← Chapters

အပိုင်း (၁၄၂)

Vol. 10 Ch. 142

အပိုင်း (၁၄၂)

Vol. 10 Ch. 142

"စိတ်ကို အေးအေးထား"

တည်ငြိမ်သည့် အသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ သက်လတ်ပိုင်း လူတစ်ယောက်သည် သူ၏ဘေး၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

"စီနီယာကို ဂါဝရပြုပါတယ်"

ထိုအသံကို ကြားသည့် အချိန်မှာတော့ တိုင်ချူးနတ်သားတော်သည် တုန်လှုပ်သွားမိ၏။ သက်လတ်ပိုင်းလူသည် အသာခေါင်းညိမ့်ပြပြီးနောက် ဦးညွှန်လိုက်၏။

"ဒီလောက် ရှုံးနိမ့်တာနဲ့ မင်းရဲ့ စိတ်အခြေအနေက အားနည်းနေပြီ။ ဒီလိုအမူအကျင့်ကိုဖျောက်။ အနာဂတ် အောင်မြင်မှုအပေါ်မှာ ထိရောက်နိုင်တယ်"

"အမှန်ပါပဲ။ နားထောင်ပါ့မယ် ဂိုဏ်းတူဦးလေး"

သူ၏ နဖူးစပ်၌ ချွေးများ ပျံလျက်ရှိ၏။ မျက်နှာထက်၌ ရှက်ရွံ့သည့် အရိပ်အယောင်များလည်း ပေါ်ပေါက်လာသည်။

"အင်း …. ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ဆီ ဂါဝရပြုဖို့ လိုက်ခဲ့" သက်လတ်ပိုင်းလူက အသာပြောလိုက်သည်။

ပြီးနောက် ၎င်းသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲသို့ ဦးတည်လိုက်၏။

အနောက်ဖက်တွင် ရှိနေသော တိုင်ချူး နတ်သားတော်သည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီးနောက် ရွှေရောင် နတ်ဘုရားသားရဲကြီးကို ပုတ်ကာဖြင့် ဤနေရာတွင် စောင့်ဆိုင်းနေရန် အချက်ပြခဲ့၏။ ပြီးနောက် ကောင်းကင်လျို့ဝှက် နန်းဆောင် အတွင်းဘက်သို့ လှမ်းဝင်လိုက်သည်။

အတွင်းဖက်တွင်တော့ သက်လတ်ပိုင်းလူသည် လီယွင်၏ ရှေ့တွင် ရောက်ရှိနေပြီ ဖြစ်၏။ နှောင့်နှေးခြင်း တစ်ချက်မရှိပဲနှင့် ထိုသူသည် ဦးကိုညွှတ်ကာ ပြောလိုက်၏။

"တိုင်ချူးနတ်နယ်မြေ ရှမ်းရှင်းကျုးက ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ကို ဂါဝရပြုပါတယ်"

“တိုင်ချူးနတ်နယ်မြေ ကဲ့ကုန်းကျွင်း ကလည်း စီနီယာနန်းဆောင်သခင်ကို ဂါဝရ ပြုပါတယ်"

"တိုင်ချူးနတ်နယ်မြေ ဟုတ်လား"

လီယွင်သည် ထိုင်ခုံတွင် ထိုင်လျက် ရှိနေ၏။ သူသည် လက်ထဲတွင် ရှိနေသည့် ရေနွေးခွက်ကို အသာချပြီးနောက် လှမ်းကြည့်လိုက်၏။

ပိုင်ချမ်းဟန် ထွက်ခွာသွားခဲ့ပြီးသည့်နောက် တိုင်ချူးနတ်သားတော်သည် ရောက်ရှိလာခဲ့၏။ အမှတ်မထင်ဆိုသလိုပဲ သူသည် ထိုသူနှစ်ယောက်ကို ထိုင်ရန် အချက်ပြလိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါအုံး"

"ကျေးဇူးပါပဲ စီနီယာနန်းဆောင်သခင်"

"ကျေးဇူးပါပဲ နန်းဆောင်သခင်" နှစ်ယောက်လုံးသည် ထပ်မံကာ ကျေးဇူးတင်လိုက်၏။ ဦးညွှတ်ပြီးနောက် ၎င်းတို့နှစ်ယောက်သည် ထိုင်ခုံအသီးသီးတွင် သွားရောက်ကာ ထိုင်လိုက်ကြ၏။

လီယွင်သည် ကဲ့ကုန်းကျွင်း ကို ကျော်၍ နတ်သားတော်ဖြစ်သော ရှမ်းရှင်းကျုးကို ကြည့်လိုက်၏။ စနစ်ဆီမှ ၎င်းတို့နှစ်ယောက်၏ ကိုယ်ရေးအကျဉ်းသည် သူ၏မျက်စိရှေ့၌ ပေါ်ပေါက်ပြီးသား ဖြစ်၏။ တစ်ဖက်သူများ ဤကဲ့သို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်သည် အလဲအလှယ် ပြုလုပ်ရန်ဖြစ်ကြောင်း သူကနားလည်လိုက်မိသည်။

"အင်း …. ကျင်းချန်နဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲမှာ မင်းအနေနဲ့ ဒဏ်ရာအနည်းငယ် ရခဲ့တဲ့ ပုံပဲ လီယွင်က မှတ်ချက်ပြုလိုက်၏။

"စွမ်းဆောင်ရည်နဲ့ ပတ်သက်ရင် အနည်းငယ် လိုအပ်ချက် ရှိတယ်ဆိုတာ ဝန်ခံပါရစေ စီနီယာ" တိုင်ချူးနတ်သားတော်က အမှန်အတိုင်း ဝန်ခံလိုက်သည်။

"နတ်သားတော် တစ်ယောက်ကတော့ အဆင်ပြေပါတယ်" ကဲ့ကုန်းကျွင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ သူ၏ အမြင်အရဆိုလျှင် နန်းဆောင်သခ်ကဲ့သို့သော လူတစ်ယောက်သည် တိုင်ချူးနတ်သားတော်နှင့် ကျင်းချန်တို့၏ တိုက်ပွဲကို အသေးစိတ်ကျကျ သိရှိပြီး ဖြစ်ပေလိမ့်မည်။

"တစ်ခါရှုံးတော့လည်း ဘာဖြစ်လဲ။ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ မရှုံးဖူးတဲ့လူဆိုတာ မရှိဘူးလေ။ အမြဲတမ်း ရှုံးနိမ့်ပြီး အင်ပါယာအဆင့်ကို လှမ်းတက်သွားတဲ့ လူတောင် ရှိတယ်" လီယွင်သည် အသာရယ်ကာဖြင့် ပြောဆိုလိုက်၏။

ဟမ်

လီယွင်၏ စကားကို ကြားလိုက်ရသည့် အခါမှာတော့ တိုင်ချူးနတ်သားတော်သည် အံ့အားသင့်သွား၏။ ၎င်း၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။ အစဉ်အမြဲ ရှုံးနိမ့်နေသည့် လူပင်လျှင် အင်ပါယာအဆင့်ကို လှမ်းဝင်နိုင်သည် ဟုတ်လား။ သူ့အနေဖြင့် ဤကဲ့သို့သော အင်ပါယာအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ချေ။

သူ၏ ဘေးတွင် ရှိနေသည့် ကဲ့ကုန်းကျွင်းသည်လည်း မျက်မှောင်ကုတ်လိုက်မိ၏။ သူသည်လည်း တစ်ခါမှ ဤကဲ့သို့သော အင်ပါယာအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ချေ။ ဟိုးလွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကိစ္စရပ်လည်း ဖြစ်လျှင်ဖြစ်နေနိုင်၏။

"စဉ်းစားမနေပါနဲ့။ ဒါက အခြားလောကတစ်ခုရဲ့ အင်ပါယာတစ်ယောက်အကြောင်း ပြောတာ" လီယွင် သည် အမှတ်မထင် ပြောလိုက်သည်။

“အမ်”

ကဲ့ကုန်းကျွင်း၏ အမူအရာသည် အံ့အားသင့်သည့် အမူအရာမျိုး ဖြစ်သွားခဲ့သည်။ ကောင်းကင်လျို့ဝှက် နန်းဆောင်၏ နန်းဆောင်သခင်သည် တခြားလောကမှ အင်ပါယာအကြောင်းကိုပင် သိရှိနေ၏။ ကြည့်ရသည်မှာ အတိုင်းထက်အလွန်ပင် ပိုမိုကာ အားကောင်းသည့် ပုံပင်။ သူသည် စိတ်ထဲတွင် ရှိနေသည့် သိချင်မှုများကို ထိန်းချုပ်ကာဖြင့် ချီးကျူးလိုက်မိ၏။ "နန်းဆောင်သခင်ရဲ့ နည်းလမ်းတွေက တကယ့်ကို ချီးကျူးစရာပါပဲ"

ပြီးနောက် သူသည် တိုင်ချူးနတ်သားတော်ကို အသာကြည့်ကာ ပြောလိုက်သည်။ "အရိုးသားဆုံး ပြောရရင် ကျုပ်တပည့်ကို ကောင်းကင်ပါရမီရှင်စာရင်းမှာ အဆင့်တက်အောင် လုပ်နိုင်တဲ့ နည်းလမ်းရှိမလား လာစုံစမ်းတာပါ နန်းဆောင်သခင်”

“ဪ”

လီယွင်သည် အသာရေရွှတ်လိုက်၏။ သူ၏ အမူအရာသည် မပြောင်းလဲခဲ့ချေ။ သူသည် ကဲ့ကုန်းကျွင်း ကို ကြည့်လိုက်၏။ ပြီးနောက် တိုင်ချူးနတ်သားတော်ကို ထပ်မံကာ ကြည့်လိုက်ပြန်၏။ "ကျုပ်သိချင်တာက တိုင်ချူးနတ်သားတော်အနေနဲ့ စာရင်းအဆင့်တက်နိုင်ဖို့ ဘယ်လောက်လောက် အသုံးပြုမယ် ဆိုတာပဲ"

ဤစကားကို ကြားရသည့်အခါမှာတော့ တိုင်ချူးနတ်သားတော်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ နန်းဆောင်သခင်သည် မငြင်းပယ်ခဲ့ချေ။ ထိုအစား မည်မျှတတ်နိုင်သည် ဆိုသည်ကိုသာ မေးမြန်းခဲ့လေ၏။ ထိုအရာမှာ ပြုလုပ်၍ ရနိုင်သည်ဟူသော အဓိပ္ပာယ်ပင်။ ဂုဏ်သိက္ခာကြီးမားလှသော နန်းဆောင်သခင်တွင် နည်းလမ်းပေါင်းများစွာ ရှိမှာသေချာသည်။

"အင်း"

ကဲ့ကုန်းကျွင်း သည် ခဏလောက် စဉ်းစားလိုက်၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤနေရာသို့ မလာခင်က သူသည် များများစားစား မတွေးခေါ်ခဲ့ချေ။ သူ၏ မူလရည်ရွယ်ချက်သည် သူ၏တပည့်၏ အားအင်အဆင့်ကို တိုးတက်စေရန် ဖြစ်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်မှုတွင် ရွှေအတောင်ပံ တော်ဝင်ဖန်းကလန်မှလူကို အနိုင်ယူကာဖြင့် အရှက်ကွဲမှုကို သိက္ခဆယ်နိုင်စေရန် ဖြစ်၏။

သို့ပေမဲ့ ယနေ့ရောက်ရှိလာချိန်မှာတော့ သူ၏တပည့်အား ပိုမိုအားကောင်းသည့် အခြေအနေသို့ ရောက်ရှိရန် မျှော်လင့်လိုက်မိ၏။ ကောင်းကင်ပါရမီရှင်စာရင်းတွင် အဆင့်တစ်ခုတက်ခြင်းမှာ အနာဂတ်တွင် အင်ပါယာ တစ်ယောက်ဖြစ်လာရန် အခွင့်အလမ်းဟု အဓိပ္ပာယ် ဖော်နိုင်သည်။

ယုရှင်းချန်၊ ရီချန်၊ လင်းကျန် ထိုသူတို့ အားလုံးသည် အနာဂတ်တွင် ကြီးမားလှသည့် အခွင့်အလမ်းကို ပိုင်ဆိုင်ကြသူများသာ ဖြစ်ကြ၏။ သူ၏ တပည့်သာ လင်းကျန် သို့မဟုတ် ရီချန်ကိုသာ ကျော်နိုင်ပါက အနာဂတ်တွင် တိုင်ချူးနတ်နယ်မြေ၌ အင်ပါယာတစ်ယောက် မွေးဖွားလာနိုင်သည့် အဓိပ္ပာယ်ပင် ဖြစ်ပေလိမ့်မည်။

ယုရှင်းချန်ကို အနိုင်ယူဖို့တော့ သူ မစဉ်းစားချေ။ ထိုအရာမှာ ယုတ္တိ မတန်သောကြောင့်ပင်။ နှစ်ယောက်ကြားတွင် ရှိနေသည့် ကွာဟချက်မှာ ကြီးမားလွန်းသည် မဟုတ်ပါလား။ ရီချန်ကို အနိုင်ယူနိုင်ရုံပင် စိတ်ကျေနပ်စရာ ဖြစ်၏။ ကဲ့ကုန်းကျွင်း သည် လည်းချောင်းကို ဟန့်ကာဖြင့် အဓိပ္ပာယ်ပါပါ မေးမြန်းလိုက်၏။ "စီနီယာ ကျုပ်ရဲ့တပည့်ကို ကောင်းကင်ပါရမီရှင်စာရင်းမှာ အဆင့်နှစ်ဆယ် တိုးတက်သွားဖို့ ကူညီပေးနိုင်မလား"

"အဆင့်နှစ်ဆယ် ဟုတ်လား"

တိုင်ချူးနတ်သားတော်၏ အသက်ရှုသံသည် မြန်ဆန်သွား၏။ သူသည်လည်း လက်ရှိတွင် နှစ်ဆယ့်လေး တည်နေရာတွင် ရှိ၏။ အဆင့်နှစ်ဆယ်သာ တက်သွားပါက ထိပ်ဆုံးငါးယောက်ထဲသို့ ရောက်ရှိသွားမှာ ဖြစ်၏။ လူသားမျိုးနွယ်၏ ထိပ်ဆုံးငါးယောက်စာရင်းထဲတွင် ပါဝင်ခြင်းမှာ တကယ်ပင် ကြီးမားလှသည့် ဂုဏ်သိက္ခာပင် ဖြစ်တော့သည်။

ထိုကဲ့သို့ အဆင့်ကို ရောက်ရှိလျှင် ရွှေရောင်တောင်ပံ တော်ဝင်ဖန်းကလန်မှ သခင်လေးကို အနိုင်ယူရန်မှာ လက်ခုပ်ထဲမှ ရေကဲ့သို့ပင် သွန်ချင်သလိုသွန် ၊ မောက်ချင်သလိုမောက် ပြုလုပ်၍ ရနိုင်၏။ သူသည် တိုင်ချူးနတ်သားတော်ကို အဓိပ္ပာယ်ပါပါ ကြည့်ရှုလိုက်၏။

“ရိုးရှင်းတယ်”

လီယွင်သည် တိုင်ချူးနတ်သားတော်ကို ကြည့်ရှုပြီး နွေးထွေးစွာ ပြုံးလိုက်သည် "ကွာစီအင်ပါယာ လက်နက်ဆိုရင် လုံလောက်တာထက်ကို ပိုနေပါပြီ"

All Chapters