← Chapters

အပိုင်း (၁၅၀)

Vol. 11 Ch. 150

အပိုင်း (၁၅၀)

Vol. 11 Ch. 150

“ဆရာ”

လူငယ်သည် တံတွေးမျိုချပြီးသည့်နောက် တီးတိုးပြောဆိုလိုက်၏။ “အခု အလင်းတန်းတွေ ပေါ်နေတဲ့ နေရာမှာ ရတနာတစ်ခုခု ပေါ်လာတာပဲ ဖြစ်ရမယ်။ အဲနေရာက ရောင်စဉ်အလင်း နတ်နယ်မြေရဲ့ ရတနာတွေ သိမ်းထားတဲ့ နေရာမလား”

“ဟမ်”

ယန်ရှို၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့တော့၏။ သူ့အနေနှင့် ခြေထောက်ကို မြှောက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ရုတ်တရက် ရပ်တန့်လိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် ဟန်ပန်အမူအရာမျိုး ဖြစ်တည်လာခဲ့၏။ သူက တီးတိုးရေရွတ်လိုက်မိ၏။ “မဟုတ်သေးဘူး။ ဒါက ဖန်တီးခြင်း ကျမ်းစာရဲ့ အော်ရာတွေပဲ။ အင်ပါရီယာ ရီကလန်နဲ့ သက်ဆိုင်နေတာပဲ ဖြစ်ရမယ်”

သူသည် ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်၏။ အလင်းဒေါက်တိုင်ကြီး လေးခုသည် လေဟာနယ်ထဲ၌ ပေါ်ပေါက်နေသည်ကို မြင်နေရ၏။ ထိုအရာဆီမှတဆင့် အလင်းတန်းများ ထွက်ပေါ်နေပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပျံ့နှံ့နေခဲ့၏။ အလင်းတန်းများ ကျဆင်းနေရာ နေရာသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနှင့် အလွန်ဝေးကွာသည့် တည်နေရာတွင် ရှိနေ၏။ သို့ပေမဲ့ ခပ်ရေးရေး မြင်နိုင်စွမ်းတော့ ရှိနေသည်။ အင်ပါရီယာ ရီကလန်နှင့် မနီးမဝေးတွင် ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။

“ကြည့်ရတာ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်လာတာများလား” ယန်ရှိုသည် နှလုံးသားထဲတွင် တွက်ချက် လိုက်မိသည်။

လူပေါင်းများစွာတို့သည် ဖန်တီးခြင်းသော့လေးခု အကြောင်းကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ဖန်တီးခြင်းသော့နှစ်ခု သည် မည်သည့်နေရာသို့‌ ရောက်ရှိနေသည်ဆိုခြင်းမှာ လျှို့ဝှက်ချက်ပင်ဖြစ်၏။ ယနေ့အခြေအနေကို ကြည့်ရှု ရမည်ဆိုလျှင် ထိုအရာများထဲမှ တစ်ခုသည် သူတို့ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ လက်ထဲသို့ ရောက်ရှိလာခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။

မူလအားဖြင့် ဤအရာသည် ရောင်စဉ်အလင်းနတ်နယ်မြေ ပိုင်ဆိုင်သည့်အရာဖြစ်၏။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေ၏ ပိုင်ဆိုင်မှုများ အားလုံးကို မုန့်ရှင်းကျီနှင့် ယန်ရှိုတို့က သိမ်းဆည်းရယူခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် ဖန်တီးခြင်းသော့ ဆိုသည်မှာလည်း ၎င်းတို့၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့၏။

“ဒီလိုကောင်းတဲ့အရာ ရှိတာလား”

ယန်ရှို၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် ပျော်ရွှင်သွားမိသည်။

ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ - ဤအရာသည် ဖန်တီးခြင်းတော်ဝင်အင်ပါယာနှင့် ဆက်စပ်နေသည့် အရာဖြစ်၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ရေတွက်လို့မရအောင် များပြားလှသည့် လူများ အားလုံးသည် ဖန်တီးခြင်းသော့ကို ရှာဖွေခဲ့၏။ သို့ပေမဲ့ မည်သူမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။ အားလုံးသောသူတို့သည် ထိုအကြောင်းအရာကို မေ့လျော့သည့်အချိန်သို့ ရောက်သည့်အချိန်မှာမှ ဖန်တီးခြင်း လျှို့ဝှက်နယ်မြေသည် ရုတ်တရက် သူ့အလိုလို ပေါ်ပေါက်လာခဲ့လေ၏။

“ကြည့်ရတာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ကောင်းကင်ရဲ့ ကောင်းချီးကို ခံရတော့မယ့်ပုံပဲ”

ယန်ရှိုသည် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်လျက်ရှိပြီး မြန်မြန်ဆန်ဆန် ပြောဆိုလိုက်၏။ “မဟုတ်သေးဘူး။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်လာပြီဆိုတော့ တခြားသူတွေရဲ့လက်ထဲမှာ သော့သုံးချောင်း ရှိနေအုံးမှာပဲ။ အဲဒါဆိုရင် ငါ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားမှဖြစ်မယ်”

“ဖန်တီးခြင်းတော်ဝင်အင်ပါယာ ချန်ထားခဲ့တဲ့ ဒီလျှို့ဝှက်နယ်မြေက သာမန်ထက် တန်ဖိုးကြီးမှာ။ ဒီတော့ အထဲမှာ မယုံနိုင်လောက်အောင် အံ့အားသင့်ဖို့‌ကောင်းတဲ့ အခွင့်အရေးတွေ ရှိလိမ့်မယ်လေ။ ဒါပေမဲ့ အထဲမှာ အန္တရာယ်တွေ ရှိမလားဆိုတာ မသေချာသေးပြန်ဘူး”

“တပည့်” ယန်ရှိုက ပြောဆိုလိုက်၏။

“ဘာအမိန့်ပေးချင်သေးလဲ ဆရာ” လူငယ်သည် လေးလေးစားစားဖြင့် မေးမြန်းလိုက်သည်။

“ငါ့ကိုယ်စား တောင်အနောက်ဘက်ကိုသွား။ ပြီးတော့ တံခါးပိတ် ကျင့်ကြံနေတဲ့ ဘိုးဘေးအကြီးအကဲ တော်တော်များများကို အပြင်ဘက်ကို ထွက်လာဖို့ ဖိတ်ခေါ်လိုက်။ ချက်ချင်း ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်လာတဲ့နေရာကို သွားပြီးတော့ အခြေအနေကို စုံစမ်းကြ”

“ကောင်းပါပြီ” လူငယ်သည် မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်၏။

ယန်ရှိုသည် ခေါင်းညိတ်လိုက်၏။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲနှင့် အရှေ့ဆီသို့ လှမ်းတက်ကာဖြင့် တောင်၏ အကာအကွယ် အစီအရင်ဆီမှ ဖြတ်သန်းကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ဦးတည်လိုက်လေသည်။

တော်ဝင်သဲကန္တာရမြို့၏ သေးငယ်လှသော ခြံဝန်းလေးတစ်ခုအတွင်းမှာတော့ ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသည့် လုချန်းဂီသည် နောက်ကျောဘက်တွင် ရှေးဓားတစ်ချောင်းကို ထမ်းပိုးထားပြီး မုတ်ဆိတ်မွှေးများကို ပွတ်သပ်လျက် ရှိနေလေ၏။ သူသည် ကောင်းကင်ကို အသာမော့ကြည့်ကာ ဇဝေဇဝါ ဖြစ်လို့နေ၏။

“ဖန်တီးခြင်း ကျမ်းစာရဲ့ အော်ရာတွေ... ဒါ ဖန်တီးခြင်းတော်ဝင်အင်ပါယာနဲ့ ပတ်သက်နေတဲ့အရာ ဖြစ်ရမယ်။ သုံးသပ်ရမယ်ဆိုရင် ဒါ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်လာတာပဲ ဖြစ်ရမယ်” လုချန်းဂီ၏ နှလုံးသားထဲတွင် တက်ကြွသည့် စိတ်ခံစားချက်များ ဖြစ်တည်လာခဲ့သည်။

ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာသည်ဆိုလျှင် ၎င်းတို့ တော်ဝင်ဓားဂိုဏ်း၏ ကြီးမားလှသည့် အခွင့်အရေးကြီးသည်လည်း ပေါ်ပေါက်လာတော့မှာဖြစ်၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ၏ နောက်ခံအရ ဆိုလျှင် အင်ပါယာအဆင့် ဆေးပင်များအကြောင်းကို တွေးတောနေစရာပင် မလိုအပ်ချေ။

ပိုမိုကာ အားကောင်းလှသည့် အင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်များ ရှိမလားဆိုသည်ကို မစဉ်းစားရဲဘူး ဆိုလျှင်တောင်မှ တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်များ အများအပြား တည်ရှိနိုင်၏။ ဤအရာများကိုသာ သူတို့ တော်ဝင်ဓားဂိုဏ်းမှ ရရှိမည်ဆိုလျှင် တော်ဝင်သူတော်စင်တစ်ယောက်၊ နှစ်ယောက်လောက် ကျင့်ကြံနိုင်ရန်အတွက် လုံလောက်သည့် အခြေအနေမျိုး ဖြစ်လာနိုင်သည် မဟုတ်ပါလား။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကိုသွားဖို့ အချိန်ကျပြီပဲ” လုချန်းဂီသည် တီးတိုးရေရွတ်လိုက်၏။ သူသည် ခြံဝန်းထဲမှ ထွက်လျှောက်လိုက်၏။ သူသည် မနီးမဝေးတွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ မနှေးနှင့် မမြန်ဆိုသလို လှမ်းလျှောက်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်တွင် မြူများ ရစ်သိုင်းလျက် ရှိနေပြီး သူ ဘယ်ကိုသွားသွား သူ့ကို ထိုမြူများက ဖုံးလွှမ်းလျက် ရှိနေလေ၏။ ကြည့်ရှုရသည်မှာ ၎င်းသည် တခြားသော လောကတည်နေရာတစ်ခုဆီသို့‌ ရောက်ရှိနေသည့် ပုံပင်။ သူ၏ တည်ရှိမှုကို ဝိညာဉ်တစ်ကောင်ပင်လျှင် အာရုံခံမိလိမ့်မည် မဟုတ်ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ လီယွင်သည် လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထား၏။ တံခါးဆီမှ လှုပ်ရှားမှုအသံတစ်ခုကို ကြားလိုက်ရသည့်အချိန်မှာတော့ သူသည် အသာ မော့ကြည့်လိုက်၏။ မျက်လုံးထဲတွင် အပြုံး၏ အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။

ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာပြီးသည့်နောက် တစ်စုံတစ်ယောက်သည် လျင်လျင်မြန်မြန်ဖြင့် သူ့ဆီသို့ ရောက်ရှိလာခဲ့လေသည်လား။ ထို့အပြင် လာရောက်လည်ပတ်သူသည် တော်ဝင်ဓားဂိုဏ်းမှ ဖြစ်လို့ နေခဲ့ပြီး သူတော်စင်ဘုရင်အဆင့်လည်း ဖြစ်လို့နေသည်။

“လုချန်းဂီက ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်ဆီ လာတွေ့ပါတယ်” လုချန်းဂီသည် ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်လာပြီးသည့်နောက် အသာဦးညွတ်လိုက်၏။

“ယဉ်ကျေးနေဖို့ မလိုပါဘူး”

လီယွင်သည် စာအုပ်ကို အသာချပြီးသည့်နောက် ငုတ်တုပ်ထထိုင်လိုက်၏။ ပြီးနောက် မနီးမဝေးတွင် ရှိနေသည့် ထိုင်ခုံတစ်ခုကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ထိုင်ပါအုံး”

“ကျေးဇူးတင်ပါတယ် နန်းဆောင်သခင်” လုချန်းဂီသည် ကျေးဇူးတင်စကား ပြောဆိုပြီးသည့်နောက် အသာ ထိုင်ချလိုက်၏။

သူသည် တော်ဝင်သဲကန္ဓာရမြို့ထဲသို့ ရောက်ရှိနှင့်နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ နန်းဆောင်ထဲသို့ စောစောစီးစီး ဝင်မလာရခြင်း အကြောင်းရင်းသည် တော်ဝင်ဓားဂိုဏ်းအနေနှင့် အခွင့်အရေး များကို ဝယ်ယူရန်အတွက် လုံလောက်သည့် ပိုက်ဆံကို ပေးအပ်ရန် အဆင့်သင့် မရှိသောကြောင့်ပင်။

ထို့အပြင် ၎င်းတို့သည် တော်ဝင်သူတော်စင်ဖြစ်ရန် ရည်မှန်းချက်ရှိ၏။ ထို့ကြောင့် ရမ်ချင်းတု သူတော်စင် ဖြစ်ရန် ဝယ်ယူခဲ့သည် ဈေးနှုန်းထက် ပိုမိုကာ ကြီးမားသည့်အရာများကို ပေးအပ်ရမှာ သေချာ၏။ ထိုအရာများကို ဝယ်ယူရန်အတွက် ကြီးမားသည့် တန်ကြေးများလည်း ရှိနေ၏။

“ဒီနေ့မှာ တာအိုရောင်းရင်း လုချန်းဂီက လာခဲ့တယ်လေ။ ဒီတော့ တော်ဝင်ဓားဂိုဏ်းအနေနဲ့ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေအကြောင်း သိလို့ လာခဲ့တာ ဖြစ်မယ်လို့ ကျုပ်ထင်တယ်” လီယွင်က အသာ ပြောလိုက်သည်။

လီယွင်၏ စကားကို ကြားရသည့်အချိန်မှာတော့ လုချန်းဂီ၏ နှလုံးသားများသည် တည်ငြိမ်သွား၏။ သူသည် တွက်ချက်ခဲ့ရုံသာဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုအရာကို စတင်ကာ ထုတ်ဖော်ပြောဆိုလျက်ရှိ၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေသည် ကျိန်းသေပေါက် ပေါ်ပေါက်လာခြင်းသာ ဖြစ်ရပေလိမ့်မည်။

“နန်းဆောင်သခင်ရဲ့ တွက်ချက်မှုကနေ ဘယ်အရာမှ မလွတ်မြောက်နိုင်ဘူး”

လုချန်းဂီသည် အသာခေါင်းညိတ်လိုက်၏။ သူသည် အသာခေါင်းလှည့်ပြီးသည့်နောက် အပြင်ဘက်သို့ လှမ်းမျှော်ကြည့်ရှုကာ ပြောလိုက်၏။ “နန်းဆောင်သခင် အနေနဲ့ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာတာကို ကြိုတင် သိရှိပြီးသားဖြစ်တယ်ဆိုတော့ အထဲမှာ ရှိနေတဲ့ အခြေအနေကို ကောင်းကောင်း နားလည်လိမ့်မယ်လို့ ကျုပ် ထင်တယ်”

“နားလည်တာပေါ့” လီယွင်က ပြောဆိုလိုက်သည်။

“ဒီလိုဆိုရင်”

လုချန်းဂီ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူက မေးမြန်းလိုက်၏။ “နန်းဆောင်သခင် အနေနဲ့ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲမှာ တစ်စုံတစ်ယောက်ကို တော်ဝင်သူတော်စင်အဖြစ် ချိုးဖြတ်နိုင်တဲ့ အခွင့်အရေးများ ရှိမလား သိရှိချင်ပါတယ်”

“ဟား ဟား ဟား ဟား”

လီယွင်က ရယ်လိုက်၏။ သူသည် လက်ကို အသာဖြန့်ကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “တော်ဝင်ဓားဂိုဏ်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ သတင်းအချက်အလက်တွေ အများကြီး ဝယ်ယူခဲ့ဖူးတယ်လေ။ ဒီတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မရင်းနှီးတာတော့ မဟုတ်လောက်ပါဘူး”

“ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ကျုပ် နားလည်ပါတယ်” လုချန်းဂီသည် အနည်းငယ်တော့ ကြောင်သွား၏။ ပြီးသည့်နောက် ကြောင်အအဖြင့် ပြုံးကာ သူတော်စင်အဆင့် ဆေးပင်တစ်ခုကို ထုတ်ပေးလိုက်တော့သည်။

“ရက်ရောလိုက်တာ”

လီယွင်က ပြောလိုက်၏။ ဤကဲ့သို့သော သတင်းအပိုင်းအစ တစ်ခုကို လဲလှယ်ရန် အတွက် သူတော်စင်အဆင့် ဆေးပင် လိုအပ်လိမ့်မည် မဟုတ်ချေ။ အဓိကဂိုဏ်းတစ်ခု၏ ဘိုးဘေးအကြီးအကဲကြီးဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။ တကယ့်ကို ရက်ရောလွန်းလှပြီး လက်ဖွာလွန်း၏။

“စနစ်... တော်ဝင်သူတော်စင်အဆင့်ကို ချိုးဖြတ်နိုင်တဲ့ အခွင့်အရေးတွေရှိလား စစ်ဆေးကြည့်လိုက်” စိတ်ဝိညာဉ်ဆေးပင်ကို လက်ခံရရှိပြီးသည့်နောက် လီယွင်သည် စိတ်ထဲမှ မေးမြန်းလိုက်၏။

[ဒင်... စနစ်၏ စုံစမ်းစစ်ဆေးမှုအရဆိုလျှင် တော်ဝင်သူတော်စင်အဆင့်ကို ချိုးဖြတ်နိုင်ရန် အခွင့်အရေးပေါင်း ခြောက်ရာသုံးဆယ့်နှစ်ခုတိတိ ရှိ၏]

စာရင်းများ ပေါ်ပေါက်လာပြီးသည့်နောက် လီယွင်သည် ထိုအရာများကို ကြည့်ရှုလိုက်၏။ မကြာခင်မှာပဲ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေဆိုသည့် စာလုံးကို ရှာဖွေတွေ့ရှိလိုက်၏။ သူသည် သိရှိနားလည်စွာ ပြောလိုက်၏။ ပြီးသည့်နောက် အရှေ့ဆီမှ လုချန်းဂီကို လှမ်းကြည့်ကာ ပြောဆိုလိုက်သည်။

“သိပ်ရှိတာပေါ့”

All Chapters