← Chapters

အပိုင်း (၁၆၃)

Vol. 11 Ch. 163

အပိုင်း (၁၆၃)

Vol. 11 Ch. 163

ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင်တော့ လီယွင်သည် ယန်ရှိုအား ထူးဆန်းသည့် မျက်နှာသွင်ပြင်ဖြင့် ကြည့်ရှုနေလေ၏။ လွန်ခဲ့သော ဆယ်ငါးမိနစ်ခန့်က ယန်ရှိုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အလျှင်အမြန် ပြေးဝင်လာခဲ့ပြီးသည့်နောက် နတ်အဆင့်စိတ်ဝိညာဉ်ဆေးပင်တစ်ခုကို ထုတ်ယူပြီး သူ၏ရှေ့တွင် ထားခဲ့၏။ ပြီးနောက် သူ၏တပည့်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းခဲ့၏။

ပြီးနောက် လီယွင်သည် သူ့အား တိကျသည့် တည်နေရာတစ်ခုကို ပေးအပ်ခဲ့လေသည်။

ပြီးနောက် ယန်ရှိုသည် နတ်အဆင့်ပစ္စည်းသုံးခုကို တစ်ခါတည်း ထုတ်ယူပြီးသည့်နောက် သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်ကို ရရှိနိုင်သည့် ကန့်သတ်ချက်များကို မည်ကဲ့သို့ ချိုးဖောက်ရမည်ဆိုသည့်နည်းလမ်းကို လဲလှယ် မေးမြန်းခဲ့ပြန်၏။

မထင်မှတ်ထားလောက်အောင်ဘဲ ရောင်စဉ်အလင်းနတ်နယ်မြေမှ အရင်းအမြစ်များကို ရယူခဲ့သော ယန်ရှိုသည် ဤနေရာ၌ အသုံးပြုလျက်ရှိသည်။ သူသည် ထိုအရာများကို အသုံးပြုပြီး အခွင့်အရေး ကို ရယူရန် ကြိုးစားလျက်ရှိနေသည်။

လီယွင်သည် နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင်လေးခုလုံးကို သိမ်းဆည်းပြီးသည့်နောက် ကျန်းပိုင်ချွမ်း တည်ရှိရာနေရာနှင့် မည်ကဲ့သို့သွားရမည်ဆိုသည့် သတင်းအချက်အလက်များကို ပံ့ပိုးပေးခဲ့၏။ ဤအရာသည် ကောင်းကင်လျှို့ဝှက်အမှတ် အတော်များများ ကုန်ကျခြင်းမရှိချေ။ သူတော်စင်အဆင့်ဆေးပင်၏ အစီအရင်ကန့်သတ်ချက်ကို မည်ကဲ့သို့ချိုးဖောက်ရမည်ဆိုသည့် နည်းလမ်းကို သူအစောကြီးထဲက သိရှိနေပြီးသား ဖြစ်နေသောကြောင့်ပင်။

ပြောရမည်ဆိုလျှင် သူ၏မျက်စိထဲတွင် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေဆိုသည်မှာ မည်သည့် လျှို့ဝှက်ချက်မှ မရှိတော့ချေ။ သူကိုယ်တိုင် ဤနေရာဆီသို့ ဝင်ရောက်သည်ဆိုပါက အထဲတွင်ရှိနေသည့် အခွင့်အရေး အမွေအနှစ် အားလုံးသည် သူ၏လက်ထဲသို့ သက်ဆင်းလာရမှာသေချာ၏။

လီယွင်သည် ခဏလောက်တွေးတောလိုက်သည်။ “နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင်လေးခုကို တစ်ခါတည်း ပေးခဲ့တယ်။ ကြည့်ရတာ ယန်ရှိုက တော်တော်လေး ချမ်းသာနေတဲ့ပုံပဲ”

နတ်အဆင့်စိတ်ဝိညာဉ်ဆေးပင်များ၏ တန်ဖိုးသည် သူတော်စင်အဆင့်ဆေးပင်နှင့် နှိုင်းယှဉ်၍ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ တန်ဖိုးချင်းတူညီသည်ဆိုလျှင်တောင်မှ ပေးအပ်ခဲ့ရသည့် သတင်းအချက်အလက်၏ တန်ဖိုးသည် ပိုပိုကာ ကြီးမား၏။ သို့ပေမဲ့ သူသည် မည်သည့်ကုန်ကျစရိတ်မှမရှိဘဲ ထိုသတင်းအချက် အလက်ကို ပေးအပ်နိုင်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ထိုက်တန်နေသေး၏။

သူသည် ယန်ရှိုဆီမှ တော်တော်များများ အကျိုးအမြတ်များကို ရရှိခဲ့သည်ဟုဆိုရမည်။ ဖန်တီးခြင်းလျှို့ဝှက် နယ်မြေသည် သူတော်စင်အဆင့်စိတ်ဝိညာဉ်ဆေးပင်တစ်ခုတည်း တည်ရှိနေခြင်း မဟုတ်ပေ။ သူတော်စင် ဘုရင်အဆင့်၊ တော်ဝင်သူတော်အဆင့်နှင့် ကွာစီအင်ပါယာအဆင့် ဆေးပင်များပင် တည်ရှိ၏။ ယန်ရှိုအနေနှင့် သူတော်စင်အဆင့် ဆေးပင်ုမျှလောက်နှင့်လောဘ သတ်လိမ့်မည်မဟုတ်ဟု သူက ယုံကြည်မိသည်။

တခြားတစ်ဖက်တွင်ရှိနေသည့် ယန်ရှိုမှာမူ မျက်နှာပေါ်တွင် ပျော်ရွှင်နေသည့်အရိပ်အယောင်များနှင့် ထိုင်လျက် ရှိနေ၏။ ထိုအပြုံးထဲတွင်တော့ တကယ်ပင် အူလှိုက်သည်းလှိုက်နှင့် ပျော်ရွှင်လျက်ရှိနေသည့် အရိပ် သင်္ကတမျိုး အထင်သားပေါ်နေသည်။ တပြိုင်နက်တည်းမှာပဲ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်များ ဝယ်ယူသွားခဲ့ကြသည့် လူအားလုံးကို အထင်သေးမိ၏။

ပြောရမည်ဆိုလျှင် အခြေအနေ ပြောင်းလဲမှုများနောက်တွင် အစီအစဉ်သည် အချိန်မ‌ရွေးပြောင်းလဲသွား နိုင်၏။ လိုအပ်သည့်အချိန်ကျမှ သတင်းအချက်များကို ဝယ်ယူခြင်းဆိုသည်မှာ တစ်ကယ်ကို ကောင်းမွန်လှသည့်အရာ ဖြစ်သည်။ သူသည် ယခင်တုန်းက သူတော်စင်ဖြစ်ရန် အခွင့်အရေးကို ဝယ်ယူခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ ထိုအရာကို ရမ်ချင်းတုက လုယူသွားခဲ့၏။

ဤတစ်ကြိမ်မှာတော့ သူသည် ကောင်းကင် လျှို့ဝှက်နန်းဆောင်တွင် ထိုင်နေ၏။ များပြားလှသည့် တိုက်ဆိုင်မှုများ၊ များပြားလှသည့် အန္တရာယ်များအားလုံးကို မည်သည့်ကောက်ချက်ချမှုမှ မလွတ်မြောက် နိုင်သော စီနီယာ၏ ရှေ့တည့်တည့်တွင် ထိုင်ကာဖြင့် သေးငယ်လှသည့် တန်ဖိုးများကို ပေးအပ်ကာ ဖန်တီးခြင်း လျှို့ဝှက်နယ်မြေထဲတွင်ရှိနေသည့် ကံကောင်းခြင်းတရားများ ကိုယူဆောင်ရန် သူက လုပ်ဆောင်နေနိုင်ပြီ ဖြစ်သည်။

အင်ပါရီယာရီကလန်သည် သံသယရှိစွာမလိုဘဲ အလွန်အားကောင်းလှသည့် ကလန်ဖြစ်၏။ ထို့ပြင် မွန်းစတားကလန်၏ တော်ဝင်မိသားစုဖြစ်သော ရွှေကျီးကန်းကလန်လည်း တည်ရှိနေ၏။ သို့ပေမဲ့ ဖန်တီးခြင်း လျှို့ဝှက်နယ်မြေထဲသို့ ပို့ဆောင်သည့် လူအရေအတွက်သည် အကန့်အသက်ဖြင့် တည်ရှိနေ၏။ ၎င်းတို့ထဲ၌ ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူဆိုသည့် နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူသာ ပါဝင်၏။

နတ်အဆင့် ကြမ်းတမ်းလှသည့် သားရဲကြီးများနှင့် တွေ့ဆုံရသည်ဆိုပါက အနိုင်ရရှိရန်ဆိုသည်မှာ မသေချာလှပေ။ ကြမ်းတမ်းလှသည့်သားရဲရိုင်း အုပ်စုထဲသို့ ဝင်ရောက်မိသည်ဆိုပါက ကျိန်းသေပေါက် ရုန်းရင်းဆန်ခတ်ဖြင့် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့ပြင် ကြမ်းတမ်းလှသော သားရဲရိုင်းများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အခြားသောသူများ၏ ပုန်းအောင်းတိုက်ခိုက်မှုကို စိတ်ပူရန်လည်း လိုအပ်နေသေးသည်။

ထို့ကြောင့် သူသည် မည်သည့်စိုးရိမ်ပူပန်မှုမှမရှိဘဲ မည်ကဲ့သို့သွားရမည်ဆိုသည့် အကြောင်းအရာများအား စီနီယာဆီသို့ အချိန်ကိုက် မေးမြန်းခြင်းကသာလျှင် အကောင်းဆုံး ဖြစ်မည်ဟု တွေးတောထားခဲ့၏။ ထိုအတွေးကိုတွေးပြီး ကျေနပ်နေရင်းမှာပဲ သူသည် ခေါင်းကိုအသာလှည့်ကာဖြင့် လီယွင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

သူတို့နှစ်ယောက်လုံးသည် ပြုံးလျက်ရှိ၏။ အရာအားလုံးသည် စကားလုံးများဖြင့် ဖော်ညွှန်းရန်ပင် မလိုအပ်တော့ချေ။

လက်ရှိအခြေအနေမှာတော့ နှစ်ယောက်လုံးသည် ရွှေပုံကြီးပေါ်တွင် ထိုင်နေသကဲ့သို့ ခံစားနေမိကြသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ၌ အခြေအနေ တစ်ခုလုံးသည် ပေါ့ပေါ့ပါးပါး ဖြစ်တည်လျက် ရှိနေသည်ဆို‌သော်လည်း ကျန်းပိုင်ချွမ်းမှာတော့ ခွေးအိုကြီး တစ်ကောင်ကဲ့သို့ပင် မောပန်းလျက်ရှိနေ၏။ သူသည် အမြန်နှုန်းကို အဆုံးစွန်ထိ မြှင့်တင်ပြီးသည့်နောက် သူ၏ဆရာပြောသော တည်နေရာဆီသို့ ပြေးသွားခဲ့၏။

သူ၏ နောက်ဖက်တွင် နတ်အဆင့်စွမ်းအားမြင့်သားရဲရိုင်းကြီးတစ်ကောင်က လိုက်ပါလျက်ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချပ်ဝတ်ကဲ့သို့ အကြေးခွံများတည်ရှိနေကာ အညိုရောင်ခေါင်းကြီးတစ်ခုသည် ပေတစ်ထောင် နီးပါးခန့်ကြီးမားလွန်းသည်။ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကိုလည်း ထုတ်ဖော်နေသေးသည်။ ကြက်သီးမွေးညှင်း ထလောက်စရာပင်။

ထိုအကောင်ကြီးသည် ကျန်းပိုင်ချွမ်းနောက်သို့ တစ်ချက်ကလေးမှ ညှာတာမှုမရှိဘဲ လိုက်လံ တိုက်ခိုက်နေ၏။ သွေးကဲ့သို့ တောက်ပလျက်ရှိနေသည့် မျက်လုံးကြီးများသည် ပြူးကျယ်လျက်ရှိနေပြီး ကျန်းပိုင်ချွမ်းကို တစ်စစီ လုပ်ပစ်ချင်သည့် အရိပ်အယောင်များ အထင်းသားပေါ်နေသည်။

၎င်းသည် မည်သူ့ကိုမှ ဂရုမစိုက်ချေ။ တစ်လောကလုံးတွင် ကျန်းပိုင်ချွမ်း တစ်ယောက်တည်းရှိနေသလိုပင် ကျန်းပိုင်ချွမ်း၏ နောက်ဆီသို့သာ တည့်တည့်လိုက်နေ၏။

ဘန်း

လိုက်ပါလျက်ရှိနေတုန်းမှာပဲ ထိုသတ္တဝါကြီးသည် ခြေဆောင့်လိုက်၏။ သူ၏ တောင်ငယ်တစ်ခုကဲ့သို့ ကြီးမား လှသည့် ခန္ဓာကိုယ်ကြီးမှ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများ ပေါ်ပေါက်လာခဲ့သည်။

ထိုအရာကို ကြည့်ရှုမိသည့်လူအားလုံးတို့သည် ကြက်သီးမွေးညှင်းပင် ထသွားခဲ့ကြ၏။ ထိုကဲ့သို့ ကြီးမားလှသည့် သတ္တဝါကြီးသည် ခန့်မှန်း၍မရအောင် အားကောင်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော် လိုက်သည့် အချိန်မှာတော့ အနီးအနားတွင်ရှိနေသည့် အရာအားလုံးတို့မှာ လွှင့်စင်ထွက်ကုန်ကြ၏။

ဝှစ်

ဤကဲ့သို့ ရှုပ်ထွေးလျက်ရှိနေတုန်းမှာပဲ ကျန်းပိုင်ချွမ်းသည် ချက်ခြင်းဆိုသလိုပဲ အရှိန်နှုန်းကို ထပ်မံကာ တင်လိုက်ပြန်သည်။

တစ်ဖက်၏ စွမ်းအင်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ ထို့ပြင် ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းဆိုသည်မှာ ခန္ဓာကိုယ်ကျင့်ကြံရာ၌ အထူးပြုသည့် ဂိုဏ်းမျိုးလည်း မဟုတ်ချေ။ သူ၏ သေးသွယ်လှသော ခန္ဓာကိုယ်နှင့်ဆိုလျှင် ဤသတ္တဝါ၏ တစ်ချက်လောက်ရိုက်နှက်ခြင်းကို ခံလိုက်ရသည်ဆိုပါက အရိုးတစ်ခြား အသား တခြားဖြစ်သွားပေမည်။

မိုင်ဆယ်ချီကွာဝေးသည့် တည်နေရာတွင်တော့ နတ်ဘုရားတောင်ထွတ်တစ်ခု ရှိနေ၏။ ထိုတောင်ကုန်း ပေါ်တွင် နတ်ပန်းများသည် လေနှင့်အတူ ယိမ်းယိုင်လျက်ရှိနေပြီး ကြည်လင်ရှင်းလင်းလွန်း လှသည့် အလင်းရောင်များကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်းဆီမှ ထွက်ပေါ်လျက် ရှိနေသည့် အမွှေးနံ့များသည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့ပြီးမွှေးကြိုင်စေခဲ့၏။

စိတ်ဝိညာဉ်ဆေးပင်များ၏ ဘေးတစ်ဖက်တွင် များပြားလှသည့် ပုံရိပ်များ မတ်တပ်ရပ်လျက်ရှိနေ၏။ ၎င်းတို့ အားလုံးတို့သည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် ဤသူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ကြသော ကျင့်ကြံသူများဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ အတူတူ စုစည်းကာ မတ်တပ် ရပ်လျက်ရှိနေပြီး ရှေ့တွင်ရှိနေသည့် အတားအဆီးအစီအရင်ကြီးကို မည်ကဲ့သို့ ချိုးဖြတ်ရမည်ဖြစ်ကြောင်းကို ဆွေးနွေးတိုင်ပင်လျက် ရှိနေ၏။

“ဒီနေရာမှာ သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် တကယ်ရှိနေတာပဲ” ကျန်းပိုင်ချွမ်းသည် သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်ကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးများ လင်းလက်သွားခဲ့၏။ သူ၏ အမြန်နှုန်းသည် ထပ်မံကာတိုး တက်လာခဲ့သည်။

အနားပတ်ဝန်းကျင်တွင် ရှိနေသည့် လူများအားလုံးကို သူသည် တကယ်ပင် လျစ်လျူရှုထားမိ၏။ နှလုံးသားထဲတွင်တော့ တစ်ခုတည်းသာဖြစ်၏။

“ကျေးဇူးတင်ပါတယ်။ ဆရာက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားခဲ့တာပဲ။ မဟုတ်ရင် ငါဒီနေ့ အသက် ရှင်နိုင်မှာမဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်က တကယ့်ကို နာမည်နဲ့ထိုက်တန်တဲ့နေရာတစ်ခုပဲ။ သတင်းအချက်အလက်တွေကို ကြိုပြီးတော့ခန့်မှန်းနိုင်ရုံသာမကဘူး။ သူတော်စင်အဆင့်စိတ်ဝိညာဉ် ဆေးပင်ကို ကာကွယ်ထားတဲ့ အစီအရင်တည်ရှိမှုနဲ့ နတ်အဆင့်သားရဲရိုင်းကြီးရဲ့ တိုက်ခိုက်မှုကနေ ဘယ်လို ချိုးဖြတ်ပြီးပြေးရမယ်ဆိုတဲ့ နည်းလမ်းကိုပါ သိရှိနေတာပဲ”

ခရက်

တိမ်များကို ချိုးဖောက်ပြီးသည့်နောက် ကျန်းပိုင်ချွမ်းသည် မဲနက်လှသည့် နတ်ဆိုးတိမ်မြူတစ်ခုကဲ့သို့ အသွင်ပြောင်းကာဖြင့် တည်နေရာကို ဖြတ်သန်း၍ တောင်ထွတ်တည်နေရာဆီသို့ ပြေးဝင်သွားခဲ့၏။

သူ၏ လက်ထဲတွင်ရှိနေသည့် သင်္ကေတများသည် လင်းလက်သွား၏။ ထိုအလင်းတန်းများသည် အစီအရင်နှင့် သွားရောက် ထိမှန်ပြီးနောက် အစီအရင်မျက်နှာပြင်ပေါ်တွင် ချက်ချင်းဆိုသလိုပဲ တည်နေရာ ဂိတ်တံခါးတစ်ခု ပေါ်ပေါက်လာခဲ့၏။

ရှေ့တွင်ရှိနေသော လူအားလုံး မတုံ့ပြန်နိုင်သေးခင်မှာပဲ သူသည် အစီအရင်ထဲသို့ ပြေးဝင်သွားခဲ့လေသည်။

All Chapters