← Chapters

အခန်း (၅၀၂)

Vol. 34 Ch. 502

အခန်း (၅၀၂)

Vol. 34 Ch. 502

"နတ်ပင်လယ်ဝိညာဥ်အရည်"

ယင်းက အသိစိတ်ပင်လယ်ကနေ သိုင်းသခင် နယ်ပယ်အဆင့် အင်အားနှင့် ထုတ်ယူထားသော အတုမရှိသည့် ဝိညာဉ်အရည် တစ်မျိုး ဖြစ်သည်။

နတ်ပင်လယ် ဝိညာဉ်အရည်သည် ကျင့်ကြံသူ၏ အင်အားကို များစွာ တိုးမြှင့်ပေးနိုင်၏။

ထို့အပြင် ဘေးထွက်ဆိုးကျိုးများလည်း မရှိ၍ မည်သူမဆို မျိုချနိုင်ကာ လွယ်လွယ်ကူကူပင် စုပ်ယူနိုင်သည်။

နတ်ပင်လယ် ဝိညာဉ်အရည် တစ်စက်မှာ ပါဝင်သည့် အင်အားသည် စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူ၏ အင်အားကို တိုးမြှင့်ဖို့ လုံလောက်သည်ဟု ပြောကြသည်။

အကယ်၍ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ နတ်ပင်လယ် ဝိညာဉ်အရည် တစ်စက်ကို စုပ်ယူနိုင်လျှင် ၎င်း၏ အင်အားသည်သေချာပေါက် နယ်ပယ်အဆင့်ငယ် တစ်ခုထက် ပိုပြီး တိုးတက်နိုင်၏။

အဆတစ်ရာ စနစ်ကို ပိုင်ဆိုင်ထားသည့် ကျန်းချန်အတွက် နတ်ပင်လယ် ဝိညာဉ်အရည်ကို အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုသည် သံသယဖြစ်ဖွယ်ရာ မရှိ ပိုပြီး ကြောက်မက်ဖို့ ကောင်းမည်မှာ သေချာသည်။

နတ်ပင်လယ် ဝိညာဥ်အရည်က မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အိပ်မက်ထဲမှ ရတနာ ဖြစ်သော်လည်း အလွန် ရှားပါသော အရာဖြစ်သည်။

သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် နတ်ပင်လယ် ဝိညာဉ်အရည် တစ်စက်ကို ထုတ်ယူရန် အနည်းဆုံး ဆယ်နှစ် ကြာလိမ့်မည် ဖြစ်၏။

ထိုကြောင့် ထိုက်ရှဂိုဏ်း တစ်ဂိုဏ်းလုံးမှာပင် နတ်ပင်လယ် ဝိညာဥ်အရည်ကို ရရှိနိုင်သည့် တပည့် အနည်းငယ်သာ ရှိသည်။

ရှယင်က နတ်ပင်လယ်ဝိညာဥ်အရည် တစ်စက်ကို ရရှိထားမည်ဟု ကျန်းချန်လည်း မမျှော်လင့်ခဲ့ပေ။

"ကောင်းပြီလေ... ဒီနတ်ပင်လယ် ဝိညာဥ်အရည် တစ်စက်ကို ငါ လက်ခံလိုက်မယ်... မင်း ငါ့ကို ပေးဖို့ ကျန်နေတဲ့ ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းလေးသောင်းကို ပယ်ဖျက်ပေးလိုက်ပြီ"

ကျန်းချန်က ပြုံးလိုက်ပြီး ရှယင်၏ လက်ထဲမှ နတ်ပင်လယ် ဝိညာဥ် အရည်တစ်စက်ကို ထုတ်ယူလိုက်သည်။

စင်စစ် ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းလေးသောင်းကို နတ်ပင်လယ် ဝိညာဥ်အရည် တစ်စက်နှင့် လဲလှယ်ခြင်းသည် လုံးဝ အမြတ်သက်သက်ပင်။

ဤနတ်ပင်လယ် ဝိညာဉ်အရည် တစ်စက်နှင့်ဆိုလျှင် သူသည် ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် အဂ္ဂိရတ်ခန်းမသို့ သွားရန် မလိုအပ်တော့ပေ။

ဤအရာဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်ကို သဘာဝစွမ်းအားဖွင့်ခြင်း နဝမ အဆင့်အထိ မြှင့်တင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။

ရှယင်ဆီမှ နတ်ပင်လယ် ဝိညာဥ်အရည်ကို ရရှိပြီးနောက်တွင် ကျန်းချန်သည် အရင်းအမြစ်များအတွက် အဂ္ဂိရတ် ခန်းမသို့ မသွားတော့ပေ။

သူက ခန်းမထဲရှိ မရေမတွက်နိုင်သော အကြည့်များ အောက်မှာပင် ထိုက်ရှနတ်မျှော်စင်၏ ဒုတိယထပ် ဝင်ပေါက်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က ထိုက်ရှ နတ်မျှော်စင်၏ အဋ္ဌမထပ်သို့ ပြန်သွားခဲ့သည်။

အခန်းထဲသို့ ရောက်သည်နှင့် သူက လုံးဝ မဆိုင်းမတွဘဲ တင်ပျဥ်ခွေထိုင်ကာ နတ်ပင်လယ် ဝိညာဉ်အရည်ကို ထုတ်ယူ၍ မြိုချလိုက်၏။

"ဒင်.. သင်က နတ်ပင်လယ် ဝိညာဥ်အရည်တစ်စက်ကို သောက်ပြီး အတွေ့အကြုံ ရမှတ် ၂၀၀၀၀၀ကို အဆ၁၀၀ ရရှိခဲ့ပါတယ်"

"ဒင်...သင်က သဘာဝစွမ်းအားဖွင့်ခြင်း သတ္တမ အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ"

"ဒင်.. သင်သည် သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမ အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ"

ကျန်းချန်က နတ်ပင်လယ်ဝိညာဥ် အရည်တစ်စက်ကို မျိုချလိုက်သော အခိုက်အတန့်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် အလျင်အမြန် မြင့်တက်လာခဲ့သည်။

တခဏအတွင်း ကျန်းချန်၏ နယ်ပယ်အဆင့်သည် သဘာဝစွမ်းအားဖွင့်ခြင်း ဆဋ္ဌမ အဆင့် အစောပိုင်းမှ သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမ အဆင့် နှောင်းပိုင်းအထိ အလျင်အမြန် တိုးတက်လာခဲ့၏။

"ဟားဟား.. ငါ့မှာ အဆတစ်ရာ စနစ်ရှိတာ အရမ်းကောင်းတာပဲ"

"နတ်ပင်လယ် ဝိညာဉ်အရည် တစ်စက်က ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို နယ်ပယ်အဆင့်ငယ် သုံးခုနီးပါးအထိ ချက်ချင်း မြှင့်တင်ပေးခဲ့တယ်"

ချက်ချင်းဆိုသလို တိုးတက်လာသော အင်အားကို ခံစားရင်း ကျန်းချန်သည် မအံ့သြဘဲ မနေနိုင်ခဲ့ချေ။

နတ်ပင်လယ် ဝိညာဥ်အရည်တစ်စက်မှ အလွန် ကြီးမားသော အင်အားကို ပိုင်ဆိုင်ဖို့အတွက် သာမန် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူ တစ်ယောက်သည် ၎င်းကို စုပ်ယူရန်အတွက် အနည်းဆုံး နှစ်လ သို့မဟုတ် သုံးလခန့် ကြာမြင့်နိုင်၏။

သို့သော် အဆတစ်ရာစနစ်ကို ပိုင်ဆိုင်ထားသော ကျန်းချန်ကမူ ဤလုပ်ငန်းစဉ်ကို ခဏလေးအတွင်း ပြီးစီးခဲ့သည်။

ယင်းမှာ အလွန်တရာ အံ့သြဖွယ်ကောင်းသည် မဟုတ်ပါလား။

"အခု ငါရဲ့ နယ်ပယ်က သဘာဝစွမ်းအားဖွင့်ခြင်း နဝမ အဆင့်ကို ရောက်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်... အရင်ဆုံးအခြေခိုင်အောင်လုပ်ပြီးမှပဲ နဝမ အဆင့်ကို တစ်ခါတည်း မြှင့်တင်ရမယ်"

ကျန်းချန်က တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို စတင် ကျင့်ကြံလိုက်တော့သည်။

ဤသို့ဖြင့် အချိန်က တဖြည်းဖြည်း ကုန်လွန်သွားခဲ့၏။

လဝက်ဟူသော အချိန်သည်ပင် ကုန်လွန်သွားသည်။

ကျန်းချန်၏ အဆက်မပြတ် အတွေ့အကြုံ အမှတ်များ ရရှိမှုအောက်တွင် သူ၏ သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမအဆင့် အတွေ့အကြုံသည် နောက်ဆုံးတွင် အပြည့်အဝ တန်ဖိုးကို ရောက်ရှိသွားခဲ့၏။

ထိုအခါ ရင်းနှီးသော စနစ် သတိပေးချက်တစ်ခုသည် သူ၏ စိတ်ထဲ၌ တိုက်ရိုက် မြည်လာခဲ့သည်။

"ဒင်.. သင်က သဘာဝစွမ်းအားဖွင့်ခြင်း နဝမ အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ"

သူ၏ စိတ်ထဲမှ သတိပေးချက် အသံနှင့်အတူ ကျန်းချန်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။

နတ်ပင်လယ် အရည် တစ်စက်နှင့် လဝက်ကြာ လေ့ကျင့်ပြီးနောက် သူ၏ အင်အားသည် အဆုံးသတ်တွင် တစ်ချက်တည်းနှင့် သဘာဝစွမ်းအားဖွင့်ခြင်း နဝမ အဆင့်ကို ကျော်လွှားနိုင်ခဲ့သည်။

အခန်း(၅၀၂) ပြီး၏

All Chapters