ဗလာကျင်းနေသောခေါင်းတလား
Vol. 144 Ch. 2148
ထျန်ဟွမ်ကုန်းမြေတိုက်... ကန်းလန်ရိုးမတွင်။
ကျိယောင်ရွှယ်၏ စိတ်ဆန္ဒအရ သိုင်းတာအိုပင်မခန္ဓာသည် သူမကို ဤနေရာမှာ မြှုပ်နှံထားလေသည်။
သူက ဤနေရာကနေ ချက်ချင်းထွက်ခွာမသွားဘဲ တစ်နှစ်နီးပါးကြာသည်အထိ ဤနေရာကို တိတ်တဆိတ်စောင့်ကြပ်နေခဲ့၏။
တကယ်တော့... သိုင်းတာအိုပင်မခန္ဓာအတွက် အောက်ဘုံလောကမှာ သူ့ကိုဆွဲထားမည့်အရာ ဘာမှမရှိတော့ပေ။
သို့သော်လည်း သူကထွက်ခွာမသွားခဲ့ပေ။
အကြောင်းမှာ သူစဥ်းစားမရသည့် တစ်စုံတစ်ရာရှိနေသောကြောင့်ဖြစ်၏။
ကျိယောင်ရွှယ်က ဘယ်လိုသေသွားရတာလဲ”
ကျိယောင်ရွှယ်၏ ပါရမီအရည်အချင်းက သိပ်ပြီးညံ့ဖျင်းမနေပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ကျင့်ကြံရေးလောကသို့ စတင်ဝင်ရောက်စဥ်ကတည်းက ကောင်းကင်စိတ်ဝိညာဥ်ရင်းမြစ်တစ်ခုကို ပိုင်ဆိုင်ထားပြီး ထူးခြားသောပါရမီအရည်အချင်းနှင့်တစ်စုံတစ်ယောက် သေချာပေါက်ဖြစ်ခဲ့လေသည်။
သူမ၏ ပါရမီအရည်အချင်းက အလွန်တရာညံ့ဖျင်းနေမည်ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာသည် ဤနှစ်များအားလုံးအတွင်း သူမအတွက် မရေမတွက်နိုင်သောရတနာများနှင့် အင်မော်တယ်ဆေးလုံးများကို ရှာဖွေပေးခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် သူမစားသုံးဖို့အတွက် အောက်ဘုံလောကမှာ ရှာဖွေဖို့ဖြစ်နိုင်သမျှ ရတနာအများစုကို ရှာဖွေပေးခဲ့သည်ဟု ဆိုနိုင်လေသည်။
ဤမျှများပြားသော ရတနာများနှင့်ဆိုပါက သာမန်ကိုယ်ကာယနှင့်မော်တယ်တစ်ယောက်ပင်လျှင် နှစ်သုံးထောင်မှာ မူလနတ္ထိနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်ပေလိမ့်မည်။
သို့သော်လည်း ကျိယောင်ရွှယ်၏ ကျင့်ကြံမှုက ရပ်တန့်နေခဲ့၏။
ထူးဆန်းသောအရာမှာ ကျိယောင်ရွှယ်၏ ဘဝသက်တမ်းက တစ်နေ့ထက်တစ်နေ့ လျော့ကျလာခဲ့သော်လည်း သူမ၏ မျက်နှာက အိုမင်းရင့်ရော်သည့် မည်သည့်လက္ခဏာကိုမှ မပြသခဲ့ပေ။
အဲ့ဒါအတွက် အကြောင်းအရင်းက ဘာဖြစ်မလဲ။
ပြီးခဲ့သည့်နှစ်အတွင်း သိုင်းတာအိုပင်မခန္ဓာသည် ကျိယောင်ရွှယ်၏ မြေပုံကို စောင့်ကြပ်နေခဲ့ပြီး ဖြစ်နိုင်ခြေရှိသမျှနည်းလမ်းများအားလုံးကို တွေးတောနေခဲ့၏။
ကျိယောင်ရွှယ်သည် အသက်ရှင်ခဲ့စဥ်က တစ်ယောက်ယောက်က သူမကို တိတ်တဆိတ်ကျိန်စာတိုက်ခဲ့တာ ဖြစ်နိုင်မလား။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။
အဲ့ဒါက တကယ်ပင်ဖြစ်နိုင်ခြေရှိလေသည်။
ကျိန်စာတစ်ခု၏ စွမ်းအားက မကောင်းဆိုးဝါးဆန်၍ကြောက်စရာကောင်းလေသည်။
အဲ့ဒါက ဤကဲ့သို့သက်ရောက်မှုတစ်ခု တကယ်ပင်ဖြစ်စေနိုင်၏။
သို့သော်လည်း စုန်းမျိုးနွယ်ကို တျဲယွဲ့က ဖျက်ဆီးချေမှုန်းပစ်ခဲ့ပြီဖြစ်၏။
ဤကဲ့သို့သော ကျိန်စာတစ်ခုက ဘယ်နေရာကနေရောက်လာနိုင်မလဲ။ သူသည် ကျိယောင်ရွှယ်၏ အခြေအနေကို ယခင်က စစ်ဆေးကြည့်ခဲ့ပြီး ထူးခြားမှုတစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က မလှမ်းမကမ်းမှာရှိသော မြေပုံပေါ်သို့ ဆင်းသက်သွား၏။
အတန်ကြာ စဥ်းစားတွေးတောပြီးနောက် သူက မြေပုံကိုဖွင့်ကာ ကျိယောင်ရွှယ်၏ အလောင်းကို စစ်ဆေးကြည့်ဖို့ပြင်လိုက်၏။
ဤအပြုအမူသည် သေသူကို မလေးစားရာကျသော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အကြောင်းအရင်းကို နားလည်ရခြင်းမရှိဘဲ ကျိယောင်ရွှယ်ကို သေချာပေါက် သေခွင့်ပေးလိမ့်မည်မဟုတ်ပေ။
ဤနှစ်များမှာ သူသည် နတ်ဘုရားကုန်းမြေတိုက်မှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများစွာကို ရရှိခဲ့၏။ သူသန့်စင်ထားသော ဘုရင်ယွင်ရို၏ တာအိုသစ်သီးနှင့်အတူ သူသည်ကံကြမ္မာစက်ကွင်းနယ်ပယ်၏ အဆင့်-၈ ထိ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၏။
အရင်တုန်းက သူသည် ထူးခြားမှုတစ်စုံတစ်ရာကို မထောက်လှမ်းနိုင်ခဲ့ပေ။ ယခုသူက တိုးတက်လာခဲ့ပြီး တစ်ဖန်ပြန်လည်စစ်ဆေးကြည့်ဖို့ ပြင်လိုက်၏။
တစ်ယောက်ယောက်က ကျိယောင်ရွှယ်ကိုသတ်ဖြတ်ဖို့အတွက် ကျိန်စာတစ်ခုကို တကယ်ပဲ တိုက်ခဲ့သည်ဆိုလျှင် သူသည် ထိုလူကို ဖမ်းဆီးရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့တက်လှမ်းပြီး သူ၏ ဝတ်ရုံစကို ဝေ့ယမ်းလိုက်၏။ မြေပုံပေါ်မှ ရွှံ့ခဲများက စုတ်ပြဲသွားပြီး အတွင်းမှာရှိသောခေါင်းတလားက ပေါ်ထွက်လာ၏။
ခေါင်းတလားကို သိုင်းတာအိုပင်မခန္ဓာသည် ဝိညာဥ်အားဖြည့်သစ်သားဖြင့် ပြုလုပ်ထားပြီး အဲ့ဒါက နှစ်တစ်သောင်းကြာသည်အထိ ပုပ်သိုးဆွေးရိခြင်းမရှိဘဲ တည်မြဲနိုင်လေသည်။
မင်းဝမ်ဆုတောင်းပုတီးကိုလည်း ဝိညာဥ်အားဖြည့်သစ်သားကနေ ပြုလုပ်ထားခြင်းဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး သူ၏ လက်ချောင်းများကို ကွေးညွှတ်လိုက်၏။ သူက လေဟာနယ်ကကနေတစ်ဆင့် ညင်သာစွာ ဖမ်းဆွဲပြီး ခေါင်းတလားအဖုံးကို မလိုက်လေသည်။
ခေါင်းတလားအဖုံးက ကွာကျသွားသည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက မှင်တက်သွားရ၏။
သူ၏ စိတ်နေစရိုက်နှင့်ပင်လျှင် သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွား၏။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
သိုင်းတာအိုပင်မခန္ဓာသည် ရှေ့ကိုခြေလှမ်းအနည်းငယ်တိုးပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး တစ်ဖန်ပြန်လည်ကာ အာရုံစိုက်၍ကြည့်လိုက်၏။
ရလဒ်က အတူတူပင်ဖြစ်၏။
ခေါင်းတလားက ဗလာကျင်းနေ၏။
ကျိယောင်ရွှယ်၏ အလောင်းက ပျောက်ကွယ်သွားခဲ့လေပြီ။
ခေါင်းတလားထဲတွင် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ သူမအတွက် ဆူဇီမိုပြုလုပ်ပေးခဲ့သည့် ဝတ်စုံဖြစ်လေသည်။
အဲ့ဒါက အိုဟောင်းနေပြီး ယခုအချိန်မှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သို့သော်လည်း ကျိယောင်ရွှယ်၏ အလောင်းက ပျောက်ဆုံးနေလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ခေါင်းတလားကို ဖွင့်လိုက်ပြီးနောက် ဤကဲ့သို့သောရလဒ်ကို တွေ့မြင်ရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ကျိယောင်ရွှယ်သည် သူ၏ ရှေ့မှောက်မှာပင် ကွယ်လွန်သွားခဲ့ပြီး သူက သူမကို ဤနေရာမှာ ကိုယ်တိုင်မြှုပ်နှံပေးခဲ့၏။
ပြီးခဲ့သည့်တစ်နှစ်အတွင်း သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာကနေ လုံးဝထွက်ခွာမသွားခဲ့ပေ။
တစ်ယောက်ယောက်သည် ကျိယောင်ရွှယ်၏ အလောင်းကို ယူထုတ်သွားစရာအကြောင်းမရှိပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ စောင့်ကြည့်မှုအောက်မှာပင် ကျိယောင်ရွှယ်၏ အလောင်းက ပျောက်ကွယ်သွားခဲ့ပြီမှာ အမှန်ပင်ဖြစ်၏။
တကယ်ဆို သူသည် အဲ့ဒါကိုသတိပင်မထားမိခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့လျှောက်လှမ်းပြီး ခေါင်းတလားထဲရှိ အဝတ်များကိုကောက်ယူလိုက်၏။
ထိုအဝတ်များပေါ်မှာ ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုကျန်ရှိနေဆဲဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက အဝတ်များကိုသိမ်းဆည်းပြီး အလေးအနက်စဥ်းစားတွေးတောလိုက်၏။
သူသည် အောက်ဘုံလောကမှာ မရေမတွက်နိုင်သော ကမ္ဘာများသို့ လှည့်လည်သွားလာခဲ့ပြီး ထူးဆန်း၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများစွာကို တွေ့မြင်ခဲ့ဖူး၏။ သို့သော်လည်း ယခုသူ့ရှေ့မှာဖြစ်ပျက်နေသည့်အရာကို သူကရှင်းမပြနိုင်ပေ။
အစကတော့ သိုင်းတာအိုပင်မခန္ဓာသည် ကျိယောင်ရွှယ်သေဆုံးမှု၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ချင်ခဲ့၏။ သို့သော်လည်း အဲ့ဒါသည် ပို၍ပင် ကြီးမားသော လျှို့ဝှက်ဆန်းကြယ်မှုဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“ကောင်းကင်ဘုံဝံပုလွေ”
သိုင်းတာအိုပင်မခန္ဓာက အတွေးတစ်ချက်နှင့်အတူ သူ၏ သိုလှောင်အိတ်ထဲမှ သွေးတစ်စက်ကို ဆင့်ခေါ်လိုက်၏။
ထိုသွေးတစ်စက်မှာ အထက်ဘုံလောက၏ စိတ်ဝိညာဥ်အသိစိတ်တစ်ခုပါဝင်နေ၏။
သိုင်းတာအိုပင်မခန္ဓာသည် တစ်နေ့မှာ သူကအထက်ဘုံကိုတက်လှမ်းရမည်ကို သိထားလေသည်။
ထို့ကြောင့် သူသည် ကောင်းကင်ဘုံဝံပုလွေကို မသတ်ဖြတ်ခဲ့ပေ။ ထိုအစား သူက လောလောဆယ်မှာ ၎င်းကို သူ့ဘေးနားမှာထိန်းသိမ်းထားပြီး အနာဂတ်မှာ အထက်ဘုံလောကသို့ သူတက်လှမ်းသည့်အခါ အဲ့ဒါက အသုံးဝင်ကောင်းဝင်လာပေလိမ့်မည်။
ကောင်းကင်ဘုံဝံပုလွေသည် ကိစ္စအတော်များများကိုသိရှိထားလေသည်။ သို့သော်လည်း သူကအရမ်းကိုခေါင်းမာပြီး သူသိထားသောအရာများကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်နေခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် ကံကြမ္မာမီးတောက်များ၊ ကပ်ဘေးမီး၊ သိုင်းစိတ်ဝိညာဥ်မီးနှင့် နဂါးဖီးနစ်မီးတောက်များကို ထိန်းချုပ်၍ သူ့ကိုအဆက်မပြတ်ဖိနှိမ်ခဲ့ပြီးနောက် သူကတဖြည်းဖြည်းအညံ့ခံလာခဲ့၏။
ငရဲဖိနှိမ်မီးဖို၏ မူလဇာစ်မြစ်ကိုလည်း ကောင်းကင်ဘုံဝံပုလွေက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်၏။
“မဟာသခင်... ခင်ဗျားကို ကျုပ်ဘာကူညီပေးရမလဲ”
လေထဲမှာရှိသော သွေးစက်က ရိုကျိုးသောအမူအရာတစ်ခုနှင့်အတူ သေးငယ်သောဝံပုလွေသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။
သူက သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ မျက်နှာလိုမျက်နှာရ အကြည့်တစ်ခုနှင့်အတူ သူ၏ ခေါင်းကို ငုံ့ထားလေသည်။
ကောင်းကင်ဘုံဝံပုလွေသည် သိုင်းတာအိုပင်မခန္ဓာ၏ မီးတောက်လေးခုကို မခုခံနိုင်ဘဲ သူ့ကို ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုထားခဲ့ပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် ကျိယောင်ရွှယ်၏ အလောင်း ပျောက်ဆုံးသွားမှုကို ပြန်ပြောပြပြီး မေးလိုက်၏။
“အဲ့ဒါရဲ့အကြောင်းအရင်းကို မင်းသိလား”
ကောင်းကင်ဘုံဝံပုလွေကလည်း တွေဝေရှုပ်ထွေးသွား၏။
“ကျုပ်လည်းမသိဘူး”
ကောင်းကင်ဘုံဝံပုလွေက ပြန်ပြောလိုက်၏။
“အလောင်းက ပုပ်သိုးဆွေးရိသွားတယ်ဆိုရင် အဲ့ဒါက ခေါင်းတလားထဲမှာ အငွေ့အသက်တချို့ သေချာပေါက်ကျန်ရစ်ခဲ့ရမယ်... တကယ်တော့ အလောင်းကို ခင်ဗျားရဲ့စောင့်ကြည့်မှုအောက်ကနေ ယူထုတ်သွားဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး”
ဤကိစ္စသည် မည်သည့်လျှို့ဝှက်ချက်နှင့်မှ ပတ်သက်မနေသည့်အတွက် ကောင်းကင်ဘုံဝံပုလွေက တစ်စုံတစ်ရာကို ဖုံးကွယ်ထားစရာမလိုပေ။
သိုင်းတာအိုပင်မခန္ဓာကလည်း ကောင်းကင်ဘုံဝံပုလွေကို ညှင်းပန်းနှိပ်စက်ဖို့အတွက် သူ၏ မီးတောက်များကို အသုံးမပြုပေ။
သူက ဗလာကျင်းနေသောခေါင်းတလားရှေ့မှာမတ်တတ်ရပ်ပြီး အတန်ကြာသည့်အထိ တိတ်ဆိတ်နေပြီးမှ ရုတ်တရက်မေးလိုက်၏။
“အထက်ဘုံမှာ ပြန်ဝင်စားခြင်းနဲ့ တမလွန်လောကရှိတယ်မလား”
“အင်း ရှိတယ်”
ကောင်းကင်ဘုံဝံပုလွေက ခိုင်မာသောလေသံဖြင့် ချက်ချင်းပင်ပြန်ဖြေလိုက်၏။
“အဲ့ဒါက ဘယ်သက်ရှိပဲဖြစ်ဖြစ် သူတို့သေပြီးသွားရင် သူတို့က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဝင်ရောက်ပြီး တမလွန်လောကမှာ သူတို့ရဲ့အမှတ်အသားတွေကို ချန်ရစ်ခဲ့ရလိမ့်မယ်”
“အထက်ဘုံမှာရှိတဲ့ ပညာရှင်တချို့က ပကတိဧကနယ်ပယ်ရဲ့ အဆင့်-၃ ထိကျင့်ကြံပြီးရင် သူတို့ရဲ့ဝိညာဥ်အမှတ်အသားတွေကိုတောင်မှ ချန်ရစ်ခဲ့နိုင်တယ်”
“သူတို့က သူတို့ရဲ့အမှတ်အသားတွေဖျက်ဆီးခံရခြင်းမရှိဘဲ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဝင်ရောက်နိုင်လိမ့်မယ်”
“သူတို့က အနာဂတ်မှာ ပြန်လည်မွေးဖွားလာပြီး ကျင့်ကြံရေးလောကကို ဝင်ရောက်လာမယ်ဆိုရင် သူတို့က ပကတိအင်မော်တယ်နယ်ပယ်ကို ရောက်ရှိလာပြီးတဲ့နောက် သူတို့ရဲ့ အရင်ဘဝကမှတ်ဉာဏ်တွေကိုပြန်ပြီးတော့ နိုးထလာစေနိုင်လိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အထက်ဘုံမှာ လှုပ်ရှားသွားလာခဲ့သည့်နှစ်များက သူသည် ပြန်ဝင်စားအင်မော်တယ်များ၏ ဒဏ္ဍာရီတချို့ကိုကြားဖူးခဲ့သော်လည်း သူက သူတို့ကို ယခုချိန်ထိ မတွေ့မြင်ဖူးသေးပေ။
ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ အခြေအနေများကလည်း အရမ်းကိုတင်းကျပ်လေသည်။
သူတို့၏ ကျင့်ကြံမှုများက ဤလက်ရှိဘဝမှာ ပကတိအင်မော်တယ်နယ်ပယ်သို့ရောက်ရှိနေမှသာ အဲ့ဒါကဖြစ်နိုင်လေသည်။
ကျိယောင်ရွှယ်သည် သူမသေဆုံးပြီးနောက် ဝိညာဥ်အမှတ်အသားတစ်စုံတစ်ရာကို ချန်ထားရစ်ခဲ့နိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း ကောင်းကင်ဘုံဝံပုလွေပြောသည့်အတိုင်းပင် အဲ့ဒါက မည်သည့်သက်ရှိပင်ဖြစ်စေ သူတို့သည် သေဆုံးပြီးနောက် တမလွန်လောကမှာ သူတို့၏ အသွေ့အသက်များကို ချန်ထားရစ်ခဲ့ရပေလိမ့်မည်။ တစ်နေ့မှာ သူသည် တမလွန်လောကသို့ တစ်ချက်သွားရောက်ကြည့်ရှုရပေလိမ့်မည်။
ကျိယောင်ရွှယ်နှင့်ပတ်သက်သည့် ဤလျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းဖို့အတွက် ဤနည်းလမ်းတစ်ခုသာလျှင် ရှိတော့လေသည်။
သိုင်းတာအိုပင်မခန္ဓာက နက်နက်ရှိုင်းရှိုင်း သက်ပြင်းတစ်ချက်ချပြီး သူ၏ ဝတ်ရုံစကိုဝေ့ယမ်းကာ ဗလာကျင်းနေသောခေါင်းတလားကိုပြန်ဖုံး၍ တီးတိုးရေရွတ်လိုက်၏။
“သွားကြတာပေါ့... ထွက်ခွာဖို့အချိန်ကျပြီ”
“ဘယ်ကိုလဲ”
ကောင်းကင်ဘုံဝံပုလွေကမေးလိုက်၏။
“အထက်ဘုံ”
သိုင်းတာအိုပင်မခန္ဓာက ပြန်ဖြေလိုက်၏။