← Chapters

တုကျဲ့အဆင့် ကျင့်ကြံသူများ များစွာဖန်တီးခြင်း

Vol. 10 Ch. 131

တုကျဲ့အဆင့် ကျင့်ကြံသူများ များစွာဖန်တီးခြင်း

Vol. 10 Ch. 131

ဝုန်း ...

ခဏအကြာတွင်မူ ကမ္ဘာမြေကြီးအောက်မှ စိတ်စွမ်းအင်များ တိုးထွက်လာ၏။

ထိုစွမ်းအင်များနှင့်အတူ ဧရာမ နဂါးအရိပ်ကြီးတစ်ခုကလည်း မြေကြီးအောက်မှ တိုးထွက်လာသည်။

ထိုနဂါးကြီးက လေထဲတွင် လေးငါးပတ် ပတ်လိုက်ပြီးနောက် လောထျန်းဘေးတွင် ဆင်းသက်ကာ သူ့ခေါင်းဖြင့် လောထျန်းလက်ကို နူးနူးညံ့ညံ့ ပွတ်သပ်နေ၏။

" ကောင်းပြီ ၊ အခု ပြန်လို့ရပြီ "

လောထျန်းက ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် နဂါးကြီးက ​တစ်ပတ်လှည့်လိုက်ပြီးနောက် မြေကြီးထဲသို့ ပြန်တိုးဝင်သွားတော့သည်။

ထိုနဂါး ပေါ်လာပြီးသည့်နောက် အနီးနားပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်များက တိုးသွားပြန်၏။

ထိုမြင်ကွင်း အစအဆုံးကို မြင်လိုက်ရသည့် အဘိုးအိုမှာ စကားမပြောနိုင်ဘဲ ဆွံ့အနေတော့သည်။

" နဂါး .. နဂါးပုံစံ စိတ်စွမ်းအင်သွေးကြော ... ဒီကမ္ဘာကြီးမှာ အဲ့လိုမျိုး တကယ်ရှိလို့လား "

" ဒါတင်မကသေးဘူး ၊ အဲ့ဒီ စိတ်စွမ်းအင်သွေးကြောက သူ့အမိန့်ကို တကယ်ကြီး နာခံတာပဲ ။ ဒီလိူမျိုးက အင်မတန်ရှားတယ် "

" ဒီကောင်လေးက တော်တော်ကံကောင်းတာပဲ ။ ဒါပေမယ့် သူ့ရဲ့ ကံကောင်းခြင်းတွေက ဒီမှာပဲ အဆုံးသတ်ရတော့မှာပေါ့ကွာ "

" ဒီ စိတ်စွမ်းအင်သွေးကြောက ငါတို့ စန်းလန်ဂိုဏ်းရဲ့ အပိုင်ဖြစ်သွားပြီ "

အဘိုးအိုမှာ ရှားပါး စိတ်စွမ်းအင်သွေးကြောကို မြင်ရပြီးနောက် ပို၍ပင် လောဘတက်သွား၏။

" ကောင်လေး .. မင်းက ငါတို့ဂိုဏ်းရဲ့ တားမြစ်နယ်မြေကို အပိုင်စီးထားပြီးတော့ ဆက်တိုက် ငြင်းနေတာပဲကွ။ မင်းလို လူမျိုးက ဒီကမ္ဘာကြီးထဲမှာ ဆက်နေရင် ပြဿနာတွေ တိုးလာဖို့ပဲရှိတယ်။ ဒီနေ့တော့ ငါက ကောင်းကင်ဘုံအတွက် တရားမျှတမှုကို ရှာပေးရတော့မှာပေါ့ကွာ။ မင်း ဒီနေ့ သေရမယ် "

အဘိုးအိုက အော်လိုက်သည်။

ထိုစကားကို ကြားသောအခါ လောထျန်း အလွန်ဒေါသထွက်သွား၏။

ထိုအဘိုးအို၏ အရှက်မဲ့မှုမှာ သူ ထင်မထားလောက်အောင်ပင် ဆိုးရွားလှပေသည်။

ထိုအဘိုးအိုသည် အခြားသူများ၏ စိတ်စွမ်းအင်သွေးကြောကို အတင်းလုယူနေသည်မှာ သိသာလှသော်လည်း သူက သူ့ကိုယ်သူ တရားမျှတမှုကို ရှာပေးနေသည့်အလား လိမ်ညာပြောဆိုနေ၏။

ထိုသို့သော လူမျိုးမှာ သေဖို့သာ သင့်ပေသည်။

ဝုန်း ..

လောထျန်းဆီမှ ကြောက်မက်ဖွယ် ကိုယ်အရောင်အဝါတစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။

သူ့အနောက်ဘက်တွင်လည်း မထင်မရှား ဧရာမ အရိပ်ကြီးတစ်ခု စုစည်းလာသည်။

ထိုအရိပ်ကြီးအောက်တွင် တစ်ကမ္ဘာလုံး တုန်နေသယောင်ပင် ...

" ဟင် .. ဒါ .."

တစ်ဖက်မှ အဘိုးအိုမှာ လောထျန်းကို လက်ညိုးထိုးကာ စကားမဆိုနိုင် ဖြစ်သွားသည်။

ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး ကြက်သေသေကာ မလှုပ်နိုင် ဖြစ်နေ၏။

" ဘာတွေ ဖြစ်နေတာလဲ .. ဒီအရောင်အဝါက .. "

လောထျန်း၏ အရောင်အဝါမှာ အလွန်ကြောက်စရာ ကောင်းကြောင်းကို သူ သေချာ ခံစားမိနေသည်။

ယခုအဖြစ်အပျက်မှာ သူ လုံးဝ(လုံးဝ) ထင်မထားသည့် အဖြစ်ပျက်ပင် ..

ထိုအချိန်မှသာ သူ နံရံကြီးတစ်ခုနှင့် ဝင်တိုက်လိုက်မိပြီဖြစ်ကြောင်း သတိထားမိလိုက်တော့၏။

တစ်ဖက်လူအား တည်သီးပျော့တစ်လုံးကဲ့သို့ သူ့စိတ်ကြိုက် နင်းခြေ၍ရမည်ဟုသာ ထင်ထားခဲ့သော်လည်း ...

ယခုလို ဖြစ်လာလိမ့်မည်ဟု မည်သူ တွေးထားပါမည်နည်း။

" အမ် .. အခုမှ သတိရတယ်၊ ငါတို့ဂိုဏ်းရဲ့ တားမြစ်နယ်မြေက ဒီနေရာမှာ မဟုတ်ဘူးပဲ။ ငါ မှားသွားတာ .. သွားတော့မယ်နော် "

အခြေအနေ မဟန်တော့သည်ကို ကြည့်ကာ အဘိုးအို ချက်ချင်းနောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် .. ထိုသို့ ထွက်ပြေး၍ ရနိုင်ပါမည်လား ...

ထိုအချိန်မှာပင် ရွှေရောင်လက်ဝါးကြီးက သူ့နောက်ကျောမှ တိုက်ခိုက်လိုက်တော့သည်။

အဘိုးအို လန့်သွားပြီး သူ့လက်ဖြင့် နောက်ပြန်ရိုက်လိုက်၏။

" ကျိုးပျက်စေ "

ထိုလက်ဝါးချက်တွင် သူ့အစွမ်းကုန်ပင် ထုတ်သုံးလိုက်သည်။

တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းအပြည့်ပါသည့် ရိုက်ချက်မှာ ပေါ့သေးသေး မဟုတ်ပါချေ ။

သို့သော် ...

သူ့လက်ဝါးအစွမ်းက ရှေ့မှ ရွှေရောင်လက်ဝါးကြီးအား တစိုးတစိပင် ထိခိုက်အောင် မလုပ်လိုက်နိုင်ပါ။

မကြာမီအချိန်မှာပင် ရွှေရောင်လက်ဝါးကြီးလက်ထဲသိူ့ သူ ရောက်သွားရ၏။

ထို့နောက်တွင်မူ လောထျန်းက အားအနည်းငယ်သာ သုံး၍ ဖျစ်ညှစ်လိုက်သည်။

ဂျွတ် ..ခွပ် ..

ကျိုးကြေသံများ ထွက်လာပြီး အဘိုးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာ၏။

သူ့တစ်ကိုယ်လုံးရှိ အရိုးများအားလုံး ကျိုး​သွားခဲ့လေပြီ ။

" အကြီးအကဲ "

ထိုအခြင်းအရာကို မြင်သောအခါ စန်းလန်ဂိုဏ်းမှ တပည့်များ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး သူတို့အကြီးအကဲကို သွားကူညီရန် ပြင်လိုက်ကြသည်။

သို့သော် .. လောထျန်း၏ အကြည့်တစ်ချက်ဖြင့်ပင် သူတို့တစ်ကိုယ်လုံး အေးစက်သွားကြပြီး ဟန်ချက်မထိန်းနိုင်တော့ဘဲ ​လေထဲမှ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြ၏။

" မသတ်ပါနဲ့ ..ငါ့ကို မသတ်ပါနဲ့ကွာ .. "

ထိုစဥ် အလွန်ကြောက်ရွံ့နေသည့် အဘိုးအိုက အသံတုန်တုန်ဖြင့် ပြောလာသည်။

လောထျန်းက သူ့ကို ကြည့်ကာ အေးစက်စက်သာ ပြန်ပြောသည်။

" သနားစရာ ကောင်းလှပါလား ၊ စိတ်မပူပါနဲ့ ခင်ဗျားကြီးကို ဒီလို လွယ်လွယ်နဲ့ ဘယ်သေခိုင်းပါ့မလဲ "

ထိုစကားကြောင့် အဘိုးအိုမှာ ယခင်ကထက်ပင် ပိုကြောက်သွား၏။

ထို့နောက်တွင်မူ လောထျန်းက လက်တစ်ဖက် ဆန့်ထုတ်ကာ အဘိုးအို၏ ခေါင်းပေါ် တင်လိုက်သည်။

" စိတ်ဝိဥာဥ် ရှာဖွေခြင်း "

လောထျန်းသည် ကောင်းကင်ဘုံ သိုင်းကျမ်း ကိုးအုပ်ထဲမှ ပုံရိပ်ဖော်ကျင့်စဥ်တွင် ပါဝင်သည့် စိတ်ဝိဥာဥ် ရှာဖွေခြင်းနည်းကို တိုက်ရိုက် အသုံးချလိုက်သည်။

အချိန်တခဏအတွင်းမှာပင် လောထျန်းသည် အဘိုးအို၏ ခေါင်းထဲမှ မှတ်ဉာဏ်များ အားလုံးကို ထုတ်ယူလိုက်ပြီး စိတ်ဝိဥာဥ် ပုလဲလုံးတစ်ခုအဖြစ် အသွင်ပြောင်းလိုက်၏။ ထို့နောက် သူက ၎င်းပုလဲလုံးအား လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

ထိုအချိန်.. အဘိုးအို၏ မျက်လုံးများကမူ အသက်မပါတော့သည့်အလား အရောင်ပြောင်းသွားတော့၏။  သူ အသက် မသေဆုံးသေးသော်လည်း သူ့စိတ်ဝိဥာဥ်ကမူ ခန္ဓာကိုယ်ထဲ၌ မရှိတော့ရာ လမ်းလျှောက်နေသည့် အလောင်းကောင်းတစ်ကောင်နှင့် မည်သို့မှ မခြားတော့ပေ။

လောထျန်းက ထိုစိတ်ဝိဥာဥ်ပုလဲလုံးကို လက်ထဲတွင် ကိုင်ကာ နောက်လှည့်ကြည့်လိုက်သည်။ သူ့အကြည့်က နျိုထျဲ့ချုပေါ်သို့ ကျသွား၏။

" ဒီဟာကို မျိုချလိုက် "

လောထျန်းက ပြောကာ ၎င်းကို ပစ်ပေးလိုက်သည်။

" ဟင် .."

နျိုထျဲ့ချူမှာ သူမဆီသို့ ရောက်လာသည့် ပုလဲလုံးကို ကြည့်ကာ မျက်နှာအနည်းငယ် ပျက်သွား၏။

လောထျန်းက ထိုပုလဲလုံးအား အဘိုးအို၏ ခေါင်းထဲမှ ထုတ်ယူလိုက်သည်ကို သူမကိုယ်တိုင် မျက်စိဖြင့် မြင်ခဲ့ရသည် မဟုတ်ပါလား ။ ယခု ..လောထျန်းက သူမကို ထိုပုလဲလုံးအား မြိုချရန် ပြောနေပြန်သည် ။

၎င်းမှာ အနည်းငယ် ရွံရှာဖွယ် ကောင်းပေသည်။

သို့သော် လောထျန်း၏ လေးနက်သော မျက်နှာထားကြောင့် သူမ မည်သို့မှ မတတ်နိုင်ဘဲ အံကြိတ်၍သာ မြိုချလိုက်ရ၏။

ထို့နောက်တွင်မူ ...

ဝုန်း ..

သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား နျိုထျဲ့ချူ ခံစားလိုက်ရပြီး များစွာသော မှတ်ဉာဏ်များ သူမခေါင်းထဲတွင် ပေါ်လာသည်။

အဘိုးအို၏ မှတ်ဥာဏ်များအားလုံးက သူမခေါင်းထဲသို့ ရောက်သွားခဲ့လေပြီ။

" အရေးကြီးတဲ့ ဟာတွေကို ယူပြီး သိမ်းထားလိုက်။ အရေးမကြီးတဲ့ဟာတွေတော့ ပစ်လိုက် "

ထိုစဥ် နျိုထျဲ့ချူ၏ နားထဲတွင် လောထျန်းအသံကို ကြားလိုက်ရ၏။

နျိုထျဲ့ချူက ချက်ချင်းပင် လောထျန်း၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ကာ အရေးမပါသည့် အကြောင်းအရာများကို ဖျက်ဆီးပစ်လိုက်သည်။

နောက်ဆုံးတွင်မူ ထိုမှတ်ဥာဏ်များထဲမှ သိုင်းကွက်အချို့ ၊ ကျင့်ကြံခြင်းဆိုင်ရာ အတွေ့အကြုံအချို့နှင့် အခြား သိုင်းပညာနှင့် ဆိုင်သည့် အကြောင်းအရာများသာ ကျန်နေခဲ့တော့သည်။

ဤသို့ဖြင့် ဆယ့်ငါးမိနစ်ခန့် အကြာတွင်မူ ထိုအကြောင်းအရာများ အားလုံးကို နျိုထျဲ့ချူတစ်ယောက် မှတ်သား၍ ပြီးသွား၏။

" အမေ ..အခြေအနေ ဘယ်လိုလဲ "

နျိုဝူဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။

" ငါ ထင်တာတော့ ..."

နျိုထျဲ့ချူက တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင် သူမ၏ မျက်နှာ ရုတ်တရက် ပြောင်းသွား၏။

သူမကိုယ်မှ အစွမ်းထက်သော အားတစ်ခု ရုတ်ချည်း တိုးထွက်လာသည်။

သူမ၏ ကိုယ်အရောင်အဝါကလည်း တမဟုတ်ချင်း တိုးတက်လာ၏။

ဂျုန်း ...

လေထဲတွင်လည်း မိုးတိမ်တိုက်များ စတင်စုစည်းလာသည်။

" တုကျဲ့အဆင့် .. သူက တုကျဲ့အဆင့်ကို ရောက်တော့မှာပဲ "

တစ်ယောက်က အခြေအနေကို ရိပ်စားမိသွားကာ အော်လိုက်သည်။

နျိုထျဲ့ချုသည် ကွေ့ရှအဆင့် ၉ သို့ ရောက်ထားသည်မှာ ကြာပြီဖြစ်ပြီး ယခု စိတ်ဝိဥာဥ် ပုလဲလုံးကြောင့် တုကျဲ့အဆင့်သို့ ရောက်သွားခြင်းပင် ။

" သူ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ခံနိုင်အောင် နေရာဖယ်ပေးကြဟေ့ ။ ငါနဲ့ နတ်ဆိုးသုံးယောက်က ပျာင်ပိုင်မြို့ကို စောင့်ကြပ်မယ်။ မြို့ကို ဘာမှ မထိခိုက်စေနဲ့ "

လောထျန်းက အားလုံးကို ညွှန်ကြားလိုက်သည်။

မကြာမီ ..လောထျန်းနှင့် နတ်ဆိုးသုံးယောက်တို့က ပျောင်ပိုင်မြို့ကို အတူတူရပ်ကာ ကာကွယ်နေကြ၏။

တစ်ဖက်တွင်မူ ပျက်စီးခြင်း တိမ်တိုက်များက အချိန်အတန်ငယ်ကြာ စုစည်းနေပြီးနောက် အောက်သို့ အသံကျယ်ကျယ်ပေး၍ ပြိုကျလာသည်။

မိုးကြိုးလျှပ်စီးက နျိုထျဲ့ချူပေါ်သို့ ကျသွား၏။

နျိုထျဲ့ချူက ၎င်းကို တည်တည်ငြိမ်ငြိမ်ပင် ခုခံနေသည်။

ဤသို့ဖြင့် အချိန် အတန်ကြာသွားပြီးနောက်တွင်မူ မိုးကြိုးတိမ်တိုက်များ  တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကောင်းကင်ဘုံ ပျက်စီးခြင်း ပြီးဆုံးသွားတော့သည်။

နျိုထျဲ့ချူက မိုးကြိုးတိမ်တိုက်အောက်မှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာ၏။

တုကျဲ့အဆင့်သို့ ရောက်သွားပြီးနောက် သူမ၏ အသွင်မှာ ယခင်ကနှင့် မတူတော့ဘဲ လုံးဝ ကွဲပြားနေလေပြီ။

" ကျေးဇူးတင်ပါတယ် အကိုကြီး "

နျိုထျဲ့ချူက လောထျန်းရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

" ဒါနဲ့ ..ဘယ်လိုဖြစ်ပြီးတော့ တုကျဲ့အဆင့်ကို ချက်ချင်းကြီး ရောက်သွားတာလဲ "

လောထျန်းက သူမကို ကြည့်ကာ မေး၏။

နျိုထျဲ့ချူက မြန်မြန် ပြန်ဖြေသည်။

" ကျွန်မရဲ့ ကျင့်ကြံခြင်းက ကွေ့ရှအဆင့် ထိပ်ဆုံးကို ရောက်နေတာကြာပြီမို့ နောက်တစ်ဆင့် ကို တက်လုဆဲဆဲ ဖြစ်နေတာ ကြာပြီ။ တွန်းအားလေး နည်းနည်းပဲ လိုနေတာ "

" ပုံမှန်ဆိုရင်တော့ ဒီလို တွန်းအားမျိုး ဖြစ်လာဖို့ နှင်ပေါင်း ရာနဲ့ချီ ၊ တစ်ခါတလေဆို နှစ်ပေါင်းထောင်ချီတောင် ကြာတတ်တယ် "

" ဒါပေမယ့် ခုနက စိတ်ဝိဥာဥ် ပုလဲလုံးကို မြိုလိုက်တော့ အဘိုးကြီးရဲ့ မှတ်ဥာဏ်တွေအားလုံးကို ရုတ်တရက် ရလိုက်တာ။ အဲ့ထဲမှာ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ကြုံခဲ့တဲ့ အတွေ့အကြုံလဲ ပါနေတော့ ချက်ချင်း သဘောပေါက်သွားပြီး တုကျဲ့အဆင့်ကို ရောက်သွားတာပဲ "

နျိုထျဲ့ချူက ရှင်းပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်လူများအားလုံး အနည်းငယ် မနာလိုဝန်တို ဖြစ်သွားကြသည်။

အစောက စိတ်ဝိဥာဥ် ပုလဲလုံးထဲတွင် တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ မှတ်ဥာဏ်များအားလုံး ပါနေသည်တဲ့လား ...

၎င်းမှာ ရခဲ့လှသည့် အခွင့်အရေး တစ်ခုပင် ...

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

" အင်း .. ကောင်းတယ် ။ ကျုပ်က ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်ထဲမှာ ပုံရိပ်ဖော်ကျင့်စဥ်က အသုံးမဝင်ဆုံးလို့ ထင်နေခဲ့တာ ။ ကျုပ်မှားနေတာပဲ ။ ဒီနည်းက တော်တော်လေး အသုံးဝင်တယ်။ ဒီအတိုင်းသာဆို တုကျဲ့အဆင့် ကျင့်ကြံသူတွေ အများကြီးကို ဖန်တီးပေးလို့ ရမယ်ထင်တယ် "

All Chapters