မျက်နှာဖုံး
Vol. 144 Ch. 2160
“ငါ့ကို ငါ့ရဲ့မျက်နှာဖုံးထဲပြန်ထည့်ပေး”
ထိုစဥ်မှာပင် ကောင်းကင်ဘုံဝံပုလွေ၏ အသံက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေ၏ စိတ်ဝိညာဥ်ထဲမှာ ချိပ်စည်းတစ်ခုကို ထည့်သွင်းထားခဲ့ပြီးသားဖြစ်လေသည်။ သူကသေဆုံးသွားမည်ဆိုလျှင် ကောင်းကင်ဘုံဝံပုလွေနှင့် စိတ်ဝိညာဥ်အသိစိတ်ကလည်း သေဆုံးသွားရပေလိမ့်မည်။
ကောင်းကင်ဘုံဝံပုလွေက ဤကဲ့သို့သော အခြေအနေအောက်မှာ ဟာသတစ်ခုခုပြုလုပ်ဖို့ ကြိုးစားရဲမည်ကို သူကမစိုးရိမ်ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ကောင်းကင်ဘုံဝံပုလွေ၏ စိတ်ဝိညာဥ်အသိစိတ်ကို ငွေရောင်မျက်နှာဖုံးထဲသို့ ပို့လွှတ်ပေးလိုက်၏။
ထို့နောက် ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာသည် သူ့မျက်နှာပေါ်ရှိ ငွေရောင်မျက်နှာဖုံးကနေ အေးစက်နေသောစိတ်ဆန္ဒတစ်ခုနှင့်အတူ ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက်ခံစားမိလိုက်၏။
ငွေရောင်မျက်နှာဖုံးသည် ရေကန်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပုံရပြီး ၎င်းပေါ်မှာ အနက်ရောင်ချီဖြင့် လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ရာတစ္ဆေမျက်နှာတစ်ခုက ကြောက်စရာကောင်းသောပုံစံဖြင့် ခပ်ရေးရေးရောင်ပြန်ဟပ်လာခဲ့၏။
ထိုမျက်နှာကို တွေ့မြင်လိုက်ရသော ခန်းမထဲရှိကျင့်ကြံသူများအားလုံးသည် ရုတ်တရက်လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။
တစ္ဆေမျက်နှာသည် လူတိုင်း၏ နှလုံးသားအနက်ပိုင်းထဲရှိ အကြောက်တရားကို နှိုးဆွပေးနိုင်သည့် စွမ်းအားကြီးမားသော နတ်ဆိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပုံရပြီး သူတို့ကို တုန်လှုပ်ချောက်ချားသွားစေ၏။
တာအိုသစ်သီးကိုစုဖွဲ့ပြီး ပကတိမိစ္ဆာတစ်ဦးဖြစ်လာခဲ့သည့် သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်ပင်လျှင် ရင်တစ်ချက်ထိတ်သွားလေသည်။
ထိုမျက်နှာကိုတွေ့မြင်သောအခါ မရေမတွက်နိုင်သော အတွင်းစိတ်နတ်ဆိုးများက ရူးသွပ်စွာကြီးထွား၍ ကခုန်လာသည့်အလား သူ၏ စိတ်ကဗြောင်းဆန်သွားလေသည်။ ယခုတင်သူစုဖွဲ့ထားသော တာအိုသစ်သီးက အနည်းငယ်တုန်ခါ၍ လဲပြိုကျတော့မည့် လက္ခဏာများပြသလာ၏။
တစ်ချိန်တည်းမှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က ဆင်းသက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းစိတ်ဝိညာဥ်မီးကို ယခုတင်လှည့်ပတ်လိုက်ပြီး အဲ့ဒါနှင့်ထိပ်တိုက်ရင်ဆိုင်တော့မည့်ဆဲဆဲမှာပင် သွေးနီရောင်တောင်ကြားသခင်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က ငွေရောင်မျက်နှာဖုံးနှင့် အရင်ဦးစွာထိခတ်သွား၏။
ပကတိမိစ္ဆာအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုသည် စွမ်းအားကြီးမားပြီး မည်သည့်ကောင်းကင်အင်မော်တယ်ပညာရှင်ကိုမဆို သတ်ဖြတ်နိုင်လေသည်။
သို့သော်လည်း အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က ငွေရောင်မျက်နှာဖုံးနှင့် ထိခတ်မိသောအခါ အဲ့ဒါသည် ပင်လယ်ထဲသို့ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ ဝဲဂယက်တချို့ကို ဖြစ်ပေါ်စေပြီးပျောက်ကွယ်သွား၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ်အပေါ် မည်သည့်သက်ရောက်မှုကိုမှ မခံစားလိုက်ရပေ။
တကယ်တော့ ငွေရောင်မျက်နှာဖုံးပေါ်ရှိ ကြောက်စရာကောင်းသောမျက်နှာကလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
ငွေရောင်မျက်နှာဖုံးသည် အထက်ဘုံမှလာခဲ့ပြီး ငရဲဖိနှိမ်မီးဖိုနှင့်အတူ ကျဆင်းလာခဲ့၏။ အဲ့ဒါက ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို ခုခံပေးနိုင်သည့်အတွက် ရတနာတစ်ခုဖြစ်သည်မှာ သေချာလေသည်။
သို့သော်လည်း ငွေရောင်မျက်နှာဖုံးသည် ဤမျှအထိစွမ်းအားကြီးမားပြီး ပကတိမိစ္ဆာတစ်ဦး၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားတစ်ခုကိုပါ ခုခံပေးနိုင်လိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ကောင်းကင်ဘုံဝံပုလွေမှာ ရွေးချယ်စရာမရှိဘဲ သူ၏ ဖိနှိမ်မှုအောက်တွင် အညံ့ခံခဲ့ရသော်လည်း သူက လျှို့ဝှက်ချက်များစွာကို သိရှိထားလေသည်။
သူ့မှာအခွင့်အရေးရမည်ဆိုလျှင် သူသည် ကောင်းကင်ဘုံဝံပုလွေထံမှ ထိုလျှို့ဝှက်များအားလုံးကို နှိုက်ထုတ်ရပေလိမ့်မည်။
တခြားအရာများကိုအသာထား ကောင်းကင်ဘုံဝံပုလွေ၏ မှတ်ဉာဏ်ထဲရှိ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကပင် သိုင်းတာအိုပင်မခန္ဓာအတွက် အလွန်တရာအသုံးဝင်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် မဟာရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရချိန်မှာ ထိုအတွေးကို လောလောဆယ်ခဏဘေးဖယ်ထားလိုက်၏။
လေထဲမှာ သွေးနီရောင်တောင်ကြားသခင်သည် ငွေရောင်မျက်နှာဖုံးပေါ်ရှိ တစ္ဆေမျက်နှာ ပျောက်ကွယ်သွားသည်ကို တွေ့မြင်သောအခါ သူ၏ ခေါင်းကိုခါယမ်းပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူ့ကိုယ်သူဣန္ဒြေဆယ်လိုက်၏။
သူသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ထားသော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က လုံးလုံးလျားလျား တည်ငြိမ်မှုမရှိသေးပေ။
သူက တစ္ဆေမျက်နှာကို ထပ်မံ၍ကြည့်ရှုရမည်ဆိုလျှင် သူ၏ အသိစိတ်ထဲရှိတာအိုသစ်သီးက နေရာမှာပင်လဲပြိုကျသွားဖို့ အခွင့်များလေသည်။
ငွေရောင်မျက်နှာဖုံးသည် သေချာပေါက်အဆုံးစွန်ရတနာတစ်ခုဖြစ်သည်ဆိုတာကို သွေးနီရောင်တောင်ကြားသခင်က နားလည်သဘောပေါက်သွား၏။
မျက်နှာဖုံးသည် သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ခုခံနိုင်ခဲ့သည့်အချက်ကိုအသာထား... စောစောက ပေါ်ထွက်လာခဲ့သော တစ္ဆေမျက်နှာမှာပင်လျှင် စွမ်းအားကြီးမားသော နောက်ခံတစ်ခုရှိနေရပေမည်။
“သတ်”
သွေးနီရောင်တောင်ကြားသခင်၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာပြီး သူ၏ သွေးချီက ဆူပွက်လာခဲ့၏။ အဲ့ဒါကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို ရူးသွပ်စွာစုပ်ယူနေသည့် ဧရာမတွင်းနက်တစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။
ပကတိမိစ္ဆာသည် သူ၏ ကျင့်ကြံမှုနည်းစနစ်ကိုလှည့်ပတ်ပြီး ဝေလငါးတစ်ကောင်ကို ဝါးမျိုနေသည့်အလား ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ အမြုတေချီများကိုစုပ်ယူနေ၏။
အလွန်တရာများပြားသည့် ကောင်းကင်နှင့်မြေကြီးအမြုတေချီပမာဏတစ်ခုက သူ၏ ဦးခေါင်းကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ တာအိုသစ်သီးထဲသို့ တလိပ်လိပ်တိုးဝင်သွား၏။ တာအိုသစ်သီး၏ စစ်ထုတ်သန့်စင်မှုကနေတစ်ဆင့် ၎င်းသည် အစစ်အမှန်အမြုတေအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ ခြေလက်များနှင့် မရီးဒါန်ရှစ်ခုဆီသို့ စီးဆင်းသွားလေသည်။
ဖြစ်စဥ်တစ်ခုလုံးက လျှပ်တပြက်အတွင်းမှာ ပြီးမြောက်သွားလေသည်။
နောက်ခဏ၌ သွေးနီရောင်တောင်ကြားသခင်က လှုပ်ရှားလိုက်၏။
သူ၏ လက်နှစ်ဖက်ကြားမှာ နက်မှောင်နေသော အစစ်အမှန် အမြုတေက မင်ကဲ့သို့ တလိပ်လိပ်ထိုးတက်လာပြီး ဧရာမဆေဘာတစ်လက်ကို လျင်မြန်စွာစုဖွဲ့စေကာ သိုင်းတာအိုပင်မခန္ဓာထံသို့ ခုတ်ပိုင်းချလိုက်၏။
သိုင်းတာအိုပင်မခန္ဓာမှာ လုံးဝအကြောက်အလန့်ကင်းမဲ့သောအမူအရာတစ်ခုရှိနေပြီး သူ၏ မျက်လုံးက ဝင်းလက်သွား၏။ သူ၏ သွေးချီက ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး သူ၏ နောက်ဘက်မှာရှိသော ကံကြမ္မာစက်ကွင်းကိုးခု၏ ခရမ်းရောင်အရောင်အဝါက သိပ်သည်းစုဖွဲ့လာကာ သူက ရှေ့သို့တက်လှမ်း၍ ပစ်ထိုးလိုက်၏။
“သူကတကယ့်ကို သောက်ရူး နားကန်းပဲ... သူက သူ့ရဲ့ကိုယ်ကာယနဲ့ အစစ်အမှန်အမြုတေကို တိုက်ခိုက်နိုင်မယ်ထင်နေတာပဲ”
“ဟားဟားဟားဟား... အဲ့ဒီအထီးကျန်သိုင်းသခင်က တကယ့်ကို တဇွတ်ထိုးတစောက်ကန်းပဲ”
ကောင်းကင်အင်မော်တယ်ချီလီနှင့် အခြားသူများ၏ မျက်လုံးများထဲမှာ သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက အရေးနိမ့်ခြင်းမရှိသော်လည်း သူ၏ ပြုမူလှုပ်ရှားမှုက ကျောက်နံရံကို ကြက်ဥနှင့်ပစ်ပေါက်နေခြင်းနှင့် တူလေသည်။
ဘုန်း....
လက်သီးနှင့် ဆေဘာက ကျယ်လောင်သောမြည်သံနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ခန်းမထဲရှိလူတိုင်းက တုန်လှုပ်မှုဖြင့် သူတို့၏ မျက်လုံးများပြူးကျယ်သွားကြ၏။
ထို့နောက် လက်သီးနှင့်ဆေဘာ ထိတွေ့ရိုက်ခတ်ရာနေရာကနေ ခရမ်းရောင်နှင့် အနက်ရောင် စွမ်းအားစက်ဝန်းတစ်ခုက ပေါက်ကွဲထွက်သွားပြီး ဆူနာမီတစ်ခုကဲ့သို့ အဘက်ဘက်ကိုဖြန့်ကြက်သွားလေသည်။
ဤကဲ့သို့ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့် ထိတွေ့ရိုက်ခတ်မှုမှာ ခန်းမတစ်ခုလုံးက အဲ့ဒါကို လုံးဝခံနိုင်ရည်မရှိဘဲ ကြေမွပျက်စီးသွား၏။ မရေမတွက်နိုင်သော ကျောက်ခဲများက လွင့်စင်၍ ဖုန်များက တထောင်းထောင်းထသွား၏။
တိုက်ခိုက်ဖလှယ်မှုတစ်ခုဖြင့် သွေးနီရောင်တောင်ကြား၏ ခန်းမက အပျက်အစီးပုံဘဝသို့ ကျရောက်သွားခဲ့လေသည်။
ကောင်းကင်အင်မော်တယ်ချီလီနှင့် အခြားသူများက သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကိုခါချပြီး အလောတကြီးကြည့်ရှုလိုက်ကြ၏။
လေထဲမှာ သိုင်းတာအိုပင်မခန္ဓာနှင့် သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်က လေထဲမှာ အေးခဲရပ်တန့်နေသည့်အလား သူတို့၏ လက်သီးနှင့်ဆေဘာ ထိတွေ့ရိုက်ခတ်သောပုံစံဖြင့် ရှိနေကြဆဲဖြစ်၏။
သူတို့နှစ်ယောက်၏ ဘေးပတ်လည်မှာ စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုက တလိပ်လိပ်ထိုးတက်လာဆဲဖြစ်ပြီး မမြင်နိုင်သောအကာအရံတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဖုန်မှုန့်များနှင့် ကျောက်ခဲများက ထိုနေရာသို့ လုံးဝမဝင်ရောက်နိုင်ပေ။
သူတို့နှစ်ယောက်စလုံးက မည်သည့်အစက်အပြောက်မှမရှိဘဲ ရှင်းလင်းနေ၏။
“ဟာ...”
ကောင်းကင်အင်မော်တယ်ချီလီနှင့် အခြားသူများက အံကိုကြိတ်ပြီး ပင့်သက်ကိုရှိုက်လိုက်ကြ၏။
ဘယ်ဆီဘယ်ဝယ်ကရယ်မသိ ပေါ်ထွက်လာသော ဤအထီးကျန်သိုင်းသခင်သည် ပကတိမိစ္ဆာတစ်ဦး၏ စွမ်းအားကို ခုခံနိုင်နေလေသည်။
“မင်းအဲ့ဒါကို မခုခံနိုင်ပါဘူး”
ထိုစဥ်မှာပင် သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်က ဟိန်းဟောက်လိုက်၏။ သူ၏ အသိစိတ်ထဲမှာ တာအိုသစ်သီးမိစ္ဆာချီက ရစ်ပတ်လာပြီး သူ၏ ဦးခေါင်းနောက်မှာ ရောင်လျှံစက်ဝန်းတစ်ခုက တောက်ပလာခဲ့၏။ သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ လက်ထဲရှိ အစစ်အမှန်အမြုတေကနေ စုဖွဲ့ထားသော မိစ္ဆာဆေဘာက သိပ်သည်းကျစ်လစ်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ နောက်ဘက်ရှိ ကံကြမ္မာစက်ကွင်းကိုးခုမှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့၏။
သူတို့က လဲပြိုကျတော့မည့်ဆဲဆဲဖြစ်၏။
ဒုန်း... ဒုန်း... ဒုန်း...
သိုင်းတာအိုပင်မခန္ဓာက နောက်သို့အဆက်မပြတ်ဆုတ်ပေးလိုက်ရ၏။
သူတစ်ကြိမ်ဆုတ်လိုက်တိုင်း သူ၏ ခြေဖဝါးအောက်မှာ ကြာပန်းတစ်ပွင့်က ပေါ်ထွက်လာ၏။
အန္တိမနတ်ဘုရားစွမ်းအား.. ခြေလှမ်းတိုင်းမှာ ကြာပန်း..။
သိုင်းတာအိုပင်မခန္ဓာက နောက်ဆုတ်နေစဥ် သူသည် ခြေလှမ်းတိုင်းမှကြာပန်းကို အသုံးချကာ သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာသည့်စွမ်းအားများကို သူ၏ ခြေဖဝါးအောက်ရှိ ကြာပန်းများအဖြစ် အသွင်ပြောင်းလဲပေးလိုက်၏။ သူက အဲ့ဒါကိုထုတ်ဖော်သည့်အခါ သူအပေါ်လုံးဝထိခိုက်မှုမရှိတော့ပေ။
ကံကြမ္မာစက်ကွင်းကိုးခု၏ စွမ်းအားက ပကတိမိစ္ဆာတစ်ဦး၏ စွမ်းအားနှင့်ယှဥ်လျှင် အနည်းငယ်နိမ့်ကျနေဆဲ ဖြစ်၏။
တကယ်တမ်းမှာတော့ သာမန်အဆင့်-၉ ကံကြမ္မာစက်ကွင်းနယ်ပယ်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်များနှင့်သာ ဆန့်ကျင်တိုက်ခိုက်နိုင်မည်ဖြစ်၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအို၏ ဘိုးဘေးဖြစ်ပြီး အစကတည်းက မူကွဲတစ်ခုဖြစ်လေသည်။
သူ၏ ခန္ဓာကိုယ်ကို မီးဖိုတစ်လုံးအဖြစ်အသုံးပြုပြီး သူသည် မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် ရှေးဟောင်းသုတ္တန်များကို သန့်စင်ထားခဲ့၏။
သိုင်းစိတ်ဝိညာဥ်မီး၊ နဂါးဖီးနစ်မီးတောက်၊ ကပ်ဘေးမီးနှင့် အနီရောင်ကြာပန်းကြမ္မာမီးတောက်တို့နှင့်အတူ သူ၏ ခန္ဓာကိုယ်ကို နေ့နေ့ညည မီးဆေးထားခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက်ပင် ပို၍ကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။
ထို့ကြောင့်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာသည် သွေးနီရောင်တောင်ကြားမှ တောင်ကြားသခင်၏ တိုက်ခိုက်မှုကို ခုခံနိုင်ပြီး နောက်သို့မထိမခိုက်ဆုတ်ခွာလာနိုင်ခဲ့ခြင်းဖြစ်၏။
“မင်းက ငါ့ရဲ့ခုတ်ချက်ကိုတောင် ခုခံပြီး အခုချိန်ထိမသေသေးဘူးဆိုတော့....”
သွေးနီရောင်တောင်ကြားသခင်က သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်ပြီး အေးစက်နေသောလေသံဖြင့် ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းက... ငါ့ဆီကနေ ခုတ်ချက်ဘယ်လောက်များများကို ခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့”
သူ့စကားမဆုံးသေးခင်မှာပင် သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်က သူ၏ အစစ်အမှန်အမြုတေကို နောက်တစ်ဖန်လှည့်ပတ်လိုက်၏။
နက်မှောင်နေသော အစစ်အမှန်အမြုတေက မိစ္တာဆေဘာ၏ ဘေးပတ်လည်မှာ လှည့်ပတ်လာပြီး ၎င်း၏ စွမ်းအားကို ပို၍သိပ်သည်းကျစ်လစ်လာစေကာ သိပ်သည်းပြင်းထန်သော ကြမ်းကြုတ်ခက်ထန်မှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာထံသို့ ပစ်ဝင်သွားလေသည်။