← Chapters

အခန်း (၅၀၄)

Vol. 34 Ch. 504

အခန်း (၅၀၄)

Vol. 34 Ch. 504

"သူက အတွင်းစည်း တတိယ တုံဖန့်ဟော်၊ ဆရာသခင်ဟော်ပဲ"

လဲ့ကွမ်းယန်၏ ရေရွတ်သံကို ကြားသည်နှင့် ကျန်းချန်သည် အံ့အားသင့်လွန်းသဖြင့် မိမိ၏ အံ့အားသင့်သော အမူအရာကို မထိန်းနိုင်တော့ဘဲ ပြသလိုက်မိသည်။

ကျန်းချန် သိသလောက် ထိုက်ရှဂိုဏ်း၏ အတွင်းစည်း၌ ထိပ်တန်း ပါရမီရှင် သုံးယောက်သာ ဆရာသခင်ဘွဲ့ကို ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည်။

ထိုလူ သုံးယောက်သည် အတွင်းစည်း၏ သားတော် သုံးပါးအဖြစ် သတ်မှတ်ခံထားရသူများလည်း ဖြစ်ကြ၏။

အတွင်းစည်း သားတော် သုံးပါးသည် အလွန်အမင်း အင်အားကြီးမားလှသည့်အပြင် အစစ်အမှန် တပည့် ငါးယောက်ကိုပင် စိန်ခေါ်ရန် အခွင့်အရေး အများဆုံး ရှိသူများလည်း ဖြစ်ကြသည်။

သူ၏ ရှေ့မှ တုံဖန့်ဟော်က အတွင်းစည်း သားတော် သုံးပါးထဲမှ အထင်ကရ တစ်ပါး ဖြစ်နေသည်ကို သိလိုက်ရသောအခါ ကျန်းချန် အံ့သြသွားခဲ့၏။

ထို့ပြင် တုံဖန့်ဟော်သည် အတွင်းစည်း၌ အလွန် ကျော်ကြားသည်။

သူက ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာကောက်ကျစ်လှသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။

ထို့ပြင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်၏ နှောင်းပိုင်း အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။

ထိုမျှသာ မကသေး၊ သူ၏ မီးဆန္ဒ ဒုတိယအဆင့်သည် အလွန် အစွမ်းထက်သော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ထို့ကြောင့် အတွင်းစည်းတွင် သူ့ကို ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်ကို တွေ့ဆုံရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

မီးဆန္ဒကို ဤအဆင့်အထိ နားလည် သဘောပေါက်ခဲ့သောကြောင့် မည်သူမျှ သူ့ကို အလွယ်တကူ မယှဉ်နိုင်ခဲ့ပေ။

ထို့ကြောင့်ပင် သူသည် ဂိုဏ်း၏ အမြင့်မြတ်ဆုံး ဘွဲ့ထူး ဖြစ်သော ဆရာသခင်ဘွဲ့ကို ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

ကျန်းချန်က တုံဖန့်ဟော်ကို ခဏမျှ စူးစိုက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်သော လေသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်၏။

"ငါက ကျန်းချန် ဟုတ်ပါတယ်.. ညီနောင် တုံဖန့်က ငါကို ဘာလို့ ရှာဖွေနေလဲဆိုတာ သိပါရစေ"

"ကျန်းချန်.. စီနီယာတုံဖန့်က မင်း လက်ထဲမှာရှိတဲ့ နတ်ပင်လယ် ဝိညာဉ်အရည်ကို လိုချင်နေတယ်"

တုံဖန့်ဟော်၏ နောက်မှ တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းသာ အခြေအနေကို နားလည်သဘောပေါက်တဲ့သူ မှန်ရင်နတ်ပင်လယ်အရည်ကို ချက်ချင်း ထုတ်ပေးလိုက်ပါ"

ကျန်းချန်၏ စကားမဆုံးခင်မှာပင် ရှယင်သည် တုံဖန့်ဟော်၏ နောက်ကနေ တိုက်ရိုက် ခုန်ထွက်လာခဲ့သည်။

သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။

သူ၏ မျက်လုံးများတွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

နောက်ဆုံးအကြိမ်က သူသည် သူ၏ နတ်ပင်လယ် ဝိညာဥ် အရည်ကို ကျန်းချန်ထံ အကြွေးဆပ်လိုက်ရသဖြင့် ရှယင်သည် ကျန်းချန်ကို အလွန်အမင်း မုန်းတီးခဲ့သည်။

သူက ကျန်းချန်ကို ထိုလုပ်ရပ်အတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်စေရမည်ဟု စိတ်ထဲကနေ လျှို့ဝှက်စွာ ကျိန်ဆိုထားခဲ့၏။

ထို့နောက်တွင် သူသည် ကျန်းချန်ထံတွင် နတ်ပင်လယ် ဝိညာဥ်အရည် ရှိသော သတင်းကို အတွင်းစည်းတွင် အလျင်အမြန် ဖြန့်ဝေခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် ကျန်းချန်သည် လူအများ၏ တိုက်ခိုက်မှုကို ခံရတော့မည့် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

မကြာသေးမီက ရှယင်သည် ကျန်းချန်၏ လှုပ်ရှားမှုများကို စေ့စေ့စပ်စပ် စောင့်ကြည့်နေခဲ့၏။

ထို့ကြောင့်လည်း ကျန်းချန်က ထိုက်ရှ နတ်မျှော်စင်မှ အပြင်သို့ ထွက်လာသော သတင်းကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ခဲ့ခြင်းပင်။

သတင်းရသည်နှင့် ရှယင်သည် သူနှင့် အဆက်အသွယ် ရှိသော တုံဖန့်ဟော်ကို ချက်ချင်း အကြောင်းကြားခဲ့၏။

ဤသို့ဖြင့် တုံဖန့်ဟော်ကို ဤနေရာသို့ အမြန်ဆုံး ခေါ်ဆောင်လာနိုင်ခြင်းပင်။

ကျန်းချန်က ရှယင်ကို ဂရုတစိုက် ကြည့်ရှုရန် စိတ်မဝင်စားပေ။

သူက တုံဖန့်ဟော်ကို တည်ငြိမ်စွာ မေးလိုက်၏။

"စီနီယာအကို တုံဖန့်က နတ်ပင်လယ် အရည်တစ်စက် အတွက် ဒီနေရာကို ရောက်ရှိလာခဲ့တာလား"

"အမှန်ပဲ"

တုံဖန့်ဟော်က မည်သည့် စိုးရိမ်မှု အရိပ်အယောင်မျှ မပြဘဲ ကျန်းချန်ကို အထက်စီးမှ ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်၏။

"နတ်ပင်လယ်ဝိညာဥ် အရည်က ငါ့အတွက် အရမ်း အရေးကြီးတယ်.. ဒါကြောင့် မင်းငါ့ကို လဲလှယ်ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

"စီနီယာအကိုတုံဖန့်ကို စိတ်ပျက်စေမိမှာ ကျွန်တော် စိုးရိမ်မိပါတယ်"

ကျန်းချန်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"နတ်ပင်လယ် အရည်တစ်စက်ကို ကျွန်တော် သိမ်းယူခဲ့တာ မှန်ပါတယ်.. ဒါပေမဲ့ စီနီယာအကို တုံဖန့်နဲ့ လဲလှယ်ဖို့ နတ်ပင်လယ်ဝိညာဥ်အရည်က ကျွန်တော့်ဆီမှာ မရှိတော့ဘူး"

"ဟမ့် မင်းက ငါ့ကို အရူးလို့ ထင်နေလား"

တုံဖန့်ဟော်က အေးစက်သော လေသံဖြင့် မေးလိုက်သည်။

"သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဦးက နတ်ပင်လယ် အရည်တစ်စက်ကို သန့်စင်ရင် အနည်းဆုံး နှစ်လ ကနေ သုံးလ အထိ သန့်စင်ရလိမ့်မယ်"

"အခုမင်းက နတ်ပင်လယ် ဝိညာဉ်အရည်ကို ရရှိခဲ့တာ လဝက်လောက်ပဲ ရှိသေးတယ်.. ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်း မင်းက နတ်ပင်လယ် ဝိညာဥ်အရည်ကို ဘယ်လိုလုပ် မျိုချနိုင်မှာလဲ"

တုံဖန့်ဟော်၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။

"မင်းကို နောက်ဆုံးအနေနဲ့ အခွင့်အရေး တစ်ခု ပေးမယ်.. အဆိပ်ခွက်ကို သောက်မလား... ဝိုင်ကောင်းကို သောက်မလားဆိုတာ မင်းရွေးချယ်ပါ"

တုံဖန့်ဟော်က အေးစက်စက် ပြောလိုက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ အလျှော့ပေးမည် မဟုတ်ဘဲ တစ်စုံတစ်ရာကို ပြတ်ပြတ်သားသား လုပ်ဆောင်တော့မည် ဟူသော ရပ်တည်ချက်ရှိကြောင်း သိရလျှင် လဲ့ကွမ်းယန်သည် အံကိုတင်းတင်း ကြိတ်လိုက်ကာ ကျန်းချန်၏ ရှေ့သို့ တိုးထွက်လာပြီး တုံဖန့်ဟော်ကို စိုက်ကြည့်လိုက်သည်။

"စီနီယာတုံဖန့်... ကျန်းချန်က နတ်ပင်လယ်ဝိညာဥ်အရည်ကို မျိုချခဲ့ပြီးပြီဆိုတာ ငါလုံးဝ သက်သေခံနိုင်ပါတယ်"

"မင်းက ဘယ်သူလဲ.. ငါ ကျန်းချန်နဲ့ စကားပြောနေတာ မင်းမတွေ့ဘူးလား...မင်းလိုကောင်က ဘယ်လိုလုပ် ငါ့ကိစ္စကို ဝင်ရှုပ်ရဲတာလဲ"

တုံဖန့်ဟော်၏ မျက်လုံးများတွင် နီရဲသော အလင်းရောင်တစ်ခု တောက်ပသွားခဲ့သည်။

ထို့နောက်တွင် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုသည် လဲ့ကွမ်းယန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖိနှိပ်လိုက်၏။

ထိုအခိုက်အတန့်၌ ကျန်းချန်၏ မျက်လုံးများသည် လျှပ်စီးလို လင်းလက်သွားခဲ့သည်။

သူ၏ မမြင်နိုင်သည့် ထက်မြက်သော ဓားအရှိန်အဝါက ကောင်းကင်သို့ တိုက်ရိုက် ထိုးတက်သွားကာ တုံဖန့်ဟော်၏ လွှမ်းမိုးနိုင်သော မီးဆန္ဒကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။

တစ်ချိန်တည်း၌ သူ၏ အေးစက်ပြီး ထေ့ငေါ့သော လေသံသည် လေထုထဲတွင် ပြင်းထန်စွာ ပဲ့တင်ထပ်သွားခဲ့၏။

"ဟမ့်...မင်းကိုယ်မင်း ဘာထင်နေလဲ"

ကျန်းချန်က အေးစက်သော လေသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ငါ ကျန်းချန်ရဲ့ လူကို မင်းကြိုက်သလို နှိပ်စက်ဖို့ လုံးဝ မစဥ်းစားနဲ့"

အခန်း(၅၀၄) ပြီး၏

All Chapters