← Chapters

မိုးကြိုးဘုရင်

Vol. 10 Ch. 136

မိုးကြိုးဘုရင်

Vol. 10 Ch. 136

လောထျန်းနေသည့် အဆောင်၏ မြေကွက်လပ်တွင် အရာအားလုံးက ယခင်အတိုင်း မပြောင်းမလဲ ရှိနေ၏။

သို့သော် ... ထိုမြေကွက်၏ ခပ်မှောင်မှောင် ထောင့်တစ်ခုတွင်မူ အရိပ်နှင့် တစ်သားတည်းဖြစ်နေသည့် လူတစ်ယောက် ရှိနေသည်။

" ဟား ဟား ..ဒီကောင်လေး ပြန်ရောက်လာပြီပဲ။ ဒီကောင်က သခင်ကြီးရဲ့ တပည့် သခင်ကြီးချူ ကို သတ်လိုက်တဲ့သူ မဟုတ်လား "

အရိပ်ထဲမှ လူက လောထျန်းအား အနည်းငယ် မျက်မှောင်ကြုံ့၍ ကြည့်ကာ ပြောလိုက်သည်။

" ဒီကောင်လေးကို ကြည့်ရတာ စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၉ ပဲ ရှိသေးတဲ့ပုံပဲ။ ဒီအဆင့်လောက်ကိုတော့ ငါ တစ်ချက်တည်းနဲ့ သတ်နိုင်တယ် "

" မဟုတ်သေးပါဘူးလေ၊ ဘယ်သူ့ကိုမဆို သတ်ရင် သေချာသတိထားပြီး သတ်မှရမယ်။ ကိုယ့်ဘက်က လုံးဝ မသေချာရင် မလုပ်တာ အကောင်းဆုံးပဲ။ဒီတော့ သူ အိပ်ပျော်တဲ့အထိ စောင့်ပြီးမှ သူ့ခေါင်းကို တိတ်တိတ်လေး သွားဖြတ်ရမယ် ၊ ဟုတ်တယ် .. ဒီအကြံကောင်းတယ် "

အရိပ်ထဲမှ လူက တစ်ကိုယ်တည်းတွေးကာ ဆုံးဖြတ်လိုက်သည်။

" ဘယ်သူလဲ "

ထိုအချိန်တွင် လောထျန်း၏ အသံ ထွက်လာ၏။

သူ မြေကွက်လပ်သို့ ဆင်းလိုက်သည်နှင့် အမှောင်ထဲ၌ တိတ်တဆိတ် ချောင်းနေသူကို တွေ့သွားခြင်းဖြစ်သည်။

ထိုအသံကို ကြားသောအခါ အရိပ်ထဲမှ လူက အံ့အားသင့်သွားပြီး ပြော၏။

" သူက ငါ့ကို ပြောနေတာလား ။ မဖြစ်နိုင်တာ .. ငါ့ရဲ့ ကိုယ်ဖျောက်အစွမ်းက ဒီကမ္ဘာကြီးမှာ အကောင်းဆုံးပဲလေ။ ငါ့ဆရာကတောင် ငါ့ကို ရှာမတွေ့နိုင်တာ သူက ငါ့ကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး "

" ငါက မင်းကို ပြောနေတာ ၊ ငါပြောတာ မကြားဘူးလား "

ထိုစဥ် လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ဟား ဟား .. ဒီကောင်လေးက တော်တော်ဉာဏ်များတာပဲ။ သူက ငါ ထွက်လာအောင်လို့ တမင် ဖြီးနေတာပဲ ဖြစ်မှာ။ ကြည့်ရတာ ဒီကောင်လေးက ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကျတတ်တဲ့သူ ထင်တယ် "

အရိပ်ထဲမှ လူက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။ သူ့ကို မည်သူမှ ရှာတွေ့နိုင်မည်မဟုတ် ဟုလည်း သူ ယုံထား၏။

ထိုစဥ်မှာပင် လောထျန်းက သူ့ဆီသိူ့ လျှောက်လာကာ သူ့ရှေ့တည့်တည့်တွင် ရပ်၍ ပြောလိုက်သည်။

" မင်းက ဘယ်သူလဲ ၊ ဘာကိစ္စ ငါ့ခြံဝင်းထဲမှာ ပုန်းနေရတာလဲ "

ထိုအချိန်မှသာ လောထျန်းက သူ့အား မြင်သွားခဲ့ပြီဖြစ်ကြောင်း အရိပ်ထဲမှလူ သိလိုက်တော့၏။

" ဒါ ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ မင်းက ငါ့ကို ဘယ်လိုတွေ့သွားတာလဲ "

သူ အံ့သြတကြီး ပြောလိုက်သည်။

လောထျန်းက သူ့ကို စိုက်ကြည့်ကာ ပြန်ပြော၏။

" မင်းက ငါ့ရဲ့ ခြံဝင်းထဲလာပြီး ပုန်းနေတာလေ ၊ ဘယ်လိုလုပ် မတွေ့ဘဲ နေမှာလဲ "

အရိပ်ထဲမှ လူက ပြန်ပြောလိုက်သည်။

" ဒါပေမယ့် ...ငါက စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး ငါ့ရဲ့အရောင်အဝါကို ဖုံးထားခဲ့တာလေ။ ပုံမှန်ဆို မင်း ငါ့ကို ဘယ်လိုမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် .. မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက ငါ့ထက်ပိုပြီး အစွမ်းထက်နေရင်တော့ ... "

ထိုလူက စကားဆုံးသည်နှင့် သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်ရာ သူ့အနောက်ဘက်တွင် သုံးပေကျော်ရှည်လျားသည့် ပုံရိပ်ကြီးတစ်ခု စုစည်းလာ၏။

လောထျန်းက သူ့အား ထူးထူးဆန်းဆန်း ကြည့်ကာ ပြောလိုက်သည်။

" မင်းက ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို သိချင်တာလား .. "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်၏။

ဝုန်း ...

သူ့အနောက်ဘက်တွင် မျှော်လင့်မထားလောက်အောင် ကြီးမားသည့် ဧရာမ ပုံရိပ်ကြီးတစ်ခု စုစည်းလာသည်။

အရိပ်ထဲမှ လူ၏ စိတ်ဝိဥာဥ်အစွမ်း ပုံရိပ်မှာ သူ့ရှေ့မှ လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ပုံရိပ်၏ ခြေချောင်းလေးတစ်ချောင်းတွင် ရှိသော အမွေးတစ်ပင်စာမျှသာ ရှိပေသည်။

ထို့ထက်ပင် ပိုသေးနိုင်သေး၏။

ထိုမြင်ကွင်းကို ကြည့်နေသည့် အရိပ်ထဲမှ လူမှာ အံ့သြမှင်သက်ကာ ဆွံ့အသွားတော့သည်။

အချိန်ခဏ ကြာပြီးနောက်တွင်မူ သူက လောထျန်းကို ကြည့်ကာ ပြောလိုက်သည်။

" သွားတော့မယ် "

ထို့နောက် သူ ချက်ချင်းနောက်လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

သူသည် အလွန် လွယ်ကူသည့် ကိစ္စတစ်ခုကို လုပ်ရမည်ဟုသာ စိတ်ထဲတွေး၍ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ယခုတွင်မူ.. ကိုယ့်သေတွင်းကိုယ် တူးလိုက်သလိုပင် ...

သို့သော် ..သူ ထွက်သွားရန် နောက်ကျလွန်းသွားခဲ့လေပြီ ။

လောထျန်းက လက်ဆန့်ကာ ထိုလူအား ခပ်တင်းတင်း ဆုပ်ထားလိုက်သည်။

" အား .. ငါ့အသက်ကို ချမ်းသာပေးပါကွာ ။ ငါ့ကို မသတ်ပါနဲ့ ။ ငါကို လွှတ်ပေးပါကွာ ၊ ငါ ဒီမှာ သေတော့မယ် "

ထိုလူက အသည်းအသန် ရုန်းကန်နေ၏။

" မင်း ဘယ်သူလဲလို့ ငါ မေးနေတယ်လေ "

လောထျန်းက သူ့ကို ကြည့်ကာ အေးစက်စက် မေးလိုက်သည်။

" ငါလား .. ငါက သခင်ကြီးလိုင် ရဲ့ အစေခံပါ "

ထိုလူက ပြန်ဖြေသည်။

" သခင်ကြီးလိုင် ဆိုတာ ဘယ်သူလဲ "

လောထျန်းက ထပ်မေး၏။

" သခင်ကြီးလိုင် က ငါ့ဆရာပါ "

ထိုလူက ပြန်ဖြေသည်။

လောထျန်းသည် ခေတ္တမျှ တိတ်သွားပြီးနောက် သူ့ရွှေရောင် လက်ဝါးကြီးက ထိုလူကို ဖျစ်ညှစ်လိုက်၏။

" မင်းက ငါ့ကို လာနောက်နေတာလား "

" အား .. မလုပ်ပါနဲ့ကွာ ။ ငါပြောပြပါ့မယ် ၊ ငါ အားလုံး ပြောပြပါ့မယ်။ သခင်ကြီးလိုင် က မိုးကြိုးနဲ့ လျှပ်စီးတို့ရဲ့ ဘုရင်ပါ "

ထိုလူက အကြောက်အကန် ပြောလိုက်သည်။

လောထျန်း အံ့အားသင့်သွားပြီး ပြော၏။

" မိုးကြိုးဘုရင် .. ဟုတ်လား ။ သူ့နာမည်ရှေ့စာလုံးက ရန် မဟုတ်ဘူးလား "

ထိုလူက ခေါင်းယမ်း၍ ပြန်ဖြေသည်။

" မဟုတ်ဘူး ၊သူ့နာမည် ရှေ့စာလုံးက လိုင် "

လောထျန်းက ခေါင်းအသာအယာ ညိတ်ကာ မေးလိုက်သည်။

" ဒါဆို မင်းက ဒီကို ဘာလာလုပ်တာလဲ "

အရိပ်ထဲမှ လူက  ပြန်ဖြေသည်။

" ငါက ဆရာ့ရဲ့ အမိန့်အရ မင်းကို လာသတ်ရတာပါကွာ "

" ငါ့ကို သတ်ဖို့ ..ဟုတ်လား ၊ ဘာဖြစ်လို့ သတ်ချင်ရတာလဲ "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

သူ စိန်ခေါ်ထားသည့် လူက များလွန်းနေရာ  သခင်ကြီးလိုင် ဆိုသူက မည်သူမှန်းပင် သူ မသိပါချေ။

" ဘာလို့လဲဆိုတော့ မင်းက သခင်ကြီးချုကို  သတ်ခဲ့လို့ ၊သခင်ကြီး ချူက သခင်ကြီး လိုင် ရဲ့ တပည့်ပဲ "

အရိပ်ထဲမှ လူက ပြန်ဖြေလိုက်သည်။

" သခင်ကြီးချု ..ဟုတ်လား ၊ သေချာရှင်းပြစမ်းပါဦး။ ငါ လုံးဝ မမှတ်မိဘူး "

လောထျန်း ခေါင်းယမ်း၍ ပြောလိုက်သည်။

အရိပ်ထဲမှ လူမှာ မည်သို့မှ မတတ်နိုင်ဘဲ စကားဆက်လိုက်ရ၏။

" ဒီ သခင်ကြီး ချူ ဆိုတာ  နတ်ဆိုးဝိဥာဥ်နန်းတော်ကပဲကွ ။ သခင်ကြီးလိုင် ကလဲ နတ်ဆိုးဝိဥာဥ်နန်းတော်က အဓိက ဆရာကြီး ဆယ်ယောက်ထဲမှာ တစ်ယောက်အပါအဝင်ပဲ "

" အော် .. နတ်ဆိုးဝိဥာဥ်နန်းတော်ကလား "

ထိုအချိန်မှသာ လောထျန်း သဘောပေါက်သွားသည်။

သူနှင့် နတ်ဆိုးဝိဥာဥ်နန်းတော်ကြားတွင် ရန်စရှိထားသည် မဟုတ်ပါလား။ထို နတ်ဆိုးဝိဥာဥ်နန်းတော်မှ လူသတ်သမား များစွာပင် သူ့လက်ချက်ဖြင့် သေခဲ့ကြရသလို နျိုဝူဖုန်း လက်ချက်ဖြင့် သေခဲ့ရသူများလည်း ရှိသေး၏။

ယခု တစ်ဖက်လူကလည်း ထိုသူများအတွက် လက်တုန့်ပြန်ရန် သူ့ဆီသိူ့ လာခဲ့ခြင်းပင် ။

သို့သော် .. ထိုလူ၏ အပြောအရ အဓိက ဆရာကြီး ဆယ်ယောက်ထဲမှ တစ်ယောက်က စေလွှတ်လိုက်သည်ဟု ဆိုရာ ...

ယခင်ကထက် အင်အားပိုကြီးသည့် တစ်စုံတစ်ခု လာနေပြီဆိုသည့် အဓိပ္ပါယ်ပင် .. ။

" အဲ့ဒီ မိုးကြိုးဘုရင်ဆိုတဲ့သူက ဘာဖြစ်လို့ သူကိုယ်တိုင် မလာတာလဲ "

လောထျန်းက မေးလိုက်သည်။

" သခင်ကြီးလိုင်က ကျင့်ကြံခြင်းနောက်တစ်ဆင့် တက်အောင် တစ်ယောက်တည်း ဂူအောင်းပြီး သိုင်းကျင့်ကြံနေတာမို့ လာလို့ မရသေးလို့ ၊ ငါ့ကို လွှတ်လိုက်တာပါ "

အရိပ်ထဲမှ လူက ပြန်ဖြေ၏။

" အဲ့လိုလား ..အဲ့ဒီ မိုးကြိုးဘုရင်က အခု ဘယ်မှာလဲ "

လောထျန်းက ဆက်မေးလိုက်သည်။

" ပြောလို့မရဘူးကွ ၊ မိုးကြိုးဘုရင် ကျင့်ကြံနေတဲ့နေရာက ထိပ်တန်းလျှို့ဝှက်ချက်ပဲ ။ မင်းကို ပြောလို့ မရဘူး "

ထိုလူက စိတ်ဆုံးဖြတ်ပြီးဟန်ဖြင့် ​ဖြေသည်။

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" ကောင်းပြီလေ ၊ မင်းက မပြောဘူး ဆိုတော့လဲ ငါ့ဟာငါ ကြည့်ရတော့မှာပေါ့ "

လောထျန်းက ထိုသို့ပြောလိုက်ပြီး သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ တစ်ဖက်လူ၏ မှတ်ဉာဏ်များကို ရှာဖွေလိုက်သည်။

သို့သော် .. သူ့စိတ်ဝိဥာဥ်အစွမ်းက တစ်ဖက်လူ၏ စိတ်ဝိဥာဥ်အစွမ်းကို ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် အလွန်အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းတစ်ခုက သူ့အား တားဆီးပိတ်ပင်ထားသည်ကို ခံစားလိုက်ရ၏။

ထိုလူ၏ စိတ်ဝိဥာဥ်ကို အခြားသူတစ်ယောက်က ပြုပြင်ထားသည်မှာ သိသာပါသည်။

" ဟင် .. ဒါ .. "

လောထျန်း ရုတ်တရက် အံ့အားသင့်သွား၏။

ဤမျှ အစွမ်းထက်သည့် စိတ်ဝိဥာဥ်အစွမ်းတစ်ခုနှင့် ကြုံရသည်မှာ ယခုက သူ့အတွက် ပထမဆုံး အကြိမ်ပင်။

" မင်း ငါ့ကို ဘယ်လောက်ကြာကြာ တားနိုင်မလဲ ကြည့်ကြသေးတာပေါ့ "

လောထျန်းက ထိုသို့ပြောနေရင်း သူ၏ စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်း အသက်သွင်းကာ တစ်ဖက်လူ၏ စိတ်ဝိဥာဥ်အစွမ်းကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

နောက်ဆုံးတွင်မူ ..၎င်းက လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း တိုက်ခိုက်မှုကို ဆက်မခံနိုင်တော့ဘဲ ...

အသံတစ်သံနှင့်အတူ ပြိုကွဲသွားတော့သည်။

သို့သော်  .. ထိုစိတ်ဝိဥာဥ်အစွမ်း ပြိုကွဲသွားသည့် အချိန်မှာပင် ...လောထျန်းရှေ့၌ လူရိပ်တစ်ခု ပေါ်လာ၏။

" ဟင် .. မိုးကြိုးဘုရင်လား "

လောထျန်းက ထို စိတ်ဝိဥာဥ်အရိပ်ကို ကြည့်ကာ မေးလိုက်သည်။

" မင်းက ဘယ်သူလဲ ၊ ငါ့ရဲ့ အတားအဆီးကို ဘယ်လိုလုပ်ပြီး ချိုးဖျက်လိုက်နိုင်တာလဲ "

မိုးကြိုးဘုရင်၏ စိတ်ဝိဥာဥ်အရိပ်က မျက်မှောင်ကြုံ့၍ ပြန်မေးလာသည်။

" မိုးကြိုးဘုရင်ကြီး .. မိုးကြိုးဘုရင်ကြီး .. ကျုပ်ကို ကယ်ပါဦးဗျာ "

ထိုစဥ် အရိပ်ထဲမှ လူက အသည်းအသန် အော်ဟစ် အကူအညီတောင်းလိုက်၏။

မိုးကြိုးဘုရင်က ထိုလူအား တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွား၏။

" မင်းက တခြားသူလက်ထဲ အမိခံလိုက်ရပြီပဲ ။ မင်းလို အမှိုက်မျိုးက ငါ့အတွက် အသုံးမဝင်တော့ဘူး ကွ ။ သွားသေလိုက်တော့ "

မိုးကြိုးဘုရင်က ထိုသို့ပြောကာ ထိုလူအား လက်ညိုးဖြင့် ထိုးလိုက်သည်။ စိတ်ဝိဥာဥ်အစွမ်း အလင်းတန်းတစ်ခု အရိပ်ထဲမှ လူဆီသို့ ချက်ချင်း တိုးဝင်သွား၏။

" အား ... "

အရိပ်ထဲမှလူ၏ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။

သို့သော် ... ထိုအချိန်မှာပင် ..

ဘုန်း ...

လောထျန်းက မထူးခြားဟန်ဖြင့် တစ်ဖက်လူ၏ စိတ်ဝိဥာဥ်အစွမ်း အလင်းတန်းအား လက်ဝါးဖြင့်ကာကာ ဖြိုခွဲပစ်လိုက်၏။

" မိုးကြိုးဘုရင်ကြီး .. ဒီလု သေမလား ၊ ရှင်မလားဆိုတာကို ကျုပ်ရှေ့မှာ လာမဆုံးဖြတ်နဲ့။ အဲ့လို ဆုံးဖြတ်ဖို့က ကျုပ် လုပ်ရမှာ "

လောထျန်းက အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။

မိုးကြိုးဘုရင်သည် အရိပ်ထဲမှ လူအား ကြည့်နေရာမှ ချက်ချင်း ခေါင်းလှည့်၍ လောထျန်းကို ကြည့်ကာ ပြော၏။

" တော်တော်မောက်မာတဲ့ ကောင်လေးပါလားကွ ၊ မင်းအခု စကားပြောနေတဲ့သူက ဘယ်သူလဲဆိုတာရော သိရဲ့လား ။ ငါပြောတာကို ယုံချင်ယုံ မယုံချင်နေ ၊ ငါသာ ဆန္ဒရှိရင် မင်းတင် မကဘူး ၊ မင်းတို့ တစ်မိသားစုလုံးကိုပါ သတ်လိုက်လို့ရတယ် ။ ရှင်းလား "

အမှန်တွင်မူ သူသည် လောထျန်းကို ခြိမ်းခြောက်လို၍သာ ထိုစကားမျိုး ပြောလိုက်ခြင်းဖြစ်သည်။

သို့သော် .. ထိုစကားက လောထျန်း၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားမည်မှန်း သူ မည်သို့ သိပါမည်နည်း ။

ဝီ ...

ချက်ချင်းပင် လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက အသက်ဝင်လာပြီး မိုးကြိုးဘုရင်ကြီးရှေ့၌ အရောင်များ တလက်လက် တောက်လာ၏။ မိုးကြိုးဘုရင်မှာ မျက်စိကျိန်းလွန်း၍ မျက်လုံးများပင် မှိတ်ထားလိုက်ရသည်။

ထိုအချိန်မှာပင် ...

ဘုန်း ...

လောထျန်းက မိုးကြိုးဘုရင်ကြီး၏ မျက်နှာအား ဖြတ်ရိုက်လိုက်တော့သည်။

" ဘာ..မင်းက ငါ့ကို ရိုက်တယ် .. ဟုတ်လား "

မိုးကြိုးဘုရင် အလွန်အံ့အားသင့်သွားရ၏။

တစ်ယောက်ယောက်က သူ့ကို မရိုက်သည်မှာ နှစ်ပေါင်း ထောင်ချီ၍ပင် ကြာသွားခဲ့လေပြီ။

ယခု .. သူက သူ့ထက် အသက်များစွာငယ်သည့် လူငယ်လေးတစ်ယောက်၏ အရိုက်ကို ခံလိုက်ရသည်တဲ့လား ..

" ဟုတ်တယ် ၊ ရိုက်လိုက်တာ ။ ခင်ဗျားကြီး သေအောင်ကို ရိုက်သတ်ဦးမှာ "

လောထျန်းက ပြောနေရင်း ဘယ်ပြန်ညာပြန် ဆက်ရိုက်လိုက်သည်။ ဤသို့ဖြင့် အ ချိန် တခဏအတွင်းမှာပင် အကြိမ်ရေ တစ်ရာကျော် ရိုက်ပြီးသွား၏။

တစ်ဖက်လူသည် စိတ်ဝိဥာဥ်အရိပ်တစ်ခုသာ ဖြစ်သည့်အတွက် ထိခိုက်မှုမှာ ဤမျှ မကြီးမားလှသော်လည်း ၎င်းက အလွန်ရှက်စရာကောင်းလှသည့် စော်ကားမှုကြီး တစ်ခုပင် ။

" မင်း က သေ ဖို့ လမ်း ရှာ နေ တာ ပဲ "

ဆက်တိုက် အရိုက်ခံနေရသည့် မိုးကြိုးဘုရင်ကြီး ဒေါသူပုန် ထသွားတော့သည်။

All Chapters