← Chapters

အပိုင်း (၁၄၉)

Vol. 11 Ch. 149

အပိုင်း (၁၄၉)

Vol. 11 Ch. 149

မွန်းစတားကလန် တစ်ခု၏အတွင်း ခမ်းနားထည်ဝါလှသည့် ဟောခန်းတစ်ခု၏ အရှေ့တွင်တော့ ……

ရွှေရောင်ဆံပင်နှင့် လူငယ်သုံးယောက်သည် တန်းစီကာ ရပ်နေ၏။ ၎င်းတို့၏ မျက်လုံးများသည် အစစ်အမှန် နေလုံးကဲ့သို့ပင် စူးရှလွန်းလှသည်။ ၎င်းတို့သည် အဝေးကောင်းကင်တွင် ရှိနေသော ထောက်တိုင်ကြီးလေးခုကို လှမ်းကာ ကြည့်ရှုနေ၏။

ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် အေးစက်စက်ဖြင့် ပြုံးလိုက်သည်။ "ဖန်တီးခြင်း လျို့ဝှက်နယ်မြေ ပေါ်လာပြီးလား။"

"အဲလိုဖြစ်လောက်တယ်"

ရွှေကျီးကန်းကလန်၏ အကြီးဆုံးမင်းသားသည် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူ၏ အသံသည် သံမဏိကဲ့သို့ပင် မာကျောလွန်းလှ၏။ သူသည် ဖြေးညင်းစွာဖြင့် ပြောဆိုလိုက်၏။ "ဒီအင်ပါရီယာရီကလန်က ဘာမှ အသုံးဝင်မဲ့ပုံ မပေါ်ဘူး။ သူတို့ရဲ့ သခင်လေးကလည်း တိုက်ခိုက်ချက် တစ်ချက်တည်းနဲ့ ရှုံးခဲ့တယ်။ အခု သူတို့အနေနဲ့ သူတို့ ဘိုးဘေးကြီး ချန်ခဲ့တဲ့ အရာကိုတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။ တကယ့်ဟာသပဲ"

"အကြီးဆုံးအစ်ကိုပြောတာ အမှန်ပဲ"

ရွှေကျီးကန်းကလန်၏ တတိယမင်းသားသည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ "ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ ပေါ်လာပြီဆိုတော့ အင်ပါရီယာရီကလန်အနေနဲ့ ဒါကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ ရွှေကျီးကန်း ကလန်ကို ပေးလိုက်တာ အကောင်းဆုံးဖြစ်မယ် မဟုတ်လား။ "

"တတိယညီလေးပြောတာ အမှန်ပဲ"

ရွှေကျီးကန်းကလန်၏ အကြီးဆုံးမင်းသားသည် အသာခေါင်းညိတ်လိုက်၏။ သူ၏ တောက်ပလျက် ရှိနေသည့် မျက်လုံးများသည် အဝေးတစ်နေရာဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ သူသည် မထူးခြားသလို ပြောလိုက်၏။ "ဖန်တီးခြင်းတော်ဝင်အင်ပါယာက ကျုပ်တို့ ဘိုးဘေးကို ရှုံးနိမ့်ခဲ့တယ် ဆိုပေမဲ့ သူကတော်ဝင်အင်ပါယာပဲလေ။ သူချန်ထားတဲ့ လျို့ဝှက် နယ်မြေထဲမှာ တကယ့်ကို နက်ရှိုင်းတဲ့ လျှို့ဝှက်အရာတွေ တည်ရှိနေနိုင်တယ်"

ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ ဆိုသည်မှာ အင်ပါယာတစ်ယောက်၏ သန့်စင်ဖန်တီးခြင်းကို ခံထားရသည့် အရာဖြစ်ပြီး အားလုံးကို ဆွဲဆောင်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့သော တည်နေရာကို ပိုင်ဆိုင်ရန် ဆိုသည်မှာ ခက်ခဲလှ၏။ ထိုကဲ့သို့သော လျှို့ဝှက်နယ်မြေထဲတွင် အင်ပါရီယန် ဆေးပင်များ ပေါက်ရောက်နှုန်းသည် တကယ်ပင် မြင့်မားလှ၏။ သို့ပေမဲ့ မည်သူမှသည် ထိုအရာများကို ရှိလိမ့်မည်ဟု အာမ မခံနိုင်ချေ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် စိတ်ဝိညာဉ်ဆေးပင် မည်မျှပေါက်ရောက်နေမည်နည်း။ ဤအရာသည် လူတိုင်း အကြမ်းဖျဉ်းသာ ခန့်မှန်းနိုင်သည့် အရာဖြစ်သည်။

အကယ်၍ ထိုတည်နေရာကိုသာ ပိုင်ဆိုင်ပါက အချိန်အတိုင်းအတာတိုအတွင်း ခန့်မှန်း၍မရသော အားအင်ကို ပိုင်ဆိုင်မှာ သေချာ၏။

“အင်း…..”

အကြီးဆုံးအစ်ကိုသည် တည်နေရာကို လှမ်းကြည့်ပြီးနောက် ပြောလိုက်သည်။ "ငါတို့ ရွှေကျီးကန်းကလန်က လူသားတွေရဲ့ နယ်မြေဆီကို ထပ်ပြီးခြေချရတော့မှာပေါ့"

ရွှေကျီးကန်းကလန်အနေဖြင့် နောက်ဆုံးအကြိမ် လောကကို အုပ်စိုးခဲ့သည်မှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ နှစ်သန်းပေါင်းများစွာ ကြာပြီးသည့်နောက် ရွှေကျီးကန်းကလန်သည် သိုသိုသိပ်သိပ်နှင့် နေထိုင်ခဲ့၏။ ၎င်းတို့၏ ကလန်၌ တော်ဝင်အင်ပါယာ အသစ်တစ်ယောက် ပေါ်ပေါက်လာခြင်းလည်း မရှိချေ။ထို့ကြောင့်ပင်လျှင် ရွှေကျီးကန်းကလန်ကို လူပေါင်းများစွာက အထင်အမြင်သေးခဲ့၏။ မွန်းစတားမျိုးနွယ်များသည်ပင် ၎င်းတို့၌ တော်ဝင်သွေးမျိုးဆက် ရှိခဲ့သည်ကို မေ့နေကြပြီဖြစ်၏။

"ရီချန်ရဲ့ သွေးနဲ့ခြေဆေးပြီးတော့ လောကကြီးကို ရွှေကျီးကန်းကလန် ပြန်ရောက်လာကြောင်း အသိပေးရင် လုံးဝ အချိန်ကိုက်ပဲ" ဒုတိယမင်းသားသည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

လူသားမျိုးနွယ် ကောင်းကင်ပါရမီရှင်စာရင်း၏ ဒုတိယတွင် ရှိနေသော ရီချန်သည် လူသားမျိုးနွယ်ကြားတွင် ကြီးမားလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သူဖြစ်၏။ ထိုသူအား သတ်ဖြတ်ခြင်းဆိုသည်မှာ လူသားမျိုးနွယ်များ၏ ယုံကြည်မှုကို ဆိုးဆိုးဝါးဝါး သက်ရောက် စေပေလိမ့်မည်။

ကောင်းကင်ပါရမီရှင် စာရင်း၏ နံပါတ်တစ်ကိုတော့ ၎င်းတို့သည် စဉ်းစားလိမ့်မည် မဟုတ်ချေ။ သွားရောက်ကာ ပြဿနာရှာနိုင်ခြင်းလည်း မရှိကြချေ။ အဆင့်ကြီးတစ်ခု ကွာခြားနေသောကြောင့် သုံးယောက် ပေါင်းလျှင်တောင်မှ တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် ကိုယ့်အကန့်အသတ်ကိုတော့ ကိုယ် ကောင်းကောင်း နားလည်ထားသည်။

သူတို့၏ လက်ထဲတွင် ဝှက်ဖဲပေါင်းများစွာ ရှိ၏။ တူညီသည့် အဆင့်သို့ ရောက်ရှိရန် ကျင့်ကြံပြီးမှ လူသားမျိုးနွယ် နံပါတ်တစ်ကို သတ်ဖြတ်လျှင်လည်း နောက်မကျပေ။

……..........

ငရဲကိုးကောင်းနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဟောခန်းထဲမှာတော့ …..

ယန်ရှိုသည် ထိပ်ဆုံး၌ ထိုင်လျက် ရှိ၏။ သူသည် လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထားပြီး အောက်၌ ရို့ရို့ကျိုးကျိုးနှင့် ရပ်လျက်ရှိသော လူငယ်ကို သေချာ အထပ်ထပ် ကြည့်ရှုနေသည်။

“တောက်”

ယန်ရှိုသည် တောက်ခေါက်လိုက်၏။ လူသားမျိုးနွယ် ကောင်းကင်ပါရမီရှင်စာရင်း၏ ၃၂ ယောက်မြောက်နှင့် ၅၂ ယောက်မြောက်ကြား တိုက်ပွဲရလဒ်သည် ကျောက်စိမ်းပြားပေါ်တွင် ပေါ်နေ၏။ အနိုင်ရရှိသူဟု ဘယ်သူမှ မရှိကြချေ။ သရေအနေဖြင့် နောက်ပြန်ဆုတ်ခဲ့ကြ၏။

တခြား ပါရမီရှင်များသည် ကြမ်းကြမ်းတမ်းတမ်းနှင့် တိုက်ခိုက်လျက် ရှိ၏။ သူ၏ တပည့်ကို ကြည့်ရှုပြီးနောက် ယန်ရှိုသည် ရှက်ရွံ့သလိုပင် ခံစားနေမိ၏။ သူသည် မျိုးဆက်များကြားတွင် ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ပြီး ရောင်စဉ်အလင်းနတ်နယ်မြေကိုပင် ဖျက်စီးခဲ့၏။ သူ့တပည့်ကျမှ အဘယ့်ကြောင့် ဤမျှ ညံ့နေရသနည်း။

နောက်ဆုံးတပည့်တစ်ယောက်ဖြစ်သော တုချန်ရှန်းသည် တော်ဝင်ဓားဂိုဏ်းတပည့်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ယခု သူ၏အကြီးဆုံး တပည့်ကြီးသည် ကောင်းကင်ပါရမီရှင်စာရင်းတွင်ပင် ဝင်ရောက်ရန် မတတ်နိုင်ခဲ့ချေ။ ထိုအရာသည် ဂိုဏ်းချုပ်ဖြစ်သော သူ့အား အမှန်ပင် မျက်နှာနာရစေ၏။

"အလုပ်မဖြစ်ဘူးဆိုရင် ကောင်းကင်လျို့ဝှက်နန်းဆောင်သခင်ဆီ သွားပြီးတော့ အခွင့်အရေး တစ်ချို့ ဝယ်ယူရမယ်" ယန်ရှိုသည် စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်မိ၏။

သူသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ကို ကျိန်းသေပေါက် သွားရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မသက်မသာ ခံစားနေရ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ရောင်စဉ် အလင်းနတ်နယ်မြေကို ဖျက်စီးခဲ့သည် ဆိုသော်လည်း မည်သူကမှသည် ပြောဆိုဝေဖန်နေခြင်းမရှိကြချေ။

ထိုအရာသည် မုန်တိုင်းမတိုက်ခင် လေငြိမ်နေသည့် အခြေအနေဟု သူက တွေးကြောက်နေမိသည်။

“လင်းရှောင် ပြန်လာတော့မယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားရင် လင်းရှောင် ဘယ်အချိန် ပြန်လာမလဲ ဆိုတာပါ စုံစမ်းရမယ်။ ပြီးတော့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအတွက် အစီအရင်တစ်ခုကိုလည်း ဝယ်ယူထားသင့်တယ်။ မဟုတ်လို့ တစ်စုံတစ်ယောက် လာရင် ဒုက္ခများကုန်တော့မှာပဲ"

သူ၏စိတ်ကူးထဲမှ အကြောင်းအရာများကို အခြေချပြီးနောက် ယန်ရှိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် သူ၏အသုံးမကျသော တပည့်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ "ဘာလို့ ဒီနေရာမှာ ရပ်နေသေးတာလဲ"

“ဟမ်”

လူငယ်သည် တုန်ယင်သွားမိ၏။ မျက်နှာတစ်ခုလုံး ဖြူရော်ကာဖြင့် နှာဖူးတွင် ချွေးစေးများပင် ပြန်လာ၏။ ၎င်းသည် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ "ဆရာ ဘာအမိန့်ပေးချင်လို့လဲ"

"ငါ့နောက်ကို လိုက်ခဲ့။ ကောင်းကင်လျို့ဝှက် နန်းဆောင်ကို သွားမယ်" ယန်ရှိုသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာဖြင့် လေးလေးနက်နက် လေသံဖြင့် ပြောဆိုလိုက်၏။ ပြောပြီးသည့်နောက်မှာတော့ သူသည် သူ့ကိုယ်သူ ဂုဏ်ယူလို့နေခဲ့၏။တပည့်ကို ဤကဲ့သို့ ဂရုစိုက်သော ဆရာဆိုသည်မှာ ဤလောကကြီးထဲတွင် ရှားပါးလွန်းလှ၏။ လမ်းမှန်းဂိုဏ်းများထဲတွင်ပင် သူ့ကဲ့သို့ ဂရုစိုက်တတ်သော ဆရာဟူ၍ မရှိချေ။

ဟောခန်း၏ အဝင်ဝဆီမှ ဘေးချင်းကပ်ကာ လျှောက်ထွက်လိုက်ချိန်မှာတော့ ၎င်းတို့သည် ကောင်းကင်ယံထက်တွင် ဖြစ်တည်နေသည့် အလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းထဲတွင် ရှိနေသည့် နတ်ဆိုးအော်ရာများသည် အင်ပါယာစိတ်ဆန္ဒများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

ယန်ရှိုသည် ဇဝေဇဝါ ဖြစ်သွားမိ၏။ ဘာတွေဖြစ်နေသည်ကို သူသည် သေသေချာချာ အဖြေမရနိုင်ခဲ့ချေ။ ကောင်းကင်ယံတွင် ဖြစ်တည်နေသည့် အလင်းတန်းကြီးကို နဝေတိမ်တောင်ဖြင့် ကြည့်ရှုနေမိ၏။

All Chapters