← Chapters

အပိုင်း (၁၄၃)

Vol. 10 Ch. 143

အပိုင်း (၁၄၃)

Vol. 10 Ch. 143

"…….."

"ကွာစီ …. ကွာစီအင်ပါယာလက်နက် ဟုတ်လား"

ကဲ့ကုန်းကျွင်းသည် တံတွေးပင် နင်သွားသည်။ သူ နားကြားမမှားသည်မှာတော့ သေချာသည်။ ကွာစီအင်ပါယာလက်နက် …. ထိုအရာသည် အင်ပါယာလက်နက်ထက် တစ်ဆင့်သာ နိမ့်သော အဆင့်၌ ရှိသည့် လက်နက်တစ်ခု ဖြစ်၏။ မယုံကြည်နိုင်လောက်အောင် တန်ဖိုးကြီးမားလှ၏။ တစ်ချို့သော ဂိုဏ်းများတွင် ကွာစီအင်ပါယာလက်နက်ကို ဘုရားလိုကိုးကွယ်ကြသည် မဟုတ်ပါလား။

ထိုအရာကို စီးပွားရေးအတွက် လဲလှယ်ရမည်မှာ မဖြစ်နိုင်စရာ ကိစ္စရပ်ပင်။ တစ်ချို့သော အင်ပါရီယာလက်ကနက် မရှိသည့် ဂိုဏ်းများဆိုလျှင် ကွာစီအင်ပါယာလက်နက်ကို အမွေအနှစ်အဖြစ် ထားကြ၏။ ဥပမာအားဖြင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၊ တော်ဝင်ဓားဂိုဏ်းနှင့် တော်ဝင်ရင်နိုင်ငံတို့ပင် ဖြစ်ပေ၏။

သူတို့ တိုင်ချူးနတ်နယ်မြေသည် ကွာစီအင်ပါယာလက်နက်ကို မပိုင်ဆိုင်ပေဘူးလား။ ပိုင်ဆိုင်၏။ ကွာစီအင်ပါယာ လက်နက်ပင်မက အင်ပါရီယာ လက်နက်ပင် ရှိသည်။ သို့ပေမဲ့ ကွာစီအင်ပါယာလက်နက်ကို လဲလှယ်ရန်မှာ သူ၏ အခွင့်အာဏာအထက်တွင် ရှိနေခဲ့၏။ သူတော်စင်ဘုရင်အဆင့်ကို မရောက်ဘဲနှင့် ထိုကဲ့သို့သော ကိစ္စရပ်များကို သဘောအတိုင်း ပြုလုပ်၍ မရနိုင်ချေ။

တော်ဝင်သူတော်စင်အဆင့်တွင် ရှိနေသည့် အကြီးအကဲသာလျှင် ထိုအရာကို အတည်ပြုနိုင်စွမ်းရှိနေ၏။ သို့ပေမဲ့ ထိုကဲ့သို့သော လူမျိုးသည် ဤကဲ့သို့သော အလဲအထပ်ကို သဘောတူလိမ့်မည် မဟုတ်ချေ။ ကွာစီအင်ပါယာလက်နက်ကို အသုံးပြုပြီး ကောင်းကင်ပါရမီရှင်စာရင်းတွင် ရှိနေသည့် တပည့်ကို အဆင့်မြင့်တင်ရန်မှာ ဆုံးရှုံးမှုများလွန်း၏။ တပည့်၏ စာရင်းအဆင့် တိုးတက်လာသော်လည်း ကွာစီအင်ပါယာ လက်နက်မရှိလျှင် ဆုံးရှုံးမှု ဖြစ်မည်မဟုတ်လား။

"ထုတ်မပေးနိုင်ဘူးလား"

လီယွင်သည် မထူးခြားသလို မေးမြန်းလိုက်၏။

"ဒါ……"

ကဲ့ကုန်းကျွင်းသည် တွန့်ဆုတ်လျက် ရှိ၏။ သူက ကြောင်အအနှင့် ပြောလိုက်သည်။ "နန်းဆောင်သခင် …. ဒီစျေးနှုန်းက တကယ့်ကို ကြီးမားပါတယ်။ နည်းနည်းလောက် စျေးလျှော့ပေးလို့ ရမလား။"

“ဟမ့် ….”

လီယွင်သည် အသာ နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ခေါင်းကို အသာ ယမ်းခါလိုက်၏။ သူ၏ အမြင်အရဆိုလျှင် တိုင်ချူးနတ်နယ်မြေသည် တကယ့်ကို အမြင်ကျဉ်းလှ၏။ ၎င်းတို့သည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းလောက်ပင် အမြင်မရှိကြချေ။ ကွာစီအင်ပါယာလက်နက်ကို လဲလှယ်ခြင်း ဆိုသည်မှာ တကယ့်ကို အကျိုးအကြောင်း ဆီလျော်လှသည့် ကိစ္စဖြစ်၏။ ကွာစီအင်ပါယာ လက်နက်ကို အသုံးပြုပြီး အနာဂတ်တွင် ကွာစီအင်ပါယာတစ်ယောက် ဖန်တီးနိုင်ခြင်းမှာ မည်သို့ပင်ကြည့်ကြည့် ကြီးမားလှသည့် အကျိုးဆက် မဟုတ်ပါလား။

ထို့အပြင် ကောင်းကင်ပါရမီရှင်အဆင့်ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ အလားအလာပင် ဖြစ်၏။ စာရင်း၏ ထိပ်ဆုံးငါးယောက်တွင် ရှိနေသူများသည် တော်ဝင်အင်ပါယာအဆင့်ကိုပင် တက်လှမ်းနိုင်သည့် သူများပင် ဖြစ်ကြ၏။

ကွာစီအင်ပါယာ ဆိုသည်မှာ အနိမ့်ပိုင်းသာ ရှိသေး၏။ အဆင့်ငါးအတွင်းသို့သာ ဝင်ရောက်မည် ဆိုပါက တိုင်ချူးနတ်နယ်မြေသည် တောက်ပသည့် အနာဂတ်ကို ပိုင်ဆိုင်ရမှာ ဖြစ်၏။

မုန်းရှင်းကျီကဲ့သို့ တူညီသည့်လမ်းစဉ်ကို လိုက်ပြီး နှစ်သန်းပေါင်းများစွာ အသက်ရှင်နေနိုင်သည့် နည်းလမ်းကို ထပ်မံ ပိုင်ဆိုင်ပါက ကွာစီအင်ပါယာ ဆိုလျှင်တောင်မှ လောကကြီးတွင် နေပျော်ပြီ ဖြစ်သည်။ နတ်နယ်မြေ၏ ဂုဏ်သတင်းသည်လည်း ကြီးမားသွားပေလိမ့်မည်။

"စီနီယာ …"

ကဲ့ကုန်းကျွင်းသည် သူ၏သိုလှောင်လက်စွပ်ကို လှမ်းထိရင်း စိတ်ဓာတ်တကျ ဖြစ်လို့နေခဲ့၏။ သူသည် အသက်ကို ပြင်းပြင်းရှုကာဖြင့် မေးမြန်းလိုက်၏။ "ကျုပ်ရဲ့ တပည့်က ကောင်းကင်ပါရမီရှင်စာရင်းမှာ အဆင့် ဆယ်ဆင့် တက်သွားမယ် ဆိုရင်ကော"

နှစ်ဆယ်သည် တောင်းဆိုမှု များလွန်းလှ၏။ ထို့ကြောင့် တစ်ဆယ့်သည် လက်သင့်ခံနိုင်လောက်၏။ အဆင့် ဆယ်ဆင့်ကို တက်သွားပါက အလားအလာသည် ပိုမိုကာ အားကောင်းလာပေလိမ့်မည်။ နှစ်ဆယ့်လေးယောက်မြောက် နေရာမှသည် ဆယ့်လေးယောက်သို့ ရောက်ရှိရန်ဆိုသည်မှာ ခက်ခဲလှသော်လည်း စီနီယာသာ ကူညီပေးပါက ကျိန်းသေပါက် ဖြစ်လာနိုင်သည့် ကိစ္စမျိုးပင်။

လီယွင်သည် တစ်ချက် လှမ်းကြည့်ပြီးနောက် တစ်ဖက်လူ၏ အတွေးကို နားလည်သွား၏။

"စနစ် …… တိုင်ချူးနတ်သားတော်အနေနဲ့ နှစ်ဆယ့်လေးနေရာကနေ ဆယ့်လေးနေရာကို ရောက်ဖို့ အခွင့်အရေး တည်နေရာတွေ ရှာဖွေပေး"

[ဒင် …. ရှာဖွေမှု အောင်မြင်သည်။ ထိုကဲ့သို့သော အခြေအနေနှင့် ကိုက်ညီသည့်လှသည့် အခွင့်အရေး တစ်ထောင့်သုံးရာ ရှစ်ဆယ့်တစ်ခုရှိ၏။

အင်မော်တယ်ကျွန်း (ကောင်းကင်လျို့ဝှက်အမှတ် ရှစ်သန်းလိုအပ်သည်။) ]

"တော်ပြီ။ ဒါကြီးက အရမ်းကို စျေးကြီးလွန်းတယ်။ နောက်တစ်ခုကို ထပ်ပြော"

[တိမ်ဖြူအိမ်တော် (ကောင်းကင်လျို့ဝှက်အမှတ် ခြောက်သောင်းခွဲ)အထူးအခွင့်အရေးများ ပါဝင်သည်။]

[ကောင်းကင်မူလ လျှို့ဝှက်နယ်မြေ (ကောင်းကင်လျှို့ဝှက်အမှတ် သုံးသောင်း) တိကျသည့် တည်နေရာကို ထုတ်ဖော်ပြသမည်]

မြောက်ပိုင်းပုံရိပ်ယောင်ကျမ်း (ကောင်းကင်လျို့ဝှက်အမှတ် တစ်သောင်းကိုးထောင်) တည်ကျသည့် တည်နေရာကို ထုတ်ဖော်ပြသမည်]

"ကြည့်ရတာ ယုံကြည်ရမဲ့ပုံပဲ"

လီယွင်သည် အသာခေါင်းညိတ်လိုက်၏။ ပြီးနောက် သေသေချာချာ စဉ်းစားလိုက်၏။

"တိမ်ဖြူအိမ်တော်ဆိုတာ … ဘာကိုဆိုလိုတာလဲ။ ထူးခြားတဲ့ အခွင့်အရေးကလည်း ရှိနေတယ် ဟုတ်လား"

ဤကဲ့သို့သော အခြေအနေကို မြင်ရသည်မှာ ပထမဆုံး အကြိမ်ဖြစ်၏။ လီယွင်သည် စိတ်ဝင်တစားနှင့် ဖြစ်လို့နေ၏။ ယခင်တုန်းက မည်ကဲ့သို့သော အခွင့်အရေး ဖြစ်သည်ကို တိတိကျကျ ပြသထားခဲ့၏။ ယခု အထူးအခွင့်အရေး ဟုသာ ပြောဆိုထား၏။ အထဲတွင် ဘာပါသည်ကို တိတိကျကျ မသိရှိချေ။ ထို့ကြောင့် သူသည် စိတ်ဝင်စားနေမိသည်။

[ကောင်းကင်လျှို့ဝှက်အမှတ် ငါးထောင်ကို သုံးပြီးတော့ တိမ်ဖြူအိမ်တော်ရှိ အခွင့်အရေးကို လှမ်းကာ ကြည့်ရှုနိုင်သည်။ ]

"ငါးထောင် ဟုတ်လား" လီယွင်သည် လျှာပင် ခလုတ်တိုက်သွားမိ၏။

ပြောရမည်ဆိုလျှင် အနည်းငယ် စျေးကြီးသည်ဟု ခံစားမိနေ၏။ ကောင်းကင်လျှို့ဝှက်အမှတ် ငါးထောင်ကို ပေးအပ်ရမည်မှာ နာကျင်ဖွယ်ရာပင်။ တိုက်ရိုက်ရောင်းချလိုက်ခြင်းကသာ ပိုမို ကောင်းမွန်လိမ့်မည်။ ကဲ့ကုန်းကျွင်း သာ ဝယ်ယူပါက သူ၏ သိချင်စိတ်များလည်း ပြေလည်သွားပေလိမ့်မည်။

တဖက်တွင်ရှိနေသည့် ကဲ့ကုန်းကျွင်းမှာတော့ ရုတ်တရက် တုန်ယင်သွားမိ၏။ ဘာမှန်းမသိပဲ သူသည် နှလုံးသားထဲ၌ အေးစက်သည့် ခံစားချက်များကို ရရှိလိုက်၏။ နှစ်ပေါင်းများစွာ ထိုကဲ့သို့သော ခံစားချက်များကို မရရှိခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်၏။ ယခု ပြန်လည်ပေါ်ပေါက်လာသည့် အချိန်မှာတော့ မသက်မသာ ခံစားနေမိ၏။ ဘာဖြစ်သည်ကို သူသည် မဖြေမရှာနိုင်ခဲ့ချေ။

ခေါင်းကို အသာမော့လိုက်တော့ ပြုံးလျက်ရှိနေသည့် လီယွင်၏ အကြည့်ကို မြင်လိုက်ရ၏။ သူ၏နှလုံးသားထဲတွင် ရှိနေသည့် အကြိတ်အခဲသည် ပိုမိုကာ ကြီးမားလာခဲ့၏။ သူက တီးတိုးပြောလိုက်၏။ "စီနီယာ ရရဲ့လား"

"ရတာပေါ့"

လီယွင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "နည်းလမ်းတွေက အများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်လောက်ပေးနိုင်လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ် "

"မေးပါရစေ စီနီယာ …. စျေးနှုန်းက ဘယ်လောက်ပါ လဲ" ကဲ့ကုန်းကျွင်းသည် မေးလိုက်၏။

လီယွင်သည် ပြန်လည်ကာ မဖြေဆိုခဲ့ချေ။ ထိုအစား ထိုင်ခုံ၏ လက်ရန်းကို တတောက်တောက်နှင့် ခေါက်လျက် ရှိနေ၏။ ထိုအရာသည် စည်းချက်ကဲ့သို့ပင် အသံထွက်ပေါ်နေ၏။

ထိုအခြင်းအရာကို မြင်သည့်အခါမှာတော့ ကဲ့ကုန်းကျုသည် နားလည်သွားမိ၏။ နန်းဆောင်သခင်သည် သူ့ကို မိမိဘာသာ စျေးပေးရန် အချက်ပြနေခြင်း ဖြစ်ပေမည်။ တန်ဖိုးသည်သာ ကိုက်ညီပါက ဝယ်ယူ၍ ရနိုင်၏။ မကိုက်ညီပါက ဝယ်ယူ၍မရနိုင်ချေ။

"လီက ခင်ဗျားတို့ကို စိတ်မပျက်စေရဘူးလို့ အာမခံတယ်။ အဲဒီအခွင့်အရေးထဲမှာ ကြီးကျယ်ခမ်းနားတဲ့ လျှို့ဝှက်ချက်တွေတောင် ပါဝင်နေသေးတယ်" လီယွင်သည် ထပ်ကာ ပြောဆိုလိုက်သည်။

All Chapters