← Chapters

အခန်း (၄၉၉)

Vol. 34 Ch. 499

အခန်း (၄၉၉)

Vol. 34 Ch. 499

"ဝိုး

"ဒီကောင် ကျန်းချန်ကလည်း မွန်းစတား သားရဲတစ်ကောင်ကို ထုတ်လိုက်ပြီဟ"

"ငါများ မျက်စိ မှားနေသလား... ကျန်းချန်က ရှန်းလဲ့ရဲ့ မီးလျှံကျားဘုရင်ကို တိုက်ဖို့ ဒီအကောင် သေးသေးလေးကို သုံးမလို့လား"

".........."

ကျန်းချန် ယူထုတ်လိုက်သော အရွယ်အစား သေးငယ်သည့် အနီရောင် သားရဲကို ကြည့်ရင်း ကြည့်ရှုသူ အများအပြားက အံ့အားသင့်သွားကြသည်။

ရှန်းလဲ့၏ မီးလျှံကျားဘုရင်သည် စတုတ္ထအဆင့် နှောင်းပိုင်း သားရဲ တစ်ကောင် ဖြစ်သည်။

မီးလျှံကျားဘုရင်ကို တိုက်ခိုက်ရန် ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးကို ထုတ်ယူလိုက်သည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင် မဟုတ်ပါလော။

လူတိုင်းက ကျန်းချန် ခေါ်ထုတ်လိုက်သော အရွယ်အစား သေးငယ်သည့် သားရဲလေးကို ကရုဏာသက်သော အကြည့်ဖြင့် ကြည့်နေခဲ့ကြသော်လည်း နောက်ထပ်မြင်ကွင်းသည် သူတို့ကို လုံးဝ အံ့အားသင့်စေသည်။

မီးလျှံ အနီရောင် ကြောင်လေးနှင့် တူသော သေးငယ်သည့် သားရဲလေးသည် မီးလျှံကျားဘုရင်ကို မထီမဲ့မြင်ပြုကာ ကြည့်နေခဲ့၏။

မီးလျှံကျားဘုရင် မှုတ်ထုတ်လိုက်သော မီးလျှံသည် သူနှင့် တစ်မီတာအောက် အကွာသို့ အရောက်တွင် သေးငယ်သော မီးလျှံသားရဲလေးသည် မတ်တတ် ထရပ်လိုက်သည်။

ထို့နောက် ၎င်းက လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ မီးလျှံကို အသာအယာ ဖမ်းဆုပ်လိုက်၏။

ပို၍ တုန်လှုပ်စရာကောင်းသည်မှာ မီးလျှံကို ဖမ်းမိပြီးနောက်တွင် သရေစာစားသကဲ့သို့ အလျင်အမြန် စားပစ်လိုက်ခြင်းပင်။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်သောအခါ ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော လူများသည် မျက်လုံးများ ကျွတ်ကျလုနီးပါး အံ့အားသင့်သွားကြသည်။

စတုတ္ထအဆင့် နှောင်းပိုင်း မီးလျှံကျားဘုရင်၏ တိုက်ခိုက်မှုသည် သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ်မှ ကျင့်ကြံသူ အများအပြားပင် ကြောက်ရွံ့သောအရာ ဖြစ်၏။

သို့သော်လည်း သူတို့ရှေ့မှ သေးငယ်သည့် သားရဲလေးကမူ မီးလျှံကျားဘုရင်၏ တိုက်ခိုက်မှုကိုပင် စားပစ်လိုက်သည်။

ဆိုရလျှင် မထင်မရှား သာမန်ပုံစံသာ ဖြစ်သော ဤသေးငယ်သည့် သားရဲလေးသည် အလွန်ပင် အံ့သြဖို့ကောင်းနေခဲ့၏။

"မင်း... မင်းလည်း သားရဲသခင် တစ်ယောက်လား"

ကျန်းချန် ခေါ်ယူလိုက်သော သေးငယ်သည့် အနီရောင် သားရဲလေးသည် မီးလျှံကျားဘုရင်၏ တိုက်ခိုက်မှုကို တိုက်ရိုက် စားပစ်သည်ကို မြင်လျှင် ရှန်းလဲ့၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

အစောပိုင်းက ရှန်းလဲ့သည် အနီရောင် သားရဲပေါက်လေး၏ ဇစ်မြစ်ကို မမြင်နိုင်ခဲ့ပေ။

သို့သော် မီးလျှံကျားဘုရင်၏ တိုက်ခိုက်မှုကို ရုတ်တရက် စားပစ်နိုင်သည်ဆိုလျှင် သာမန် သားရဲ တစ်ကောင် မဟုတ်သည်မှာ သေချာနေပြီ မဟုတ်ပါလား။

"ငါက ပညာရပ် အတော်များများကို လေ့လာဖူးတယ်.. ဒါကြောင့် သားရဲယဥ်ပါးခြင်း ပညာရပ်ကို နည်းနည်းပါးပါး သိတယ်လို့ ပြောလို့ရတယ်"

ကျန်းချန်က ဓားကဲ့သို့ ထက်ရှသော သူ၏ မျက်ခုံးများကို ပင့်တင်လိုက်ရင်း ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်းက သားရဲသခင်တစ်ယောက် ဆိုတော့ မင်းကို အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်းက သားရဲသခင်ရဲ့ နည်းစနစ်ကို အသုံးပြုဖို့ပဲ"

"ဟမ့်.. မင်းက ငါ့ကို သားရဲသခင် တစ်ယောက်အနေနဲ့ အနိုင်ယူချင်တယ်ဆိုရင် မင်း အရည်အချင်း မပြည့်မီမှာ ငါ စိုးရိမ်မိတယ်"

"မီးလျှံကျားဘုရင်... ဒီအကောင်ပေါက်လေးကို ရှင်းလိုက်စမ်း"

ထိုခဏတွင် ရှန်းလဲ့သည် မထီမဲ့မြင် ပြုံးလိုက်ပြီး ကျန်းချန်ရှေ့မှ မီးလျှံသားရဲဆီ အလျင်အမြန် ပြေးဝင်ရန် မီးလျှံကျားဘုရင်ကို တိုက်ရိုက် ညွှန်ကြားလိုက်၏။

"ဝေါင်း"

သူ့ဆီသို့ ဦးတည်လာသော မီးလျှံကျားဘုရင်ကို ကြည့်ရင်း မီးလျှံသားရဲလေးသည် တိုးညှင်းစွာ အော်လိုက်သည်။

ထို့နောက်တွင် တစ်ကိုယ်လုံးမှ တောက်ပနီရဲသော အလင်းများ ပေါက်ကွဲထွက်လာပြီး သူ၏ ပုံရိပ်သည် အလွန်အမင်း ကြီးထွားလာခဲ့၏။

တစ်ချိန်တည်းမှာပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော သွေးဖိအားတစ်ခုသည် မီးလျှံ သားရဲထံကနေ ချက်ချင်း ပျံ့နှံ့လာခဲ့သည်။

မီးသဘာဝ သားရဲတစ်ကောင် ဖြစ်သော မီးလျှံကျားဘုရင်သည် သူ့ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာအထိ ဤကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရသည်။

သူက ရုတ်တရက် ထိတ်လန့် တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်ကြီးပင် ထိန်းချုပ်မရစွာ တုန်ယင်လာခဲ့၏။

ထိုအချိန်မှာပင် မီးလျှံ သားရဲလေးသည် ရုတ်တရက် တိုက်ခိုက်လိုက်သည်။

သူက မီးလျှံအရိပ်တစ်ခု အဖြစ် ပြောင်းလဲကာ မီးလျှံကျားဘုရင်ကို တုံ့ပြန်ရန် မည်သည့် အခွင့်အရေးကိုမျှ မပေးဘဲ ခုန်ဝင်သွားခဲ့၏။

"ဝုန်း"

ကျယ်လောင်သော အသံနှင့်အတူ မီးလျှံကျားဘုရင်၏ ပြင်းထန်စွာ အော်ဟစ် ညည်းညူလိုက်သော အသံက ထွက်ပေါ်လာသည်။

နောက်ထပ် တစ်ခဏတွင် မီးလျှံကျားဘုရင်၏ ကြီးမားသော ခန္ဓာကိုယ်သည် မီတာအနည်းငယ် အကွာအဝေးထိ လွင့်စင်သွားခဲ့သည်။

မီးလျှံကျားဘုရင်က ထရပ်ရန်အတွက် အတော်ကြာ ရုန်းကန်ခဲ့သော်လည်း မြေပြင်မှ မထနိုင်တော့ပေ။

အခန်း(၄၉၉) ပြီး၏

All Chapters