← Chapters

အခန်း (၅၀၁)

Vol. 34 Ch. 501

အခန်း (၅၀၁)

Vol. 34 Ch. 501

လူတိုင်း၏ အံ့အားသင့်သော အကြည့်များ အောက်မှာပင် ကြီးကြပ်ရေးမှူးသည် စိန်ခေါ်မှု၏ ရလဒ်ကို ကြေညာလိုက်သည်။

ထို့နောက် ကျန်းချန်၏ သက်သေခံတံဆိပ်ပြား ပေါ်မှ စာလုံးကို ၂၈ ဟု ပြောင်းလဲလိုက်ပြီး လူတိုင်းရှေ့မှပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ကြီးကြပ်ရေးမှူး ထွက်သွားသည်နှင့် ကျန်းချန်က ရှယင်ကို လှမ်းကြည့်လိုက်၏။

ထိုအခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးချင်နေသော ရှယင်ကို တွေ့လိုက်ရသည်။

"ထွက်ပြေးချင်တာလား"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို တည်နေရာရွှေ့ပြောင်း လိုက်သကဲ့သို့ ရှယင် ရှေ့တွင် ပေါ်လာခဲ့သည်။

"ကျန်း... ကျန်းချန်... မင်း... မင်း ဘာလုပ်ချင်တာလဲ"

ရှယင်က ထိတ်လန့်တုန်လှုပ်စွာ ကျန်းချန်ကို ကြည့်လိုက်၏။

သူ့မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။

အတွင်းစည်း ဖလှယ်ပွဲမှ ထွက်လာကတည်းက ရှယင်သည် ကျန်းချန်ကို ပေးရန်ရှိသော ဂုဏ်ကျက်သရေ အမှတ်များကို လုံးဝ စိတ်ထဲ၌ မထားခဲ့ပေ။

အထူးသဖြင့် ရှန်းလဲ့နှင့်အတူ ရှိနေသောအချိန်တွင် ကျန်းချန်က ဂုဏ်ကျက်သရေ အမှတ်များ လာတောင်းသောအခါတွင် ဖြစ်၏။

အတွင်းစည်း အဆင့် ၂၈ ၌ အဆင့်သတ်မှတ်ခံထားရသော ရှန်းလဲ့ ရှိနေသ၍ သူပေးရန်ရှိသော ဂုဏ်ကျက်သရေ အမှတ်များကို မပေးလျှင်ပင် ကျန်းချန်သည် သူ့ကို ဘာမှ မလုပ်နိုင်ဟု ရှယင် မူလက တွေးထားခဲ့၏။

သို့သော် ရှယင်၏ စိတ်ကူးက အလွန် လှပသော်လည်း လက်တွေ့ အရှိတရားကမူ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

ကျန်းချန်၏ အင်အားသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူမည်သို့မှ မတွေးမိခဲ့ပေ။

ရှန်းလဲ့ ကဲ့သို့ အင်အားကြီးမားသောသူပင် ကျန်းချန်ရှေ့တွင် အရှုံးပေးခဲ့ရသည်။

ယခု ရှန်းလဲ့၏ အကာအကွယ်မရှိတော့သောအခါ ရှယင်သည် သူ၏ အဆုံးသတ် အခြေအနေက မည်မျှ ဆိုးရွားမည်ကို ခန့်မှန်းနိုင်ခဲ့၏။

သူက ဤနေရာတွင် တစ်မိနစ်ပင် မနေရဲတော့ဘဲ ထွက်ပြေးရန် ပြင်လိုက်သည်။

ထွက်သွားပြီးနောက်တွင် အနာဂတ်၌ ကျန်းချန်ကို သတိဝီရိယရှိစွာ ရှောင်ရှားနိုင်လျှင် ကျန်းချန်သည် သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

သို့သော် ရှယင်က ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသေးသည်။

ကျန်းချန်က သူ့ကို လျှပ်တပြက် တားဆီးလိုက်သည်။

"ငါ ဘာလုပ်ချင်လဲဆိုတာ မင်း ကောင်းကောင်း သိမယ်ထင်တယ်"

"နောက်ဆုံးအနေနဲ့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်... ငါ့ကို ပေးဖို့ကျန်တဲ့ ဂုဏ်ကျက်သရေ အမှတ်တွေကို ပြန်ဆပ်မှာလား ဒါမှမဟုတ် လက်တစ်ဖက် ဖြတ်ခဲ့မလား.. မင်းကြိုက်တာရွေးချယ်ပါ"

ကျန်းချန်က ထီမထင်ဟန်ဖြင့် ရှယင်ကို စိုက်ကြည့်လိုက်သည်။

သူ၏ တိုးညှင်းသောအသံသည် ရှယင်၏ နားထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့၏။

ရှယင်က မျက်နှာတစ်ခုလုံး ဖြူ​ဖျော့သွားပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

"ငါ့... ငါ့မှာ အခု ဂုဏ်ကျက်သရေ အမှတ်တွေ အများကြီး မရှိသေးဘူး... ရက်အနည်းငယ်လောက် ငါ့ကို အချိန်ပေးလို့ရမလား"

"ပထမတစ်ချက်၊ မင်းရဲ့ အကျင့်စရိုက်ကို ငါ မယုံကြည်ဘူး"

"ဒုတိယအချက်၊ မင်းက ငါ့ကို ဈေးဆစ်ဖို့ အရည်အချင်း မပြည့်မီဘူး"

"မင်းဆီက ဂုဏ်ကျက်သရေ အမှတ်တွေ မရနိုင်ဘူး ဆိုမှတော့ မင်းရဲ့ လက်ကို ချန်ထားခဲ့ဖို့ ပြင်လိုက်တော့"

ကျန်းချန်၏ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့၏။

သူ့ထံကနေ သတ်ဖြတ်လိုသော အရှိန်အဝါသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။

"စောင့်... ခဏလေး စောင့်ပါ"

ရှယင်၏ မျက်နှာသည် ချက်ချင်းပင် ကြောက်မက်ဖွယ် အကျည်းတန်သွားခဲ့သည်။

သူက ကျန်းချန်ကို အလျင်အမြန် တောင်းပန်လိုက်၏။

"ကျန်းချန်... ငါ့... ငါ့မှာ ဂုဏ်ကျက်သရေ အမှတ်တွေအစား မင်းကို ပေးနိုင်တဲ့ ရတနာ ရှိပါတယ်"

"အိုး.. ဟုတ်လား"

ကျန်းချန်က မျက်ခုံးပင့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒါဆို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်... ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းလေးသောင်း တန်ဖိုးရှိတဲ့ အရာတစ်ခုကို ထုတ်ယူနိုင်သရွေ့ မင်း လက်တစ်ဖက်ကို ငါ ချမ်းသာပေးမယ်"

ချက်ချင်းပင် ရှယင်က သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။

ကျန်းချန်က လှမ်းကြည့်လိုက်ပြီး ကျောက်စိမ်းပုလင်း ထဲ၌ လက်မ အရွယ်အစားခန့် ကောင်းကင်ပြာရောင် အရည်တစ်စက်ကို တွေ့လိုက်ရသည်။

"ဒီအရည်တစ်စက်က သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူပဲ သန့်စင်လို့ရတဲ့ နတ်ပင်လယ် ဝိညာဉ်အရည်ပဲ... ဒါနဲ့ ငါပေးဖို့ကျန်ရှိတဲ့ ဂုဏ်ကျက်သရေ အမှတ်တွေကို ပေးချေလို့ရတယ် မဟုတ်လား"

ရှယင်က လက်ထဲမှ ကျောက်စိမ်းပုလင်းကို ကြည့်ရင်း နှလုံးသွေးများ ယိုစိမ့်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤနတ်ပင်လယ် ဝိညာဥ် အရည်တစ်စက်သည် သူ တန်ဖိုးအထားဆုံး အရာ ဖြစ်သည်။

ယင်း နတ်ပင်လယ် ဝိညာဥ် အရည် တစ်စက်ကို သောက်သုံးလိုက်သ၍ သူ၏ အင်အားသည် အလျင်အမြန် တိုးတက်လာပြီး လအနည်းငယ်အတွင်း ကျင်းပတော့မည့် ပြိုင်ပွဲတွင် အခွင့်အရေး ရရှိနိုင်မည် ဖြစ်၏။

သို့သော်လည်း ယခုအခါတွင် ဂြိုဟ်ကောင် ကျန်းချန်ကို ရင်ဆိုင်နေရသောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် နတ်ပင်လယ် အရည်တစ်စက်ကို ထုတ်ယူခဲ့ရသည်။

ထိုအရည်က နတ်ပင်လယ်အရည်မှန်း သိလျှင် ကျန်းချန်သည် ရှယင်၏ လက်ထဲမှ ကျောက်စိမ်းပုလင်းကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ၏ မျက်လုံးများက ချက်ချင်းပင် စူးရှသွားခဲ့၏။

အခန်း(၅၀၁) ပြီး၏

All Chapters