မိစ္ဆာမဟာနယ်မြေ
Vol. 144 Ch. 2149
အထက်ဘုံလောကအကြောင်းပြောချိန်မှာ ကောင်းကင်ဘုံဝံပုလွေ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာ၏။
သို့သော်လည်း သူက အဲ့ဒါကို အလျင်အမြန် ရုပ်သိမ်းပြီး သူ၏ မျက်လုံးထဲရှိ အလင်းရောင်က ပျောက်ကွယ်သွား၏။
သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံဝံပုလွေကို သိုလှောင်အိတ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်၏။
သူ့သိုလှောင်အိတ်၏ ထောင့်တစ်နေရာမှာ ငွေရောင်အလင်းတစ်ခုက တောက်ပနေပြီး သူက အဲ့ဒါကို အတွေးတစ်ချက်ဖြင့် ထုတ်ယူလိုက်၏။
အဲ့ဒါသည် အထက်ဘုံမှလာသော ငွေမျက်နှာဖုံးတစ်ခုဖြစ်ပြီး အဲ့ဒါက ရတနာတစ်ခုလည်းဖြစ်၏။
အဲ့ဒါသည် လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ပေးနိုင်ရုံသာမက အဲ့ဒါသည် အခြားသူများ၏ စိတ်ဝိညာဥ်ဖြင့် ထောက်လှမ်းမှုကိုပါ ပိတ်ဆို့တားဆီးပေးနိုင်၏။
အရင်တုန်းက ကောင်းကင်ဘုံဝံပုလွေသည် ဤငွေမျက်နှာဖုံးထဲမှာ ပုန်းခိုပြီး ငရဲဖိနှိမ်မီးဖိုနှင့်အတူ အထက်ဘုံကနေကျဆင်းလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှတွေးတောပြီး ငွေရောင်မျက်နှာဖုံးကို တပ်ဆင်လိုက်၏။
ငွေရောင်မျက်နှာဖုံးသည် ပုစဥ်းတောင်ပံများကဲ့သို့ ပါးလွှာပြီး သူ၏ မျက်နှာနေရာအများစုကို ဖုံးကွယ်ပေးထားနိုင်၏။ အဲ့ဒါက သူ၏ အသက်ရှုခြင်းကို လုံးဝမသက်ရောက်ဘဲ နက်ရှိုင်းသောမျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထား၏။
သူသည် တက်လှမ်းပြီးနောက် ဘယ်ကုန်းမြေသို့ ဆင်းသက်မည်ကို မသိရပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ တက်လှမ်းခဲ့စဥ်က အမဲလိုက်ခံခဲ့ရသောကြောင့် သတိထားသည့်အနေဖြင့် သိုင်းတာအိုပင်မခန္ဓာက ငွေရောင်မျက်နှာဖုံးကို တပ်ဆင်လိုခြင်းဖြစ်လေသည်။
ဒါ့အပြင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အထက်ဘုံမှာ သူ့ကိုယ်သူအထိုင်ချခါစဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက တက်လှမ်းပြီးနောက် သူ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ထုတ်ဖော်ထားမည်ဆိုလျှင် အဲ့ဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် ပို၍ပင်များပြားသော ရန်သူများကို ဖြစ်ပေါ်လာစေနိုင်ပြီး မလိုအပ်သော ပြဿနာများကိုဆောင်ကျဉ်းပေးလာနိုင်၏။
သိုင်းတာအိုပင်မခန္ဓာက လေထဲသို့ ဖြည်းဖြည်းချင်းတက်လာပြီး ကောင်းကင်ထက်ကိုမော့ကြည့်လိုက်၏။ သူက ကောင်းကင်ဘုံကပ်ဘေးကို နှိုးဆွဖို့အတွက် ပကတိမဟာယာနအဆင့် စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်၏။
ယခု... သိုင်းတာအိုပင်မခန္ဓာက အဆင့်-၈ ကံကြမ္မာစက်ကွင်းနယ်ပယ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူ၏ တွက်ချက်မှုအရ သူ၏ ခွန်အားသည် ကမ္ဘာမြေအင်မော်တယ်နယ်ပယ်ကနေ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွားလောက်လေပြီ။
သူ၏ ကျင့်ကြံမှုနယ်ပယ်အရ စိတ်ဝိညာဥ်အသိစိတ်အပေါ် သူ၏ ထိန်းချုပ်မှုက တကယ့်ကိုထိပ်တန်းအဆင့်ဖြစ်လေသည်။
ဤနှစ်များအတွင်း ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို နားလည်ဆင်ခြင်ဖို့အတွက် သူသည် အဲ့ဒါကို ကြိမ်ဖန်များစွာ ဆင့်ခေါ်ခဲ့ပြီး ကပ်ဘေးမီးကို ကျင့်ကြံခဲ့လေသည်။
အောက်ဘုံများလောကများမှာ သူတို့သည် ပကတိမဟာယာနနယ်ပယ်သို့ ကျင့်ကြံပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သည်နှင့်အမျှ သူတို့သည် ကောင်းကင်ဘုံကပ်ဘေးကို ဆင်းသက်လာစေနိုင်မည်ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက ကံကြမ္မာကိုလှည့်စားသော ဤကဲ့သို့သောနည်းလမ်းများဖြင့် အသားကျနေခဲ့ပြီဖြစ်၏။
ဘုန်း... ဘုန်း.... ဘုန်း...
တစ်ခဏချင်းမှာပင် နက်မှောင်နေသော တိမ်စိုင်များက ကောင်းကင်တစ်ခွင်ပြည့်နှက်သွားပြီး ထိန်းမနိုင်သိမ်းမရ စွမ်းအားတစ်ခုနှင့်အတူ မိုးကြိုးလျှပ်စီးများက တဝုန်းဝုန်းမြည်၍ ကောင်းကင်ဘုံကပ်ဘေးက ပေါ်ထွက်လာခဲ့၏။
ထိုမြင်ကွင်းက ထျန်ဟွမ်ကုန်းမြေတိုက်၏ ကျင့်ကြံသူများစွာကို ဆွဲဆောင်မိသွား၏။
သူတို့ကြားမှာ ဆူဇီမို၏ မိတ်ဆွေဟောင်းများဖြစ်သော ဖက်တီးလေး၊ လမ့်ရို၊ ကျိရှန်းချန်၊ တစ်ကိုယ်တော်တိမ်စိုင်.. တို့လည်းပါဝင်လေသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားသော ခရမ်းရောင်ဝတ်ပုံရိပ်က ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို ခံယူနေ၏။ သူ၏ ခန္ဓာကိုယ်က အနာကွန်ဒါများနှင့်ဆင်တူသော မိုးကြိုးလျှပ်စီးများဖြင့် ရစ်ပတ်ခံလိုက်ရပြီး အပေါ်သို့ဖြည်းဖြည်းချင်းနွယ်တက်သွား၏။
ပုံရိပ်က တက်လှမ်းခြင်းဖြစ်စဥ်တွင်... လုံးဝရပ်တန့်မသွားခဲ့ပေ။
ကမ္ဘာဖျက်ကောင်းကင်ဘုံကပ်ဘေးသည် ဤလူ့အတွက် အယားပြေရုံလောက်သာရှိသည့်ပုံပင်။
တစ်ခဏချင်းမှာပင် ကောင်းကင်ဘုံကပ်ဘေးလေးခုက ပျက်ပြယ်သွားခဲ့လေသည်။
ခရမ်းရောင်ပုံရိပ်ကလည်း မိုးကောင်းကင်၏ အစွန်းတစ်ဘက်ကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
“ဒီတစ်ခေါက်တော့ သူက တကယ်ထွက်သွားပြီပဲ”
လမ့်ရိုက ညင်သာစွာပြောလိုက်၏။
လူတိုင်းက အသံတိတ်နေပြီး ဝမ်းနည်းမှုတစ်စွန်းတစ်စနှင့်အတူ စိတ်ခံစားချက်များစွာ ဖြစ်ပေါ်နေကြ၏။
သူတို့သည် ဆူဇီမိုနှင့် သိကျွမ်းခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သော်လည်း နှစ်ပေါင်းထောင်ချီကြာပြီးနောက် အထက်ဘုံသို့ တက်လှမ်းနိုင်သည့်အဆင့်ထိ လူတိုင်းက မကျင့်ကြံနိုင်ခဲ့ပေ။
တကယ်ဆို... သူတို့ထဲမှအချို့သည် သူတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံး တက်လှမ်းနိုင်ချင်မှ တက်လှမ်းနိုင်ပေလိမ့်မည်။
ကျိရှန်းချန်က ပြောလိုက်၏။
“လူတိုင်းရဲ့ကံကြမ္မာတွေက မတူကြဘူး... အဲ့ဒါနဲ့ပတ်သက်ပြီး ငါတို့ပြုပြင်ပေးနိုင်တာ ဘာမှမရှိဘူး... ငါက ဒီဘဝမှာ ညီကိုဆူနဲ့သိကျွမ်းခဲ့ရတဲ့အတွက် ငါ့မှာဘာနောင်တမှရှိမှာ မဟုတ်တော့ဘူး”
“ငါတို့ ကြိုးကြိုးစားစားကျင့်ကြံကြတာပေါ့... နှစ်သုံးထောင်နဲ့မလုံလောက်ဘူးဆိုရင် ငါတို့နှစ်သုံးသောင်းကျင့်ကြံကြမယ်... တစ်နေ့မှာ ငါတို့လည်းတက်လှမ်းနိုင်ရမယ်”
ဖက်တီးလေးက အလွန်တရာအကောင်းမြင်စိတ်ဖြင့် ပြုံးလိုက်လေသည်။
“ဘယ်သူသိမလဲ... အဲ့ဒီအချိန်ကျရင် နောင်ကြီးကအထက်ဘုံမှာ နာမည်ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ပြီးသွားလောက်ပြီ... အဲ့ဒါဆိုရင် ငါတို့တက်လှမ်းတဲ့အချိန်မှာပဲ သူ့ရဲ့အရိပ်အာဝါသအောက်မှာ ခိုလှုံနိုင်ပြီ”
လူတိုင်းက အကြည့်ချင်းဖလှယ်ပြီး ပြုံလိုက်ကြ၏။ သူတို့၏ ရင်ထဲရှိဝမ်းနည်းမှုများက သိသိသာသာလျော့ကျသွားပြီး သူတို့က လူစုခွဲလိုက်ကြ၏။
.........
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဘေးပတ်လည်မှာ ရစ်ပတ်ထားသော သိပ်သည်းပြင်းထန်သည့် စုပ်ယူအားတစ်ခုကို ခံစားနေရပြီး အပေါ်သို့ ပျံတက်လာခဲ့၏။
အစကတော့... သူအောက်ကိုငုံ့ကြည့်သောအခါ အောက်ဘက်မှာရှိသောထျန်ဟွမ်ကုန်းမြေတိုက်ကို တွေ့မြင်နိုင်နေသေး၏။
သူတို့ကြား အကွာအဝေးက တဖြည်းဖြည်းပိုတိုးလာပြီး ထျန်ဟွမ်ကုန်းမြေတိုက်သည် ဖုန်မှုန့်တစ်မှုန့်ကဲ့သို့ အစက်အပြောက်တစ်ခု ဖြစ်လာခဲ့ပြီး နောက်ဆုံး သူ၏ မြင်ကွင်းကနေ လုံးဝပျောက်ကွယ်သွား၏။
မသိလိုက်မသိဘာသာအချိန်တစ်ခုကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် အလွှာပါးတစ်ခုကို ဖြတ်ကျော်လာသည်ဟုခံစားလိုက်ရ၏။
ရုတ်တရက် ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး သူ့ကိုခပ်ဖျော့ဖျော့ ကောင်းကင်နှင့်မြေကြီး အမြုတေချီက ရစ်သိုင်းလာခဲ့၏။
သူထင်တာမမှားဘူးဆိုလျှင် ထိုအလွှာပါးသည် အထက်ဘုံနှင့်အောက်ဘုံကြား အဟန့်အတားဖြစ်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက အနည်းငယ် လှုပ်ရှားရုန်းကန်ကြည့်လိုက်၏။ ကောင်းကင်အင်မော်တယ်တစ်ယောက်နှင့်ယှဥ်နိုင်သော သူ၏ အဆင့်-၈ ကံကြမ္မာစက်ကွင်းခွန်အားနှင့်ပင်လျှင် သူသည် သူ့ကိုချုပ်နှောင်ထားသော စုပ်ယူအားကနေ မလွတ်မြောက်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ကြယ်ပင်လယ်ကို ဖြတ်ကျော်လာခဲ့၏။ အတန်ကြာပြီးနောက် သူ၏ ဦးခေါင်းထက်မှာ ကြီးမားသောအရိပ်တစ်ခုပေါ်ထွက်လာပြီး အဆက်မပြတ် ဆန့်တန်းသွား၏။
သူမတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ပုံရိပ်က အာကာသဥမင်တစ်ခုထဲသို့ ဝင်ရောက်သွားပုံရ၏။
လောကက လည်ပတ်သွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာခဲ့၏။
“နောက်ထပ်တက်လှမ်းသူတစ်ယောက်ရောက်လာပြီ”
“ဒီလူအပါဆိုရင် ငါတို့က လူတစ်ရာကိုစုမိသွားပြီ... အဲ့ဒီလူကိုဖမ်းဆီးပြီး ထွက်ခွာဖို့ပြင်ကြတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ရပ်လိုက်သည့်ခဏမှာပင် သူ၏ ဘေးပတ်လည်မှ စကားသံတချို့ထွက်ပေါ်လာ၏။
သူက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။
သူသည် ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့်အတူ ယဇ်ပူဇော်စင်မြင့်တစ်ခုနှင့် ဆင်တူသောနေရာတစ်ခုပေါ်မှာ မတ်တတ်ရပ်နေ၏။ ဤနေရာသည် အထက်ဘုံနှင့်ထျန်ဟွမ်ကုန်းမြေတိုက်ကြား နယ်စပ်မှာထက် အမြုတေချီများစွာပိုမိုကြွယ်ဝလေသည်။
ယဇ်ပူဇော်စင်မြင့်၏ ဘေးပတ်လည်မှာ ကျင့်ကြံသူဆယ်ယောက်ကျော်က မတ်တတ်ရပ်နေကြ၏။ သူတို့အားလုံးက အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ကြမ်းကြုတ်ခက်ထန်သော အမူအရာများရှိကာ သန်မာသောသွေးနံ့ကို ထုတ်ဖော်ထားကြ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်လိုက်၏။
ကျင့်ကြံသူများ၏ ကျင့်ကြံမှုများက အမျိုးမျိုးကွဲပြားသော်လည်း သူတို့အားလုံးက မဟူရာအင်မော်တယ်များဖြစ်လေသည်။ သူတို့ထဲမှ အချို့က အဆင့်-၇ နှင့် အချို့က အဆင့်-၈ ဖြစ်ကြ၏။
ကျင့်ကြံမှုအမြင့်မားဆုံးလူက အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လေသည်။ သူ၏ အနက်ရောင်ဝတ်ရုံအပြင် သူက ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူက ဤအုပ်စု၏ ခေါင်းဆောင်နှင့် တူလေသည်။
မလှမ်းမကမ်းမှာ ကျင့်ကြံသူ ၉၉ ယောက်က ဒူးထောက်နေကြ၏။
ကျင့်ကြံသူတိုင်းသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။ သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် တောက်ပနေပြီး သူတို့အားလုံး၏ ကျင့်ကြံမှုနယ်ပယ်သည် အဆင့်-၁ မဟူရာအင်မော်တယ်များသာဖြစ်ကြ၏။
ကြည့်ရသည်မှာ ဤကျင့်ကြံသူ ၉၉ ယောက်သည် ယခုမှတက်လှမ်းလာသည့်ပုံပင်။
“ဟေး... နိမ့်ကျသက်ရှိ မင်းအဲ့ဒီမှာဘာရပ်လုပ်နေတာလဲ... အောက်ကိုဆင်းလာခဲ့စမ်း”
အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်က သိုင်းတာအိုပင်မခန္ဓာထံသို့ လျှောက်လှမ်းလာပြီး အော်ငေါက်လိုက်လေသည်။
“ဒါကဘယ်ကမ္ဘာလဲ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ သိုလှောင်အိတ်ကို အနည်းငယ်ဖွင့်ပြီး ရုတ်တရက်မေးလိုက်၏။
“ဒီအော်ရာက...”
ကောင်းကင်ဘုံဝံပုလွေက အဲ့ဒါကို ဂရုတစိုက်အာရုံခံပြီး သူ၏ မျက်လုံးက ဝင်းလက်သွား၏။
“ဒါက... ကောင်းကင်ဘုံကမ္ဘာရဲ့ မိစ္ဆာမဟာနယ်မြေဖြစ်ရမယ်”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။
ကောင်းကင်ဘုံကမ္ဘာက အလွန်တရာကျယ်ပြောပြီး အဲ့ဒါကို အကြမ်းဖျင်းအားဖြင့် နယ်မြေဒေသသုံးခု ခွဲခြားထားလေသည်။
မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ၊ သုခဘုံသန့်စင်ကုန်းမြေနှင့် မိစ္ဆာမဟာနယ်မြေတို့ကို အထွတ်အမြတ်သစ်ပင်က ပိုင်းခြားပေးထားလေသည်။
သူနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်ဘုံကမ္ဘာသို့ တက်လှမ်းလာခဲ့ကြသော်လည်း သူတို့က တူညီသောနေရာဒေသမှာရှိမနေဘဲ အရမ်းကိုဝေးကွာနေကြ၏။
မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် မိစ္ဆာမဟာနယ်မြေကိုမပြောနှင့် အင်မော်တယ်မဟာနယ်မြေကိုးခုအတွင်းမှာပင်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ လက်ရှိခွန်အားအရ လှည့်လည်သွားလာဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
“မိစ္ဆာမဟာနယ်မြေ”
သိုင်းတာအိုပင်မခန္ဓာက လေးနက်စွာစဥ်းစားတွေးတောလိုက်၏။
လျှောက်လှမ်းလာနေသော အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်သည် သိုင်းတာအိုပင်မခန္ဓာက ယခုအချိန်ထိ တုံ့ပြန်မလာသည်ကို တွေ့ရသောအခါ သူက မကောင်းဆိုးဝါးဆန်ဆန်ရယ်မော၍ အော်ငေါက်လိုက်၏။
“မိုက်မဲတဲ့ကောင်... မင်းငါ့ရှေ့မှာဘယ်လိုတောင် အေးတိအေးစက် လုပ်ရဲတာလဲ”
အထက်ဘုံသို့ ယခုတင်ရောက်ရှိလာသော တက်လှမ်းလာသူတိုင်းသည် လောကမှာ သူတို့ကိုယ်သူတို့ ပြိုင်စံရှားများဟု မှတ်ယူနေတတ်ကြလေသည်။
သို့သော်လည်း သူတို့၏ မျက်လုံးထဲမှာ တက်လှမ်းလာသူများအားလုံးသည် အချိန်မရွေး သတ်ဖြတ်ခံရနိုင်သည့် စဉ်းတီတုံးပေါ်ရောက်ရှိနေသည့် ငါးများကဲ့သို့ဖြစ်၏။
ဤလူသည် ယခုတင်တက်လှမ်းလာသည့် ခရမ်းရောင်ဝတ်လူကို သင်ခန်းစာတစ်ခုပေးဖို့ ပြင်ဆင်လိုက်လေသည်။ အဲ့ဒါမှသာ သူကအခြေအနေမှန်ကို နားလည်သဘောပေါက်သွားမည်ဖြစ်၏။
ဒူးထောက်နေသော လူအုပ်ကြားထဲမှာ လူအိုကြီးတစ်ယောက်က အဲ့ဒါကို မကြည့်ရက်နိုင်ဘဲ လှမ်းအော်ပြောလိုက်၏။
“တာအိုရောင်းရင်း မြန်မြန်ဆင်းလာခဲ့... ခင်ဗျားက မကြုံသင့်တဲ့ကပ်ဘေးတစ်ခုနဲ့ မကြုံတွေ့ရအောင် သူတို့စကားကို အရင်နားထောင်လိုက်”
“ဘာမကြုံသင့်တဲ့ကပ်ဘေးလဲ”
သိုင်းတာအိုပင်မခန္ဓာက လူအိုကြီးကို လှည့်ကြည့်ပြီး မှင်သေသေဖြင့်မေးလိုက်၏။
လူအိုကြီးက သက်ပြင်းချလိုက်၏။
“လူငယ်လေး... မင်းကအခုမှတက်လှမ်းလာတာဆိုတော့... လက်ရှိ အခြေအနေကို မသိလောက်သေးဘူး... မင်းက အောက်ဘုံလောကမှာ ဘယ်လိုအဆင့်အတန်းပဲရှိခဲ့ရှိခဲ့... မင်းက ဘယ်လောက်ပဲကျော်ကြားခဲ့ ကျော်ကြားခဲ့... မင်းကဒီနေရာကို တက်လှမ်းလာပြီးရင် မင်းရဲ့ကံကြမ္မာကိုလက်ခံပြီး ဦးညွှတ်ရလိမ့်မယ်”
“ဘေးမှာရှိတဲ့ ဟိုအလောင်းတွေကိုတွေ့လား... အဲ့ဒီသူတွေက နာခံမှုမရှိလို့ အသတ်ခံလိုက်ရတဲ့လူတွေပဲ”