← Chapters

အပိုင်း (၁၄၁)

Vol. 10 Ch. 141

အပိုင်း (၁၄၁)

Vol. 10 Ch. 141

“အား.. ကြည့်အုံး၊ ကြည့်အုံး။ ကောင်းကင်ပါရမီရှင်စာရင်းက ထပ်ပြီး ပြောင်းလဲသွားပြန်ပြီ”

တော်ဝင်သဲကန္တာရ မြို့၏ ကောင်းကင်လျှို့ဝှက်နန်းဆောင် အရှေ့တွင်တော့ လူပေါင်းများစွာတို့သည် စုဝေးလာခဲ့ပြန်၏။ ၎င်းတို့၏ နေ့စဉ် စိတ်ဝင်တစား ပြုလုပ်သည့်အလုပ်သည် ကောင်းကင်ပါရမီရှင်စာရင်း၏ နေ့စဉ် အပြောင်းအလဲကို လာရောက် ကြည့်ရှုခြင်းပင်။ ၎င်းတို့ အနေနှင့် သွားရောက် ကြည့်ရှုနိုင်စွမ်း မရှိသည့် အကြောင်းအရာ၊ သတင်းအချက်အလက်များသည် ဤကျောက်တိုင်ပေါ်တွင် ထင်ပေါ်လာသည် မဟုတ်ပါလား။

တချို့ မောက်မာလွန်းသည့် နတ်သားတော်နှင့် နတ်မိမယ်များသည် ကောင်းကင်ပါရမီရှင် စာရင်း၌ ဝင်ရောက် နိုင်ရန်အတွက် စာရင်းထဲတွင်ရှိသည့်လူများကို စိန်ခေါ်သည့်အလုပ်မျိုး ပြုလုပ်တတ်သည်။ ထိုသူများ အားလုံး၏ တိုက်ပွဲများကို သူတို့ လိုက်လံကြည့်ရှု၍ မဖြစ်နိုင်ချေ။ သိုပေမဲ့ ဤစာရင်းကို ကြည့်ရှုလိုက်သည်နှင့် ကောင်းကောင်း သိရှိနိုင်စွမ်းရှိ၏။

သို့သော်ငြား အပြင်မှ စိန်ခေါ်သူအားလုံးတို့သည် ကောင်းကင်ပါရမီရှင် စာရင်းတွင် ရှိနေသည့် လူများကို အနိုင်မယူနိုင်ခဲ့ကြချေ။ ထို့ကြောင့် ကောင်းကင်ပါရမီရှင်စာရင်းမှ ပါရမီရှင်များ၏ နောက်ပါ အကြောင်းအရာများအောက်တွင် မည်သူ့ကို အနိုင်ယူခဲ့သည် ဆိုသည် စာရင်းများသာ တစ်ခုပြီး တစ်ခု တက်လာလျက်ရှိသည်။

“ဘာတွေ ဖြစ်နေတာလဲ ကြည့်ရအောင်”

တကိုယ်တော် ကျင့်ကြံသူတစ်ယောက်ဖြစ်သော အဘိုးအိုသည် လူကြားထဲသို့ အတင်းတိုးဝင်ကာဖြင့် ကြည့်ရှုလိုက်၏။ ခေါင်းကိုမော့ကာ ကြည့်ရှုပြီးသည့်နောက် သူသည် အနည်းငယ် စိတ်ဓာတ်ကျသွားမိ၏။ “လူအပြောင်းအလဲလည်း မရှိပါလား။ တစ်ကိုယ်တော် ကျင့်ကြံသူ ပါရမီရှင်တွေ ဘယ်ရောက်သွားတာလဲ”

“ကောင်းကင်ပါရမီရှင် စာရင်းရဲ့ ပထမနဲ့ ဒုတိယ နေရာကလူတွေ တကယ် တိုက်ခိုက်ခဲ့ကြတာပဲ” တစ်စုံတစ်ယောက် က လေးလေးနက်နက် ပြောလိုက်သည်။

သူတို့သည် ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသာ ယုရှင်းချန်၏ အနောက်ဘက်တွင် စာသားများ ပေါ်ပေါက်လာခဲ့သည်ကို မြင်ရ၏။

[ပထမနေရာ - ယုရှင်းချန်]

[အားအင်အဆင့် - ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ထိပ်ဆုံး]

[မှတ်ချက် - ရီချန်အား တစ်ကွက်တည်းဖြင့် တိုက်ခိုက်အနိုင်ယူခဲ့။ အင်ပါယာအဆင့် အကြွင်းအကျန် အစီအရင်ကြီးကို အသုံးပြုပြီး ရီချင်းအား တစ်ကွက်တည်းဖြင့် တိုက်ခိုက်အနိုင်ယူခဲ့။ ရီချင်းသည် သူတော်စင်အဆင့် နောက်ဆုံးကျင့်ကြံသူဖြစ်၏]

[ဒုတိယနေရာ - ရီချန်]

[အားအင်အဆင့် - နိဗ္ဗာန ထိပ်ဆုံးအဆင့်]

[ဂိုဏ်း/ဌာန - အင်ပါရီယာရီကလန်]

[ကျင့်ကြံခြင်းနည်းစနစ် - ဖန်တီးခြင်းကျမ်းစာ]

[မှတ်ချက် - ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူး။ ကျောက်စိမ်းသီလ နတ်သားတော်ကို တိုက်ခိုက်တစ်ခုတည်းဖြင့် အနိုင်ယူနိုင်ခဲ့။ ယုရှင်းချန်အား တိုက်ကွက်တစ်ခုတည်းဖြင့် ရှုံးနိမ့်ခဲ့]

“ဒါက” လူပေါင်းများစွာတို့သည် တုန်လှုပ်သွားခဲ့သည်။ သူတို့သည် ဆွံ့အလျက် ရှိနေကြ၏။ ကောင်းကင် ပါရမီရှင်စာရင်းတွင် ပါဝင်သည့် လူများသည် တကယ်ပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူများဖြစ်၏။ သို့ပေမဲ့ နံပါတ်နှစ်နေရာမှ လူကို နံပါတ်တစ်နေရာမှ လူက လက်တစ်ချောင်းတည်းဖြင့် တိုက်ခိုက် အနိုင်ယူခဲ့၏။ ဤအရာသည် သူတို့ မထင်မှတ်ထားသည့် ကိစ္စပင်။

ကောင်းကင်ပါရမီရှင်စာရင်းထဲတွင် ရှိနေသည့် လူများထဲတွင် နိဗ္ဗာနအဆင့်ထိပ်ဆုံးသို့ ရောက်ရှိသည် ဆိုသည်မှာ အားကောင်းလှသည့် အရာမျိုးဖြစ်၏။ ထိုကဲ့သို့သော လူမျိုးများနှင့် နှိုင်းယှဉ်မည်ဆိုလျှင်တောင်မှ ပထမနေရာမှ လူသည် ကောင်းကင်အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့၏။

သူမ အနေနှင့် ဤကဲ့သို့သော အဆင့်ချိုးဖြတ်ခဲ့သည်ဆိုခြင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ ရေသောက်ရင်း အဆင့်တက်လျက် ရှိနေသည်လားပင် မသိနိုင်ချေ။

“မယုံနိုင်စရာပဲ။ ရီချန်ကို အနိုင်ယူခဲ့တာ တစ်ခုတည်းတင် မကဘူး။ ရီချန်ရဲ့ ကာကွယ်စောင့်ရှောက်သူကိုပါ တိုက်ခိုက်ချက် တစ်ခုတည်းနဲ့ တိုက်ခိုက်အနိုင်ယူခဲ့တာလား။ သူတော်စင် နောက်ဆုံးအဆင့် တစ်ယောက်ရဲ့ အားအင်က ကြောက်ဖို့ကောင်းတယ်နော်” တစ်စုံတစ်ယောက်သည် တီးတိုးဝင်ရောက်ကာ ပြောဆိုလိုက်သည်။

“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးနေရာပိုင်ရှင် ပီသတာပဲ။ ကံကောင်းလို့။ ဒီလိုလူမျိုးက ကျုပ်တို့လူသား ပါရမီရှင်ထဲမှာ တည်ရှိနေတာ။ တခြားမျိုးနွယ်တွေမှာသာ ရှိတယ်ဆိုရင် လူသားမျိုးနွယ်အတွက်တော့ အန္တရာယ်ပဲ” တခြားသူတစ်ယောက်က မှတ်ချက်ပြုလိုက်၏။

“ဒါကတော့ အဟုတ်ပဲ။ ကံကောင်းလို့။ ဒါပေမဲ့ ယုရှင်းချန်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်က နည်းနည်းပဲ ရှိသေးတယ်။ သူမရဲ့ အားအင်အဆင့်နဲ့ အောင်မြင်မှု တချို့ကိုပဲ မြင်ရတာ။ တခြား ဘာမှ မသိနိုင်ဘူးလေ”

“ခန့်မှန်းနေစရာ မလိုဘူးလေ”

အဘိုးအိုက ပြောလိုက်၏။ သူသည် လက်ညှိုးညွှန်ကာဖြင့် ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ “ယုရှင်းချန်က တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်ရမယ်”

“ဟမ့်” လူပေါင်းများစွာတို့သည် ၎င်းအား အထင်အမြင်သေးစွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။

“ယုရှင်းချန်က ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးအဆင့်ကို ဝင်လာခဲ့တယ်လေ။ ဘာလို့လဲဆိုတော့ သူမဆီမှာ ကျုပ်တို့ရဲ့ သွေးမျိုးဆက် ရှိလို့ပဲ နေလိမ့်မယ်” လူတစ်ယောက်သည် ဟန်ပါပါဖြင့် မိမိကိုယ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ဟမ်”

လူပေါင်းများစွာတို့သည် လှမ်းကြည့်လိုက်သည်။ ပြီးနောက် ထူးဆန်းသည့် အမူအရာဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။ “ခင်ဗျားကို ကြည့်ရတာ လူသားမျိုးနွယ်နဲ့ မတူပုံပဲ။ ခင်ဗျားက ဘယ်သူလဲ”

“အတိအကျပဲပေါ့” မျက်လုံး စွေစောင်းစောင်းနှင့်လူသည် ခေါင်းကို အသာငဲ့စောင်းကာဖြင့် မောက်မောက်မာမာဖြင့် ပြောလိုက်၏။ “ကျုပ်က နတ်ဘုရားကလန်ကပဲလေ။ ကျုပ်အထင် ယုရှင်းချန်က ကောင်းကင်ပါရမီရှင် စာရင်းရဲ့ နံပါတ်တစ်နေရာမှာ ရှိနေတယ်ဆိုပေမဲ့ သူက နတ်ဘုရားပဲ ဖြစ်ရမယ်။ လူ မဖြစ်နိုင်ဘူး”

“လူသားနဲ့ မွန်းစတားမျိုးနွယ်တွေအတွက် ကောင်းကင်ပါရမီရှင်စာရင်းက ထွက်လာပြီလေ။ နတ်ဘုရားတွေ အတွက် ကောင်းကင်ပါရမီရှင်စာရင်းသာ ထွက်လာမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ”

........

“ဒါ ဘယ်နေရာလဲ သိလား” တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။

“တော်ဝင်သဲကန္တာရမြို့လေ။ ဘာဖြစ်လို့လဲ” နတ်ဘုရားကလန်မှ လူသည် တစ်စုံတစ်ခု လွှဲမှားသလို အာရုံခံမိ၏။ ထို့ကြောင့် အနောက်ကို ဆုတ်လိုက်မိသည်။

“သိနေတာတောင်မှ ဒီနေရာကို လာပြီးတော့ ဟိတ်ကြီးဟန်ကြီးနဲ့ ပေါက်ကရတွေ လျှောက်ပြောနေပါလား” တောင့်တင်းခိုင်မာလှသော ခန္ဓာကိုယ်နှင့် လူတစ်ယောက်သည် ထိုသူ့ကို ဖမ်းချုပ်ပြီးသည့်နောက် နှစ်ချက်၊ သုံးချက်လောက် ထိုးနှက်လိုက်၏။

တစ်ဖက်လူသည် အမလေး၊ အဘလေး တကာဖြင့် အော်ဟစ်လျက် ရှိနေသည်။ ၎င်းသည် မြို့၏ အပြင်ဘက်ဆီသို့ အူယားဖားယားဖြင့် ထွက်ပြေးသွားခဲ့လေသည်။

ထိုသူ ထွက်ခွာသွားခဲ့ပြီးသည့်နောက်မှာတော့ ရွှေရောင်နတ်ဘုရား သားရဲကြီးကို စီးနင်းထားသည့် လူတစ်ယောက် သည် မြို့၏ ဂိတ်တံခါးရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင် ထားခဲ့ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ကျင်းချန်နှင့် တိုက်ခိုက်ပွဲ ပြီးသည့်နောက် တိုင်ချူးနတ်သားတော်သည် ခဏတာ သူ၏ဒဏ်ရာများကို ပြန်လည်ကောင်းမွန်အောင် အားမွေးခဲ့၏။ ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားပြီးသည့်နောက် သူသည် တော်ဝင် သဲကန္တာရမြို့ဆီသို့ အလျင်အမြန် ပြန်လာခဲ့၏။

“တိုင်ချူးနတ်သားတော် ရောက်လာပြီပဲ” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ ၎င်းတို့အားလုံးသည် တစ်ဖက်လူအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။

တိုင်ချူးနတ်သားတော်သည် ကျင်းချန်ကို ရှုံးနိမ့်ခဲ့သည်ဆိုသော်လည်း မည်သူမှသည် သူ့ကို အထင်အမြင် မသေးခဲ့ချေ။ ထို့အပြင် တစ်ဖက်လူသည် နတ်နယ်မြေတစ်ခု၏ နတ်သားတော် လည်းဖြစ်လို့နေခဲ့၏။ ၎င်းတို့အနေဖြင့် အထင်အမြင်သေးစွာ ပြောဆို၍ ရနိုင်သည့်လူမျိုး မဟုတ်ချေ။ ထို့အပြင် ကောင်းကင်ပါရမီရှင် စာရင်း၏ နှစ်ဆယ့်လေးယောက်မြောက်နေရာတွင် တည်ရှိလျက် ရှိနေတုန်းပင်။

တိုင်ချူးနတ်သားတော်သည် ရွှေရောင်နတ်ဘုရားသားရဲကြီးပေါ်တွင် ထိုင်လျက်ရှိနေ၏။ ၎င်းသည် လူအုပ်ကြားမှ ဖြတ်လျှောက်ပြီးသည့်နောက် ကောင်းကင်ပါရမီရှင်စာရင်းကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူ၏အကြည့်များ သည် အေးခဲသွား၏။

“ရီချန်က ယုရှင်းချန်နဲ့ တိုက်ခိုက်ခဲ့တာလား။ ပြီးတော့ တိုက်ကွက်တစ်ခုတည်းနဲ့ ရှုံးနိမ့်ခဲ့တာပဲ”

တိုင်ချူး နတ်သားတော်သည် အပြင်ပိုင်းတွင် တည်ငြိမ်လျက် ရှိနေသည်ဆိုသော်လည်း စိတ်ထဲတွင် အလွန်အမင်း လှုပ်ရှားလျက် ရှိနေ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

သူနှင့် ရီချန်ကြားတွင် ကွာခြားချက် ရှိမည်ဟု သူက ယုံကြည်ဖူး၏။ သို့ပေမဲ့ အနည်းငယ်လောက် အားစိုက်လိုက်မည်ဆိုပါက မနှေးနှင့်မမြန် ဆိုသလို လိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ထား၏။ သို့ပေမဲ့ ရီချန်သည် ယုရှင်းချန်ကို ရှုံးနိမ့်ခဲ့သည်ကို မြင်ရသည့်အချိန်မှာတော့ နံပါတ်တစ်နေရာနှင့် သူ၏ကြား ကွာခြားချက်သည် အမှန်ပင် မြင့်မားကြောင်း နားလည်လိုက်မိ၏။

ကောင်းကင်ပါရမီရှင်စာရင်း၏ နံပါတ်တစ်နေရာလား။ သူ့အနေနှင့် ထိုနေရာကို ရောက်ရှိရန်အတွက် လူပေါင်း နှစ်ဆယ့်သုံးယောက်ကို ကျော်ဖြတ်ရန် လိုအပ်သေး၏။ မဖြစ်နိုင်သည့် တောင်တန်းကြီးများကို တိုက်ဖြိုရသည်နှင့် ဆင်တူသည်ဟု သူက ခံစားလိုက်မိသည်။

All Chapters