← Chapters

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်

Vol. 144 Ch. 2158

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်

Vol. 144 Ch. 2158

သွေးနီရောင်တောင်ကြား၏ ခန်းမထဲရှိလူတိုင်းက တုန်လှုပ်သွားကြ၏။

လူတိုင်း၏ အမြင်မှာ ကောင်းကင်အင်မော်တယ်ချီလီသည် ဤပိုင်နက်နယ်မြေ၏ ကီလိုမီတာသိန်းချီပတ်လည်မှာ နံပါတ်တစ်ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်နေပြီး မည်သူကမှသူ့ကိုမယှဥ်နိုင်ခဲ့ပေ။

သို့သော်ယခုအခါ... ကောင်းကင်အင်မော်တယ်ချီလီသည် အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။

ခန်းမထဲမှာ ကောင်းကင်အင်မော်တယ်ပညာရှင်များစွာရှိလေသည်။ လူတိုင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို မမြင်နိုင်သော်လည်း သူ၏ တိုက်ခိုက်မှုကနေထွက်ပေါ်လာသည့် အော်ရာနှင့်စွမ်းအားကို သူတို့ကအာရုံခံနိုင်ကြ၏။

ထိုထိုးချက်၏ စွမ်းအားသည် ပကတိအင်မော်တယ်တစ်ယောက်၏ အဆင့်ထိမရောက်ရှိသေးဘဲ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိနေသေး၏။

သို့သော်လည်း ထိုထိုးချက်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်နှစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်၏။

ပြိုင်စံရှားနန်းတော်၏ နန်းတော်အရှင်က အကြောင်းအရင်းမရှိဘဲ ရောပါငြိစွန်းခံလိုက်ရ၏။ သူကမတိုက်ခိုက်နိုင်ခင်မှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်က ကောင်းကင်အင်မော်တယ်ချီလီ၏ တမလွန်ဖလှယ်ခြင်းကြောင့် ပျက်စီးသွားရ၏။

ဤကဲ့သို့သောစွမ်းအားကို ဘယ်သူကခုခံနိုင်ပါ့မလဲ။

“အားလုံးပဲ အတူပူးပေါင်းတိုက်ခိုက်ကြတာပေါ့... အဲ့ဒီသူက ဘယ်လောက်ပဲသန်မာသန်မာ သူက ငါတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်မှာမဟုတ်ဘူး”

ထိုစဥ်မှာပင် ကောင်းကင်အင်မော်တယ်ချီလီ၏ သွေးမြူထဲကနေ နတ်ဘုရားအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ခန်းမ၏ အစွန်းတစ်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွား၏။

အဲ့ဒါက သူ၏ အမြုတေစိတ်ဝိညာဥ်ဖြစ်လေသည်။

ထိုအမြုတေစိတ်ဝိညာဥ်က အမြုတေစိတ်ဝိညာဥ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း အမြုတေချပ်ဝတ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး လုံးဝကို ချို့ယွင်းပျက်စီးနေပြီဖြစ်၏။

အဲ့ဒါသည် အမြုတေစိတ်ဝိညာဥ်ဓမ္မရတနာတစ်ခုဖြစ်၏။

ထိုဓမ္မရတနာကြောင့်သာမဟုတ်လျှင် သူသည် စောစောက သေခဲ့ရပေလိမ့်မည်။

ကောင်းကင်အင်မော်တယ်ချီလီက သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီး ကြောက်စရာကောင်းသော အမူအရာတစ်ခုနှင့်အတူ ဟိန်းဟောက်လိုက်၏။

ခန်းမထဲရှိလူတိုင်းသည် ကောင်းကင်အင်မော်တယ်ချီလီက သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုလိုက်သည်ကိုတွေ့မြင်သောအခါ စိတ်အားမာန်တက်ကြွလာ၏။ အစကတော့ သူတို့သည် နောက်သို့ဆုတ်ခွာချင်ကြ၏။ ယခုသူတို့က စိတ်အားထက်သန်၍ ကြမ်းကြုတ်ခက်ထန်လာကြ၏။

“သတ်”

သွေးနီရောင်တောင်ကြား၏ လက်ရုံးကာကွယ်သူနှစ်ယောက်ဖြစ်သော ထျန်ဇီနှင့်ပီဖုန့်က ချက်ချင်းပင်ရှေ့သို့ထွက်ရပ်ပြီး ဟိန်းဟောက်လိုက်၏။

သူတို့နှစ်ယောက်က ဓားပျံတစ်လက်စီကို ဆင့်ခေါ်ထုတ်ပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပစ်ထိုးလိုက်၏။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်သည် အတူပူးပေါင်း၍ သူတို့၏ လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်ကြ၏။

“ငရဲတာအို...ဆာလောင်တစ္ဆေတာအို... တောကောင်တာအို”

“အဆူရာတာအို... လူသားတာအို... ကောင်းကင်ဘုံတာအို”

ချက်ချင်းပင် သူတို့နှစ်ယောက်သည် နတ်ဘုရားစွမ်းအား သုံးခုစီကိုထုတ်ဖော်ပြီး လေထဲမှာအလျင်အမြန်ပေါင်းစည်းကာ ဧရာမပြန်ဝင်စားခြင်းစက်ဝန်းတစ်ခုကို တဖြည်းဖြည်း ဖြစ်ပေါ်လာစေ၏။

“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်... စုဖွဲ့စမ်း”

ထျန်ဇီနှင့် ပီဖုန့်က အချိတ်အဆက်မိနေပြီး တစ်ချိန်တည်းမှာအော်ဟစ်လိုက်ကြ၏။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။

ဒါ့အပြင် အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအားများကြားမှာ ကြမ်းကြုတ်ခက်ထန်မှုအရှိဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး ထိပ်ဆုံးဆယ်ခုထဲမှာရပ်တည်လေသည်။

အထက်ဘုံမှာပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် အစက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကနေ ဆင်းသက်လာသည်ဟူသော ဒဏ္ဍာရီတစ်ခုပင်ရှိလေသည်။

သို့သော်လည်း သမိုင်းတစ်လျှောက်မှာ ထိုနတ်ဘုရားစွမ်းအား၏ အစစ်အမှန် ဓမ္မတာအိုကို ဖော်ထုတ်နိုင်ခဲ့သည့်သူက မရှိသလောက်နီးပါးပင်။

အချိန်ကြာလာသည်နှင့်အမျှ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုအဖြစ် တဖြည်းဖြည်းလျှောကျသွားခဲ့၏။

ထိုသို့ဆိုလျှင်တောင် ထိုအန္တိမနတ်ဘုရားစွမ်းအားသည် သာမန်ကောင်းကင်အင်မော်တယ်ပညာရှင်များ နားလည်ဆင်ခြင်ပြီး ထုတ်ဖော်နိုင်သော တစ်စုံတစ်ရာသေချာပေါက်မဟုတ်ပေ။

ထျန်ဇီနှင့် ပီဖုန့်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်ကြ၏။ သို့သော်လည်း သူတို့ထဲမည်သူကမှ တစ်ယောက်တည်းသက်သက်ဖြင့် ပြီးပြည့်စုံသော ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို မထုတ်ဖော်နိုင်ကြပေ။

မတူညီသော ခက်ခဲနက်နဲမှုခြောက်ခုကို နားလည်ဆင်ခြင်ရခြင်းက ရှုထောင့်တစ်ခုသာလျှင်ဖြစ်၏။

ပို၍အရေးကြီးသည်မှာ အမြုတေစိတ်ဝိညာဥ်သည် လုံလောက်သည့်ကျစ်လစ်မှုနှင့် သန်မာမှုမရှိလျှင် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထုတ်ဖော်သည့်အခါ ထိုအမြုတေစိတ်ဝိညာဥ်က လမ်းခြောက်သွယ်၏ ဆွဲယူသွင်းခြင်းခံရပြီး ပြန်ဝင်စားခြင်းသို့ ဝင်ရောက်သွားပေလိမ့်မည်။

တခြားသူကို မသတ်ဖြတ်နိုင်ခင်မှာပင် ထုတ်ဖော်သူကို ပြန်လည်သတ်ဖြတ်နိုင်သည့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ဘယ်သူက အလွယ်တကူထုတ်ဖော်ရဲပါ့မလဲ။

ထို့ကြောင့် သူတို့နှစ်ယောက်သည် နည်းလမ်းတစ်ခုကိုရွေးချယ်ပြီး တစ်ယောက်ကို နတ်ဘုရားစွမ်းအား သုံးခုစီခွဲကာ နားလည်ဆင်ခြင်ခဲ့ကြ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းလိုက်သည့်အခါမှသာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထုတ်ဖော်နိုင်ကြ၏။

အဲ့ဒါက ပြောရသည်မှာရိုးရှင်းသော်လည်း သူတို့နှစ်ယောက်သည် ဤလှုပ်ရှားကွက်ကို နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ကြပြီး ကြိမ်ဖန်များစွာ ကျရှုံးခဲ့ကြ၏။

အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင်တောင် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ပေါင်းစည်းပြီး ပြန်ဝင်စားခြင်းစက်ဝန်းတစ်ခုကို စုဖွဲ့စေဖို့က တကယ့်ကို ခက်ခဲလေသည်။ အဲ့ဒါသည် သူတို့၏ အကြီးမားဆုံးဝှက်ဖဲတစ်ခုလည်းဖြစ်၏။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ် ထွက်ပေါ်လာသောအခါ ကောက်းကင်အင်မော်တယ်ချီလီပင်လျှင် အဲ့ဒါကိုရှောင်လွှဲရလေသည်။

ခန်းမထဲရှိ ကောင်းကင်အင်မော်များ၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားပြီး သူတို့က အနားသို့ လုံးဝချဥ်းကပ်မလာရဲကြပေ။ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက လမ်းခြောက်သွယ်၏ ဆွဲယူသွင်းခြင်းခံရပြီး ပြန်ဝင်စားခြင်းသို့ ဝင်ရောက်သွားမည်ကို သူတို့က စိုးရိမ်ပူပန်နေကြ၏။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက နက်ရှိုင်းနေ၏။ သူကနောက်ဆုတ်ရမည့်အစား လေထဲရှိ ဧရာမလှည်းဘီးရှိရာသို့ ပြေးဝင်သွားလေသည်။

“မင်းကတော့ သေချင်နေတာပဲ”

ထိုသည်ကို တွေ့မြင်သောအခါ ကောင်းကင်အင်မော်တယ်ချီလီ၏ အမူအရာဝင်းလက်သွား၏။

ထျန်ဇီနှင့် ပီဖုန့်ကလည်း ကျေနပ်သဘောကျသွား၏။

ခန္ဓာကိုယ်တစ်ခုသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲသို့ ကျဆင်းသွားမည်ဆိုလျှင် အဲ့ဒါသည် ပြန်ဝင်စားခြင်းစက်ဝန်း၏ နုတ်နုတ်စင်းခြင်း သေချာပေါက်ခံရပေလိမ့်မည်။ အမြုတေစိတ်ဝိညာဥ်ကလည်း ပြန်ဝင်စားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်ပြီး သေဆုံးရပေလိမ့်မည်။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ခုခံဖို့အတွက် အသင့်တော်ဆုံးနည်လမ်းမှာ ၎င်းနှင့် အဆင့်တူသော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို အသုံးပြုကာ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်၏။

မဟုတ်ပါက သူတို့သည် အဲ့ဒါကို ရှောင်လွှဲရပေလိမ့်မည်။

သူသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ကိုယ်ကာယဖြင့် သို့မဟုတ် အခြားသောနည်းလမ်းများဖြင့် ခုခံချင်သည်ဆိုလျှင် အဲ့ဒါက ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် တူနေပေလိမ့်မည်။

ခန်းမထဲရှိလူတိုင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေစိတ်ဝိညာဥ်က နောက်ခဏ၌ ဖျက်ဆီးခံရတော့မည်ကို မြင်ယောင်မိလာကြ၏။

ရွှစ်...

သိုင်းတာအိုပင်မခန္ဓာက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နှင့်အတူ ကျဆင်းသွားပြီးနောက် လူတိုင်း၏ မျက်နှာများပေါ်ရှိ ဝမ်းသာပျော်ရွှင်မှုက တဖြည်းဖြည်းအေးခဲတောင့်တင်းသွားပြီး ထိုနေရာမှာ တုန်လှုပ်မှု၊ အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့က အစားထိုးဝင်ရောက်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် လေထဲမှာ မလှုပ်မယှက်မတ်တတ်ရပ်နေပြီး သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေ၏။ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က သူ၏ ဘေးပတ်လည်မှာ လှည့်ပတ်နေပြီး တဖြည်းဖြည်း ရပ်တန့်သွား၏။

အဲ့ဒါသည် သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့နေနေသာ သိုင်းတာအိုပင်မခန္ဓာ၏ ဆံပင်တစ်ချောင်းကိုပင် မထိခိုက်စေနိုင်ပေ။

ထိုမျှသာမက သိုင်းတာအိုပင်မခန္ဓာ၏ အတင်းဝင်ရောက်မှုက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို လဲပြိုကျတော့မည့် လက္ခဏာများဖြစ်ပေါ်လာစေ၏။

“ဒီလိုနည်းလမ်းမျိုးနဲ့ မင်းတို့ကိုယ်မင်းတို့ ဘယ်လိုတောင်အရှက်ရစေတာလဲ”

သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်၏။

သူ၏ တည်ရှိမှုသည် အစကတည်းက မူကွဲတစ်ခုဖြစ်၏။ သူသည် သုံးဘုံလောကကနေ၊ ဒြပ်စင်ငါးမျိုးကနေ လွတ်ထွက်နေ၏။ သူ့ကိုပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က လုံးဝမပိုင်ဆိုင်ပေ။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စွမ်းအားက သန်မာသော်လည်း အဲ့ဒါက သူ့ကို လုံးဝမထိခိုက်စေနိုင်ပေ။

“အစစ်အမှန်ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်က ဘာလည်းဆိုတာ မင်းတို့ကိုငါပြပေးမယ်”

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးဝင်လက်သွားပြီး သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွား၏။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး ဘေးပတ်လည်ရှိ ဧရာမလှည်းဘီးက ပျက်ပြယ်သွားလေသည်။

ထို့နောက် သူသည် လက်ဟန်ချိပ်စည်းများကို လက်နှစ်ဖက်ဖြင့် ထပ်တလဲလဲလှုပ်ရှားပြီး နတ်ဘုရားစွမ်းအားခြောက်ခုကို အလျင်အမြန်ထုတ်ဖော်ကာ လေထဲမှာစုစည်း၍ နောက်ထပ်ဧရာမလှည်းဘီးတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဟာ...

လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။

သူသည် ပြီးပြည့်စုံသောပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို သူ့ဘာသာသူတစ်ယောက်တည်းဖြင့် ထုတ်ဖော်လိုက်၏။

သူနှင့် ထျန်ဇီနှင့်ပီဖုန့်ကြား ကွာဟချက်က အရမ်းကိုကြီးမားနေ၏။

ဒါ့အပြင် ထျန်ဇီနှင့် ပီဖုန့်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို စုဖွဲ့ဖို့အတွက် ပူးပေါင်းခဲ့ကြသော်လည်း ထိုအန္တိမနတ်ဘုရားစွမ်းအားမှာ အနည်းနှင့်အများဆိုသလို အားနည်းချက်များရှိနေခဲ့၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်မှာ မည်သည့်အားနည်းချက်မှမရှိပေ။

အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုသာ ဖြစ်နေသော်လည်း ဤပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စွမ်းပကားသည် စောစောက ထျန်ဇီနှင့်ပီဖုန့်တို့ ထုတ်ဖော်ခဲ့သောအရာထက် များစွာပိုမိုသန်မာနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်၏ ခွန်လွင်အပျက်အစီးဒေသမှာ မရေမတွက်နိုင်သောနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အရည်ဖျော်ချခဲ့၏။

သူသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထုတ်ဖော်သည်မှာ နားလည်လက်ခံ၍ ရလေသည်။

သို့သော်လည်း သိုင်းတာအိုနည်းစနစ်သည် သူ၏ ကိုယ်ကာယအပေါ် ကျင့်ကြံခြင်းမှာသာ အာရုံစိုက်ထားလေသည်။

ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည် တိုက်ပွဲတစ်ခုမှာ ထိုနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အသုံးပြုခဲလေသည်။

ဘုန်း... ဘုန်း...

ယခင် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က ပြိုကျသွားသည့်ခဏမှာပင် ပို၍ပင်ကြောက်စရာကောင်းသော ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်တစ်ခုက လေထဲမှာပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် ပြန်ဝင်စားခြင်းစက်ဝန်းကနေလွတ်ထွက်နေသော်လည်း လက်ရှိကျင့်ကြံသူများက ထိုသို့ပြုလုပ်နိုင်မည်ဟု မဆိုလိုပေ။

ပထမဆုံး ထိခိုက်ခံရသည်က ထျန်ဇီနှင့် ပီဖုန့်ဖြစ်လေသည်။

သွေးနီရောင်တောင်ကြား၏ လက်ရုံးကာကွယ်သူနှစ်ယောက်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ဖြင့် လွှမ်းခြုံခြင်းခံရပြီးနောက် အသက်တစ်ရှိုက်စာပင် မတောင့်ခံနိုင်ခဲ့ပေ။ သူတို့၏ ခန္ဓာကိုယ်များက ကြေမွသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ကြေမွသွား၏။

အနီးနားဝန်းကျင်မှာရှိသော ကောင်းကင်အင်မော်တယ် ပညာရှင် ၈ ဦးက သူတို့၏ အန္တိမနတ်ဘုရားစွမ်းအားများကို အလောတကြီးထုတ်ဖော်ပြီး တိုက်ခိုက်လိုကြ၏။

သို့သော်လည်း ထိုအန္တိမနတ်ဘုရားစွမ်းအားက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နှင့် ထိတွေ့မိသည်ခဏမှာပင် ပျက်ပြယ်သွားကြ၏။

ကောင်းကင်အင်မော်တယ် ပညာရှင်ရှစ်ဦးက ချမ်းသာရာမရဘဲ ပြန်ဝင်စားခြင်းလမ်းကြောင်းဆီသို့ ဆွဲယူသွင်းခြင်းခံလိုက်ရ၏။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဖိနှိမ်ခြင်းနှင့် ရင်ဆိုင်နေရချိန်မှာ သူတို့၏ ဓမ္မရတနာများနှင့် လက်နက်များက ဖုန်မှုန့်များအဖြစ် ကြေမွသွား၏။

“မိုးကောင်းကင်ခုတ်ချက်”

“လမင်းခုတ်ပိုင်းခြင်း ကြယ်တံခွန်”

“လက်ညှိုးအဝါရောင်စိမ့်စမ်း”

ဘုန်း... ဘုန်း... ဘုန်း...

ခန်းမထဲမှာကျန်ရှိနေသော ကောင်းကင်အင်မော်တယ်များက အန္တိမနတ်ဘုရားစွမ်းအားများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ကြပြီး ကောင်းကင်တစ်ခွင် အုပ်မိုးလာသော ညိုမည်းနေသည့် တိမ်စိုင်များကဲ့သို့ ဖြစ်ပေါ်လာစေ၏။

လေထဲမှာ နတ်ဘုရားအလင်းများက တောက်ပလာပြိး ဓားချီများက အေးစက်နေသောစိတ်ဆန္ဒတစ်ခုနှင့်အတူ နေရာတိုင်းမှာ ယှက်ဖြာသွား၏။

ဓမ္မရတနာများက လေထဲမှာတစ်ခုပြီးတစ်ခု စုစည်းသွားပြီး သိပ်သည်းကျစ်လစ်သော ပိုက်ကွန်တစ်ခုအဖြစ်ယှက်ဖြာကာ သိုင်းတာအိုပင်မခန္ဓာနှင့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို အုပ်မိုးလာခဲ့၏။

All Chapters