← Chapters

အပိုင်း (၁၅၉)

Vol. 11 Ch. 159

အပိုင်း (၁၅၉)

Vol. 11 Ch. 159

“ရှင်းပြရမယ် ဟုတ်လား။ ဘာကို ရှင်းပြရမှလဲ” ယန်ရှိုသည် အသာလှည့်ကာဖြင့် သူ၏တပည့်ကို ကြည့်လိုက်၏။ ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်လိုက်၏။

သူသည် အသာလှည့်ပြီးသည့်နောက် အမဲရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်၏။ ထိုအရာကို တပည့်ဆီသို့ လှမ်းပေးကာဖြင့် တည်ကြည်စွာ ပြောလိုက်သည်။ “ဒီကျောက်စိမ်းပြားထဲမှာ မင်းအတွက် အစီအရင်တစ်ခုကို ဖန်တီးပေးထားတယ်။ ဒါကို အသက်သွင်းလိုက်တယ်ဆိုတာနဲ့ သူတော်စင်တစ်ယောက်ရဲ့ အပြည့်အဝ တိုက်ခိုက်ချက်တစ်ခုကို ခုခံနိုင်လိမ့်မယ်”

ပြီးသည့်နောက် ယန်ရှို၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ “ဒါကို ခြောက်ကြိမ်တိတိ အသုံးပြုလို့ရတယ်”

ကျောက်စိမ်းပြားသည် သေးငယ်လှသည်ဆိုသော်လည်း သူတော်စင်တစ်ယောက်၏ အားအင်အပြည့်ဖြင့် တိုက်ခိုက်ချက် ခြောက်ခုကို ကြံ့ကြံ့ခံရပ်တည်နိုင်သည့် စွမ်းရည်ရှိသည်ဆိုသည်မှာ တကယ်ပင် တန်ဖိုးကြီးသည့် အရာပင် ဖြစ်လေသည်။

ဤကျောက်စိမ်းပြားထဲတွင် ထိုကဲ့သို့သော အစီအရင်မျိုးကို ထည့်သွင်းရန်အတွက် သူသည် တကယ်ပင် အားစိုက်ထုတ်ကာ ကြိုးစားခဲ့ရ၏။ အပြင်ဘက်ဆီသို့ ရောင်းချမည်ဆိုလျှင် မိုးထိမြင့်သည့် ဈေးနှုန်းဖြင့် ဈေးခေါ်နိုင်စွမ်းရှိ၏။

“အကာအကွယ်တစ်ခုလား” လူငယ်သည် ဆွံ့အသွားခဲ့၏။ သူသည် နှမျောတသဖြင့် သူ၏ဆရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ တပည့်အပေါ် ဤမျှ ရက်စက်သည့် စိတ်အခံ ရှိနေသည်လား။ သူတော်စင် တစ်ယောက်၏ တိုက်ခိုက်ချက်ကို ခြောက်ကြိမ်တိတိ ခံယူနိုင်သည်ဆိုလျှင်တောင်မှ ဘာသွားသုံး၍ ရမည်နည်း။ ဤအရာသည် အကာအကွယ်တစ်ခု သက်သက်သာလျှင်ဖြစ်သည်။

“တပည့် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲမှာ‌ ကြောက်ဖို့ကောင်းတဲ့ အန္တရာယ်တွေ အများကြီးရှိတယ်။ ဂိုဏ်းအသီးသီးကလည်း သတိအပြည့်နဲ့ မင်းကို စောင့်ကြည့်နေလိမ့်မယ်။ ဒီတော့ အထဲမှာ အန္တရာယ်တွေ အများကြီးရှိတယ်ဆိုတာကို အကြမ်းဖျဉ်း နားလည်ထားသင့်တယ်။ ဒီတော့ အထဲဝင်သွားပြီဆိုတာနဲ့ အဆင်ခြင်မဲ့ ပြုလုပ်လို့ မရဘူး။ အရာအားလုံးက ငါ့ရဲ့ စီစဉ်မှုအတိုင်းပဲရှိတယ်။ အဲအတိုင်းပဲ မင်းလုပ်ရမယ်”

“တပည့် လိုက်နာပါမယ်” လူငယ်သည် အကူအညီမဲ့စွာဖြင့် ခေါင်းကိုကုတ်လိုက်၏။

သူ၏ ဆရာသည် သူ့အား ကျောက်စိမ်းပြားကို ပေးခဲ့၏။ ထိုကျောက်စိမ်းပြားအား အသုံးပြုရနိုင်သည့် အခွင့်အရေး ခြောက်ကြိမ် ရှိ၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲတွင် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည့်အရာမျိုး ရှိနေသနည်း။

အမှတ်တမဲ့ဖြင့် သူသည် သေခြင်း၏ ဂိတ်တံခါးဆီသို့ လှမ်းဝင်သွားခဲ့လေသည်လား။ ဤကဲ့သို့သော အခြေအနေမျိုးဆိုလျှင် ခြောက်ကြိမ်မပြောနှင့် ခြောက်ဆယ်ဆိုသည့် အခွင့်အရေး ရှိလျှင်တောင် မလုံလောက်ချေ။

“ဆရာ... တပည့်အတွက် စီစဉ်ထားတဲ့ အကြောင်းအရာတွေကို သေသေချာချာ ရှင်းပြပါအုံး” လူငယ်က မေးမြန်းလိုက်သည်။

“ကောင်းပြီ” ယန်ရှိုသည် စတင်လိုက်၏။ သို့ပေမဲ့ သူ မပြောရသေးခင်မှာပဲ ပူပြင်းတောက်ပသော နေလုံးကြီးသည် တဖြည်းဖြည်း ဖြစ်တည်လာခဲ့၏။ ထိုအရာဆီမှ ရောင်စဉ်တန်းများ ဖြစ်တည်လာခဲ့ပြီး ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးကို ထွန်းလင်းတောက်ပစေခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အပူချိန်သည် လေထု တစ်ခုလုံးကိုပင် ကျွမ်းလောင်စေခဲ့၏။

ဤကဲ့သို့ တောက်ပသည့် အလင်းတန်းများ၏အလယ်တွင် ဆံပင်များ အနောက်ဘက်သို့ ချထားသည့် လူငယ်တစ်ယောက်က ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် တည်ငြိမ်သည့်ပုံပန်းသွင်ပြင်မျိုး တည်ရှိနေပြီး လောက၏ နတ်သားတစ်ပါးကဲ့သို့ပင် အကန့်အသတ်မဲ့ စွမ်းအင်လှိုင်းများသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည်။

“ရွှေကျီးကန်းကလန်ရဲ့ သူတော်စင်လား”

တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။ “ရွှေကျီးကန်းကလန်က ဆက်ပြီးတော့ စောင့်မနေနိုင်တော့ဘူး။ သူတို့က ဖန်တီးခြင်းလျှို့ဝှက်နယ်မြေကို ဖွင့်ဖို့ စီစဉ်နေတာပဲဖြစ်မယ်”

လူပေါင်းများစွာတို့၏ မျက်လုံးများသည် လင်းလက်သွား၏။ ၎င်းတို့သည် မွန်းစတား ကလန်များနှင့် ပတ်သက်၍ ခပ်တန်းတန်း ဆက်ဆံတတ်သည် ဆိုသော်လည်း ရွှေကျီးကန်းကလန်၏ လက်ရှိ လုပ်ရပ်ကိုတော့ ထောက်ခံကြသည်။ ထို့အပြင် သူတို့သည် အချိန်အကြာကြီး မစောင့်ချင်ကြပေ။

ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းလျက် ရှိနေသော ရွှေကျီးကန်းကလန်၏ သူတော်စင်သည် ကောင်းကင် ပေါ်မှ ဆင်းသက်လာသည့် အင်ပါယာတစ်ယောက်ကဲ့သို့ပင် အေးဆေးတည်ငြိမ်စွာဖြင့် ကြေးတံခါးကြီးဆီသို့ လှမ်းလျှောက်သွားခဲ့သည်။ သူသည် နောက်ဘက်သို့ လှည့်ကာဖြင့် အောက်ဘက်တွင် ရှိနေသော လူပေါင်းများစွာတို့ကို လှမ်းကြည့်လိုက်၏။

“အားလုံး ဒီနေရာကို ရောက်နေပြီဆိုမှတော့ ဘာကို စောင့်နေရမှာလဲ” ရွှေကျီးကန်းကလန်မှ သူတော်စင်က ပြောလိုက်သည်။ ၎င်းသည် ငယ်ရွယ်သည့် ပုံစံမျိုး ရှိသည်ဆိုသော်လည်း သူ၏အသံမှာတော့ မယုံကြည့်နိုင် လောက်အောင် အိုမင်းရင့်ရော်ကာ ခြောက်ကပ်လျက် ရှိနေ၏။ နားထောင်ရသည့် လူပေါင်းများစွာတို့၏ စိတ်ထဲတွင် စိတ်မချမ်းမြေ့သည့် အရိပ်အယောင်များ ဖြစ်တည်လျက် ရှိနေ၏။

“ရီကလန်ရဲ့ လျှို့ဝှက်နယ်မြေက မင်းတို့ မွန်းစတားကလန်ရဲ့ ထိကိုင်ခြင်းကို ခံရမှာလား” ရီချင်းမင်သည် ကောင်းကင်ပေါ်သို့ လှမ်းတက်လာခဲ့၏။ သူသည် နတ်အရှင်အဆင့် တစ်ယောက်သာ ရှိသည်ဆိုသော်လည်း သူ၏ အနောက်ဘက်တွင်တော့ သူတော်စင်တစ်ယောက် တည်ရှိနေ၏။ ၎င်း၏ အော်ရာများသည် ချောက်နက်ကြီးကဲ့သို့ပင် နက်ရှိုင်းလွန်းလှ၏။ ရွှေကျီးကန်းကလန်၏ သူတော်စင်ထက် မည်သို့မှ အားနည်းသည့်ပုံ မပေါ်ချေ။

သူတော်စင် နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် လေဟာနယ်ထဲတွင် ရန်ဆောင်လျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများသည် တည်နေရာအနှံ့တွင် ပျံ့နှံ့လျက် ရှိနေသည်။

“ဟမ်”

ရွှေကျီးကန်းကလန်၏ သူတော်စင် မျက်လုံးများထဲတွင် လျှပ်စီးလှိုင်းများ တလက်လက်နှင့် တောက်ပသွား၏။ သူသည် လက်ဝါးကို အသာဖြန့်လိုက်သည့် အချိန်မှာတော့ ဖန်တီးခြင်းသော့က ပေါ်ပေါက်လာခဲ့သည်။ ထိုအရာကို လက်ထဲတွင် မြှောက်ကိုင်ကာ ဆော့ကစားပြီးသည့်နောက် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ ရွှေကျီးကန်းကလန်ကို ရှုံးနိမ့်သွားတဲ့လူတစ်ယောက် ချန်ခဲ့တဲ့ အခွင့်အရေးကို လာပြီးယူတာလေ။ ဒါ ဘာများမှားလဲ”

“ရဲရင့်လိုက်တာ”

ရီချင်းမင်သည် အေးစက်စက် အော်ဟစ်လိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။ “အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။ ရွှေကျီးကန်းကလန်နဲ့ အင်ပါရီယာ ရီကလန်မှာ တော်ဝင်အင်ပါယာတွေ မရှိတော့ဘူး။ ဒီနေ့ ခင်ဗျားရဲ့ လုပ်ဆောင်မှုက အင်ပါရီယာ ရီကလန်နဲ့ စစ်ပွဲဖြစ်ချင်နေတာလား”

“အဲတော့ ဘာဖြစ်လဲ”

ရွှေကျီးကန်းကလန်က သူတော်စင်သည် တစ်ချက်ကလေးမှ အားနည်းသည့်ပုံစံကို မပြသချေ။ လက်ရှိအခြေအနေ၌ သူသည် လူသားဌာနေဆီသို့ ရောက်ရှိနေသည်ဆိုသော်လည်း အားလုံးသော သူတို့၏ အထက်တွင် မောက်မာစွာဖြင့် တည်ရှိခဲ့သည့် သူတစ်ယောက်ပီသစွာပင် မော်ကြွားစွာ ပြုမူလျက် ရှိနေ၏။

အခြေအနေတစ်ခုလုံးသည် တကယ်ပင် တင်းမာလျက် ရှိနေလေ၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် လေထုထဲတွင် ပြည့်နှက်လျက် ရှိနေပြီး ရေတွက်လို့မရအောင် များပြားလှသည့် လူပေါင်းများစွာတို့၏ မျက်နှာ များသည် ဖြူလျော်သွားခဲ့ကြသည်။

သူတော်စင်နှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် ရန်ဆောင်လျက်ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ် ဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အော်ရာများသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့နေ၏။ လှုပ်ရှားတိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် မိုင်ထောင်ချီ တည်နေရာတစ်ခုလုံးသည် တိုက်ခိုက်ရေးတည်နေရာကြီးအဖြစ် ပြောင်းလဲသွားမှာဖြစ်၏။ ထိုသို့ဆိုလျှင် မည်သူမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက အကုန်ရှုပ်ထွေးကုန်ပေလိမ့်မည်။

“အဟမ်း.. အဟမ်း”

တိုင်ချူးနတ်အရှင်ဆီမှ ချောင်းဟမ့်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ သူသည် အားလုံးသောသူတို့၏ ဖိအားဒဏ်ကို စာနာသနားသလိုပင်။ လက်ထဲတွင် ဖန်တီးခြင်းသော့ကို ကိုင်ဆောင်ထားပြီးသည့်နောက် ပဋိပက္ခ ဖြစ်ပွားလျက် ရှိနေသည့် နှစ်ဦးကြားတွင် မတ်မတ်ရပ်လိုက်၏။

တိုင်ချူးနတ်အရှင်သည် အသာပင် ပြောလိုက်၏။ “တကယ်လို့ ခင်ဗျားတို့ နှစ်ယောက်ကြားမှာ ပဋိပက္ခတွေ ရှိတယ်ဆိုရင် နောက်မှ ဖြေရှင်းလို့ မရဘူးလား။ အခု အရေးအကြီးဆုံးက ဖန်တီးခြင်းလျှို့ဝှက်နယ်မြေကို ဖွင့်ဖို့ပဲ”

အင်ပါရီယာ ရီကလန်နှင့် ရွှေကျီးကန်းကလန်တို့၏ အကြားတွင် ရှိနေသည့် ရန်ငြိုးရန်စသည် တကယ်ပင် နက်ရှိုင်းလွန်းလှ၏။ တစ်ညတည်းနှင့် ဖြေရှင်းနိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ လက်ရှိအခြေအနေ၌ အရေး အကြီးဆုံးသည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေပင် ဖြစ်သည်။

ပိုမို အရေးကြီးသည်မှာ တိုင်းချူးနတ်အရှင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်း အချက်အလက်များကို ဝယ်ယူခဲ့၏။ လျှို့ဝှက်နယ်မြေ ပိတ်ထားသည်ဆိုပါက ဝယ်ယူခဲ့သည့် အခွင့်အရေး များကို ဖြုန်းတီးခြင်းနှင့် ဆင်တူနေမည် မဟုတ်ပါလား။ သူတို့၏ နတ်နယ်မြေသည် ချမ်းသာလှသည် ဆိုလျှင်တောင်မှ ဤကဲ့သို့သော ဖြုန်းတီးမှုမျိုးကို လက်ခံနိုင်သည့်အရာမျိုး မဟုတ်ချေ။

“တိုင်ချူးနတ်အရှင် ပြောတာ မှန်တယ်လို့ ကျုပ်ထင်တယ်” အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်ရှိုသည် လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သူသည် လေထုထဲတွင် တစ်လှမ်းချင်းလှမ်းလျှောက်လာခဲ့ ပြီးသည့်နောက် ဂိုဏ်းချုပ်တစ်ယောက်၏ အလုံးစုံသော ဟန်ပန်အမူအရာမျိုးကို ထုတ်ဖော်ပြသလျက် ရှိနေလေ၏။ သူ၏ တခြားဘက်တွင် ရှိနေသည့် လူများအားလုံးကို လှမ်းကြည့်ရှုလိုက်၏။

အားလုံးတို့၏ အထဲတွင် သူတော်စင်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိနိုင်သည့် တစ်ဦးတည်းသော လူတစ်ယောက် ဖြစ်သည်မို့ တကယ်ပင် စိတ်ကျေနပ်စရာ ကောင်းလွန်းလှ၏။ အားလုံးသော သူတို့သည် နတ်အရှင်အဆင့်သာလျှင် တည်ရှိနေသေး၏။ သူတစ်ယောက်တည်းသည်သာ ထိုသူတို့အားလုံးထက် ပိုမိုကာ အဆင့်မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည်။ ဂုဏ်မောက်စရာပင်။

ပြိုင်ဘက်ကင်းရသည်မှာ တကယ်ကို အထီးကျန် လှသည်ဆိုသော ခံစားချက်ကို သူ ရရှိနေ၏။ သို့ပေမဲ့ သူ၏ အကြည့်များသည် သူနှင့် မနီးမဝေး တည်နေရာတွင် ရှိနေသည့် တော်ဝင်ဓားဂိုဏ်းဆီသို့ အကြည့် ရောက်သွားချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့မိ၏။

All Chapters