← Chapters

အားလုံးသေကုန်ပြီ

Vol. 144 Ch. 2150

အားလုံးသေကုန်ပြီ

Vol. 144 Ch. 2150

ယဇ်ပူဇော်စင်မြင့်၏ ဘေးပတ်လည်မှာ တကယ်ပင်အရိုးများဖြင့် ပြည့်နှက်နေ၏။

အလောင်းတချို့သည် သူတို့ပေါ်မှာ လတ်ဆတ်သောအသားများပင် ရှိနေသေးပြီး သူတို့သေဆုံးသွားသည်မှာ သိပ်မကြာသေးသည့်ပုံပင်။

“အဖိုးကြီး... မင်းတော်တော်စကားများတာပဲ”

နောက်ထပ် အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်က သူ့လက်ထဲရှိချိန်းကြိုးကိုမြှောက်ပြီး ပြင်းထန်စွာပစ်ရိုက်ချလိုက်၏။

ဖြောင်း...

ချက်ချင်းပင် လူအိုကြီး၏ ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲဒဏ်ရာတစ်ခုပေါ်ထွက်လာပြီး သူ၏ အသားက ကွဲထွက်သွား၏။

လူအိုကြီးက ခပ်သဲ့သဲ့ညည်းတွားပြီး နာကျင်နေသောအမူအရာဖြင့် တဆတ်ဆတ်တုန်ယင်ကာ မည်သည့်အရာကိုမှ ဆက်လက်၍ မပြောဆိုရဲတော့ပေ။

ထိုအချိန်တိုအတွင်းမှာ အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်က ယဇ်ပူဇော်စင်မြင့်ထက်သို့ ရောက်ရှိလာခဲ့၏။

ထိုသူက ရှေ့သို့တက်လှမ်းလာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ငွေရောင်မျက်နှာဖုံးကို လှမ်းဆွဲလိုက်၏။

“မင်းက မိစ္ဆာမဟာနယ်မြေမှာ မျက်နှာဖုံးတစ်ခုကို ဘယ်လိုတောင်တပ်ထားရဲတာလဲ... ချွတ်စမ်း”

သိုင်းတာအိုပင်မခန္ဓာက လှည့်ကြည့်ခြင်းပင်မရှိဘဲ သူ၏ ဝတ်ရုံစကို ဝေ့ယမ်းကာ အဆင့်-၆ မဟူရာအင်မော်တယ်ကို အင်္ကျီလက်စဖြင့် ပုတ်ထုတ်လိုက်လေသည်။

ဖြောင်း...

အဆင့်-၆ မဟူရာအင်မော်တယ်၏ ခန္ဓာကိုယ်က နေရာမှာပင်ပေါက်ကွဲထွက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ သွေးမြူတစ်ခုအဖြစ်ပြောင်းလဲသွား၏။

လူတိုင်းက အသံတိတ်သွားကြ၏။

အနက်ရောင်ဝတ်ကျင့်ကြံသူများသည် အစက ရွှင်ပျစွာစကားပြောဆိုနေခဲ့ကြ၏။ ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ အပြုံးများက အေးခဲတောင့်တင်းသွားလေသည်။

သူတို့၏ ခြေလက်များကို ချိန်းကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး မြေပြင်ပေါ်မှာ ဒူးထောက်နေကြရသည့် ကျင့်ကြံသူ ၉၉ ယောက်ကလည်း တုန်လှုပ်နေသော အမူအရာများဖြင့် ကြောင်အ,မှင်တက်နေကြ၏။

သူတို့၏ မျက်လုံးများထဲမှာ အရမ်းကိုသန်မာသော အထက်ဘုံမှကျင့်ကြံသူတစ်ယောက်သည် ဤတက်လှမ်းလာသူ၏ သာမန်ကာလျှံကာ အင်္ကျီလက်စဝေ့ယမ်းခြင်းဖြင့် ခုခံနိုင်ခြင်းမရှိဘဲ သတ်ဖြတ်ခံလိုက်ရ၏။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

သူတို့အားလုံးက တက်လှမ်းလာကြသူများဖြစ်ကြ၏။ ဤလူက ဤမျှအထိသိပ်သည်းပြင်းထန်သော စွမ်းအားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားနိုင်ရတာလဲ။

သူတို့သာလျှင် တွေဝေရှုပ်ထွေးသွားကြသည်မဟုတ်ပေ။ အထက်ဘုံလောက၏ မိစ္ဆာမဟာနယ်မြေ ကျင့်ကြံသူများကလည်း အကြောင်းအရင်းကိုနားမလည်နိုင်ဘဲ နေရာမှာပင်မှင်တက်နေကြ၏။

သိုင်းတာအိုပင်မခန္ဓာက သူတို့ထံသို့ ယဇ်ပူဇော်စင်မြင့်ထက်ကနေ ဖြည်းဖြည်းချင်းဆင်းလာခဲ့၏။

လူများကြားမှာ ခေါင်းဆောင်ဖြစ်သော အနက်ရောင်ချပ်ဝတ်လူက အရင်ဆုံးတုံ့ပြန်လာခဲ့၏။ သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လျင်မြန်စွာထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာကို စစ်ဆေးကြည့်လိုက်၏။

သို့သော်လည်း ထိုလူက ပို၍ပင်ဒွိဟဖြစ်သွား၏။

သူ့စိတ်ဝိညာဥ်အသိစိတ် ကျင့်ကြံမှုနှင့်ပင်လျှင် သူသည် တက်လှမ်းလာသူ၏ ကျင့်ကြံမှုနယ်ပယ်ကို မထောက်လှမ်းနိုင်ပေ။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ယခုတင် တက်လှမ်းလာသော အောက်ဘုံမှကျင့်ကြံသူတစ်ယောက်သည် သူ့ထက်ပိုမိုမြင့်မားသော ကျင့်ကြံမှုနယ်ပယ်မှာရှိနေစရာ အကြောင်းမရှိပေ။

ဤလူက ကျင့်ကြံမှုဖုံးကွယ်ခြင်းနည်းစနစ်တချို့ကို ကျင့်ကြံထားတာများလား။

ထိုသို့သာဖြစ်ရပေမည်။

အနက်ရောင်ချပ်ဝတ်အမျိုးသားက အကဲဖြတ်လိုက်၏။

တကယ်တမ်းမှာတော့ သူမပြောနှင့် သူ့ထက် ကျင့်ကြံမှုနယ်ပယ် များစွာပိုမိုမြင့်မားသော ကောင်းကင်အင်မော်တယ်များနှင့် ပကတိအင်မော်တယ်ပညာရှင်များပင်လျှင် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပေ။

သိုင်းတာအိုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများကနေ ကွဲပြားခြားနားနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါမှမရှိခဲ့ဖူးသည့် လမ်းကြောင်းအသစ်တစ်ခုကို ဖောက်လုပ်ပြီး ကံကြမ္မာစက်ကွင်းနယ်ပယ်ကို ဖန်တီးခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာသည်ပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အကူအညီနှင့်အတူ သူ၏ ကျင့်ကြံမှုနယ်ပယ်ကို အကြမ်းဖျင်းသာကောက်ချက်ချနိုင်လေသည်။

“တက်လှမ်းလာတဲ့သူ... မင်း ဆင်ဆင်ခြင်ခြင်နေတာပိုကောင်းလိမ့်မယ်”

အနက်ရောင်ချပ်ဝတ်လူက အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်ပြီး သူ့နောက်ဘက်မှာရှိသော မဟူရာအင်မော်တယ်များက အလျင်အမြန်လူစုခွဲလိုက်ကြ၏။ သူတို့က သူတို့၏ ဓမ္မရတနာများကို ဆင့်ခေါ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ဝိုင်းပတ်လိုက်ကြ၏။

“ဒါက... သဲဝါနန်းတော်ရဲ့ ပိုင်နက်နယ်မြေပဲ”

လူတိုင်းက သိုင်းတာအိုပင်မခန္ဓာကို ဝိုင်းပတ်ထားပြီကို တွေ့မြင်ရသောအခါ အနက်ရောင်ချပ်ဝတ်လူက စိတ်သက်သာရာရသွားပြီး လှောင်ရယ်လိုက်၏။

“မင်းကဒီနေရာမှာလာပြီး သတ်ဖြတ်တယ်ဆိုတော့.. အသက်ရှင်ရတာကို ငြီးငွေ့နေတာပဲဖြစ်ရမယ်”

“မိစ္ဆာမဟာနယ်မြေမှာ အသန်မာဆုံးသူသာရှင်သန်နိုင်မယ် ...အရာရာတိုင်းက တောတွင်းဥပဒေသအတိုင်းပဲ”

ကောင်းကင်ဘုံဝံပုလွေ၏ အသံက သိုလှောင်အိတ်ထဲကနေထွက်ပေါ်လာ၏။

“တခြားနေရာတွေမှာဆိုရင် ဟိတ်ဟန်ထုတ်တာတွေ ရှိကောင်းရှိနေနိုင်တယ်... ဒါပေမဲ့ ဒီနေရာမှာတော့ သွေးနဲ့သတ်ဖြတ်ခြင်းပဲရှိတယ်”

“ဒီကုန်းမြေမှာ အကြမ်းကြုတ်ဆုံးနဲ့ အရက်စက်ဆုံးသူတွေကပဲ သူတို့ကိုယ်သူတို့ ခြေကုပ်ရယူနိုင်တယ်”

“မင်းတို့သဲဝါနန်းတော်ရဲ့အဆင့်က ဘယ်လောက်လဲ”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“မဟူရာအဆင့်ပေါ့”

အနက်ရောင်ချပ်ဝတ်အမျိုးသားက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်၏။ သို့သော်မကြာခင် သူ၏ စိတ်ထဲသို့ မွေးခွန်းတစ်ခုဝင်ရောက်လာ၏။

ဤတက်လှမ်းလာသူက အထက်ဘုံလောက၏ ဂိုဏ်းများနှင့် အဖွဲ့အစည်းများကြား အဆင့်ခွဲခြားမှုကို ဘယ်လိုလုပ်ပြီးသိနေတာလဲ။

သူမတုံ့ပြန်နိုင်ခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက သူ၏ ဘေးဘက်မြေပြင်ပေါ်မှာ ဒူးထောက်နေသော တက်လှမ်းလာသူ ၉၉ ယောက်ကို လက်ညှိုးထိုးပြီး မေးလိုက်၏။

“မင်းက သူတို့တွေကို ဘာလုပ်စေချင်လို့လဲ”

“အောက်ဘုံကတက်လှမ်းလာတဲ့သူတွေက အထက်ဘုံကိုရောက်တဲ့အခါ သူတို့က အချိန်အတိုင်းအတာတစ်ခုထိ ကျွန်ပြုခံရလိမ့်မယ်”

အနက်ရောင်ချပ်ဝတ်လူက ပြောလိုက်၏။

“မင်းက ကောင်းကောင်းစွမ်းဆောင်နိုင်တယ်ဆိုရင် ငါက မင်းကို စိတ်ဝိညာဥ်လယ်သမားတစ်ယောက်အဖြစ် စိတ်ဝိညာဥ်စိုက်ခင်းတွေဆီကို ပို့ပေးနိုင်တယ်... အဲ့ဒါဆိုရင်တော့ ပိုပြီးတော့အဆင်ပြေချောမွေ့လိမ့်မယ်”

“မင်းက ကောင်းမှန်းဆိုးမှန်း နားမလည်ဘူးဆိုရင်တော့... ဟီးဟီး... ငါတို့က မင်းကို မြေအောက်သတ္တုတွင်းတွေဆီကို ပို့ပေးလိုက်မယ်”

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အထက်ဘုံသို့တက်လှမ်းလာပြီးနောက် သူသည် စိုက်ပျိုးခြင်းနှင့် သတ္တုတူးဖော်ခြင်းတို့ကို ပြုလုပ်ခဲ့ဖူးလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အဲ့ဒါကို ကိုယ်တိုင်မကြုံတွေ့ခဲ့ရသော်လည်း သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုက အချိတ်အဆက်ရှိနေကြ၏။

“တိုက်ကြ”

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာက ငေးငိုင်သွားသည်ကိုတွေ့မြင်သောအခါ အနက်ရောင်ချပ်ဝတ်အမျိုးသားက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးလိုက်၏။

အနက်ရောင်ဝတ်ကျင့်ကြံသူများသည် တိုက်ခိုက်ဖို့ စိုင်းပြင်းနေကြပြီဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက်လှုပ်ရှားလိုက်ကြ၏။

သူတို့က သူတို့၏ ဓမ္မရတနာများနှင့် ဓားပျံများကိုဆင့်ခေါ်ထုတ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ခုတ်ပိုင်းချလိုက်ကြ၏။

အနက်ရောင်ချပ်ဝတ်လူကလည်း အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများကို အလောတကြီးဆင့်ခေါ်ပြီး သူတို့ကိုထုတ်ဖော်လိုက်၏။

“ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်”

“လေဆင့်ခေါ်ခြင်း”

“မိုးကြိုးရိုက်ချက်”

“....”

နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များက တစ်ခုပြီးတစ်ခု ဆင်းသက်လာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် အဲ့ဒါကိုလျစ်လျူရှုပြီး ရှောင်တိမ်းခြင်းပင်မရှိပေ။

သူသည် သူ့ပေါ်သို့ ဆင်းသက်လာသည့် နတ်ဘုရားစွမ်းအားများ၊ အင်မော်တယ်ပညာရပ်များ၊ ဓမ္မရတနာများနှင့် ဓားပျံများကို ခွင့်ပြုပေးလိုက်၏။

ထိုသည်ကိုတွေ့မြင်သောအခါ မြေပြင်ပေါ်မှာ ဒူးထောက်နေသည့် တက်လှမ်းလာသူများက အဲ့ဒါကို မကြည့်ရက်နိုင်ဘဲ သူတို့၏ အကြည့်များကို ရှောင်လွှဲလိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာကို စောစောကသတိပေးခဲ့သည့် လူအိုကြီးသည် ထိုသူက တစ်မူထူးခြားသည်ကို တွေ့မြင်သောအခါ သူ့မှာမျှော်လင့်ချက်ပါးပါးလေးရှိနေခဲ့၏။

သို့သော်ယခု... သူက ညင်သာစွာသက်ပြင်းချလိုက်၏။

ဤလူမှာ သံမဏိအရိုးများရှိနေသည်ဆိုလျှင်တောင် ထိုသူသည် ဤမျှများပြားသည့် ကျင့်ကြံသူများ၏ ရိုက်နှက်ခြင်းခံရသည့်အခါ အသားပျော့ဖတ်တစ်ခုဖြစ်သွားပေလိမ့်မည်။

အနက်ရောင်ချပ်ဝတ်အမျိုးသားကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

သည့်ယခင်က သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို သူက မထောက်လှမ်းနိုင်သောကြောင့် စိုးရိမ်ပူပန်နေခဲ့ဆဲ ဖြစ်၏။

သို့သော်ယခု မည်သည့်မတော်တဆမှုမှ ရှိမလာနိုင်တော့ပေ။

ဤမျှအထိ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများနှင့်ကြုံတွေ့ရသည့်အခါ အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပင်လျှင် မထိမခိုက်လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။

ထိုစဥ်မှာပင် နတ်ဘုရားစွမ်းအားများ၊ အင်မော်တယ်ပညာရပ်များ၊ ဓမ္မရတနာများနှင့် ဓားပျံများစွာက ဆင်းသက်လာခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာပေါ်သို့ တဖွဲ့ဖွဲ့ကျရောက်လာခဲ့၏။

နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များက မည်သည့် ဝဲဂယက်မှမထွက်ပေါ်စေဘဲ ပျက်ပြယ်သွားကြလေသည်။

ဓမ္မရတနာများနှင့် ဓားပျံများအားလုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်နှင့် ထိခတ်မိသောအခါ တချွင်ချွင်အသံများက ထွက်ပေါ်လာ၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် ဓမ္မရတနာများနှင့် ဓားပျံများက ကြေမွပျက်စီးသွားပြီး သတ္တုပျက်များအဖြစ်ပြောင်းလဲကာ မြေပြင်ပေါ်မှာ ပြန့်ကျဲကျဆင်းသွား၏။

“ဟာ...”

အနက်ရောင်ချပ်ဝတ်လူ၏ အမူအရာကရုတ်ချည်းပြောင်းလဲသွားပြီး သူကပင့်သက်ကိုရှိုက်လိုက်၏။

အဲ့ဒါက မည်သို့သောနည်းလမ်းမျိုးပါလိမ့်။

ထိုသူသည် နတ်ဘုရားစွမ်းအားများ၊ အင်မော်တယ်ပညာရပ်များ၊ ဓမ္မရတနာများနှင့် ဓားပျံများအားလုံးကို လှုပ်ရှားမှုမရှိဘဲ ဖြေရှင်းလိုက်တာလား။

“ထွက်ပြေးတော့”

အနက်ရောင်ချပ်ဝတ်အမျိုးသား၏ စိတ်ထဲသို့ ထိုအတွေးတစ်ခုကသာဝင်ရောက်လာခဲ့၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက တခြားသူများကိုပင် သတိပေးမနေတော့ဘဲလှည့်ထွက်ပြေးလိုက်၏။

ဘန်း... ဘန်း.... ဘန်း....

သူ၏ နောက်ဘက်မှ အသားချင်းပစ်တိုက်သံများက ချောက်ချားစရာကောင်းစွာထွက်ပေါ်လာ၏။

သူက အနောက်သို့ လှည့်ကြည့်လိုက်၏။

သူ့နောက်ဘက်ရှိ တိုက်ပွဲနယ်မြေမှာ မသိသာမထင်ရှားသော ခရမ်းရောင်ဝတ်ပုံရိပ်က အဆက်မပြတ်ဒုန်းစိုင်းပြေးဝင်လာ၏။

ခရမ်းရောင်ဝတ်ပုံရိပ်၏ ရှေ့မှာရှိသောကျင့်ကြံသူများအားလုံးသည် ခြွင်းချက်မရှိဘဲ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

သူတို့အားလုံးက သေဆုံးကုန်ကြလေပြီ။

ကျင့်ကြံသူများသည် စူးစူးဝါးဝါး မအော်ဟစ်နိုင်ခင်မှာပင် သေဆုံးသွားကြ၏။

အနက်ရောင်ချပ်ဝတ်အမျိုးသားသည် သူ၏ ခြေထောက်များပျော့ခွေလာသည်ဟု ခံစားလိုက်ရပြီး လိပ်ပြာလွင့်မတက်ကြောက်လန့်နေ၏။

သူကထပ်မံ၍လှည့်မကြည့်ရဲတော့ဘဲ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အသက်လုကာထွက်ပြေးလိုက်လေသည်။

သူသည် အနီးဆုံးသတ္တုတွင်းတစ်ခုဆီသို့ ရောက်အောင်ထွက်ပြေးနိုင်သည်နှင့်အမျှ သူက ရှင်သန်နိုင်ပေလိမ့်မည်။

စိတ်ဝိညာဥ်သတ္တုတွင်းများကို စောင့်ကြပ်နေသော ကမ္ဘာမြေအင်မော်တယ်ပညာရှင်များစွာရှိလေသည်။

ကမ္ဘာမြေအင်မော်တယ်ပညာရှင်တစ်ယောက်သည် ဤခရမ်းရောင်ဝတ်ကျင့်ကြံသူကို သေချာပေါက်သတ်ဖြတ်နိုင်ပေလိမ့်မည်။

သိပ်မကြာခင် သူ၏ နောက်ဘက်မှ ထိတွေ့ရိုက်ခတ်သံများက ပျောက်ကွယ်သွားပြီး လေပြေတစ်ချက်နှင့်အတူ ခပ်ဖျော့ဖျော့သွေးရနံ့တစ်ခုက သူ့ကိုလွှမ်းခြုံလာခဲ့၏။

အနက်ရောင်ချပ်ဝတ်အမျိုးသားက နောက်ဘက်ကို လှည့်မကြည့်ရဲပေ။

သူသည် အေးစက်နေသော ငွေရောင်မျက်နှာဖုံးနှင့် ထိုမှင်သေသေနှင့် နက်ရှိုင်းသောမျက်လုံးများကို တစ်ဖန်ပြန်လည်မြင်တွေ့ရမည်ကို ကြောက်ရွံ့နေ၏။

All Chapters