← Chapters

အပိုင်း (၁၃၆)

Vol. 10 Ch. 136

အပိုင်း (၁၃၆)

Vol. 10 Ch. 136

ထိုလူ၏ စကားသည် ပေါ့ပေါ့ပါးပါးပင်ဖြစ်၏။ သို့ပေမဲ့ ကြည့်ရှုနေသူများ အားလုံး၏ နားထဲ၌ မိုးခြိမ်းသံ ကဲ့သို့ပင် ကျယ်လောင်စွာ ဝင်ရောက်လာခဲ့၏။

“ဘာ... ဘယ်လိုဖြစ်နိုင်မှာလဲ။ တိုင်ချူးနတ်သားတော်က ရှုံးနိမ့်သွားတာလား၊ ဘယ်လိုဖြစ်ပြီး ရှုံးနိမ့်တယ်လို့ ပြောရတာလဲ၊ ခုဏကလေးတင် တိုင်ချူးနတ်သားတော်ရဲ့ အားအင်အဆင့်တွေ ကျန်သေးတယ် မဟုတ်လား”

“သေသေချာချာပဲလေ၊ ဒီလူသာ မပေါ်လာဘူးဆိုရင် ဒီနှစ်ယောက်ကြားက တိုက်ခိုက်မှုရဲ့ ရလဒ်က အဆုံးအဖြတ် ပေါ်လာတော့မှာ”

“ပေါက်ကရတွေမပြောနဲ့။ အဲဒါ တိုင်ချူးနတ်နယ်မြေရဲ့ သူတော်စင်လေ။ ဂုဏ်သိက္ခာအရဆိုရင် သူက တိုင်ချူးနတ်သားတော်ရဲ့ ဂိုဏ်းတူဦးလေးပဲ ဖြစ်ရမယ်။ သူပြောတာနဲ့ပတ်သက်ပြီး မင်းတို့က ဘယ်လိုဖြစ်ပြီး သံသယဝင်နေရတာလဲ”

“တကယ်လို့ ဒီနှစ်ယောက်သာ ဆက်ပြီးတိုက်ခိုက်မယ်ဆိုရင် ဖြစ်ပေါ်လာတဲ့ ရလဒ်အနေနဲ့ တိုင်ချူး နတ်သားတော် သေဆုံးရင် သေဆုံးသွားလိမ့်မယ်လေ။ ပြီးရင် သခင်လေး ကျင်းချန်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားလိမ့်မယ်။ အနှစ်ချုပ် ဖြစ်နိုင်တာက လူသားမျိုးနွယ်ရဲ့ နှစ်ဆယ့်လေးယောက်မြောက် ပါရမီရှင်က မွန်းစတားကလန်ရဲ့ ဆယ့်ခုနှစ်ယောက်မြောက် ပါရမီရှင်နဲ့ ယှဉ်ပြိုင်လို့ရနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့”

“ဘာကြောင့်လဲ”

“ဒီလောက်တောင် လုံလုံလောက်လောက် မရှင်းလင်းသေးဘူးလား။ လူသား မျိုးနွယ်ရဲ့ ဆယ့်ခုနှစ် ယောက်မြောက် အဆင့်သာဆိုရင် သခင်လေးကျင်းချန်ကို အနိုင်ယူတိုက်ခိုက်နိုင်မှာ သေချာနေပြီလေ။ ဒါ မင်းမြင်နေရတာပဲ မဟုတ်ဘူးလား”

“ဘယ်လိုပဲဖြစ်ဖြစ် မွန်းစတားကလန်ရဲ့ ပါရမီရှင်တွေက လူသားမျိုးနွယ်တွေလောက် အရမ်းကြီး အားမနည်းလောက်ဘူးထင်တယ်”

လူများအားလုံးသည် မိမိ၏ အမြင်နှင့်မိမိ ပြောဆိုဆွေးနွေးလျက်ရှိနေကြသည်။ တစ်ချို့သည် ဖြစ်ပေါ်လာသည့် ရလဒ်နှင့်ပတ်သက်၍ စိတ်သဘောမတွေ့ကြချေ။ ထို့အတူ လက်ခံရန်လည်း ခက်ခဲလို့နေ၏။ လူသား ပါရမီရှင်တစ်ယောက်သည် မွန်းစတားကလန်၏ ပါရမီရှင်၏ တိုက်ခိုက်အနိုင်ယူခြင်းကို ခံလိုက်ရသည် ဆိုသည်မှာ အားလုံးသော သူတို့အတွက် အရိပ်ဆိုးကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်လာခဲ့တော့၏။

တိုင်ချူးနတ်သားတော်သည် ကျင်းချန်ကို ရှုံးနိမ့်ခဲ့ပြီးဖြစ်၏။ လူသားမျိုးနွယ်မှ ၎င်းထက် ပိုမိုကာ အဆင့် မြင့်မားလှသည့် အခြားသောပါရမီရှင်များသာဆိုပါက ဖြစ်ပေါ်လာသည့် ရလဒ်နှင့် မတူညီသည့် အခြေအနေမျိုးကို ဖြစ်သွားနိုင်ခဲ့၏။ မိမိထက်အားနည်းသူကို စိန်ခေါ်တိုက်ခိုက်ခြင်းသည် ဂုဏ်ယူ စရာတော့မဟုတ်လှပေ။ ထို့ပြင် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသေးသည်။

“မကြာသေးခင်က ကောင်းကင် ပါရမီရှင်စာရင်းမှာ ဒုတိယမြောက်ချိတ်တဲ့ ရီချန်က တော်ဝင်သဲကန္တာရမြို့ကို လာခဲ့တယ်လေ။ ဒါပေမဲ့ သူက ကြာကြာမနေဘဲ အလောတကြီးနဲ့ ပြန်ပြီးထွက်သွားတာ။ သူသာ ကြာကြာနေမယ်ဆိုရင် သခင်လေးကျင်းချန် အနေနဲ့ အခုလိုမျိုး အဆင်အခြင်မဲ့ စိန်ခေါ်တိုက်ခိုက်လို့ ရမှာမဟုတ်ဘူး”

“စိတ်ပူစရာမလိုဘူး”

တခြားသောသူများက ဝင်ကာပြောဆိုလိုက်၏။ “တိုင်ချူးနတ်သားတော်ထက်ပိုပြိး အဆင့်မြင့်တဲ့ ပါရမီရှင်တွေက ဒီသတင်းကိုသိတယ်ဆိုရင် ကျိန်းသေပေါက် လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိအောင် ကြိုးစားကြမှာ သေချာတယ်”

“ဒီလိုပဲ မျှော်လင့်ရမှာပေါ့” လူတစ်ချို့သည် အသာသက်ပြင်းချလိုက်မိကြသည်။

တိုက်ခိုက်ရေးတည်နေရာထဲမှာတော့ ကျင်းချန်သည် ရပ်တန့်လျက်ရှိနေ၏။ တစ်ဖက်မှ သူတော်စင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သောကြောင့် သူ့အနေနှင့် အဆင်အခြင်မဲ့ တိုက်ခိုက်ရန် မဖြစ်တော့ချေ။ ထို့ပြင် သူတော်စင်တစ်ယောက်ကို သတ်ဖြတ်ဖို့ လွယ်ကူလှသည် ဆိုလျှင်တောင်မှ နောက်ထပ် ဖြစ်လာနိုင်သည့် အကျိုးဆက်များသည် ခက်ခဲလွန်းလှချေ၏။

ထို့အပြင် ဤတည်နေရာသည် လူသားမျိုးနွယ်များ၏ တည်နေရာလည်း ဖြစ်လို့နေခဲ့၏။ တော်ဝင် သဲကန္တာရမြို့နှင့် မနီးမဝေးတွင်လည်း တည်ရှိလို့နေခဲ့၏။ ဂုဏ်သိက္ခာကြီးမားလွန်းလှသည့် နန်းဆောင် သခင်သည် ဤအခြေအနေကို တောက်လျှောက်ဆိုသလိုပဲ ကြည့်ရှုနေမှာသေချာသည်။

တစ်ဖက်လူ၏ စိတ်ဆန္ဒမည်သို့ရှိမည်ကို ခန့်မှန်းရန် ခက်ခဲလှသည်ဆိုသော်လည်း တစ်ဖက်လူသည် လူသားမျိုးနွယ်က ဖြစ်၏။ လူသားမျိုးနွယ် ပါရမီရှင်တစ်ယောက်ကို လူသားမျိုးနွယ်ထဲတွင် အဆင်အခြင်မဲ့ သတ်ဖြတ်ခြင်းဆိုသည်မှာ ဂုဏ်သိက္ခာကြီးမားလွန်းလှသည့် နန်းဆောင်သခင်ကို စိတ်မချမ်းမြေ့စရာ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် နန်းဆောင်သခင်သည် စိတ်သဘောမတွေ့ဘဲ စိတ်တိုပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူရရှိထားသည့် အရာအားလုံးသည် ဆုံးရှုံးသွားမှာ သေချာ၏။

ကျင်းချန်သည် တိုင်ချူးနတ်သားတော်ကို လှမ်းကြည့်ကာ ဘာမှမပြောတော့ချေ။ အသာလှည့်ကာဖြင့် စစ်ရထားဆီသို့ လှမ်းတက်လိုက်သည်။

စစ်ရထားမောင်းနှင်သည့် အဘိုးအိုသည် ကျန်းချီများကို ထည့်သွင်းကာဖြင့် စစ်ရထားကို မြန်မြန်ဆန်ဆန်ပဲ မောင်းနှင်ခဲ့တော့၏။ စစ်ရထားကြီးတစ်ခုသည် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာဖြင့် မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားခဲ့၏။

ကျင်းချန်ထွက်ခွာသွားခဲ့ပြီးသည့်နောက် တိုင်ချူးနတ်နယ်မြေတွင်ရှိနေသည့် နှစ်ယောက်တို့သည် တည်နေရာတွင် မတ်မတ်ရပ်ကာကျန်ရစ်ခဲ့ကြသည်။

“ဂိုဏ်းတူဦးလေး”

တိုင်ချူးနတ်သားတော်၏ မျက်နှာတစ်ခုလုံးသည် စာရွက်ဖြူကဲ့သို့ပင် ဖြူလျော်လျက် ရှိနေ၏။ သူ၏ အသက်ရှုသံများသည် မြန်ဆန်နေခဲ့၏။ ၎င်းသည် ရှက်ရွံ့သည့် ဟန်ပန်အမူအယာမျိုးဖြင့် တီးတိုးပြောလိုက်၏။ “တပည့်က ဂိုဏ်းတူဦးလေးကို စိတ်ပျက်စေခဲ့ပြီ”

မူလအားဖြင့် သူ၏ကာကွယ်စောင့်ရှောက်သူသည် နတ်အဆင့် အကြီးအကဲတစ်ယောက်သာဖြစ်၏။ သို့ပေမဲ့ ကောင်းကင်ပါရမီရှင်စာရင်း‌ ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် တိုင်ချူးနတ်နယ်မြေသည် နှစ်ဆယ့်လေး ယောက်မြောက်အဆင့်တွင် တည်ရှိနေသည့် သူ၏ဂုဏ်သိက္ခာကို အသိအမှတ်ပြုကာဖြင့် ကာကွယ် စောင့်ရှောက်သည့်သူအား သူတော်စင်တစ်ယောက်အဖြစ် ခန့်အပ်ပေးထားခဲ့သည်။

၎င်းသည် အနာဂတ်တွင် သေဆုံးသွားသည်မဟုတ်ပါက ကျိန်းသေပေါက် တော်ဝင်သူတော်စင်အဖြစ်သို့ ရောက်ရှိမှာ သေချာ၏။ ထို့ကြောင့်ပင်လျှင် နတ်အဆင့်စွမ်းအားမြင့်ကျင့်ကြံသူအစား သူတော်စင်အဆ့် အကြီးအကဲကြီးကို စောင့်ရှောက်ရန် တာဝန်ပေးထားခြင်း ဖြစ်၏။

အကြီးအကဲကြီးသည် သူ၏ ဂျူနီယာကို လိုက်လံကာ ကာကွယ်နေရ၏။ ထိုအရာကို တွေးကြည့် လိုက်သည်နှင့်တစ်ပြိုင်နက် နတ်နယ်မြေသည် သူ့အား မည်မျှ တန်ဖိုးထားသည်ဆို ကြောင်းကို သိရှိနိုင်သည်။

လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် တိုင်ချူးနတ်သားတော်သည် ရှက်ရွံ့မှုကိုပင် ခံစားနေရ၏။

“စိတ်မပျက်နဲ့”

သက်လတ်ပိုင်းလူသည် ကျင်းချန်ထွက်ခွာသွားရာ တည်နေရာကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က တကယ့်ကို နက်ရှိုင်းလွန်းတဲ့ အမွေအနှစ်တွေ ပိုင်ဆိုင်ပြီး ပြိုင်ဘက်ကင်း သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်တယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်တောင်မှ သူက မွန်းစတားကလန်ရဲ့ နံပါတ် ဆယ့်ခုနှစ် ချိတ်တယ်ဆိုပြီးတော့ ယုံယုံကြည်ကြည်နဲ့ ပြဋ္ဌာန်းခဲ့သေးတယ် မဟုတ်လား။ သူက သာမာန်ထက်ပိုတဲ့ အရည်အချင်းကို ပိုင်ဆိုင်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာရှုံးနိမ့်တယ်ဆိုရင်တောင်မှ နောက်တစ်ကြိမ်ပြန်လည်ပြီး အနိုင်ယူနိုင်သေးတယ်”

“တပည့်က ဂိုဏ်းတူဦးလေးရဲ့ သင်ကြားပြသမှုကို လိုက်နာပါ့မယ်”

တိုင်ချူးနတ်သားတော်၏ နှုတ်ခမ်းထောင့်တွင် နာကျင်သည့် အပြုံးတစ်ခုဖြစ်တည်လာခဲ့တော့၏။ သူသည် အားသွန်ထုတ်ကာ တိုက်ခိုက်ခဲ့သည်။ သို့ပေမဲ့ တစ်ဖက်လူကို ဘာတစ်ခုမှမပြုနိုင်ခဲ့ချေ။ နောက်တစ်ကြိမ် တွေ့သည်ဆိုလျှင်ပင် သူ့အနေဖြင့် အနိုင်ရယူရန် ယုံကြည်ချက်မရှိချေ။ သူ့အနေနှင့် ပိုမိုကာ အားကောင်းလာလျှင်တောင်မှ ကျင်းချန်ကလည်း ငြိမ်ငြိမ်သက်သက်နှင့် ထိုင်နေလိမ့်မည်မဟုတ်ချေ။ ပိုမိုကာ အားကောင်းလာပေလိမ့်မည်။

“နောက်တစ်ကြိမ် မနိုင်နိုင်ဘူးလို့ ထင်နေတာလား”

တစ်ဖက်လူသည် တိုင်ချူးနတ်သားတော်၏ အတွေးကို အာရုံခံမိပုံပေါ်၏။ ထို့ကြောင့် ဆက်လက်ကာ ပြောလိုက်၏။ “မမေ့နဲ့။ ဒီနေ့အဖြစ်အပျက်က တည်နေရာအနှံ့ကို ပျံ့နှံ့သွားမှာ သေချာတယ်။ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ အခြေအနေက မကြာခင်မှာ အသစ်ဖြစ်သွားလိမ့်မယ်”

ဤအခြေအနေသည် အမှန်အကန်ပင် တိကျ လွန်းလှ၏။ ကောင်းကင်ပါရမီရှင်စာရင်းသည် အစောကြီးထဲက အသစ်ဖြစ်တည်နေခဲ့ပြီးဖြစ်၏။ တိုင်ချူးနတ်သားတော် နှင့် ကျင်းချန်တို့ တိုက်ခိုက်ခဲ့သည့် နောက်ဆုံးသတင်းအချက်အလက်များ ပေါ်ထွက်လာပြီး သည့်နောက်မှာတော့ သတင်းသည် လောကကြီးတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။

“ကျွတ်”

တိုင်ချူးနတ်သားတော်သည် ဆွံ့အနေမိ၏။ သူ၏ ဘဝတစ်သက်တာလုံးအား ဤမှတ်တမ်းသည် နောက်မှလိုက်ကာ မှတ်သားနေလိမ့်မည်လား။

လက်ရှိအခြေအနေမှာတော့ ကောင်းကင် ပါရမီရှင်စာရင်းသည် လူသားမျိုးနွယ် တစ်ခုလုံးကို ပျံ့နှံ့နေခဲ့ပြီး ဖြစ်၏။ ပျံ့နှံ့မှုနှုန်းကလည်း ကြောက်ခမန်းလိလိ အရှိန်အဟုန်နှင့်ပင်။

မကြာခင်မှာပဲ အားလုံးသော သူများသည် ထိုစာရင်းကို တစ်ခုစီ ကိုင်ဆောင်ထားခဲ့ပြီဖြစ်၏။ တစ်‌‌ယောက်ချင်းစီတိုင်းသည် သခင်လေးကျင်းချန်၏ အားအင်ဆင့်ကိုလည်း ချီးကျူးလျက် ရှိနေလေ၏။

ဤအတောအတွင်းတွင် တိုင်ချူးနတ်သားတော်သည် ကျင်းချန်၏ နင်းလျှောက်တက်လှမ်းသွားရာ ကျောက်တုံး တစ်ခုဖြစ်ခဲ့ရသည်။

“မင်းရှုံးနိမ့်တာကို ချေဖျက်ချင်တယ်ဆိုလရင် နောက်တစ်ကြိမ်ပြန်ပြီး အနိုင်ယူတိုက်ခိုက်မှပဲ ဖြစ်လိမ့်မယ်”

သက်လတ်ပိုင်းလူသည် သတိအပြည့်နှင့် ဝင်ကာပြောဆိုလိုက်၏။ “ဒီတစ်ကြိမ် တော်ဝင်သဲကန္တာရမြို့ကို လာရတဲ့ မင်းရဲ့ရည်ရွယ်ချက်ကို မေ့သွားပြီလား”

“မမေ့.... တပည့် မမေ့ရဲပါဘူး” တိုင်ချူးနတ်သားတော်သည် လေးလေးစားစားဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။

သဲကန္တာရမြို့သို့ ယနေ့ ရောက်ရှိလာရသည့်အကြောင်းအရင်းသည် သူ့ကိုယ်သူ မည်ကဲ့သို့ ပိုမိုတိုးတက်အောင် ပြုလုပ်နိုင်မည်ဆိုသည့် နည်းလမ်းနှင့်ပတ်သက်၍ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆီ မေးမြန်းရန်ပင်ဖြစ်၏။ ကံဆိုးစွာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သို့ မဝင်ရသေးခင်မှာဘဲ ကျင်းချန်နှင့် တိုက်ခိုက်တွေ့ဆုံခဲ့ပြီးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့၏။

“ဒဏ်ရာတွေပြန်ကောင်းပြီးရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကိုသွား”

သက်လတ်ပိုင်းလူသည် တော်ဝင် သဲကန္တာရမြို့ရှိရာတည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုပြီး လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “မင်းက မင်းရဲ့ပုခုံးပေါ်မှာ တိုင်ချူးနတ်နယ်မြေရဲ့ အနာဂတ် ရှိနေတယ်။ နောက်တစ်ကြိမ် သခင်လေး ကျင်းချန်နဲ့ တွေ့ရင် ကျိန်းသေပေါက် နိုင်အောင် တိုက်ရမယ်။ မင်းနားလည်လား”

“တပည့် နားလည်ပါပြီ” တိုင်ချူးနတ်သားတော်သည် ကတိပေး ပြောဆိုလိုက်၏။

All Chapters