← Chapters

ပကတိမိစ္ဆာရောက်ရှိလာခြင်း

Vol. 144 Ch. 2159

ပကတိမိစ္ဆာရောက်ရှိလာခြင်း

Vol. 144 Ch. 2159

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က သန်မာသော်လည်း အဲ့ဒါသည် များပြားလှစွာသော အန္တိမနတ်ဘုရားစွမ်းအားများ၏ ပူးပေါင်းတိုက်ခိုက်မှုကို မခုခံနိုင်ပေ။

တစ်ခဏချင်းမှာပင် ပြန်ဝင်စားခြင်းစက်ဝန်းက ကြေမွသွား၏။

အန္တိမနတ်ဘုရားစွမ်းအားများစွာနှင့် ဓမ္မရတနာများက ဆင်းသက်လာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ နောက်ဘက်မှာ ခရမ်းရောင်ရောင်လျှံစက်ဝန်းကိုးခုက ပစ်လွင့်ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာလုံးများနှင့်အတူ ယှက်ဖြာကာ သိုင်းတာအိုနည်းစနစ်ကို စုဖွဲ့လိုက်၏။

ကံကြမ္မာစက်ကွင်း ၉ ခု...။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်သည် အချုပ်အနှောင်တချို့ကနေ ရုန်းထွက်လာသည့်အလား သူ၏ ခွန်အားက အဆက်မပြတ်မြင့်တက်လာ၏။

ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများက တစ်ခုပြီးတစ်ခုဆင်းသက်လာသော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်ရှိ ကံကြမ္မာစက်ကွင်း ၉ ခုကြောင့် လွင့်စင်ထွက်သွားပြီး ဖျက်ဆီးခံလိုက်ရ၏။

“ဂါး...”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး ဟိန်းဟောက်လိုက်၏။

ထိုဟိန်းဟောက်သံ ထွက်ပေါ်လာသည့်ခဏမှာပင် လေဟာနယ်ထဲမှာ မျက်စိဖြင့်မြင်နိုင်သော စွမ်းအင်အတက်အကျများက ပေါ်ထွက်လာပြီး ရေလှိုင်းဂယက်များကဲ့သို့ အဘက်ဘက်သို့ တလိပ်လိပ်ထိုးတက်သွား၏။

အဲ့ဒီမှာ နဂါးဟိန်းသံ၊ ဖီးနစ်အော်သံ၊ ကြိုးကြာအော်သံ၊ မြင်းဟီသံ၊ ဝံပုလွေအူသံ၊ မျောက်ဝံဟစ်ကြွေးသံ၊ ကျားဟိန်းသံနှင့် အခြားသောအသံများ ရောနှောပါဝင်နေသည့်အလားပင်။

သိုင်းတာအိုပင်မခန္ဓာသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို ပိုင်ဆိုင်ထားသည့်အလား သူတို့က တစ်ချိန်တည်းမှာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး အလွန်တရာကျယ်လောင်သော ဟိန်းဟောက်သံကို ချက်ချင်းပင်ထွက်ပေါ်လာစေ၏။

အဲ့ဒါသည် အသံပိုင်းလျှို့ဝှက်အတတ်များစွာကို အရည်ဖျော်ချပြီးနောက် သိုင်းတာအိုပင်မခန္ဓာ ဖန်တီးထားသော အသံပိုင်းနည်းစနစ်တစ်ခုဖြစ်လေသည်။ အဲ့ဒါကို 'အသင်္ချေသက်ရှိများအသံ' ဟု အမည်ပေးထားလေသည်။

သန်းပေါင်းများစွာသော သက်ရှိများက အသံပိုင်းလျှို့ဝှက်အတတ်များကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်သည့်အလားပင်။

လှိုင်းဂယက်များက ဖြန့်ကြက်သွားပြီး လေထဲမှာရှိသော ကောင်းကင်အင်မော်တယ်ပညာရှင်များစွာကို တိုက်ခတ်သွားလေသည်။

ဝဲဂယက်များဖြင့် တိုက်ခတ်ခံရသောလူတိုင်းက အေးစက်တောင့်တင်းသွား၏

အစကတော့... ခန်းမသည် ရုတ်ရုတ်သဲသဲအသံများဖြင့် ပြည့်နှက်နေခဲ့၏။ တစ်ခဏချင်းမှာပင် အဲ့ဒါက တိတ်ဆိတ်ငြိမ်သက်သွား၏။

ကောင်းကင်အင်မော်တယ်ပညာရှင်များစွာသည် လေထဲမှာ မလှုပ်မယှက်ဖြင့် အေးခဲတောင့်တင်းနေကြ၏။

အချိန်က ရပ်တန့်၍ အာကာသက အေးခဲသွားသည့်အလားပင်။

နောက်ခဏ၌ ထိုပုံရိပ်များသည် သွေးနီရောင်မီးရှုးမီးပန်းများကဲ့သို့ လေထဲမှာပေါက်ကွဲထွက်သွား၏။

အင်မော်တယ်သတ်ဖြတ်ခြင်းစံအိမ်၏ စံအိမ်သခင်၊ လေမီးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများ... သူတို့၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဥ်က အသင်္ချေသက်ရှိများအသံဖြင့် ဖျက်ဆီးခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ကာကွယ်မှုအောက်မှာ အဆူရာက လုံးဝသက်ရောက်မခံရပေ။ သို့သော်လည်း ခန်းမထဲရှိလူတိုင်းက သိပ်သည်းပြင်းထန်သော သေကြေပျက်စီးထိခိုက်မှုများကို တွေ့ကြုံလိုက်ရ၏။

ခပ်ဝေးဝေးမှာရှိနေသော ကျင့်ကြံသူများကလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး လေထဲကနေပြုတ်ကျလာခဲ့၏။

ကောင်းကင်အင်မော်တယ်ချီလီသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ယခုတင် သွေးကနေပြန်လည်မွေးဖွားခြင်းကို ထုတ်ဖော်ထားခါစဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က အသံပိုင်း လျှို့ဝှက်အတတ်ဖြင့် နောက်တစ်ဖန်ကြေမွပျက်စီးသွား၏။

သွေးမြူတစ်ခုက လေထဲမှာပျံ့နှံ့သွားပြီး စူစူးဝါးဝါးအော်သံများက ထပ်တလဲလဲထွက်ပေါ်လာ၏။

ကံကောင်းထောက်မ၍ အသက်ရှင်နိုင်ခဲ့သော ကောင်းကင်အင်မော်တယ်ပညာရှင်များမှာ ဤနေရာကနေ တတ်နိုင်သမျှမြန်မြန် ထွက်ပြေးလွတ်မြောက်ချင်သည့်စိတ်သာလျှင် ရှိကြတော့လေသည်။ သို့သော်လည်း ခန်းမ၏ တံခါးကို တင်းကျပ်စွာပိတ်ထားပြီး သူတို့အနေဖြင့် သူတို့ဒဏ်ရာအပြင်းအထန်ရရှိထားသော ကိုယ်ကာယများနှင့်အတူ ဖောက်ထွက်ဖို့က ခက်ခဲနေ၏။

တစ်ဘက်မှာတော့ ကောင်းကင်အင်မော်တယ်ချီလီ၏ ခန္ဓာကိုယ်သည် ဆက်တိုက်ဖျက်ဆီးခံခဲ့ရပြီး သူကသွေးချီအမြောက်အမြားကို ဆုံးရှုံးထား၏။

သူသည် သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန်တည်ဆောက်ခဲ့သော်လည်း သူ၏ မျက်နှာက ဖြူဖျော့၍ သူ၏ ခန္ဓာကိုယ်က အားနည်းနေ၏။ သူ့မှာ တိုက်ခိုက်ရည်ခွန်အားများစွာမကျန်ရှိတော့ပေ။

လူတိုင်းသည် မိစ္ဆာမဟာနယ်မြေမှ ကျင့်ကြံသူများဖြစ်ပြီး သူတို့စတင်ကျင့်ကြံခဲ့ကတည်းက လူပေါင်းမရေမတွက်နိုင်အောင်သတ်ဖြတ်ခဲ့သော်လည်း သူတို့သည် ယခုအခါ သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများမှာ လိပ်ပြာလွင့်မတတ်ကြောက်လန့်နေကြ၏။

လူတိုင်း၏ မျက်လုံးများထဲမှာ ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် ဤလူသည် အစစ်အမှန်မိစ္ဆာတစ်ကောင်ဖြစ်လေသည်။

“အဖေ..”

ထိုစဥ်မှာပင် ကောင်းကင်အင်မော်တယ်ချီလီက သူ၏ သိုလှောင်အိတ်ထဲရှိ သတင်းပို့အဆောင်တစ်ခုကိုခြေမွှပြီး အော်ဟစ်လိုက်၏။

“ခင်ဗျား... အခုချိန် တံခါးပိတ်ကျင့်ကြံရာကနေထွက်မလာလာဘူးဆိုရင် ခင်ဗျားရဲ့သားနဲ့ သွေးနီရောင်တောင်ကြားက ဖျက်ဆီးခံရတော့မယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် အလွန်တရာစီးပိုးခြယ်လှယ်နိုင်သော စွမ်းအင်အတက်အကျတစ်ခုက ခန်းမ၏ အပြင်ဘက်ကနေထွက်ပေါ်လာပြီး သိပ်သည်းပြင်းထန်သောစွမ်းပကားတစ်ခုက လွှမ်းခြုံလာခဲ့၏။

ထိုဖိအားသည် ကောင်းကင်အင်မော်တယ်တစ်ယောက်၏ စွမ်းအားထက် များစွာကျော်လွန်နေပြီဖြစ်၏။

ကောင်းကင်အင်မော်ဆယ်ချီလီနှင့် အခြားသူများသည် အဲ့ဒါကို အာရုံခံမိသောအခါ သူတို့သည် စိတ်အားမာန်တက်ကြွသွားပြီး သူတို့၏ မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်ခြည်ကိုပြန်လည်ရရှိလာ၏။

“သွေးနီရောင်တောင်ကြားရဲ့ တောင်ကြားသခင်က တံခ်ါးကပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ”

“အဲ့ဒီအော်ရာအရဆိုရင်... သူက တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ပြီး ပကတိမိစ္ဆာတစ်ဦးဖြစ်သွားလောက်ပြီ”

“ဟားဟား... ငါတို့အခုအဆင်ပြေသွားပြီ... အထီးကျန်သိုင်းသခင် မင်းက ပကတိမိစ္ဆာတစ်ဦးမွေးဖွားလာခြင်းနဲ့အတူ မင်းသေချာပေါက်သေရတော့မယ်”

ကျန်ရှိနေသော ကောင်းကင်အင်မော်တယ်ပညာရှင်များက စိတ်လှုပ်ရှားတက်ကြွလာပြီး စောစောက သူတို့၏ကြောက်ရွံ့မှုက ပျောက်ကွယ်သွား၏။

ကောင်းကင်အင်မော်တယ်ချီလီကလည်း သူ၏ ခါးကိုမတ်ပြီး သိုင်းတာအိုပင်မခန္ဓာကို အေးစက်စွာစိုက်ကြည့်လိုက်၏။

သူက အံကိုတင်းတင်းကြိတ်ပြီး အေးစက်ခက်ထန်စွာပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... ငါ့အဖေက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ... ငါမင်းကို တိုက်ပွဲကျွန်အဖြစ်ယဥ်ပါးအောင်လုပ်ပြီး ငါ့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး မင်းကိုအမိန့်ပေး ခိုင်းစေမယ်”

“ပကတိမိစ္ဆာ”

အဆူရာက ဆတ်ခနဲတုန်ယင်သွား၏။

သူ၏ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားသော်လည်း သူသည် ပကတိဧကနယ်ပယ်နှင့် ကောင်းကင်အင်မော်တယ်နယ်ပယ်ကြား ကွာဟချက်ကို သိရှိထား၏။

အဲ့ဒါက ရင်ကြားမစေ့နိုင်သော ကွာဟချက်ဖြစ်၏။

မဟူရာ၊ ကမ္ဘာမြေ သို့မဟုတ် ကောင်းကင်အမြုတေနယ်ပယ်များမှာ သူတို့၏ နည်းလမ်းများက ကောင်းကင်နှင့်မြေကြီး အမြုတေချီကို လှည့်ပတ်နေရဆဲဖြစ်၏။

ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ပြီး၍ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူပြီးနောက် အမြုတေချီသည် တာအိုသစ်သီးဖြင့် စစ်ထုတ်ခြင်းခံရပြီး လှည့်ပတ်ထွက်ပေါ်လာကာ ပို၍ပင်သိပ်သည်းကျစ်လစ်သော အစစ်အမှန်အမြုတေချီကို ဖြစ်ပေါ်လာစေလိမ့်မည်။

အမြုတေချီက ရုပ်ဒြပ်မရှိသော်လည်း အစစ်အမှန်အမြုတေက ရုပ်ဒြပ်ရှိလေသည်။

အဲ့ဒါသည် အရည်အသွေးမှာ ပကတိပြောင်းလဲခြင်းတစ်ရပ်ဖြစ်၏။

အစစ်အမှန်အမြုတေကို စုဖွဲ့နိုင်သည်နှင့် အဲ့ဒါကို အန္တိမနတ်ဘုရားစွမ်းအားများစွာနှင့် ဓမ္မရတနာ၊ ချပ်ဝန်တန်ဆာများအဖြစ် အသွင်ပြောင်းလဲနိုင်လေသည်။

အစစ်အမှန်အမြုတေစွမ်းအားစီးကြောင်းတစ်ခုက အန္တိမနတ်ဘုရားစွမ်းအားများကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။ ထို့ကြောင့် ပကတိဧကနယ်ပယ်မှာရှိသော ပညာရှင်များသည် ပကတိအင်မော်တယ်များဖြစ်စေ၊ ပကတိမိစ္ဆာများဖြစ်စေ သူတို့သည် အလွန်တရာစွမ်းအားကြီးမားသော အန္တိမနတ်ဘုရားစွမ်းအားများနှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကလွဲလျှင် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်အသုံးပြုခဲလေသည်။

“မင်း အဲ့ဒါကိုလုပ်နိုင်မှာလား”

အဆူရာက သိုင်းတာအိုပင်မခန္ဓာကို စိုးရိမ်ပူပန်သောအမူအရာဖြင့် ကြည့်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်ခဲ့သော စွမ်းအားက သူစဥ်းစားနိုင်သည်ထက် များစွာကျော်လွန်နေခဲ့၏။ သို့သော်လည်း သူသည် ပကတိမိစ္ဆာတစ်ဦးကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

“မင်းရဲ့ကံကြမ္မာစက်ကွင်း ၉ ခုက ပကတိမိစ္ဆာတစ်ဦးရဲ့စွမ်းအားကို ယှဥ်နိုင်ချင်မှယှဥ်နိုင်လိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ကောင်းကင်ဘုံဝံပုလွေ၏ အသံက ထွက်ပေါ်လာ၏။

“ငါ့အထင်တော့... အရင်ဆုံး နောက်ဆုတ်လိုက်တာ ပိုကောင်းလိမ့်မယ်”

“မင်းရဲ့လှုပ်ရှားမှုနည်းစနစ်အရဆို မင်းက တစ်ယောက်ယောက်ကို ဆွဲခေါ်သွားမယ်ဆိုရင်တောင် အဲ့ဒီပကတိမိစ္ဆာက မင်းကိုလိုက်မီချင်မှလိုက်မီလိမ့်မယ်... မင်းမှာ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုရှိနေတယ်”

ဤနှစ်များအားလုံးမှာ ကောင်းကင်ဘုံဝံပုလွေသည် သိုင်းတာအိုပင်မခန္ဓာ၏ အကျဥ်းချခြင်းခံထားရသော်လည်း ကံကြမ္မာစက်ကွင်းနယ်ပယ်အကြောင်း သူက နည်းနည်းပါးပါးသိရှိထားလေသည်။

ဒါ့အပြင် ကောင်းကင်ဘုံဝံပုလွေသည် အစကတည်းက အထက်ဘုံမှလာခြင်းဖြစ်ပြီး အမြင်အာရုံထက်ရှလေသည်။

“သွေးနီရောင်တောင်ကြားမှာ ဘယ်သူက အဲ့လောက်ထိမောက်မာခက်ထန်နေတာလဲ”

ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။

အစကတော့ အဲ့ဒါက အဝေးမှာဖြစ်လေသည်။

သို့သော်လည်း နောက်ဆုံးအသံထွက်ပေါ်လာသည့်အချိန်မှာ အဲ့ဒါက ခန်းမ၏ အထက်သို့ ရောက်ရှိလာခဲ့လေပြီ။

“ပကတိမိစ္ဆာတစ်ဦးလား”

သိုင်းတာအိုပင်မခန္ဓာက သူ့မျက်လုံးထဲရှိ နတ်ဘုရားဆန်ဆန်အလင်းတစ်ခုနှင့်အတူမော့ကြည့်ပြီး အဲ့ဒါကိုစမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်လာ၏။

သူကျင့်ကြံထားသောတာအိုသည် မဟာလောကသုံးထောင်မှ ဓမ္မအစီအရင်များနှင့် ကွဲပြားခြားနားလေသည်။

ထို့ကြောင့် သူတို့ပြောပြောနေသည့် ပကတိဧကနယ်ပယ်၊ အစစ်အမှန်အမြုတေနှင့် ပကတိမိစ္ဆာဆိုသည်မှာ ဘယ်လောက်ထိသန်မာသလဲ သူကစမ်းသပ်ကြည့်လိုနေ၏။

သိုင်းတာအိုပင်မခန္ဓာမှာ ယုံကြည်မှုရှိလေသည်။

သူက တိုက်ပွဲမှာရှုံးနိမ့်ရမည်ဆိုလျှင်တောင် သူသည် အဆူရာနှင့်အတူ မထိမခိုက်ရုန်းထွက်နိုင်လေသည်။

ဘုန်း...

ခန်းမ၏ အမိုးခုံးက ကြေမွသွားပြီး ပြင်းထန်ကြမ်းတမ်းသည့် အော်ရာတစ်ခုနှင့်အတူ ပုံရိပ်တစ်ခုက ဆင်းသက်လာခဲ့၏။ ကြောက်စရာကောင်းသော အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုက သိုင်းတာအိုပင်မခန္ဓာထံသို့ ပစ်ဝင်လာခဲ့၏။

“ဟမ်...”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။

သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်သည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသည့်ခဏမှာပင် အစစ်အမှန်အမြုတေကိုအသုံးပြုရမည့်အစား သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အသက်သွင်းလိုက်လိမ့်မည်ဟု သူကထင်မှတ်မထားပေ။

တစ်ခုသောရှုထောင့်ကနေကြည့်မည်ဆိုလျှင် အဲ့ဒါက စိတ်ချရပြီး သေစေနိုင်စွမ်းအားမြင့်မားသည့် နည်းလမ်းတစ်ခုဖြစ်သည်မှာ တကယ်ပင်။

ပကတိဧကနယ်ပယ်မှာရှိသော အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ကောင်းကင်အမြုတေနယ်ပယ်မှာထက် များစွာသာလွန်နေခဲ့ပြီဖြစ်၏။

အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခု၏ စွမ်းအားက တာအိုသစ်သီးကနေတစ်ဆင့် ထွက်ပေါ်လာပြီးနောက် အဆများစွာစွမ်းအားကြီးမားလာပေလိမ့်မည်။

မိစ္ဆာမဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံး၏ နံပါတ်တစ်ကောင်းကင်အင်မော်တယ်ပင်လျှင် ပကတိမိစ္ဆာတစ်ဦး၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်က သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် သတ်ဖြတ်ကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ပြီး သိုင်းတာအိုပင်မခန္ဓာကို ခုခံဖို့အတွက် မည်သည့်အခွင့်အရေးမှ မပေးလိုပေ။

သိုင်းတာအိုပင်မခန္ဓာက တွေဝေတုံ့ဆိုင်းသွား၏။

အမြုတေစိတ်ဝိညာဥ်များကြား တိုက်ပွဲတစ်ခုက အရမ်းကိုအန္တရာယ်များ၏။

သူ၏ သိုင်းစိတ်ဝိညာဥ်က သိပ်သည်းကျစ်လစ်ပြီး အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်၏ တိုက်ခိုက်မှုကို ခုခံနိုင်ကောင်း ခုခံနိုင်ပေလိမ့်မည်။ သို့သော် အဲ့ဒါက လုံးဝမထိမခိုက်ရှိချင်မှရှိပေလိမ့်မည်။

သူ၏ သိုင်းစိတ်ဝိညာဥ်က ပျက်စီးထိခိုက်သွားသည်နှင့် သူ၏ နည်းလမ်းများအားလုံးနှင့် ခွန်အားက ကြီးမားစွာလျော့ကျသွားပေလိမ့်မည်။

All Chapters