← Chapters

အပိုင်း (၁၃၄)

Vol. 10 Ch. 134

အပိုင်း (၁၃၄)

Vol. 10 Ch. 134

“လူသားပါရမီရှင်စာရင်းဝင် တစ်ယောက်ရဲ့ အားအင်အဆင့်ကို စမ်းသပ်ကြည့်ရအောင်။ လူသားပါရမီရှင်စာရင်း ရဲ့ နှစ်ဆယ့်လေးယောက်မြောက်မှာ ရှိတယ်ဆိုတော့ ဘယ်လောက် အားကောင်းလိုက်မလဲ” ကျင်းချန်သည် ပုဆိန်ကြီးကို ကိုင်ဆောင်ပြီး အရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့၏။

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် ၎င်းသည် အကွာအဝေး တော်တော်များများဆီသို့ ရောက်ရှိလာခဲ့၏။ ၎င်း၏ ခြေလှမ်းများသည် ပြေးလွှားသည်ထက်ပင် ပိုမိုကာ မြန်ဆန်လျက်ရှိ၏။ ရွှေရောင်အလင်းတန်းများသည် ပုံရိပ်ယောင်များအဖြစ်ပင် အနောက်၌ ကျန်ရစ်ခဲ့သည်။

နားကွဲလောက်စရာ အသံကြီးတစ်ခုသည် ထွက်ပေါ်လျက် ရှိနေ၏။ လက်ရှိ အချိန်မှာတော့ လောကကြီးတစ်ခုလုံးသည် သူ၏အတူ ပေါင်းစပ်နေသကဲ့သို့ပင်။ သူ၏ခမ်းနားကြီးကျယ်လှသည့် အရှိန်အဝါများသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို လွှမ်းမိုးထားခဲ့၏။

ရွှေရောင်အတောင်ပံ တော်ဝင်ဖန်းကလန်သည် စကြဝဠာ၏ သဘောတရားများကို နားလည်သည့် အခြေအနေဆီသို့ ရောက်ရှိနေခဲ့ပြီး အဆုံးစွန်သော အမြန်နှုန်းကို ထုတ်ဖော်ပြသလျက် ရှိနေလေ၏။ အားအင်အဆင့် နည်းပါးသူများအတွက် ၎င်း၏ ပုံရိပ်ကို ဖမ်းမိရန်ပင် မလွယ်ကူလှချေ။

ဒွီး

ကြီးမားလှသော ပုဆိန်ကြီးသည် မြောက်တက်လာခဲ့ပြီးသည့်နောက် မဲနက်လျက်ရှိနေသည့် ရောင်စဉ်တန်းများ သည် တလက်လက်နှင့် ထွက်ပေါ်နေ၏။ ထိုအလင်းတန်းများသည် ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးသို့ပင် ပျံ့နှံ့လျက်ရှိနေ၏။ လေဟာနယ် တစ်ခုလုံးသည် ထိုအရာကို မတောင့်ခံနိုင်ခဲ့တော့ချေ။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ လေဟာနယ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။

ဘုန်း

ကျင်းချန်သည် ပထမဦးဆုံး တိုက်ခိုက်လိုက်၏။ စဦးတိုက်ခိုက်မှု ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများသည် တိုက်ရိုက်ဆန်ပြီး ရိုးရှင်းလွန်းလှ၏။ ပုဆိန်ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာမျိုးနှင့် ကျဆင်း လာခဲ့ပြီး လေထဲတွင် တဝှီးဝှီး မြည်သံများ ထွက်ပေါ်နေ၏။ ခပ်ဝေးဝေး တည်နေရာတွင် ရှိနေသည့် တောင်များသည် တစ်ခုပြီးတစ်ခု ပြိုကျကုန်၏။

တိုင်ချူးနတ်သားတော်၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်သွားခဲ့သည်။ ကျင်းချန်သည် တကယ်ပင် မွန်းစတား မျိုးနွယ်များ၏ ကောင်းကင်ပါရမီရှင် ထိပ်ဆုံးနေရာနားတွင် ပါဝင်သင့်သည့် ထိုက်တန်သော သားရဲတစ်ကောင် ဖြစ်လို့နေလေသည်။ တကယ့်ကို တော်လွန်းလှသည့် လူတစ်ယောက်ပင်။

ဘုန်း

မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး တိုင်ချူးနတ်သားတော်၏ ခေါင်းတည်နေရာ၌ ခရမ်းရောင်လေများ တဟူးဟူးနှင့် တိုက်ခတ်လာ၏။ ထိုအရာသည် ၎င်းအား ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားသည့် အရှိန်အဝါများကို ထုတ်ဖော်စေခဲ့ပြီး ထိုအရာဆီမှ ရေတွက်၍ မရအောင် များပြားလှသည့် ဓားစွမ်းအင်များသည် အရှိန်တငြီးငြီးဖြင့် ထွက်ပေါ်လာခဲ့၏။ နတ်ဘုရားဓားများသည် လောကတစ်ခုလုံးကို ထိုးခွင်းသွားလုမတတ်ပင်။

ချလွမ် ချလွမ် ချလွမ်

ဓားများ ကောင်းကင်ယံကို ခုတ်ပိုင်းသည့်အသံများ ထွက်ပေါ်လာခဲ့၏။ ခရမ်းရောင် တောက်ပလျက်ရှိနေသည့် လေထုထဲတွင် တိုင်ချူးနတ်သားတော်သည် မတ်မတ်ရပ်လျက် ရှိနေပြီး ရွှေတောင်ပံ တော်ဝင်ဖန်းကလန်၏ သခင်လေးနှင့် ရင်ဆိုင်လျက် ရှိနေ၏။

“စုဖွဲ့စမ်း”

တိုင်ချုးနတ်သားတော်သည် အသာအော်ဟစ်လိုက်၏။ ထိုအော်သံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ဆန်းကြယ်လှသည့် ဓားအော်ရာများသည် သူ၏ရှေ့တွင် စုဖွဲ့လာပြီးသည့်နောက် ကျင်းချန်ဆီသို့ ဦးတည်ကာ ရောက်ရှိသွားသည်။

ဘုန်း

ကြီးမားလွန်းလှသည့် ပုဆိန်ကြီးနှင့် လေဟာနယ်ထဲတွင် ထိပ်တိုက်တွေ့ဆုံပြီး အကန့်အသတ်မဲ့ များပြားလှသည့် အလင်းတန်းများသည် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်လာ၏။ မိုင်ရာချီပတ်လည် အတွင်းတွင် ရှိနေသည့် အားလုံးသော သူများသည် မျက်စိများပင် စူးရှသွားခဲ့၏။ တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် ရှေးသစ်ပင်အိုများ၊ တောင်များတို့သည် အမှုန့်အဖြစ်သို့ပင် ပြောင်းလဲကုန်၏။

“သေစမ်း”

ကျင်းချန်သည် အော်ဟစ်လိုက်တော့၏။ ၎င်း၏ အသံသည် ကောင်းကင်ယံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ရွှေရောင်အလင်းတန်းများသည် တိုက်ခိုက်မှုနှင့်အတူ လိုက်ပါသွားခဲ့၏။ သူသည် တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းနှင့် မြန်မြန်ဆန်ဆန် တိုက်ခိုက်နေခြင်းသာဖြစ်၏။ ၎င်း၏ မျက်လုံးများသည် ဓားကဲ့သို့ပင် စူးရှလွန်းလှ၏။

မွန်းစတား နတ်ဘုရားကြီး တစ်ပါးကဲ့သို့ပင် မတ်မတ်ရပ်လျက်ရှိပြီး အကြောက်အလန့် ကင်းမဲ့စွာဖြင့် လက်ထဲတွင် ပုဆိန်ကြီးကို ကိုင်ကာ တိုက်ခိုက်နေ၏။ ၎င်း၏ရှေ့ လမ်းတည်နေရာတွင် ရှိနေသည့် အရာအားလုံးသည် ပြိုလဲလျက် ရှိနေသည်။

ဖန်းသားရဲ၏ အော်ဟစ်သံသည် ကောင်းကင်ယံထက်တွင် ထွက်ပေါ်လျက်ရှိ၏။ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးပင် တုန်ခါလျက် ရှိနေပြီး တည်နေရာတစ်ခုလုံးသည်လည်း တဝုန်းဝုန်းနှင့်ပင်။

ချလွမ် ချလွမ် ချလွမ်

တိုင်ချူးနတ်သားတော်သည် ၎င်း၏ ခရမ်းရောင်နန်းဆောင်နှင့် ခုခံကာကွယ်မှုကို ပြုလုပ်လျက် ရှိနေ၏။ ထို့အတူ တပြိုင်နက်တည်း ဆိုသလိုပဲ ဓားနည်းစနစ်များကို ထုတ်ဖော်ကာ တိုက်ခိုက်နေ၏။ ချက်ချင်းဆိုသလိုပဲ အကန့်အသတ်မဲ့ များပြားလှသည့် ဓားခုတ်ချက်များကို ထုတ်ဖော်ပြသခဲ့၏။

ရွှေတောင်ပံ တော်ဝင်ဖန်းကလန်နှင့် တိုင်ချူးနတ်သားတော်တို့သည် ကြည့်ရှုနေသူများ အားလုံးကို အံ့ချီးနပမ်း ဖြစ်စေသည်အထိ တိုက်ခိုက်လျက်ရှိသည်။

များပြားလှသည့် ဓားအလင်းတန်းများသည် ကောင်းကင်ယံတစ်ခုလုံး ကို ထိုးခွင်းလျက် ရှိနေပြီး အားလုံးသောသူတို့သည် တအံ့တဩဖြင့် ကြည့်ရှုနေရ၏။ တိုက်ပွဲ၏ အရှိန်အဟုန်သည် လူငယ်မျိုးဆက်များ ဩချလောက်သည့် အခြေအနေမျိုး ဖြစ်စေခဲ့၏။ တချို့သော အကြီးအကဲများဆိုလျှင် ထိုအရာကို ကြည့်ရှုပြီး အံ့အားတသင့် ဖြစ်လျက် ရှိနေ၏။

ဇွပ်

ရုတ်တရက် တိုင်ချူးနတ်သားတော်၏ အရှေ့တွင် ရှိနေသည့် ရှေးနန်းဆောင်ကြီးသည် တုန်ခါသွားခဲ့၏။ ထိုအရာဆီမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကျင်းချန်၏ အကာအကွယ်စွမ်းအင်ကို ထိုးဖောက် ကာဖြင့် ၎င်းအား ထက်ပိုင်း ပိုင်းဖြတ်လိုက်သည်။

ခလွပ်

သွေးများ ပျံ့နှံ့သွားခဲ့ပြီးသည့်နောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့သကဲ့သို့ပင် ရွှေရောင်သွေးများ သည် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့ပြီး လက်၏တည်နေရာတွင် အရိုးများပါ ပေါ်ပေါက်လာ၏။

ကျင်းချန်သည် မျက်မှောင်တစ်ချက်ကလေးပင် မကုပ်ခဲ့ချေ။ သူ၏ ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် အရှေ့ဆီသို့ လှမ်းတက်ကာ ဆက်လက်တိုက်ခိုက်တော့သည်။

“အရမ်းကောင်းတယ်ဟေ့”

အဝေးတွင် ကြည့်နေသည့် ပွဲကြည့်ပရိသတ်များသည် ချီးကျူးမှုကို ပြုလုပ်လိုက်ကြ၏။ ၎င်းတို့သည် အခြေအနေကို သေသေချာချာ မမြင်ရသည်ဆိုသော်လည်း တိုင်ချုးနတ်သားတော်သည် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်၏ သခင်လေးအား ဓားနှင့်ခုတ်ပိုင်းလိုက်သည်ကို ဝေဝေဝါးဝါး မြင်လိုက်ရ၏။ တိုင်ချူး နတ်သားတော်သည် တကယ်ကို ကောင်းမွန်လှသည့် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းပင်ဖြစ်လေ၏။

“အင်း.. အနိုင်ရနေတုန်း ဆက်လက်တိုက်ခိုက်ရတာ တကယ့်ကို ကောင်းတဲ့အရာပဲ” တစ်စုံတစ်ယောက်၏ အသံသည် ထွက်ပေါ်လာသည်။

တည်နေရာထဲမှာတော့ ကျင်းချန်သည် ယခုမှ အသက်ဝင် လှုပ်ရှားသွားခဲ့ပုံပေါ်၏။ သူ၏ ဆံနွယ်များသည် လေထဲတွင် တဝှီးဝှီးနှင့် ယမ်းခါ လျက် ရှိနေပြီး စကြဝဠာတစ်ခုလုံး၌ ရှိနေသည့် စွမ်းအင်များသည် သူ့၌ လာကာ စုဝေးလေ၏။ သူ၏ တိုက်ခိုက်ချက်များသည် ကြမ်းတမ်းလွန်းလှသည့် စွမ်းအင်များကို ထုတ်ဖော်ပြသနေ၏။

တိုင်ချူးနတ်သားတော်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်လျက် ရှိနေတုန်းပင်။ သူသည် ခရမ်းရောင် ရှေးနန်းဆောင်ကြီးကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်ထား၏။ တစ်ဖက်လူသည် ဆက်တိုက်ဆိုသလိုပဲ အမြန်နှုန်းနှင့် ကြမ်းတမ်းမှုကို အတူယှဉ်တွဲတိုက်ခိုက်ခဲ့သည် ဆိုသော်လည်း သူ့ကို အနိုင်ယူ တိုက်ခိုက်နိုင်ရန် ဆိုသည်မှာ လက်ရှိအချိန်တွင် မဖြစ်သေးချေ။ အခွင့်အရေးရသည်ဆိုလျှင် သူသည် ဤအခြေအနေကို တွန်းလှန်ကာဖြင့် တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်မှာဖြစ်သည်။

“ရှေးနန်းဆောင်က မင်းကို တစ်သက်လုံး ကာကွယ်ပေးထားနိုင်မယ်လို့ ထင်လို့လား”

ကျင်းချန်၏ ဆံပင်များသည် လေထဲတွင် လွင့်မျောလျက်ရှိ၏။ သူ၏ မျက်လုံးများသည် ဓားကဲ့သို့ စူးရှလွန်းလှ၏။ သူသည် သွေးဆာလွန်းသော အော်ဟစ်သံများကို ပြုလုပ်ကာဖြင့် ဒေါသတကြီး ကြိမ်းဝါးလိုက်၏။

ပြောနေတုန်းမှာပဲ ကြီးမားလွန်းလှသည့် ရွှေရောင်ဖန်းသားရဲကြီး၏ လက်သည်းချက်ကို ထုတ်ဖော်လိုက်၏။ ထိုအရာကြီးသည် တိုင်ချူးနတ်သားတော်၏ ခေါင်းအထက်တွင် ရှိနေသည့် နန်းဆောင်ကြီးကို ပစ်မှတ်ထားလေသည်။ တကယ့်ကို မောက်မာလွန်းလှသည့် ပြုမူတိုက်ခိုက်ချက်ပင် ဖြစ်လေသည်။ ၎င်းသည် ကောင်းကင်အသွင်ပြောင်းခြင်း လက်နက်တစ်ခုကို တိုက်ရိုက်ဆိုသလိုပဲ ဖမ်းဆုပ်ရန် ရည်ရွယ်ခဲ့သည်။

“ကောင်းကင်ဖမ်း နဂါးတိုက်ခိုက်ခြင်း နည်းစနစ်” တချို့သော လူအိုကြီးများသည် မျက်မှောင်ကုတ်ကာ ရေရွတ်လိုက်မိကြ၏။

ရှေးယခင်တုန်းက ရွှေတောင်ပံ တော်ဝင်ဖန်းကလန်သည် ဤကဲ့သို့သော နည်းစနစ်ကို အသုံးပြု၍ များပြားလွန်း လှသော အစစ်အမှန်နဂါးများကို သတ်ဖြတ်ပစ်ခဲ့ဖူး၏။ ဤကဲ့သို့သော ဂုဏ်သိက္ခာသည် ယနေ့အချိန်ထိ ကြောက်မက်ဖွယ်ရာအဖြစ် ပြောစမှတ်တွင် တည်ရှိနေတုန်းပင်။

ကျင်းချန်၏ လက်ရှိတိုက်ခိုက်မှုသည် အစစ်အမှန် နဂါးများကို သတ်ဖြတ်ရန်အတွက် လုံလောက်သည့်အားအင်မျိုး မရှိဘူးဆိုလျှင်တောင်မှ နောင်တစ်ကြိမ်တွင် ထိုကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်အထိ ပါရမီ ပါဝင်နေသည်။

ဘုန်း

ရွှေရောင်ဖန်းကောင်ကြီး၏ လက်သည်းချက်သည် ရှေးနန်းဆောင်ဆီသို့ ကျဆင်းလာခဲ့၏။ ဤအရာသည် ရွှေရောင်အလင်းတန်းများကို အရှိန်တငြီးငြီးနှင့် ထုတ်ဖော်နေ၏။ ရွှေရောင်ဖန်းကောင်ဆီမှ စူးရှသည့် အော်သံကြီး နှင့် တိုက်ခိုက်ချက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး နန်းဆောင်ကြီးသည် တိုက်ရိုက်ဆိုသလို ဖျက်ဆီးခြင်းကို မခံလိုက်ရသည်ဆိုသော်လည်း အပေါ်၌ ကြီးမားလွန်းလှသည့် အက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာခဲ့၏။

ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် လက်နက်တစ်ခုသည် နိဗ္ဗာနထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ အားအင်ကြောင့် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ပွဲကြည့်ပရိသတ်များသည် တုန်လှုပ်သွားခဲ့ကြသည်။

ဝေါ့

လက်နက်ထိခိုက်သွားသည့်အချိန်မှာတော့ တိုင်ချူးနတ်သားတော်၏ မျက်နှာတစ်ခုလုံးသည် ချက်ချင်းပဲ ဖြူလျော် သွားခဲ့၏။ ၎င်း၏ နှုတ်ခမ်းထောင့်ဆီမှ သွေးများယိုစီးကျလာခဲ့၏။ ၎င်း၏ အဖြူရောင်ဝတ်စုံ တစ်ခုလုံးတွင် သွေးများစွန်းထင်းသွားခဲ့လေ၏။

All Chapters