သဲဝါနန်းတော်နှင့်တိုက်ခိုက်ခြင်း
Vol. 144 Ch. 2153
သဲဝါနန်းတော်... မဟူရာအဆင့်အဖွဲ့အစည်းတစ်ခု။
မိစ္ဆာမဟာနယ်မြေမှာ ဤကဲ့သို့သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများ မရေမတွက်နိုင်အောင်ရှိလေသည်။
သဲဝါနန်းတော်၏ နန်းတော်အရှင်က လူသားတစ်ယောက်မဟုတ်ပေ။
ဤနေရာသည် အစကတော့ မိစ္ဆာမဟာနယ်မြေမှ ပညာရှင်တစ်ဦးသေဆုံးခဲ့သော စွန့်ပစ်နယ်မြေတစ်ခုဖြစ်ခဲ့၏။
မိစ္ဆာမဟာနယ်မြေမှ ဤပညာရှင်၏ သွေးက စွန့်ပစ်နယ်မြေကို စွန်းထင်းသွားခဲ့၏။
သူသေဆုံးသွားသော်လည်း သူ၏ သွေးက သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်၏။
ထိုပညာရှင်၏ သွေးဖြင့် အားဖြည့်မှုအောက်မှာ အဝါရောင်သဲစိတ်ဝိညာဥ်အလုံးတစ်လုံးက စွန့်ပစ်နယ်မြေမှာ မွေးဖွားပေါ်ထွက်လာခဲ့၏။
အဝါရောင်သဲစိတ်ဝိညာဥ်က မိစ္ဆာမဟာနယ်မြေမှ ဤပညာရှင်၏ သွေးနှင့် သူချန်ရစ်ခဲ့သော အမွေအနှစ်ကို အသုံးချကာ တစ်စတစ်စ ဂရုတစိုက်ကျင့်ကြံလာခဲ့၏။
သိပ်မကြာခင် ၎င်းသည် တာအိုသို့ဝင်ရောက်ပြီး နောက်ဆုံးမှာ အောင်မြင်ပေါက်မြောက်မှုများကို ရရှိလာခဲ့၏။ ၎င်းက လူသားခန္ဓာကိုယ်တစ်ခုကိုစုဖွဲ့ပြီး သဲဝါနန်းတော်ကို တည်ထောင်ခဲ့လေသည်။
သဲဝါနန်းတော်ကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းတစ်သိန်းကျော် ကြာသွားခဲ့ပြီဖြစ်၏။
မိစ္ဆာမဟာနယ်မြေမှာ နှစ်ပေါင်းတစ်သိန်းကျော်သက်တမ်းရှိသည့် မဟူရာအဆင့် ဂိုဏ်းများက များစွာမရှိပေ။
မဟူရာအဆင့်ဂိုဏ်းများနှင့် အဖွဲ့အစည်းများစွာသည် သိပ်မကြာခင် အခြားသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရတတ်လေသည်။
သဲဝါနန်းတော်သည် မိစ္ဆာမဟာနယ်မြေ၏ အစွန်အဖျားမှာတည်ရှိပြီး ဤနေရာကိုသတိထားမိသော ပညာရှင်များ မရှိသလောက်ပင်။ ထို့ကြောင့်ပင်လျှင် ဤနေရာက ဤမျှအထိတည်တံ့နေခဲ့ခြင်းဖြစ်၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သဲဝါနန်းတော်၏ နန်းတော်အရှင်အနေဖြင့် အဝါရောင်သဲစိတ်ဝိညာဥ်ကို အဆင့်-၅ ကောင်းကင်အမြုတေနယ်ပယ်ထိ ကျင့်ကြံခဲ့ပြီးလေပြီ။ သူအုပ်ချုပ်သော ပိုင်နက်နယ်မြေမှာ သူ၏ အမိန့်အာဏာကို စိန်ခေါ်နိုင်သည့် မည်သည့်သက်ရှိမှမရှိပေ။
အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းများကလည်း ဤကဲ့သို့သော အစွန်အဖျားနေရာဒေသမှာ ရှားပါးလေသည်။
သူ့အုပ်ချုပ်မှုအောက်ရှိ ပိုင်နက်နယ်မြေမှာ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းသုံးခုသာလျှင်ရှိလေသည်။
ဤနေ့မှာ သဲဝါနန်းတော်၏ နန်းတော်အရှင်က တံခါးပိတ်ကျင့်ကြံနေစဥ် တစ်စုံတစ်ရာဖြစ်ပျက်လာသည့်အလား သူကရုတ်တရက်မသက်မသာခံစားလာရ၏။
“ဒီအချိန်အတောအတွင်း အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေက ဘာလို့အဲ့လောက်ထိ လျော့နည်းလာရတာလဲ”
သဲဝါနန်းတော်၏ နန်းတော်အရှင်က သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်အဖြစ်ပေါ်ထွက်လာ၏။ သူက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာကပိန်လှီ၍ အဝါရောင်သန်းနေ၏။ သူ၏ အသားအရေက ကြမ်းတမ်းပြီး သူ၏ မျက်လုံးများက အလွန်တရာစူးရှနေ၏။
သူသည် လျှောက်လှမ်းထွက်လာစဥ် မျက်မှောင်ကြုတ်ကာမေးလိုက်၏။
သူ၏ နောက်ဘက်မှာ နောက်လိုက်ဆယ်ယောက်ကျော်ရှိပြီး သူတို့အားလုံးက ကမ္ဘာမြေအင်မော်တယ်များဖြစ်ကြ၏။
သူ၏ နောက်လိုက်များက သူ၏ မေးခွန်းကိုကြားရသောအခါ ထူးဆန်းသောအမူအရာများရှိလာပြီး တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လာခဲ့၏။
နောက်လိုက်အချို့သည် စကားပြောချင်သော်လည်း ရပ်တန့်လိုက်ကြ၏။
“ဘာလို့လဲ... တစ်ယောက်ယောက်က လက်ဆော့ပြီး ငါကျင့်ကြံဖို့အတွက် ရည်ရွယ်ထားတဲ့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကို ခိုးယူသွားလို့လား”
သဲဝါးနန်းတော်၏ နန်းတော်အရှင်၏ အမူအရာက သုန်မှုန်နေပြီး သူက အေးစက်စွာမေးလိုက်၏။
နောက်လိုက်တစ်ယောက်က အလောတကြီးပြောလိုက်၏။
“နန်းတော်အရှင်... ခင်ဗျားက တကယ်ကိုထက်ရှပါပေတယ်... အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေ လျော့နည်းနေတယ်ဆိုတာ တကယ်ပါပဲ... ဒါပေမဲ့ အဲ့ဒါက ခင်ဗျားရဲ့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကို တစ်ယောက်ယောက်က ခိုးယူသွားလို့မဟုတ်ဘူး... အဲ့ဒါက အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတစ်တွင်းမှာ ပြဿနာရှိနေလို့ပါပဲ”
“အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းမှာ ဘာပြဿနာရှိနိုင်မှာမလို့လဲ”
သဲဝါနန်းတော်၏ နန်းတော်အရှင်က ခဏမျှစဥ်းစားတွေးတောပြီးနောက် သူ၏ အမူအရာက ပြောင်းလဲသွားကာ အကဲစမ်းမေးလိုက်၏။
“သတ္တုတွင်းထဲကနေ ရှေးဟောင်းသတ္တဝါတစ်ကောင်ကို တူးဖော်ထုတ်မိလို့လား”
အဲ့ဒါက သေဆုံးပြီးသား သက်ရှိတစ်ကောင်ဆိုလျှင် အဆင်ပြေပေလိမ့်မည်။ အသက်ရှင်လျက် သတ္တဝါတစ်ကောင်ကို တူးဖော်ထုတ်မိမည်ဆိုလျှင် သူပင်လျှင် ထွက်ပြေးဖို့ရွေးချယ်ရပေလိမ့်မည်။
“တကယ်တော့ မဟုတ်ပါဘူး”
လက်ပါးစေတစ်ယောက်က ပြောလိုက်၏။
“အဲ့ဒီအမြုတေစိတ်ဝိညာဥ်သတ္တုတွင်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ ခရမ်းရောင်ဝတ်အမျိုးသားတစ်ယောက်က သိမ်းပိုက်သွားလို့ပဲ... သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကို ဘယ်သူမှမသိရသလို ဘယ်သူကမှလည်း သူ့ရဲ့ပြိုင်ဘက် မဟုတ်ခဲ့ကြဘူး”
“ပြင်ပကျင့်ကြံသူတစ်ယောက်လား”
သဲဝါနန်းတော်၏ နန်းတော်အရှင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
နောက်လိုက်တစ်ယောက်က ခေါင်းခါပြလိုက်၏။
“မဟုတ်ဘူး.. ကျုပ်ကြားတာတော့ သူက ခုံးယီနဲ့ တခြားသူတွေကို သတ်ဖြတ်လိုက်တဲ့ တက်လှမ်းလာသူတစ်ယောက်ပဲ... အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းကို သိမ်းပိုက်ပြီးတဲ့နောက် သူကသတ္တုတွင်းထဲမှာရှိတဲ့ တက်လှမ်းလာသူအားလုံးကို လွှတ်ပေးလိုက်တယ်”
“တက်လှမ်းလာသူလား”
သဲဝါနန်းတော်၏ နန်းတော်အရှင်က စိတ်သက်သာရာ ရသွား၏။
အောက်ဘုံလောကမှ တက်လှမ်းလာသူတစ်ယောက်က ဘယ်လောက်များ သန်မာနိုင်မှာလဲ။
သို့သော် ဤခရမ်းရောင်ဝတ်လူသည် သတ္တုတွင်းထဲရှိ အခြားသော တက်လှမ်းလာသူများအားလုံးကို ဘာ့ကြောင့်လွှတ်ပေးလိုက်တာလဲ။
“အဲ့ဒါက ဘယ်တုန်းက ဖြစ်သွားခဲ့တာလဲ”
သဲဝါနန်းတော်၏ နန်းတော်အရှင်က မေးလိုက်၏။
“ဆယ်နှစ်နီးပါးရှိပြီ”
နောက်လိုက်တစ်ယောက်က ပြောလိုက်၏။
“နန်းတော်အရှင်... ခင်ဗျားက တံခါးပိတ်ကျင့်ကြံနေတော့... ကျုပ်တို့က ခင်ဗျားကို မနှောက်ယှက်ရဲခဲ့ဘူး”
“ကာကွယ်သူတချို့က ကျင့်ကြံသူတွေကိုဦးဆောင်ပြီး အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းကို ပြန်လည်ရယူဖို့သွားခဲ့ကြတယ်... ဒါပေမဲ့...”
ထိုနောက်လိုက်က ခဏမျှရပ်တန့်ပြီး နန်းတော်အရှင်၏ အမူအရာကို တစ်ချက်ခိုးကြည့်ကာ ပြောလိုက်၏။
“သူတို့အားလုံးက သေဆုံးသွားကြတယ်”
“ဟမ်...”
သဲဝါနန်းတော်မှ နန်းတော်အရှင်၏ အမူအရာက သုန်မှုန်သွားပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“တက်လှမ်းလာသူလား... သူကဘယ်နေရာကနေတက်လှမ်းလာတာလဲ ကြည့်ရသေးတာပေါ့... သူက ငါ့ရဲ့ပိုင်နက်နယ်မြေထဲမှာ ဒီလောက်ထိမောက်မာရဲတယ်ပေါ့”
“အမိန့်ကိုထုတ်ပြန်လိုက်... ကာကွယ်သူရွှယ်နဲ့ ကာကွယ်သူဟူကို နန်းတော်ထဲမှာရှိတဲ့ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်နဲ့ အထက်မှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးကို စုစည်းခိုင်းလိုက်... သူတို့က တံခါးပိတ်ကျင့်ကြံနေတာပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ် အကုန်ထွက်လာခဲ့ကြလို့.. ပြီးရင် ထွက်ခွာဖို့ပြင်ဆင်ကြမယ်”
သဲဝါနန်းတော်၏ နန်းတော်အရှင်က ကြမ်းကြုတ်ခက်ထန်သောအော်ရာတစ်ခုနှင့်အတူ သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။
သို့သော်လည်း နောက်လိုက်များစွာက နေရာမှာပင် မလှုပ်မယှက်ရပ်နေကြဆဲဖြစ်၏။
“ဟမ့်...”
သဲဝါနန်းတော်၏ နန်းတော်အရှင်က တစ်ချက်ဝေ့ကြည့်လိုက်၏။
နောက်လိုက်တစ်ယောက်က စိုးရွံ့စွာဖြင့်ပြောလိုက်၏။
“နန်းတော်အရှင်... ကာကွယ်သူရွှယ်နဲ့ ကာကွယ်သူဟူနှစ်ယောက်စလုံးက သေဆုံးသွားပါပြီ”
“အဲ့ဒါဆိုလည်း ကျန်တဲ့ကာကွယ်သူတွေဆီကို သတင်းပို့ပေးလိုက်”
သဲဝါနန်းတော်၏ နန်းတော်အရှင်က တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။
“သဲဝါနန်းတော်မှာ ကာကွယ်သူ ၇ ယောက်ရှိတယ်.. ဘာလို့လဲ သူတို့အကုန်လုံး သေကုန်ကြလို့လား”
“သူတို့ထဲကငါးယောက်က သေဆုံးသွားပါပြီ... ကျန်တဲ့နှစ်ယောက်ကလည်း အရမ်းကြောက်လန့်ပြီးတော့....”
နောက်လိုက်နှစ်ယောက်က ခက်ခက်ခဲခဲဖြင့် ပြောဆိုလိုက်၏။
သဲဝါနန်းတော်၏ နန်းတော်အရှင်က ဒေါသချောင်းချောင်းထွက်နေပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏။
“သဲဝါနန်းတော်က ကျင့်ကြံသူတွေအားလုံးပဲနားထောင်ကြ... အားလုံးပဲ ခန်းမရှေ့မှာစုစည်းပြီး ငါ့နောက်ကိုလိုက်ခဲ့ကြ”
အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းအောက်ဘက်တွင်...။
ဆယ်နှစ်ကျော်ကြာသွားပြီး ဤအမြုတေစိတ်ဝိညာဥ်သတ္တုတွင်း၏ နေရာအများစုကို သိုင်းတာအိုပင်မခန္ဓာက အရည်ဖျော်ချခဲ့ပြီးလေပြီ။
သူ၏ နည်းလမ်းများက အရမ်းကိုစီးပိုးခြယ်လှယ်ပြီး သူ၏ အခြေခံအုတ်မြစ်ကို မွမ်းမံဖို့အတွက် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်း၏ အမြုတေစိတ်ဝိညာဥ်ချီများကို အတင်းအကျပ်စုပ်ယူနေခြင်းနှင့်တူလေသည်။
သူထွက်ခွာသွားသည့်အခါ ဤအမြုတေစိတ်ဝိညာဥ်သတ္တုတွင်းက အဆီအနှစ်များ ခန်းခြောက်သွားပေလိမ့်မည်။
တစ်ယောက်ယောက်က အဲ့ဒါကို ဆက်လက်၍ တူးဖော်ထုတ်မည်ဆိုလျှင် သူတို့သည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများစွာကို တူးဖော်ရရှိတော့မည် မဟုတ်ပေ။
ဆယ်နှစ်ကျော်အချိန်မှာ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတစ်တွင်းကို အရည်ဖျော်ချနိုင်သော အမြန်နှုန်းက အတော်လေးကိုကြောက်စရာကောင်းနေပြီဖြစ်၏။
အထက်ဘုံလောကမှာပင်လျှင် ဤကဲ့သို့သောကျင့်ကြံမှုအမြန်နှုန်းနှင့် စီးပိုးခြယ်လှယ်နိုင်သော စုပ်ယူအားကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံရေးနည်းစနစ်များ မရှိပေ။
အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ ဤအမြုတေစိတ်ဝိညာဥ်သတ္တုတွင်းက မကြီးမားသောကြောင့်ဖြစ်၏။
တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာက တာအိုမီးလေးခုကို ကျင့်ကြံထားသောကြောင့်ဖြစ်၏။
တာအိုမီးလေးခု၏ စုဆောင်းမှုနှင့်အတူ သိုင်းတာအိုမီးဖို၏ စုပ်ယူသန့်စင်မှုအလျင်အဟုန်က အလွန်တရာတုန်လှုပ်စရာကောင်းနေ၏
တကယ်တော့... သိုင်းတာအိုပင်မခန္ဓာအနေဖြင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် လိုအပ်သော ကောင်းကင်နှင့်မြေကြီး အမြုတေချီပမာဏကလည်း အလွန်တရာတုန်လှုပ်စရာကောင်းလေသည်။
ဤသေးငယ်သော အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းက မလုံလောက်ပေ။
ရုတ်တရက်ဆိုသလို... ။
တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
နက်မှောင်နေသောအမြုတေစိတ်ဝိညာဥ် သတ္တုတွင်း၏ အနက်ပိုင်းထဲမှာ ခရမ်းရောင်မီးတောက်နှစ်ခု လောင်ကျွမ်းလာသည့်အလားပင်။
“နောက်ဆုံးတော့ရောက်လာကြပြီပဲ”
သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်ပြီး ဖြည်းဖြည်းချင်းထရပ်လိုက်၏။
ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောပေါက်ကွဲသံတစ်သံထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာက မြေကြီးထဲကနေ တိုးထွက်လာခဲ့၏။ ဆယ်နှစ်ကျော်ကြာ အရည်ဖျော်ချခဲ့ခြင်းကြောင့် သူ၏ ခြေဖဝါးအောက်ရှိ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းက ဗလာကျင်းသွားပြီး ကျောက်ခဲများစွာက ကြေမွပြိုကျကာ ဖုန်များက တထောင်းထောင်းထသွား၏။
သဲဝါနန်းတော်၏ နန်းတော်အရှင်က ကျင့်ကြံသူများစွာနှင့်အတူ ယခုတင်ရောက်ရှိလာခါစဖြစ်ပြီး ထိုသည်ကိုတွေ့မြင်သောအခါ သူက ဒေါသထွက်သွားလေသည်။
“သဲဝါနန်းတော်ရဲ့ ပိုင်နက်နယ်မြေထဲမှာ မင်းက ဘယ်လိုတောင်ထင်တိုင်းကြဲနေတာလဲ... သေစမ်း”
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဲဝါနန်းတော်၏ နန်းတော်အရှင်က သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးပြီး အေးစက်စွာအမိန့်ပေးလိုက်၏။
“သူ့ကိုသတ်ကြ”
ဤတစ်ခေါက်မှာတော့... သဲဝါနန်းတော်သည် ကြီးမားသောစွမ်းပကားတစ်ခုနှင့်အတူ ကမ္ဘာမြေအင်မော်တယ်တစ်ထောင်ကျော်ကို ခေါ်ဆောင်လာခဲ့၏။
အဲ့ဒီမှာ ကောင်းကင်ဘုံအင်မော်တယ်ဆယ်ယောက်ကျော်လည်း ပါဝင်လေသည်။
ဤမျှများပြားသော လူများသည် တက်လှမ်းလာသူတစ်ယောက်ကို ဖိနှိမ်နိုင်လိမ့်မည်မဟုတ်ဟု သဲဝါနန်းတော်၏ နန်းတော်အရှင်က မယုံကြည့်ပေ။
ကောင်းကင်အင်မော်တယ်များက တစ်ချိန်တည်းမှာတိုက်ခိုက်လိုက်ကြ၏။
အန္တိမနတ်ဘုရားစွမ်းအားများက တစ်ခုပြီးတစ်ခုလေထဲကနေ ဆုတ်ဖြဲလာခဲ့၏။
ကမ္ဘာမြေအင်မော်တယ်တစ်ထောင်က တိုက်ခိုက်လိုက်ကြပြီး အဆင့်မြင့်နတ်ဘုရားစွမ်းအားများ၊ ဓမ္မရတနာများနှင့် လျှို့ဝှက်အတတ်များက ကောင်းကင်တစ်ခွင် အုပ်မိုးလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုတိုက်ခိုက်မှုမှာ အချိန်မရွေးနစ်မြုပ်သွားနိုင်သည့်အလား သူ၏ မျက်နှာပေါ်ရှိ အေးစက်စက်ငွေရောင်မျက်နှာဖုံးတစ်ခုနှင့်အတူ လေထဲမှာမတ်တတ်ရပ်နေ၏။
သို့သော်လည်း သူ၏ နောက်ဘက်မှာ ခရမ်းရောင်ရောင်လျှံစက်ဝန်းများက တစ်ခုပြီးတစ်ခု စုဖွဲ့လာခဲ့၏။
တစ်ခု.. နှစ်ခု... ခုနှစ်ခု... ရှစ်ခု။
ကံကြမ္မာစက်ကွင်း ၈ခုက ထွက်ပေါ်လာခဲ့၏။
နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် နတ်ဘုရားလက်နက်များအားလုံးက ဆင်းသက်လာခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာရှိသော ကံကြမ္မာစက်ကွင်း ၈ခုဖြင့် တွန်းလှန်ထုတ်ခြင်းခံလိုက်ရ၏။
ကံကြမ္မာစက်ကွင်း ၈ခုက သိုင်းတာအို၏ စွမ်းအားကို စုဖွဲ့ထားပြီး သိုင်းတာအို၏ စိတ်စွမ်းအားကို ပိုင်ဆိုင်ထား၏။ သူတို့က သိုင်းတာအို၏ ဓမ္မပညာရပ်များနှင့်အတူ ယှက်ဖြာသွားပြီး ထာဝရတည်တံ့၍ မကိုင်လှုပ်နိုင်သည့်ပုံပေါ်လေသည်။