← Chapters

အခန်း (၅၀၇)

Vol. 34 Ch. 507

အခန်း (၅၀၇)

Vol. 34 Ch. 507

"ဟားဟား"

"လမ်းထျန်ဟန်...မင်းက ကိုယ့်ကိုယ်ကိုယ် အရင်တုန်းကလို အစွမ်းထက်တယ်လို့ ထင်နေတာလား"

"အခု မင်းရဲ့အင်အားက တစ်စထက်တစ်စ ဆုတ်ယုတ်နေတာကြောင့် မကြာခင်မှာ အတွင်းစည်း ထိပ်တန်း ဆယ်ယောက်စာရင်းက မင်းရဲ့နေရာကို မထိန်းသိမ်းနိုင်တော့မှာ ငါစိုးရိမ်မိတယ်.. မင်းက အရင်လို ငါ့ရှေ့မှာ မာနထောင်လွှားဖို့ အရည်အချင်း ရှိသေးတယ်လို့များ ထင်နေလား"

လမ်ထျန်းဟန်၏ စကားများကို ကြားလျှင် တုံဖန့်ဟော်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

တုံဖန့်ဟော်သည် လမ်ထျန်းဟန်၏ ပါရမီကို မယှဥ်နိုင်မှန်း ကောင်းစွာသိသည်။

သို့သော် လွန်ခဲ့သည့် နှစ်နှစ်ကစပြီး လမ်ထျန်းဟန်၏ အင်အားသည် တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်လာခဲ့၏။

မဟုတ်လျှင် သူသည် အတွင်းစည်း ထိပ်တန်း သုံးယောက် စာရင်းထဲကို ဝင်ရောက်ပြီး အတွင်းစည်း သားတော် သုံးပါးထဲက တစ်ပါး ဖြစ်ဖို့ အခွင့်အရေးကို ဘယ်တော့မှ ရရှိနိုင်မည် မဟုတ်ပေ။

သို့သော်လည်း လမ်ထျန်းဟန်နှင့် ပတ်သက်သော အရာအားလုံးသည် အတိတ်၏ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်၏။

ယခုအခါတွင် လမ်ထျန်းဟန်သည် ကျရှုံးသွားသော ပါရမီရှင်တစ်ယောက်သာ ဖြစ်သည်။

သူ၏ အင်အားသည် အတွင်းစည်း၌ အဆင့် ၁၀ နေရာမှာသာ ရှိတော့၏။

ထို့ကြောင့် တုံဖန့်ဟော်က လမ်ထျန်းဟန်ကို မျက်လုံးထဲပင် မထည့်ခဲ့ပေ။

လမ်ထျန်းဟန်၏ မျက်လုံးများက အေးစက်နေ၏။

"မင်း ဒီနေရာကနေ ဖယ်ပေးဖို့ ဆန္ဒမရှိဘူးလား"

"ဖယ်ပေးသင့်တာ မင်းလို့ ငါထင်တယ်"

တုံဖန့်ဟော်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

"လမ်ထျန်းဟန်.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ.. ဒီကိစ္စကို မင်းရဲ့ စွမ်းရည်နဲ့ ဘယ်လို ကိုင်တွယ်နိုင်မှာလဲ"

"အစောပိုင်းက မင်းထွက်သွားရင် အတွင်းစည်း တတိယနေရာမှာ ဆက်ရှိဖို့ နောက်ထပ် အခွင့်အရေး ရှိသေးတယ်"

"အခု မင်းက ငါ့ကို မလေးမခန့် လုပ်မှတော့ ငါ့နေရာကို ငါ့ဆီ ပြန်ပေးရလိမ့်မယ်"

လမ်ထျန်းဟန်က တုံဖန့်ဟော်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

ထိုခဏတွင် အေးစက်စက် အရှိန်အဝါတစ်ခုသည် သူ့ခန္ဓာကိုယ်ကနေ ချက်ချင်း ပျံ့နှံ့သွားခဲ့၏။

၎င်းက ပတ်ဝန်းကျင် လေထုကိုပင် အေးခဲသွားစေမည့်ပုံ ရသည်။

"ဟားဟား"

"လမ်ထျန်းဟန်.. မင်းရဲ့ အင်အားက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဒီလောက်အထိ ဆုတ်ယုတ်သွားလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး"

"မင်း ငါ့ဆီကနေ တတိယနေရာကို ပြန်လည်ရရှိချင်တယ်ဆိုရင် မင်းမှာ အဲဒီ အရည်အချင်း ရှိမရှိ အပေါ်မှာပဲ မူတည်တယ်"

တုံဖန့်ဟော်က မထီတရီ ပြုံးရယ်လိုက်သည်။

ထိုခဏတွင် သူ့ဆီကနေ ကြောက်မက်ဖွယ်ရာ မီးလျှံ အင်အားသည် နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။

"ညီနောင် ကျန်းချန်.. လမ်ထျန်းဟန်ရဲ့ အင်အားက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အများကြီး ယုတ်လျော့သွားခဲ့တယ်.. သူက တုံဖန့်ဟော်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ မင်းထင်လား"

သူရှေ့မှ ပြင်းထန်သည့် တိုက်ပွဲကို မြင်လျှင် လဲ့ကွမ်းယန်သည် လမ်ထျန်းဟန် အတွက် စိုးရိမ်သွားခဲ့သည်။

"လမ်ထျန်းဟန် ခွန်အား ဆုတ်ယုတ်လာတာက အဆိပ်ခန္ဓာကိုယ်ရဲ့ သက်ရောက်မှုကြောင့်ပဲ"

"ငါပေးခဲ့တဲ့ နည်းလမ်းအတိုင်း အဆိပ်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သရွေ့ သူ့ရဲ့ အင်အားက ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်အထိ အလျင်အမြန် တိုးတက်လာလိမ့်မယ်"

"ဒီထက်ပိုပြီး ပြောရရင် လမ်ထျန်းဟန်က အဆိပ်ခန္ဓာကိုယ်ကို အပြီးတိုင် မဖြေရှင်းနိုင်သေးရင်တောင် တုံဖန့်ဟော်က သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး"

ကျန်းချန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဒါ... ဖြစ်နိုင်ပါ့မလား"

လဲ့ကွမ်းယန်က မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း လမ်ထျန်းဟန်၏ အင်အားသည် အတွင်းစည်း၌ နံပါတ်၁၀ နေရာအထိ ဆုတ်ယုတ်သွားခဲ့သည်ကို လူတိုင်း သိခဲ့ကြသည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

သူ၏ အလိုလိုသိစိတ်ကနေ လမ်ထျန်းဟန်က တုံဖန့်ဟော်ထက် ပို၍ အန္တရာယ်များသည်ဟု သူ့ကို ပြောပြနေခဲ့သည်။

"တုံဖန့်ဟော်.. ငါ့မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ မရှိခဲ့ရင် မင်းအနေနဲ့ အတွင်းစည်း ထိပ်တန်း သုံးယောက်စာရင်းထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရှိလာမယ်လို့ မင်းထင်လား"

"ဒီနေ့ မင်းလိုကောင်က ငါ့ရဲ့ မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးဆိုတာ မင်းကိုသိစေမယ်"

ကျန်းချန်က လဲ့ကွမ်းယန်နှင့် စကားပြောဆိုနေသည့် အချိန်တွင် လမ်ထျန်းဟန်၏ အေးစက်စက် အသံသည် လေထုထဲ၌ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။

မကြာခင်မှာပင် သူ၏ရေခဲဆန္ဒပါဝင်နေသော ကြောက်မက်ဖွယ်ရာ လက်ဝါးရိုက်ချက် စွမ်းအားသည် တုံဖန့်ဟော်၏ ခန္ဓာကိုယ်ဆီသို့ ကျရောက်သွားခဲ့သည်။

ထိုခဏတွင် တုံဖန်းဟော်၏ မျက်နှာသည် ပြင်းထန်စွာ ပြောင်းလဲသွား၏။

သူက လှုပ်ရှားတော့မည့် အချိန်တွင် ကြောက်မက်ဖွယ်ရာ အေးစက်နေသည့် ရေခဲများသည် သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း အေးခဲသွားစေပြီး ရေခဲပန်းပုရုပ် တစ်ခုလို နေရာမှာပင် ရပ်တန့်သွားစေခဲ့သည်။

သူတို့ရှေ့မှ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကို မြင်လျှင် လဲ့ကွမ်းယန်နှင့် တခြားသူများ သာမက ကျန်းချန်ပင် တုန်လှုပ်သွားသည်။

အအေးဓာတ်က သာမန်မဟုတ်မှန်း သူကောင်းစွာသိ၏။

လမ်ထျန်းဟန်သည် တုံဖန့်ဟော်ကို အေးအေးဆေးဆေးပင် အနိုင်ယူခဲ့သည်။

လမ်ထျန်းဟန်၏ အင်အားက တကယ်ကို သာမန် မဟုတ်ပေ။

အခန်း(၅၀၇) ပြီး၏

All Chapters