အသင်္ချေ နတ်ဆိုးအရိပ်
Vol. 80 Ch. 1186
ကျန်းယင်ယွဲ့သည် ရန်သူကို ဤကဲ့သို့သော နည်းလမ်းဖြင့် ရှုံးနိမ့်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
ဤနေရာက လုံးဝ ပိတ်ထားသောနေရာလွတ် ဖြစ်၍ အလင်းတစ်စက်မှ မရှိသလို သူခြေထောက်အောက်ဖက်ရှိ ချောကျိကျိ နေရာလွတ်စိတ်ဝိညာဥ် အရည်များသည် ကျန်းယင်ယွဲ့ ၏ စိတ်ကို နောက်ကျိစေခဲ့သည်။
"မင်းကိုကြည့်ရတာ အနိုင်ရသွားတာကို မကျေနပ်ပုံရတယ်"
ကျန်းယင်ယွဲ့ကို မျိုချပြီးနောက်တွင် ထွင်ထျန်းဟာသည် ကျန်းယင်ယွဲ့၏ တုံ့ပြန်မှုကို အချိန်တိုင်းနီးပါး အာရုံစိုက်ခဲ့သည်။
တစ်ဖက်လူအား သူ၏နေရာလွတ်ထဲကနေ ထွက်ပြေးရန် ကြံစည်နေသည်မှာ သံသယဝင်စရာ မရှိပေ။
သူ ယခုလုပ်ဆောင်ရမည်မှာ သတိအကြီးကြီးထား၍ ကျန်း ယင်ယွဲ့ကို မည်သည့်အခွင့်အရေးမှ မပေးစေရန်ပင် ဖြစ်၏
"ဒီကျောက်စက်ပန်းဆွဲ လှိုဏ်ဂူထဲမှာ ရန်သူ ဘယ်နှစ်ယောက်လောက်ရှိလဲ"
ထွင်ထျန်းဟာက လူသား အသွင်သဏ္ဍာန်ကို ပြောင်းလဲပြီးနောက်တွင် ကျန်းယင်ယွဲ့ကို အခြေအနေ မေးမြန်းလိုက်သည်။
သူ၏ အထူးနေရာလွတ်ကို ဝမ်လင်းကိုယ်တိုင် စီစဥ်ပေးထားခဲ့ခြင်း ဖြစ်၏။
ထိုနေရာက ပြင်ပ သတင်းအချက်အလက် အားလုံးကို အဆက်အသွယ် ဖြတ်တောက်ထား၍ တွင်းနက်အသေးစားလေးနှင့် မခြားပေ။
သူ၏ နှလုံးသားထဲရှိ နေရာလွတ်တွင် အကျဥ်းကျခံရလျှင် ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်သွယ်ပြတ်ပြီး သူ၏ အသံကိုသာကြားနိုင်မည် ဖြစ်သည်။
"ငါက တစ်ခြားသူတွေကို သစ္စာဖောက်မယ့်သူလို့ မင်းထင်နေတာလား"
"နောက်ကွယ်က ကြိုးကိုင်သူအကြောင်းကို မပြောချင်လဲရပါတယ်.. အခြားသူတွေ အကြောင်းကို သတင်းအချက်အလက်ပေးရင် ရပါပြီ.. သူတို့ရဲ့စွမ်းရည်တွေကို ငါတို့ သိဖို့လိုအပ်တယ်.. အဲသလောက်ဆိုရင် ရန်သူတွေကို အနိုင်ယူဖို့အတွက် သူတို့ရဲ့ အားနည်းချက်ကို ငါတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေနိုင်တယ်"
ထွင်ထျန်းဟာက ပြောလိုက်သည်။
"ဒါက ရန်သူနဲ့ ပူးပေါင်းတာပဲလေ.. ဘာထူးသွားလို့လဲ"
ကျန်းယင်ယွဲ့က လှောင်ပြောင်၍ ပြောလိုက်သည်။
"မင်းက မင်းကို ပြန်လည်ရှင်သန်အောင် ကူညီပေးတဲ့သူကို အားကိုးချင်နေတာလား.. သူက ကောင်းကင်ဆန္ဒကို ဆန့်ကျင်နေတဲ့သူတစ်ယောက်ပဲ.. သိပ်မကြာခင်မှာ ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်"
ထွင်ထျန်းဟာက ကျန်းယင်ယွဲ့ကို တည်ငြိမ်စွာ ခွဲခြမ်း စိတ်ဖြာပြခဲ့သည်။
"ဒီနေရာမှာရှိနေတာက မင်းအတွက် လုံးဝ လုံခြုံမှုရှိတယ်"
"နောက်ကွယ်က ကြိုးကိုင်သူကို ကောင်းကင်ဘုံက အပြစ်ပေးခဲ့ရင် ရှင်သန်ထမြောက်လာတဲ့ လူတွေအားလုံးက ပျောက်ကွယ်သွားမှာ ဖြစ်တယ်.. ဒါပေမဲ့ မင်းကတော့ ဒီနေရာမှာရှိနေသ၍ မင်းရဲ့အသက်ကို ထိန်းသိမ်းထားနိုင်လိမ့်မယ်
ရန်သူ၏ အကြောင်းကိုသိလျှင် မရှုံးနိမ့်နိုင် ဟူသောဆိုရိုး စကားရှိသည်။
ထွင်ထျန်းဟာသည် တစ်ဖက်အဖွဲ့တွင် ရန်သူ အရေအတွက် မည်မျှရှိသလဲ ဆိုသည်ကို ယခုအထိ မသိသေးပေ။
ဤအချိန်တွင် ကျန်းယင်ယွဲ့ကို စည်းရုံးဖို့ ကြိုးစားသည်က အကောင်းဆုံး အခွင့်အရေးဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။
ထို့အပြင် ကျန်းယင်ယွဲ့ မငြင်းဆန်နိုင်သည့် အထူး လက်နက်တစ်ခုလဲ သူ့တွင်ရှိ၏။
"ဒီကမ္ဘာကြီးမှာ ငါမလုပ်ဘူးတာ ဘာမှမရှိတော့ဘူး.. သာမန် အခြေအနေလောက်က ငါ့အတွက် ဘာမှအသုံးမဝင်ဘူး"
နေရာလွတ်ထဲတွင် ကျန်းယင်ယွဲ့သည် သူမ၏ထီးကို ဖွင့်လိုက်ပြီး ထီးပေါ်တွင် ခြေချိတ်၍ ထိုင်နေခဲ့သည်။
"ဒါဆို မင်းမြင်တွေ့ခဲ့တဲ့ မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်က အတုလို့ ငါပြောရင် မင်းယုံမှာလား"
"အတုလား.. မဖြစ်နိုင်ပါဘူး.. သူမက ဒီလောက်သန်မာတာ.. ဘယ်လိုလုပ် အတု ဖြစ်နိုင်မှာလဲ.. ဒါ့အပြင် သူမက ဉာဏ်ရည်ထက်မြက်တဲ့အပြင် ယဥ်ကျေးသိမ်မွေ့မှုလည်း ရှိတယ်"
"ဟုတ်တယ် သူမက မင်းပြောတဲ့ ဉာဏ်ရည်ထက်မြက်ပြီး ယဥ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီး တစ်ယောက်ပဲ"
"အဲလိုလူမျိုးက ရုပ်ဝတ္ထုပစ္စည်းတွေကို စွဲလမ်းလိမ့်မယ်လို့ မင်းထင်လား"
ထိုစကားကိုကြားပြီး ကျန်းယင်ယွဲ့သည် နက်ရှိုင်းစွာ တွေးတောနေမိသည်။
တကယ်တမ်း ပြောရလျှင် ဤကိစ္စသည် အနည်းငယ် ထူးဆန်းနေ၏။
မန်ဘာကြေးကောက်ခံခြင်းသည် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်၏ စရိုက်လက္ခဏာနှင့် မကိုက်ညီပေ။
ဆိုရလျှင် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်သည် သူမ ဘဝတွင် အလေးစားရဆုံး အိုင်ဒေါလ် တစ်ယောက်လည်း ဖြစ်သည်။
အကယ်၍သာ မန်ဘာကြေး အများအပြားပေးပြီး ရင်ဆိုင်ခဲ့ရသော ရန်သူက အတုဖြစ်နေခဲ့လျှင် သူမအနေဖြင့် နောင်တများကို တစ်သက်လုံး ရင်ဝယ်ပိုက်ထားရမည် မဟုတ်ပါလား။
"မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်အစစ်က ဘယ်လိုလူမျိုးလဲ"
"သူမက မင်းမြင်ဖူးတဲ့ အတုထက်ပိုပြီး စိတ်နှလုံးကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ"
ထွင်ထျန်းဟာက ပြောလိုက်သည်။
တစ်ဖက်တွင်လည်း ကျန်းယွင်ယွဲ့သည် တစ်ခဏမျှ အပြင်းအထန် စဥ်းစားခန်း ဝင်နေခဲ့သည်။
"အခု နင်ပြောတဲ့ အရာအားလုံးကို ကျိန်ဆိုရဲလား"
"ကျိန်စာဆိုတိုင်း ယုံကြည်စိတ်ချရတာ မဟုတ်ပါဘူး.. ဒါပေမယ့် ငါမင်းကို လှည့်စားနေတယ်လို့ မင်းထင်နေရင်တော့ ငါ ကျိန်ဆိုပေးနိုင်ပါတယ်"
"ထားလိုက်ပါတော့.. အဲလောက်ထိ မလိုတော့ပါဘူး.. ဒီတစ်ခါ ငါနင့်ကို ယုံကြည်လိုက်မယ်.. ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားမယ်နော်.. ငါက စွမ်းရည်အကြောင်းပဲ သတင်းအချက်အလက်တွေပေးဖို့ တာဝန်ယူနိုင်တယ်"
အဆုံးသတ်တွင် ကျန်းယင်ယွဲ့က သက်ပြင်းချလိုက်ပြီး ထွင်ထျန်းဟာကို သဘောတူလိုက်သည်။
နောက်ကွယ်မှ ကြိုးကိုင်သူက မည်သည့်အရာများ စီစဥ်ထားသလဲ ဆိုသည်ကို သူမ စိတ်မဝင်စားပေ။
သူမ ရှင်သန်ထမြောက်ပြီးနောက် အဖြစ်ချင်ဆုံးဆန္ဒမှာ မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို မြင်တွေ့ခွင့်ရရန်ပင် ဖြစ်သည်။
သူမ၏ ရန်သူတစ်ဖြစ်လဲ အိုက်ဒေါလ်ကို ထပ်မံ မမြင်တွေ့ရလျှင် သူမ အသက်ရှင်နေလျှင်ပင် ဝမ်းနည်းစရာ ဖြစ်နေပေလိမ့်မည် မဟုတ်ပါလော။
ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူ၏ ဒုတိယဇုန်ကို အောင်မြင်စွာဝင်ရောက်ပြီးနောက်တွင် ဂူထဲရှိ စိုထိုင်းဆသည် ပိုမို၍ များပြားလာပြီး နံရံများတွင်လည်း မှိုအမျိုးမျိုးနှင့် ဖုံးလွှမ်းနေခဲ့သည်။
ဤမှိုများသည် ရောင်စုံမှိုများဖြစ်ပြီး ဖျော့တော့သော အလင်းရောင်များကို ထုတ်လွှတ်နေသောကြောင့် တစ်ချက်ကြည့်ရုံဖြင့်ပင် အတော်လေး အဆိပ်ပြင်းပြီး စားလို့မရမှန်း သိနိုင်ပေသည်။
ဝမ်ကျန်းက ထိုနေရာတွင် ခြေလေးချောင်းထောက် အိုးဟောင်းတစ်လုံးကို တွေ့ရှိလိုက်သည်။
ထိုအိုး၏ မျက်နှာပြင်သည် ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူ၏ စိုထိုင်းဆကြောင့် သံချေးတက်နေခဲ့၏။
ဝမ်ကျန်းက အိုးကို ဖွင့်လိုက်ပြီး အတွင်းထဲက ပြာကို လက်ဖြင့်တို့ကာ နှာခေါင်းနားတွင် အနံ့ခံလိုက်သည်။
"ဒီအိုးကို လွန်ခဲ့တဲ့ တစ်လက နောက်ဆုံး အသုံးပြုခဲ့တာပဲ"
"မင်းက အဲ့ဒါကိုတောင် အနံ့ခံနိုင်တယ်လား"
ထွင်ထျန်းဟာက ဝမ်ကျန်း၏ အနံ့ခံအာရုံကို အံ့အားသင့်သွားခဲ့သည်။
ယုတ္တိဗေဒ အရပြောရလျှင် ဤသည်မှာ သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်သည် မဟုတ်ပါလော။
"ဝမ်ကျန်း ပြောတာမှန်တယ်.. ဒီပြာတွေနဲ့ဖော်စပ်မယ့် ဆေးလုံး အမျိုးအစားက စိုစွတ်တဲ့ အဆိပ်ကို ရှင်းလင်းပေးတဲ့ဆေးလုံး ဖြစ်နိုင်တယ်.. ဒီဆေးလုံးကို ဖော်စပ်ဖို့ အနီးနားမှာရှိတဲ့ အလင်းမှိုတွေကို သန့်စင်ထားတဲ့ပုံပဲ.. ဒီဆေးလုံးက ခန္ဓာကိုယ်ရဲ့ အစိုဓာတ်တွေကို သက်သာရစေနိုင်တဲ့ဆေးလုံးပဲ ဖြစ်ရမယ်"
သူတို့ စုဆောင်းရရှိထားသည့် သဲလွန်စများအရ အဘိုးအိုဟွမ်ဖုန်း သည် အလွန်သတိကြီးသူ ဖြစ်သည်။
အထူးသဖြင့် အသက်အရွယ်ကြီးသော ကျင့်ကြံသူများသည် ခန္ဓာကိုယ်ထဲသို့ အစိုဓာတ်များ ဝင်ရောက်လာမည်ကို အလွန်ပင် ကြောက်ရွံ့ကြ၏။
အစိုဓာတ်သည် ကျင့်ကြံခြင်း ကမ္ဘာတွင် အလွန်ပင် ထူးခြားသည်။
ခန္ဓာကိုယ်ထဲတွင် အစိုဓာတ် အလွန်အမင်း များပြားလာခဲ့လျှင် အကြောများကို အေးခဲစေပြီး စိတ်ဝိညာဥ်အရည် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်မည် ဖြစ်၏။
အဘိုးအိုဟွမ်ဖုန်းက နဂါးကိုးကောင်တောင်တွင်သာ တစ်နှစ်ပတ်လုံး နေထိုင်သောကြောင့် ဤပတ်ဝန်းကျင်ရှိ သဘာဝ အရင်းအမြစ်များကို အသုံးပြုပြီး အစိုဓာတ်ကို မည်ကဲ့သို့ ဖယ်ရှားရမလည်း ဆိုသည်ကို သဘာဝကျစွာ သိနေခဲ့သည်။
ဆိုရလျှင် ဟွမ်ဖုန်းသည် အလွန်သတိကြီးတတ်သည့် အဘိုးအို တစ်ယောက် ဖြစ်သည်။
"ဒီနေရာမှာနေမယ်ဆိုလျှင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက် ခန္ဓာကိုယ်ထဲက အစိုဓာတ်တွေကို ဖယ်ရှားသင့်တယ်"
ဝမ်ကျန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဒီဆေးကို နောက်ဆုံး အသုံးပြုထားတာက လွန်ခဲ့တဲ့ တစ်လကပဲ.. တစ်နည်းအားဖြင့်ပြောရလျှင် ဟွမ်ဖုန်းအစစ်က လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လဲလှယ်ခံရတာ ဖြစ်နိုင်တယ်"
အသေအချာ စဥ်းစားကြည့်လိုက်သောအခါ ဝမ်ကျန်းသည် ရုတ်တရက် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
အကယ်၍ အဘိုးအိုဟွမ်ဖုန်းက လဲလှယ်ခံထားရသည် ဆိုလျှင် လွန်ခဲ့သည့် တစ်လကတည်းက လဲလှယ်ခံရဖို့ အလားအလာ အလွန်များ၏။
သို့ဆိုလျှင် ရန်သူသည် အတွင်းထဲကနေ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်နိုင်ပေသည်။
တစ်နည်းအားဖြင့် သူတို့၏ လုပ်ဆောင်ချက်များသည် ရန်သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဖို့ အလားအလာ အလွန်များ၏။
နတ်ဘုရားနယ်မြေမှ အတွေ့အကြုံများကြောင့် ဝမ်ကျန်းသည် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခုကို ရရှိနေခဲ့သည်။
ထိုအချိန်တွင် နေရာလွတ်ထဲမှ ကျန်းယင်ယွဲ့သည် သက်ပြင်းကို ညင်သာစွာချ၍ ပြောလိုက်သည်။
"မင်းတို့သုံးယောက် ဒုတိယဇုန်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ ငါခံစားမိနေတယ်"
ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူတွင် ပြန်လည်ရှင်သန်လာသူများကို ၎င်းတို့၏ တိုက်ခိုက်ရေးအင်အားအရ အဆင့်လိုက် သတ်မှတ်ကာ နေရာချထားခဲ့သည်။
ဇုန်တစ်ခုကို ဖြတ်ကျော်နိုင်သည်နှင့် နောက်ထပ် တွေ့ရမည့် ပြန်လည်ရှင်သန်လာသူများထဲတွင် ပိုမို၍ အားကောင်းသောသူကို တွေ့ရမည် ဖြစ်သည်။
တကယ်တန်းတွင် ကျင့်ကြံခြင်း နယ်ပယ်အဆင့်နှင့် အင်အားအရ ကျန်းယင်ယွဲ့သည် ပြန်လည် ရှင်သန်လာသူများထဲတွင် ထိပ်ဆုံးသုံးယောက် စာရင်း၌ ပါဝင်နေ၏။
သို့သော်လည်း သတ်မှတ်ထားသော အဆင့်များသည် အရိပ်တာအို၏ စွမ်းအားကိုပါ ထည့်ပေါင်းထားသော အဆင့် ဖြစ်သည်။
အရိပ်ရုပ်သွင်တစ်ချို့သည် အလွန် ကြောက်မက်ဖွယ်ကောင်းသောကြောင့် ကျန်းယင်ယွဲ့ပင် မခုခံနိုင်ပေ။
သူမ၏ အရိပ်ဗုံးက ထူးခြားသည်ဟု ထင်ရသော်လည်း ချို့ယွင်းချက်ကြီး တစ်ခု ရှိနေခဲ့သည်။
ထိုချို့ယွင်းချက်ကို သိသည်နှင့် သူမ၏ အရိပ်တာအို စွမ်းအားသည် အသုံးဝင်နိုင်တော့မည် မဟုတ်ပေ။
"တစ်ယောက်ယောက် လာနေပြီ"
ထိုအချိန်မှာတွင် နေရာလွတ်ထဲရှိ ကျန်းယင်ယွဲ့သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
ထိုအခါတွင် သူမသည် ရင်းနှီးသည့် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။
"သူက ဘယ်သူလဲ"
"သူ့နာမည်က လီဟွမ်းယန်.. ပြန်လည်ရှင်သန်လာသူတွေထဲမှာ နံပတ် ၇ နေရာမှာ ရှိနေတဲ့သူ.. သူ့ရဲ့အရိပ်ရုပ်သွင်ကို အသင်္ချေနတ်ဆိုးအရိပ်လို့ ခေါ်တယ်.. သူက အရမ်းအန္တရာယ်များတယ် သတိထားပါ"
အပိုင်း(၁၁၈၆) ပြီး၏