← Chapters

အပိုင်း (၁၅၇)

Vol. 11 Ch. 157

အပိုင်း (၁၅၇)

Vol. 11 Ch. 157

ရက်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက် လူများသည် ကြေးတံခါးကြီး တည်ရှိရာ တည်နေရာ၌ အလုံးအရင်းများများနှင့် စုဝေးရောက်ရှိနေကြ၏။ တစ်ချို့သည် ဆန်းကြယ်လှသော တိမ်များကို စီးနင်းလာကြပြီး တစ်ချို့မှာတော့ ဓားများကို စီးနင်းကာ ရောက်ရှိလာကြ၏။ တစ်ချို့ဆိုလျှင် နတ်ဆိုးစွမ်းအင်များ၊ မွန်စတားစွမ်းအင်များ တစ်ကိုယ်လုံးကို ဖုံးလွှမ်းလျက် ရှိနေသေး၏။ မျိုးစုံလှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် အထူးသဖြင့် မွန်းစတားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်မှ ကျင့်ကြံသူများသည် မိုင်သန်းနှင့်ချီသော အကွာအဝေးမှ ရောက်ရှိလာကြပြီ ဖြစ်၏။

"ဖန်တီးခြင်း လျို့ဝှက်နယ်မြေရဲ့ သတင်းအချက်အလက်က မြန်မြန်ဆန်ဆန်နဲ့ ပြန့်နှံ့သွားပြီ။ လောကကြီးမှာ ရှိတဲ့ မျိုးနွယ်စုပေါင်း များစွာက သူတို့အဖွဲ့သားတွေကို စေလွှတ်လိုက်ကြတာပဲ" တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်သည်။

ပုံမှန်အားဖြင့် သိုသိုသိပ်သိပ် နေထိုင်တတ်သော ရှေးအင်ပါယာကလန်မှ လူများပင်လျှင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။

ကောင်းကင်ယံထက်တွင်တော့ ခန့်ညားတည်ကြည်လှသော လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်တန့်လျက် ရှိ၏။ ၎င်းသည် လူသားတစ်ယောက်အသွင် တည်ရှိနေသည် ဆိုသော်လည်း ခန္ဓာကိုယ်မှာတော့ ကြေးခွံများဖြင့် ဖုံးလွှမ်းလျက် ရှိ၏။ ၎င်း၏ အော်ရာများသည် အလွန်စူးရှလျက် ရှိနေ၏။ ၎င်းသည် မွန်းစတားကလန်များ ကြားတွင် ခန့်မှန်း၍မရအောင် အားကောင်းလှသည့် ကလန်တစ်ခုဖြစ်သော ထျန်းလင်းကလန် (ဂေါ်ဇီလာလိုလို ၊ လူဝံလိုလို သတ္တဝါမျိုးနွယ်) မှ ဖြစ်လေသည်။

"ဒီမှာ လူတွေအများကြီး ရောက်နေတာပဲ။ ကြည့်ရတာ ဖန်တီးခြင်းသော့ကို ကိုင်ဆောင်ထားတဲ့ လူတွေ ကြာကြာမပုန်းနိုင် လောက်ပါဘူး"

" ဒါပေမဲ့ သူတို့ဘာလို့ ပေါ်မလာသေးလဲဆိုတာ ကျုပ်သိချင်မိတယ်။ " အဘိုးအိုတစ်ယောက်သည် ဇဝေဇဝါဖြင့် ဝင်ရောက်ကာ မှတ်ချက် ပြုလိုက်၏။

"သူတို့ ဖန်တီးခြင်းလျို့ဝှက် နယ်မြေကို မဖွင့်ချင်လို့နဲ့ တူတယ်" တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ စနောက်လိုက်သည်။

ဤအချက်ကို အနီးအနားတွင် ရှိနေသော လူများက ချက်ချင်း ငြင်းပယ်လိုက်ကြ၏။

"မဖြစ်နိုင်တာ …. မျိုးနွယ်စုတိုင်းမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက ဒီကိုရောက်နေတာလေ။ အဖွဲ့အစည်းလေးခုတည်း ရှိတာမှ မဟုတ်တာ။ အားလုံးစောင့်ကြည့်နေတဲ့ အချိန်မှာ သူတို့ဖန်တီးခြင်း လျို့ဝှက် နယ်မြေကို မဖွင့်လို့ ရမှာ မဟုတ်ဘူး"

"တစ်စုံတစ်ယောက်က မောင်ပိုင်စီးချင်တယ် ဆိုရင်တောင်မှ ဒီလိုလုပ်နိုင်ဖို့ အားအင်ရှိလားဆိုတာ ပြန်စဉ်းစားသင့်တယ်"

"အတိကျပဲလေ" တခြားသောလူတစ်ယောက်သည် ဘေးတစ်ဖက်မှနေ၍ ပြောဆိုလိုက်ပြန်သည်။

"အင်ပါရီယာ ရီကလန်က လိုချင်စိတ်ရှိတယ် ဆိုရင်တောင်မှ အားလုံးကို ဆန့်ကျင်ပြီး လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က ပထမတုန်းတည်းက ဖန်တီးခြင်းသော့တစ်ခုကို မထိန်းသိမ်းနိုင်ခဲ့ဘူး မဟုတ်လား။ အခုအပြင်လူလက်ထဲကို ရောက်သွားပြီ။ စောစောစီးစီး ထုတ်ဖော်လိုက်တာ ကောင်းမယ်။ ဘယ်သူသိနိုင်မှာလဲ တကယ့်ကို တန်ဖိုးကြီးတဲ့ အရာတွေ သူတို့ရရင် ရနိုင်တာပဲ"

"ကျုပ်ကြားတာတော့ နတ်နယ်မြေ တော်တော်များများက ကောင်းကင်လျို့ဝှက်နန်းဆောင်ဆီကို လူတွေ လွှတ်လိုက်ကြတယ်။ ဖန်တီးခြင်း လျို့ဝှက် နယ်မြေ မပေါ်လာသေးပေမဲ့ အထဲမှာ ရှိတဲ့ အရာတော်တော်များများကို အဓိကဂိုဏ်းကြီး တော်တော်များများ က သိရှိပြီး ဖြစ်နေကြတယ်" အမဲရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံလိုက်၏။

"ကောင်းကင်လျို့ဝှက် နန်းဆောင် ဟုတ်လား"

ဤစကားစုသည် အားလုံးသောသူတို့၏ မျက်နှာကို ပြောင်းလဲသွားစေသည်။

"ဒီလိုသာဆိုရင် အဓိကအဖွဲ့အစီးကြီး လေးခု တွန့်ဆုတ်နေကြမှာပဲ"

ကောင်းကင်လျို့ဝှက် နန်းဆောင်ကို သွားရောက် လည်ပတ်ခဲ့တဲ့ အဖွဲ့အစည်းတိုင်းက ဒီလိုဆုံးဖြတ်ချက်မျိုးကို သဘောတူမှာ မဟုတ်ဘူးနဲ့ တူတယ်"

"ပြောရမယ်ဆိုရင် ဖန်တီးခြင်း လျို့ဝှက် နယ်မြေထဲမှာ ဘာတွေရှိလဲ ။ ဒီဟာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တစ်ခုတလေတောင် မကြားရပါလား။”

"သူတို့က သတင်းအချက်အလက်တွေ ဝယ်ယူဖို့ အရင်းအမြစ်တွေ အားလုံး သုံးခဲ့ရတာလေ။ ဘယ်လိုလုပ်ပြီး လူတိုင်းကို လိုက်ပြောနေမှာလဲ။"

"ဒါပေမဲ့ ဖန်တီးခြင်း လျို့ဝှက်နယ်မြေထဲမှာ အန္တရယ်တွေ ရှိနေရင်ကော ဘာဖြစ်မလဲ။ သတင်းအချက်အလက် မရှိပဲနဲ့ အထဲကို ဝင်သွာရင် ကြီးမားတဲ့ အကျိုးဆက်ကို ခံစားရမှာ သေချာနေတာပဲ"

"စွန့်စားမယ်ဆိုရင် အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်နိုင်မှာပဲလေ"

လူများအားလုံး ဆွေးနွေးလျက်ရှိနေတုန်းမှာပဲ ကောင်းကင်ယံထက်မှ စူးရှလှသည့် အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကြီးမားလှသောလင်းယုန်ငှက်ကြီး တစ်ကောင်သည် ကောင်းကင်ယံမှ ပျံသန်းရောက်ရှိလာခဲ့၏။ ၎င်းသည် ကြီးမားလွန်းသောကြောင့် နေရောင်ကိုပင် ဖုံးကွယ်ထား၏။ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ရာများသည် ထွက်ပေါ်နေပြီး ၎င်းဆီမှ နတ်အဆင့် ထိပ်ဆုံးအဆင့် အော်ရာများ ထွက်ပေါ်နေ၏။

"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း" အမြင်စူးရှလှသည့် တစ်စုံတစ်ယောက်သည် ထကာ ပြောဆိုလိုက်၏။ သူသည် လင်းယုန်ပေါ်တွင် မတ်တပ်ရပ်နေသည့် သူအား လက်ညိုးကာ ပြောလိုက်၏။

နတ်အဆင့် သားရဲကြီးကို စီးတော်ယဉ်အဖြစ် ပြုလုပ်နိုင်သည်မှာ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကဲ့သို့ အဓိကဂိုဏ်းများမှသာ ပြုလုပ်နိုင်သည့်အရာ ဖြစ်သည်။

"အင်း ဖန်တီးခြင်းသော့ကို ကိုင်ဆောင်ထားတဲ့ ပထမအဖွဲ့အစည်းကတော့ ပေါ်လာပြီ။ ကျန်တဲ့ အဖွဲ့တွေလည်း မကြာခင်မှာ ပေါ်လာမယ်လို့ ကျုပ်ယုံကြည်တယ်" တစ်စုံတစ်ယောက်သည် ခန့်မှန်းလိုက်၏။

သူ၏စကားမဆုံးခင်မှာပဲ ကျယ်လောင်လှသည့် ခေါင်းလောင်းထိုးသံကြီး ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွား၏။ ရွှေရောင် စစ်ရထားလုံး တစ်စင်းသည် အလွန်လျင်မြန်သည့် နှုန်းထားဖြင့် ရောက်ရှိလာခဲ့သည်။

ဘုန်း ….။

စစ်ရထားကြီးသည် လေဟာနယ်ထဲကို ထိုးခွင်းကာ ရောက်ရှိလာခဲ့၏။ ထိုစစ်ရထားလုံးကြီး ဆီမှ ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဟုန်များလည်း ထွက်ပေါ်လျက် ရှိ၏။

ရှိနေသည့် လူများ အားလုံးတို့သည် ကြီးမားလှသည့် ဖိအားကြီးကို ခံစားလိုက်ကြရသည်။ ထိုစစ်ရထားလုံးကြီးပေါ်တွင် ဂုဏ်သိက္ခာထယ်ဝါလှသည့် လူသုံးယောက် ထိုင်လျက် ရှိနေပြီး ၎င်းတို့သည် သေမျိုးလောကဆီသို့ စူးစမ်းရန် လာကြသည့် နတ်ဆိုးသုံးယောက်ကဲ့သို့ပင်။

ဘုန်း….။

ရွှေရောင် စစ်ရထားလုံးသည် မနီးမဝေး တည်နေရာတွင် ရပ်တန့်လိုက်၏။ အစစ်အမှန် နေလုံးကြီး၏ အပူကို ခံစားလိုက်ရသကဲ့သို့ပင် ပတ်ဝန်းကျင်တစ်ခုလုံး ပူလောင်လာသည်။

အားလုံးသော သူတို့သည် ခန္ဓာကိုယ်ဆီမှ မီးတောက်များ ပေါ်ထွက်လာလုမတတ်ပင် ခံစားလိုက်မိကြ၏။

"ဒီသုံးယောက်က ရွှေကျီးကန်း ကလန်ကပဲ။ သူတို့တွေက မွန်းစတားကလန်ရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ ရှိနေတဲ့ မင်းသားသုံးပါးပဲ ဖြစ်ရမယ်။ "

"ခုနက ခေါင်းလောင်းထိုးသံကို ကြားလိုက်တယ်မလား။ သူတို့ မွန်းစတားအင်ပါယာ ခေါင်းလောင်းကို ယူဆောင်လာတာပဲ ဖြစ်ရမယ်။ "

"မဖြစ်နိုင်တာ မွန်းစတားအင်ပါယာ ခေါင်းလောင်းက အင်ပါရီယန် လက်နက်လေ။ သူတို့ယူလာလို့ ပျက်စီးပျောက်ပျက်သွားမှာ မစိုးရိမ်ဘူးလား။ "

"အင်း …. စိတ်ချရလို့ နေမှာပေါ့။ ဟိုမှာကြည့်လိုက် အင်ပါရီယာ ရီကလန်နဲ့ တိုင်ချူးနတ်နယ်မြေလည်း လာနေကြပြီ"

လူများ ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ အမြင်စူးရှလှသည့် လူတစ်ယောက်သည် ခပ်ဝေးဝေးတည်နေရာရှိ အမဲစက်နှစ်ခုကို ညွှန်ပြလိုက်၏။

နတ်ဘုရား ရွက်သင်္ဘောများသည် လေဟာနယ်ကို ထိုးခွင်းကာဖြင့် မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိလာခဲ့ကြ၏။ နတ်ဘုရား ရွက်သင်္ဘောများ အပေါ်မှာတော့ တစ်ခုသည် ရီဟု ရေးထိုးထားပြီး တခြား တစ်ခုပေါ်တွင်တော့ တိုင်ချူးဟု ရေးသားထားသည်။

အင်အားစုနှစ်ခုသည် ပြိုင်တူရောက်ရှိလာကြသော်လည်း အလွန်ဝေးကွာသည့် နေရာဆီမှ သီးသန့်စီ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။ တစ်ဖွဲ့ နှင့် တစ်ဖွဲ့သည်ကလည်း ရန်စောင်နေသကဲ့သို့ပင်။

၎င်းတို့အဖွဲ့အစည်းနှစ်ခု ပေါ်ပေါက်လာသည်နှင့် တော်တော်များများသည် သွားရောက်ကြိုဆိုကာ နှုတ်ဆက်ကြ၏။ ဖန်တီးခြင်းသော့လေးခု ပေါင်းဆုံပြီးနောက် ဖန်တီးခြင်း လျို့ဝှက် နယ်မြေကို ဖွင့်ရန်သာ ကျန်ရှိတော့၏။ ထို့ပြင် အင်ပါရီယန် ရီကလန်သည် ထိုအရာကို မဖွင့်ချင်ပါက လက်ရှိဤနေရာတွင် ပေါ်ပေါက်လာလိမ့်မည် မဟုတ်ချေ။

"နောက်ဆုံးတော့ ဖန်တီးခြင်းလျို့ဝှက် နယ်မြေကို ဖွင့်ဖို့ လုပ်တော့မှာလား။ " အောက်တွင် ရှိနေသော များပြားလှသည့် မျက်ဝန်းများ၌ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ တော်တော်များများသည် နတ်အဆင့် သို့မဟုတ် သူတော်စင်အဆင့်တွင် ရှိနေသည့် လူများ ဖြစ်ကြ၏။ ၎င်းတို့ တော်တော်များများသည် သက်တမ်းကုန်ခါနီး လူများပင် ဖြစ်လေ၏။

ဖန်တီးခြင်း လျို့ဝှက် နယ်မြေထဲတွင် ရှိနေသည့် အခွင့်အရေးများကို မျှော်လင့်ရင်းမှ အင်ပါယာ၏ အမွေအနှစ်များကို ရရှိမည်ဆိုလျှင်၊ သို့မဟုတ် တော်ဝင်သူတော်စင်အဆင့် ဆေးပင်များကို ရရှမည်ဆိုလျှင် ၎င်းတို့၏ သက်တမ်းကို ဆွဲဆန့်နိုင်မည် မဟုတ်ပါလား။

All Chapters