေလိမ့်မည်။

ယန်လောရှုသည် နောက်ထပ်သတိပေးစကားတချို့ကိုပြောဆိုပြီးနောက် လှည့်ထွက်သွား၏။

ဆူဇီမိုနှင့် အခြားသူများသည် အောက်သို့ဆင်းသက်လိုက်ကြပြီး အဲ့ဒီမှာအပြင်ဂိုဏ်း ဘဏ္ဍာစိုးတစ်ယောက်က သူတို့ကိုအောက်ဘက်မှာစောင့်ဆိုင်းနေပြီဖြစ်၏။

အပြင်ဂိုဏ်းဘဏ္ဍာစိုး၏ မျိုးရိုးနာမည်က ချန်ဖြစ်ပြီး သူကပိန်ပိန်ပါးပါးဖြစ်လေသည်။ သူက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ဆူဇီမိုနှင့် အခြားသူများကို အေးစက်စွာကြည့်နေ၏။

လူတိုင်းသည် ဘဏ္ဍာစိုးချန်ထံမှ ပစ္စည်းတချို့ကို လက်ခံရယူကြရ၏။

သက်သေခံတံဆိပ်ပြား..။

အဲ့ဒါကိုလက်ခံရယူပြီးနောက် သူတို့က ၎င်းမှာ သူတို့၏ အမည်များကိုရေးထိုးရ၏။

ဆူဇီမိုသည် သက်သေခံတံဆိပ်ပြားကိုလက်ခံယူပြီး သူ၏ လက်ချောင်းများဖြင့် ညင်သာစွာပွတ်သပ်ကြည့်လိုက်၏။

သက်သေခံတံဆိပ်ပြားကို အမျိုးအမည်မသိသစ်သားတစ်မျိုးဖြင့် ပြုလုပ်ထားပြီး အဲ့ဒါကအလွန်တရာမာကြော၍ ဖျက်ဆီး၍မရနိုင်ပေ။

မင်းသမီးသက်တံနီက ဘေးဘက်သို့ရောက်ရှိလာပြီး ခပ်တိုးတိုးပြောလိုက်၏။

“ငါတို့ရဲ့သက်သေခံတံဆိပ်ပြားတွေအတွက် အသုံးပြုထားတဲ့ပစ္စည်းက အတွင်းဂိုဏ်းတပည့်တွေနဲ့မတူဘူး... သူတို့ရဲ့ဟာကို ရှားပါးသတ္တုတွေနဲ့ပြုလုပ်ထားပြီး အဲ့ဒါကို ဓမ္မရတနာတွေအဖြစ်တောင်မှ အသုံးပြုနိုင်တယ်”

“အမွေခံတပည့်တွေရဲ့သက်သေခံတံဆိပ်ပြားတွေကိုဆိုရင် ကျောက်စိမ်းနဲ့ပြုလုပ်ထားတယ်လို့ ငါကြားဖူးတယ်... သူတို့က အဲ့ဒါကို သူတို့ရဲ့ကိုယ်မှာတစ်ချိန်လုံးချိတ်ဆွဲထားမယ်ဆိုရင် အဲ့ဒါက သူတို့ရဲ့အမြုတေစိတ်ဝိညာဥ်ကိုတောင် အားဖြည့်ပေးနိုင်တယ်”

တက္ကသိုလ်မှာ တူညီဝတ်စုံများဝတ်ဆင်စရာမလိုဘဲ ပို၍လွတ်လပ်ပေါ့ပါးလေသည်။

သက်သေခံတံဆိပ်ပြားအပြင် အဲ့ဒီမှာ ဆုပေးဒဏ်ပေးစနစ်ဖြင့် ဂိုဏ်း၏ စည်းမျဥ်းစည်းကမ်းများစွာကို ရေးသားထားသည့် စာအုပ်ငယ်တစ်အုပ်လည်းရှိလေသည်။

“မင်းတို့တွေ တက္ကသိုလ်ကို ဝင်ရောက်ပြီးရင် မင်းတို့အတွက် ပထမဆုံးသင်ခန်းစာက ပြန်ရောက်တဲ့အခါ ဂိုဏ်းရဲ့စည်းမျဥ်းစည်းကမ်းတွေကို အလွတ်ကျက်ထားဖို့ပဲ... တစ်ခုမှချန်ထားခဲ့လို့မရဘူး”

ဘဏ္ဍာစိုးချန်က အေးစက်စွာပြောလိုက်၏။

“စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖျက်ပြီး အပြစ်ပေးခံရတဲ့အခါ နောင်တမရကြနဲ့”

မင်းတို့တွေအားလုံးနားထောင်ကြ”

“မင်းတို့တွေက အရင်တုန်းက ဘယ်လိုအဆင့်အတန်းတွေရှိခဲ့သလဲ ငါဂရုမစိုက်ဘူး... တက္ကသိုလ်ကိုဝင်ရောက်ပြီးရင် မင်းတို့မှာအဆင့်အတန်းတစ်ခုပဲရှိတော့တယ်... အဲ့ဒါက တက္ကသိုလ်ရဲ့တပည့်ဂိုဏ်းသားတစ်ယောက်ပဲ”

ဘဏ္ဍာစိုးချန်သည် အသစ်ဝင်ရောက်လာသူများရှေ့မှာ သူ၏ လွှမ်းမိုးမှုကို တည်ဆောက်ဖို့ကြိုးစားနေသည်မှာ သိသာလေသည်။

သို့သော်လည်း ဆူဇီမိုနှင့် အခြားသူများသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ထင်ပေါ်ခဲ့ကြပြီး သူတို့အားလုံးသည် ပြိုင်စံရှားများဖြစ်ကာ မရေမတွက်နိုင်သော သွေးလွှမ်းတိုက်ပွဲများကို တွေ့ကြုံဖြတ်ကျော်ခဲ့ရ၏။ သူတို့သည်အပေါ်ယံမှာ လေးစားမှုရှိသော်လည်း သူတို့သည် ဘဏ္ဍာစိုးချန်၏ စကားများကို သိပ်ပြီးဂရုမစိုက်ကြပေ။

ဘဏ္ဍာစိုးချန်က လှောင်ရယ်လိုက်၏။

“မင်းတို့တွေကိုသတိမပေးဘူးလို့ ငါ့ကိုအပြစ်မတင်နဲ့... အသစ်ဝင်ရောက်လာတဲ့သူတစ်သုတ်ချင်းစီမှာ တဇွတ်ထိုးတစောက်ကန်းလူတွေက အမြဲတမ်းရှိတယ်”

“ပေါ့ပါးတဲ့ပြစ်မှုတွေအတွက် မင်းတို့တွေက အပြင်ဂိုဏ်းတပည့်ဆိုတဲ့ မင်းတို့ရဲ့အဆင့်အတန်းကနေ ဖြုတ်ချခံရပြီး အစေခံတစ်ယောက်ဖြစ်လာဖို့အတွက် အပြစ်ပေးခံရနိုင်တယ်... ကြီးလေးတဲ့ပြစ်မှုတွေမှာဆိုရင် မင်းတို့တွေကို တက္ကသိုလ်ကနေ ကန်ထုတ်တာ ဒါမှမဟုတ် နေရာမှာတင်သတ်ဖြတ်တာတို့ ပြုလုပ်နိုင်တယ်”

ထိုနေရာအရောက်တွင် လူတိုင်းက ရင်တစ်ချက်ထိတ်သွားပြီး ဤကိစ္စ၏အတိမ်အနက်ကို တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

လူတိုင်း၏ မျက်လုံးထဲရှိကြောက်ရွံ့မှုကို ခံစားမိသွားပြီး ဘဏ္ဍာစိုးချန်က ကျေနပ်သဘောကျသွား၏။

“ငါရှင်းရှင်းပဲပြောလိုက်မယ်... မင်းတို့တွေထဲကတစ်ယောက်ယောက်က အမှားပြုလုပ်မယ်ဆိုရင် ငါတို့ရဲ့ဆက်ဆံရေးကို မထောက်ထားဘူးလို့ ငါ့ကိုအပြစ်မတင်ကြနဲ့”

“တကယ်တော့... ငါက မင်းတို့တွေနဲ့ အစကတည်းက ဘာပတ်သက်ဆက်နွယ်မှုမှရှိတာမဟုတ်ဘူး”

ထိုသို့ပြောရင်း သူ၏ ပိန်ပိန်ပါးပါးနောက်ကျောကို လူတိုင်းဘက်သို့ကျောပေးပြီး သူ၏ ဝတ်ရုံစကိုလှုပ်ခါကာ လှည့်ထွက်သွားလေသည်။

မင်းသမီးသက်တံနီက သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“ကမ္ဘာမြေအင်မော်တယ်လေး... နင်သူ့ရဲ့ခြိမ်းခြောက်မှုတွေကို ဘာမှအရေးစိုက်နေစရာမလိုဘူး... အဲ့ဒီမှာ အပြင်ဂိုဏ်းစည်းကမ်းထိန်းသိမ်းရေးတစ်ယောက်ရှိတယ်... တစ်ခုခုဖြစ်ပျက်လာမယ်ဆိုရင် အဲ့ဒီဘဏ္ဍာစိုးက တာဝန်ယူဖြေရှင်းရမယ့်သူမဟုတ်ဘူး”

“အဲ့ဒီအပြင်ဂိုဏ်းဘဏ္ဍာစိုးအများစုကလည်း အရင်တုန်းက အပြင်ဂိုဏ်းတပည့်တွေပဲ... ဒါပေမဲ့ သူတို့တွေက နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့ပြီးတာတောင် သူတို့တွေက ကောင်းကင်အင်မော်တယ်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ကြဘူး... အဲ့လိုနဲ့ သူတို့က အပြင်ဂိုဏ်းရဲ့ ဘဏ္ဍာစိုးလိုမျိုးအလုပ်တွေကို ပြုလုပ်ပေးနေရတာပဲ... သူတို့မှာဘာမှအထင်ကြီးစရာမရှိဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ငါတို့ရဲ့ အသေးအဖွဲကိစ္စတွေကို ကူညီပေးနိုင်အောင် အစေခံတချို့ကို သွားပြီးရွေးချယ်ရအောင်”

မင်းသမီးသက်တံနီက ဆူဇီမိုကို ဆွဲခေါ်ပြီး အစေခံဧရိယာဘက်သို့ တစ်ချက်သွားရောက်ကြည့်ရှုချင်လေသည်။

သူမသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးဖြစ်သော်လည်း သူမသည် တက္ကသိုလ်သို့ ဝင်ရောက်ခါစဖြစ်ပြီး အရာရာတိုင်းက သူမအတွက်အသစ်အဆန်းဖြစ်နေ၏။

သူမသည် ဤနေရာမှာ တစ်ချက်လှည့်ပတ်ကြည့်ရှုချင်လေသည်။

“ကျုပ်အတွက် အစေခံမလိုဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“မင်းသမီး...ခင်ဗျားဘာသာခင်ဗျားသွားပါ”

သူက တက္ကသိုလ်သို့ဝင်ရောက်ပြီးနောက် ချက်ချင်းပင်တံခါးပိတ်ကျင့်ကြံလိုလေသည်။

နှစ်တစ်သောင်းတွေ့ဆုံပွဲကိုရောက်ရှိဖို့က နှစ်တစ်ထောင်သာလိုတော့ပြီး အချိန်ကအတော်လေး အပူတပြင်းနိုင်နေပြီဖြစ်၏။

သူသည်ကြယ်တာရာဂိုဏ်းမှာ အမွေအနှစ်ကိုလက်ခံရရှိပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီပမာဏများစွာကို စုဆောင်းထားလေသည်။

သူက ယခုအချိန်မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို စုပ်ယူသန့်စင်ပြီး တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်ချင်လေသည်။

သူသည် နှစ်တစ်သောင်းတွေ့ဆုံပွဲမတိုင်ခင် သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်လိုလေသည်။

သူသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ နံပါတ်တစ်ဖြစ်ခဲ့၏။

သို့သော်လည်း ကျင့်ကြံမှုနယ်ပယ် ကွာဟချက်က အရမ်းကြီးမားနေမည်ဆိုလျှင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ သူက ယုံကြည်မှုကောင်းကောင်းရှိလိမ့်မည်မဟုတ်ပေ။

အဲ့ဒီမှာပို၍တော်သောတစ်ယောက်ယောက်က အမြဲတမ်းရှိလေသည်။ ဥပမာအားဖြင့် ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ယွင်ထင်ကဲ့သို့ ပြန်ဝင်စားမွန်းစတားတစ်ယောက်ရှိနေပြီဖြစ်၏။

နှစ်တစ်သောင်းတွေ့ဆုံပွဲကျလျှင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကို အသစ်တစ်ဖန်ပြန်လည်မွမ်းမံမည်ဖြစ်ပြီး မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများက ပေါ်ထွက်လာကြပေလိမ့်မည်။

All Chapters