← Chapters

ကျိုင်းကောင်များ လက်ကွက်ထဲ ဝင်မွှေနေသည့်အလား

Vol. 10 Ch. 134

ကျိုင်းကောင်များ လက်ကွက်ထဲ ဝင်မွှေနေသည့်အလား

Vol. 10 Ch. 134

" မင်းရဲ့အစွမ်းကို ဖြုန်းတီးဖို့ စဥ်းစားမနေနဲ့။ နောက်ထပ် နှစ်တစ်ရာလောက် အချိန်ယူရင်တောင် ငါတို့ဂိုဏ်းရဲ့ အစီအမံကို အားသုံးပြီး ချိုးဖျက်လို့မှာ မဟုတ်ဘူး "

စန်းလန်ဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။

သို့သော် .. လောထျန်းက သူ့စကားကို လစ်လျူရှုထား၏။ ထို့နောက် သူက အသက်ပြင်းပြင်းရှိုက်ကာ အစီအမံရှိရာဘက်သို့ လက်သီးဖြင့် ထိုးလိုက်တော့သည်။

" အရူးကောင် "

စန်းလန်ဂိုဏ်းချုပ်နှင့် အကြီးအကဲများက လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်ကာ ရယ်မောလိုက်ကြ၏။

သို့သော် တစ်စက္ကန့်မျှ အကြာတွင်မူ သူတို့၏ ရယ်သံများ ရုတ်ချည်း ရပ်တန့်သွားကြသည်။

လောထျန်း လက်သီးဖြင့် ထိုးလိုက်သည်နှင့် သူ့နောက်မှ အရိပ်ကြီးကလည်း လောထျန်းအတိုင်း လက်သီးဖြင့် ထိုးလိုက်၏။

စန်းလန်ဂိုဏ်း၏ အကာအကွယ်အစီအမံမှာ ရန်သူ့တိုက်ခိုက်မှုကို အာရုံခံမိသွားကာ ချက်ချင်း လင်းလက်လာသည်။

လောထျန်း၏ လက်သီးချက်က အစီအမံ၏ အလင်းတန်းလွှာပေါ်သို့ ကျသွား၏။

အားလုံးမှာ ထိုလက်သီးချက်ကို အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း ..

လောထျန်း၏ လက်သီးချက် အလင်းတန်းလွှာပေါ်သို့ ကျသွားသည်နှင့် ဖျက်ဆီး၍မရနိုင်သော ဂိုဏ်း၏ အစီအမံက စာရွက်တစ်ရွက်အလား ချက်ချင်း ပြိုကွဲသွားတော့သည်။

၎င်းအစီအမံမှာ လောထျန်း၏ သိုင်းကွက်ကို နည်းနည်းလေးမျှပင် မခုခံနိုင်ခဲ့​ချေ။

ခွမ်း ...

အစီအမံ၏ အလင်းတန်းလွှာက မရေမတွက်နိုင်သော အလင်းလုံးလေးများအဖြစ် ပြိုကွဲသွားပြီး နေရာအနှံ့ ပြန့်ကျဲသွား၏။

လောထျန်း၏ လက်သီးအစွမ်းက ရှေ့သို့ ဆက်ရွေ့သွားသည်။

၎င်းက လူများ ၊ တောင်တန်းများကို ကျော်ဖြတ်ကာ ခပ်လှမ်းလှမ်းမှ ဧရာမ တောင်ကြီးတစ်ခုပေါ်သို့ ကျသွား၏။

ဘုန်း ...

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ထိုတောင်ထိပ်ကြီးတစ်ခုလုံး ပြားချပ်သွားတော့သည်။

ဝုန်း .. ဘုတ် ...

တစ်ချိန်တည်းမှာပင် စန်းလန်ဂိုဏ်းချုပ်နှင့် တုကျဲ့အဆင့်ရှိ အခြားအကြီးအကဲများ အားလုံးကလည်း နောက်သို့ လွင့်ထွက်သွားကြသည်။ သူတို့ကိုယ်မှ သွေးများ အဆက်မပြတ် ထွက်လာ၏။

အမှန်တွင်မူ ထိုလက်သီးချက်က သူတိူ့ကို တိုက်ရိုက် မထိသွားခဲ့ပါ။

သို့သော် ၎င်း၏ နောက်ဆက်တွဲ အကျိုးဆက်ကပင် သူတို့အားလုံးကို ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေရုံသာမက သတ်ပစ်ရန်ပင် တတ်နိုင်ပေသည်။

ထိုအခြင်းအရာကို မြင်သွားသည့် လောထျန်းမှာ ရုတ်တရက် အံ့အားသင့်သွား၏။

" ဟေ့ .. မသေကြနဲ့ဦးလေ "

သူက ပြောပြောဆိုဆို အကြီးအကဲများဆီသို့ ချက်ချင်း ပြေးသွားကာ တစ်ယောက်ပြီးတစ်ယောက် မှတ်ဥာဏ်များ ထုတ်ယူလိုက်သည်။

ထိုသို့ မှတ်ဥာဏ်ထုတ်ယူနေစဥ်တွင်လည်း သူ ဆဲဆိုနေသေး၏။

" ချီးပဲကွာ .. ခင်ဗျားတို့တွေက ဘာမှ သုံးစားမရတဲ့ အဘိုးကြီးတွေပဲ ။ ဒီလောက်အစွမ်းနိမ့်နေတာတောင် ကြွားလုံးကလဲ ကြီးလိုက်တာ ။ ခင်ဗျားတို့ဂိုဏ်းရဲ့ အစီအမံက အဲ့လောက်အားပျော့မှန်းသာ ကျုပ် ကြိုသိခဲ့ရင် ခုလောက်ကြီး အား ဘယ်သုံးမလဲ "

လောထျန်း ထိုသို့ ပြောနေစဥ် .. သူ့နောက်မှ လူများအားလုံးမှာ မျက်နှာညိုသွားကြသည်။

ကျန်းယွိက ယဲ့ထုံလင်းဘက် ခေါင်းလှည့်ကြည့်ကာ မေး၏။

" အကိုကြီး .. ဒီ စန်းလန်ဂိုဏ်းရဲ့ အစီအမံက တကယ်ကြီး အားပျော့တာလား "

ယဲ့ထုံလင်းက ခေါင်းယမ်း၍ ပြန်ဖြေသည်။

" ဘယ်အားပျော့မလဲကွာ ။ဖုန့်လင်းဒေသတစ်ခုလုံးကို ကြည့်ရင်တောင် ဒီအစီအမံက ထိပ်တန်းအဆင့်လို့ ပြောလို့ရတယ်။ သူတို့တွေ လိမ်ပြောခဲ့တာ မဟုတ်ဘူး။ ပုံမှန်ဆိုရင် တုကျဲ့အဆင့် ၉ ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတောင် အစီအမံကို အားသုံးပြီး ချိုးဖျက်ဖို့ မလွယ်ဘူးကွ "

ထိုအဖြေကြောင့် ကျန်းယွိ အံ့သြတုန်လှုပ်သွားပြီး ထပ်မေးလိုက်သည်။

" သခင်လေး လောထျန်းက အခု ဘယ်လောက်အစွမ်းထက်နေပြီလဲ "

ယဲ့ထုံလင်း ခေါင်းယမ်းပြလိုက်သည်။

" ငါလဲ မသိဘူးကွ ၊ တကယ်တော့ ငါလဲ အဲ့ဒါကို သိချင်နေတာ "

ကျန်းယွိက လောထျန်းအား အံ့သြတကြီး လှမ်းကြည့်လိုက်ပြန်သည်။

ထိုအချိန်မှာပင် လောထျန်းက အကြီးအကဲများ၏ မှတ်ဥာဏ်များကို ထုတ်ယူ၍ ပြီးသွား၏။

သို့သော် ...ကံဆိုးသည်မှာ အကြီးအကဲနှစ်ယောက်က လောထျန်း မှတ်ဥာဏ်မထုတ်ရသေးခင်မှာပင် ရထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် လောထျန်း အလွန်ဒေါသထွက်နေ၏။

ယခု .. မှတ်ဥာဏ်နှစ်ခု မထုတ်လိုက်ရသည့်အတွက် တုကျဲ့အဆင့်သို့ ရောက်မည့် ကျင့်ကြံသူနှစ်ယောက် လျော့သွားလေပြီ ။

ထို့နောက် လောထျန်းက ကျန်သူများ၏ စိတ်ဝိဥာဥ် ပုလဲလုံးများကို သိမ်းကာ စန်းလန်ဂိုဏ်းမှ အခြားလူများအား ကြည့်လိုက်သည်။

ထို လူငယ် တပည့်လေးများသည် ဂိုဏ်း၏ အစီအမံထဲတွင် မပုန်းနိုင်ခဲ့သဖြင့် အသက်ရှင် ကျန်နေကြခြင်း ဖြစ်ပေသည်။

သူတို့သည် အစပိုင်းတွင် အစီအမံထဲသို့သာ ဝင်ပုန်းချင်နေခဲ့ကြသော်လည်း ဖြစ်ပျက်သွားသည်ကို မြင်ပြီးနောက်တွင်မူ အားလုံး ကြောက်လန့် တုန်လှုပ်သွားခဲ့ကြ၏။

ထို့နောက် လောထျန်းက သူတို့ဆီသို့ လာနေသည်ကို မြင်သောအခါ သူတို့လူတစ်ဝက်နီးပါး သေမတတ် ကြောက်ရွံ့သွားကြသည်။

မကြောက်ဘဲ မည်သို့ နေနိုင်ပါမည်နည်း ...

ထိုလူသည် သူတို့ဂိုဏ်း၏ အစီအမံကို လက်သီးတစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်ခဲ့သူဖြစ်ပြီး ထိုသို့ လုပ်နေစဥ် သူတိူ့ဂိုဏ်းချုပ်နှင့် အကြီးအကဲများစွာကိုပါ သတ်ပစ်ခဲ့သေး၏။

ထိုသို့သော လူတစ်ယောက်ကို မည်သူက ဒေါသထွက်အောင် လုပ်ရဲပါမည်နည်း။

" သခင်လေး ..ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ "

လူငယ်တပည့်တစ်ယောက်က သတ္တိတင်ကာ တုန်တုန်ယင်ယင် ပြောလိုက်သည်။

လောထျန်းက သူ့ကို တစ်ချက်ကြည့်ပြီးနောက် သူ့နောက်မှ လူများကို ဝေ့ဝဲကြည့်ကာ ပြော၏။

" ထားလိုက်ပါ .. မင်းတို့တွေက ဒီတိုင်း နောက်လိုက်တွေဆိုတော့  မင်းတို့ကို သတ်လဲ ဘာမှ မထူးဘူး ။ ဒါပေမယ့် ငါ စန်းလန်ဂိုဏ်းကို ဒီနေ့ပဲ ဖျက်ဆီးပစ်ရလိမ့်မယ်။ တကယ်လို့ မင်းတို့တွေက နောက်ကျ လက်တုန့်ပြန်ချင်တယ်ဆိုရင် ငါ့ကို လာရှာလို့ရတယ်။ ငါ့နာမည်က လောထျန်း ၊ ပျောင်ပိုင်မြို့က လောထျန်း "

ထိုစကားကို ကြားသောအခါ အားလုံး မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားကြသည်။

လက်တုန့်ပြန်ရမည်တဲ့လား ..

ကြောက်စရာကောင်းလှသည့် လူတစ်ယောက်ကို မည်သို့ လက်တုန့်ပြန်ရပါမည်နည်း ...

ထို့နောက် တွင်မူ လောထျန်းက ထွက်သွားရန် အချက်ပြလိုက်သည်နှင့် သူတို့လူစု နောက်သို့ တစ်ချက်လေးပင် လှည့်မကြည့်နိုင်ဘဲ လှစ်ခနဲ ပြေးသွားကြတော့၏။

လောထျန်းက သူပြောထားသည့် စကားကို ပြန်ရုတ်သိမ်းကာ သူတို့အား သတ်ပစ်လိုက်မည်ကို စိုးသောကြောင့် ထိုသို့ ပြေးသွားကြခြင်းပင် ။

ထိုလူများ ထွက်သွားကြပြီးနောက် လောထျန်းက သူ့နောက်မှ လူများကို လှည့်ကြည့်ကာ ပြောလိုက်သည်။

" ကဲ .. အလုပ်စလိုက်ကြတာပေါ့ ။ တောင်တွေဆီသွားပြီး တွေ့သမျှ အကုန်သာ ယူကြ "

" ဟုတ်ကဲ့ပါ သခင်လေး "

လောမိသားစုဝင်များအားလုံးက အမိန့်နာခံကာ စန်းလန်ဂိုဏ်းထဲသို့ ပြေးဝင်သွားကြသည်။

ယဲ့ထုံလင်းနှင့် အခြားသူများမှာ ထိုအချိန်မှသာ လောထျန်းက ထိုလူများအား အဘယ့်ကြောင့် ခေါ်လာရသည်ကို နားလည်သွားကြ၏။

ထိုလူများမှာ မြန်ဆန်သွက်လက်လွန်းကြသဖြင့် သူတို့ကို ကြည့်ရသည်မှာ ကျိုင်းကောင်တစ်အုပ် က လယ်တစ်ကွက်အတွင်း ဝင်၍ မွှေနှောက်နေသည်နှင့်ပင် တူနေတော့သည်။

စန်းလန်ဂိုဏ်းထဲမှ သိုင်းပညာရပ်ဆိုင်ရာ စာအုပ်များ စုစည်းထားသည့် စာကြည့်တိုက်အတွင်း၌ ...

" ဒီစင်ပေါ်က စာအုပ်တွေအကုန်လုံးက ငါအပိုင်နော် ၊ ဘယ်သူမှ လာမလုကြနဲ့ "

" ဟေ့ကောင် . မင်းမျက်လုံးမှ ကောင်းသေးရဲ့လား။ သေချာလဲ ကြည့်ပါဦးကွ ။ ဒါတွေအားလုံးက အဆင့်နိမ့် သိုင်းပညာရပ်တွေချည်းပဲ။ ဒါတွေကို ယူသွားတော့ရော ဘာအကျိုးရှိမှာလဲ။ အပေါ်ထပ်ကို ကြည့်လိုက် ၊ အဲ့ သိုင်းကျင့်စဥ်တွေကမှ ရှားပါးပညာရပ်တွေကွ "

" ဟင် ..ဟုတ်လား ... ။ ဟီးဟီး ..ဟုတ်သားပဲကွ ။ ငါတို့ ပျောင်ပိုင်မြို့က သူတွေက ဒီလိုဟာမျိုးတွေ မြင်မှ မမြင်ဖူးတာ "

" ဘေးဖယ်ကြ ၊ ဒီစာအုပ်ကို ငါ အရင်မြင်တာ "

" ဟင်.. ဒီကို ငါ အရင်ရောက်တာလေ "

" ဒါဆို .. တစ်ယောက်တစ်ဝက် ယူကြမယ်ကွာ "

" ပြီးရော "

ဗျိ ...

ထိပ်တန်းအဆင့် သိုင်းပညာစာအုပ်တစ်အုပ်မှာ နှစ်ပိုင်း အဖြဲခံလိုက်ရ၏။

" ဟင် ..ခန ..ဒီကို ကြည့်ဦး .. ဒီစာအုပ်ကို တစ်ခုခုနဲ့ ပိတ်ထားတဲ့ပုံပဲကွ ။ အထဲမှာ ဘာတွေ ဖွက်ထားလို့လဲ မသိဘူး။  အဝတ်မပါတဲ့ မိန်းကလေးပုံများလား .. "

လူငယ်တစ်ယောက်က ဟောင်းနွမ်းနေသည့် စာအုပ်ဟောင်းတစ်အုပ်ကို ကိုင်ရင်း မေးလိုက်သည်။

သူ့အနီးမှ လူတစ်ယောက်က လာကြည့်ကာ သူ့ခေါင်းကို ရိုက်လိုက်သည်။

" မင်းက တစ်နေ့လုံး နှာဘူးအတွေးပဲ တွေးနေတာလား။ ဒီမှာ စာအုပ်နောက်မှာ ရေးထားတယ်လေ။ စန်းလန်ဂိုဏ်း၏ ရတနာ ၊ မှော်သိုင်းပညာရပ် ငါးသွယ် တဲ့ .. "

" စန်းလန်ဂိုဏ်းရဲ့ ရတနာ .. ဟုတ်လား ၊ ငါ့ကိုပေး "

အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ စာအုပ်ကို အသည်းအသန် လုလိုက်ကြသည်။

ထိုစဥ် .. အခြားတစ်ဖက်ရှိ ရတနာမျှော်စင်ထဲတွင်မူ အားလုံး တည်တည်ငြိမ်ငြိမ် စနစ်တကျ ရှိနေကြ၏။

" ဒီမှာ ဒုတိယအဆင့် မှော်လက်နက် ၃၇၂၅ ခု ၊ အားလုံးကို ထုပ်ပိုးပြီး အပြင်သယ်သွားလိုက်။

" ဒါက တတိယအဆင့် မှော်လက်နက် ၁၅၂၁ ခု ၊ သေချာ သိမ်းလိုက် "

" စတုတ္ထအဆင့် မှော်တူရိယာက ၅၇၂ ခု .. "

" အဆင့် ငါး မှော်လက်နက်က ၁၀၆ ခု .. "

" ဟင် .. အဆင့်ခြောက် မှော်လက်နက်တွေက ဘာလို့ အဲ့လောက် နည်းနေရတာလဲ ၊ အားလုံးပေါင်းမှ ၄၅ ခုပဲ ရှိတယ် "

" အဲ့လောက်ဆို လုံလောက်ပါတယ်ကွာ ။ ဒီအဆင့် ၇ မှော်လက်နက်တွေကိုလဲ ကြည့်လိုက်ဦး ၊ အားလုံးမှ ၃ ခုပဲ ရှိတာကွ "

အလုံး တစ်ယောက်တစ်ပေါက် ညည်းညူလိုက်ကြသည်။ ယဲ့ဖုန်းနိုင်ငံတွင်ဆိုပါက ပထမတန်းအဆင့် အဖွဲ့၌ပင် အဆင့်ငါး မှော်လက်နက် မထုတ်လုပ်နိုင်သည်က များသည်ကိုမူ သူတို့ မေ့နေကြ၏။

လက်နက်တိုက် နှင့် ဆေးပစ္စည်းသိုလှောင်ခန်းတွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်နေသည်။

မကြာမီ လူအုပ်က ပစ္စည်းများအားလုံးကို သိမ်းယူ၍ ပြီးသွား၏။

ထိုအချိန် လောမိသားစုမှ လူငယ်လေးတစ်ယောက်က မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်။

" ဒီကို လာကြည့်ဦး .. စန်းလန်ဂိုဏ်းရဲ့ အဆောက်အဦး ကြမ်းပြင်က နည်းနည်း တမျိုးဖြစ်နေသလိုပဲ "

သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ထိုလူငယ်နား ရောက်လာပြီး သူညွှန်ပြသည့် ကြမ်းပြင်ကို သချာစိုက်ကြည့်လိုက်သည်။ အချိန်အတန်ကြာ ကြည့်နေပြီးမှသာ သူက အံ့သြတုန်ဘှုပ်သွားဟန်ဖြင့် ပြော၏။

" ဝိုး .. ငါ သတိမထားမိဘဲတောင် နေတော့မလို့။ ဒီကြမ်းပြင်ကို အဆင့်သုံး စိတ်စွမ်းအင်ကျောက်တုံးတွေနဲ့ ခင်းထားတာပဲကွ။စန်းလန်ဂိုဏ်းက ခမ်းနားကြီးကျယ်လှချည်လား "

" ကြမ်းခင်းတင် မဟုတ်ဘူးကွ ၊ ဟိုမှာ ကြည့်လိုက်ဦး ။ နံရံပေါ်က ကျောက်တုံးတွေကလဲ သာမာန် ကျောက်တုံးတွေမတ်ဘူး "

" ပြီးတော့ .. တိုင်တွေရော .. "

" တံခါးပေါက် ကရော .. "

" ဒါဆို ကျုပ်တို့တွေ ဘာလုပ်ရမလဲ "

" တစ်စစီ ဖြစ်သွားအောင် ဖြုတ်ကွာ "

ထို့နောက် လူများက အဆောက်အဦး တစ်ခုလုံးကို တစ်စစီ ဖြစ်သွားအောင် ဖျက်လိုက်ကြသည်။

မကြာမီ အချိန်မှာပင် .. တောင်ပေါ်ရှိ အဆောက်အဦးများ အားလုံးနီးပါး အဖျက်ခံလိုက်ရတော့၏။

ထိုအချိန်တွင် လူတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်ပြန်သည်။

" ဟေ့ .. တောင်အနောက်ဘက်မှာ ဝက်ခြံကြီး အကြီးကြီး ရှိနေတယ်ဟေ့ ။ အဲ့ထဲက ဝက်တွေအားလုံးက ထိပ်တန်းအဆင့် စိတ်စွမ်းအင်ဝက်တွေချည်းပဲ "

" ဒါဆို ဘာကို စောင့်နေတာလဲကွ ၊ အခုချက်ချင်း သွားယူလိုက်လေ "

.........

ဤသို့ဖြင့် နေ့တစ်ဝက် ကြာသွားပြီးမှသာ အားလုံး တောင်ပေါ်မှ ပြန်ဆင်းလာကြသည်။

အားလုံးမှာ ကိုယ်စီ ပါလာကြသည့် ဟင်းလင်းပြင်လက်စွပ် အိတ်များအပြင် တစ်ယောက်ကို ဝက်ဆယ်ကောင်ကျော် နှင့် ခွေး ၂ ၊ ၃ ကောင်စီလည်း ပြန်သယ်လာကြ၏။

နောက်တွင် ကျန်ခဲ့သည့် လူအချို့ဆိုလျှင် အများက မလိုချင်၍ ချန်ထားခဲ့ကြသည့် ကြွက်များကိုပါ ကြိုးနှင့်ချည်ပြီး ပြန်သယ်လာကြသေးသည်။

ယဲ့ထုံလင်းမှာ အားလုံးကို အံ့သြတကြီးကြည့်ကာ မနေနိုင်ဘဲ လက်မထောင်ပြလိုက်ရသည်။

" တကယ် ဆရာကျတဲ့ကောင်တွေပဲ "

All Chapters