← Chapters

ခြောက်ထောင့်စစ်သည်

Vol. 80 Ch. 1189

ခြောက်ထောင့်စစ်သည်

Vol. 80 Ch. 1189

ထူးချွန်သည့် လူသားဒိုင်းတစ်ယောက် အနေဖြင့် ၀မ်ကျန်းသည် ကိုယ်ခံပညာတွင် ပါရမီရှိသူတစ်ဦး ဖြစ်သည်။

သူက ကူချမ်လောက် မတော်သော်လည်း နတ်ဘုရားနယ်မြေတွင် ကူချမ်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူး၍ တိုက်ပွဲ အတွေ့အကြုံ များစွာ ရှိခဲ့သည်။

ငယ်စဥ်ကတည်းကပင် ကြမ်းကြမ်းရမ်းရမ်း ရိုက်နှက်ခံခဲ့ရသောကြောင့် ၀မ်ကျန်းသည် ဤမကောင်းဆိုး၀ါးအရိပ် ၏ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုကို လုံး၀ မကြောက်ရွံ့ခဲ့ပေ။

ဆိုရလျှင် သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုသည် သာမန်လူများ လုံး၀နှိုင်းယှဥ်၍မရပေ။

အခြေခံအားဖြင့် ထိုသို့ အလေ့အကျင့်ရရှိစေရန် သူ၏ မိဘများသည် ငယ်စဥ်ကတည်းကပင် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုနည်းလမ်းကို သာမန်လူများက အတုယူ၍ မရပေ။

မိဘများအနေဖြင့်လည်း သင့်ကလေး၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို မြှင့်တင်ရန် ဤကဲ့သို့ အိမ်တွင်းအကြမ်းဖက်မှု နည်းလမ်းမျိုးကို အသုံးပြုရန် မသင့်တော်ပေ။

၀မ်ကျန်းကဲ့သို့ အထူးခန္ဓာကိုယ် ပိုင်ရှင်အတွက်မူ ဖြစ်နိုင်ပေသည်။

နောက်တစ်ချက်မှာ သူ့မိဘများ၏ အတွေးအခေါ်သည် သာမန်လူများနှင့် မတူညီခြင်း ဖြစ်သည်။

၎င်းတို့၏ လုပ်ရပ်သည် ကမ္ဘာဂြိုလ်ပေါ်တွင်သာ ဖြစ်ခဲ့လျှင် အိမ်တွင်းအကြမ်းဖက်မှု ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခံရမည်မှာ သေချာသလောက်ပင်။

"သူက ငါထင်ထားတာထက် ပိုသန်မာတာပဲ"

ကျန်းယင်ယွဲ့က အံ့သြသွားခဲ့၏။

၀မ်ကျန်း၏ စိတ်ပိုင်းဆိုင်ရာခွန်အားသည် သူမ စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေခဲ့သည်။

ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုမျိုးသည် တကယ်ကို ရှားပါး၏။

သူမ၏အမြင်တွင် ၀မ်ကျန်း၏ ခွန်အားအမြန်နှုန်းနှင့် စိတ်ပိုင်းဆိုင်ရာသည် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ငါသေဆုံးပြီးတဲ့ နောက်မှာ ဒီလိုလူမျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး"

ထွင်ထျန်းဟာ၏ သီးခြား နေရာလွတ်ထဲတွင် ကျန်းယင်ယွဲ့သည် သက်ပြင်းချလိုက်သည်။

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာသည် စိတ်ထဲကနေ ပြုံးနေခဲ့၏။

၀မ်ကျန်းသည် တကယ်ကို သန်မာသည်မှာ မှန်၏။

အဆုံးသတ်တွင် ၎င်းသည် နတ်ဘုရားနယ်မြေက လာခဲ့ခြင်းဖြစ်သည်။

ဤကမ္ဘာမြေမှ ကျင့်ကြံသူများ၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရားနယ်မြေမှ လူများကို လုံး၀ ယှဥ်နိုင်မည်မဟုတ်ပေ။

သူ၏ ခွန်အားအများစုကိုသာ ကောင်းကင်တာအိုက ပိတ်ပင်ထားခြင်း မရှိခဲ့လျှင် လီဟွမ်းယန်သည် ၀မ်ကျန်း၏ လက်သီးတစ်ချက်ကိုပင် ခံနိင်ရည်ရှိမည် မဟုတ်ပေ။

လက်ရှိတွင် ၀မ်ကျန်းသည် အရိပ်တာအို၏ ကောင်းချီးပေးခြင်းကို ခံထားရသော်လည်း သူ၏ လက်ရှိတိုက်ခိုက်ရေး အလုံးစုံစွမ်းအားသည် သူအထွတ်အထိပ်တွင် ရှိစဥ်ကအချိန်ထက် အနည်းငယ် အားနည်းနေခဲ့သည်။

ထို့ကြောင့် ၀မ်ကျန်း၏ ခွန်အားအတွက် ထွင်ထျန်းဟာ အနေဖြင့် အံ့သြစရာမရှိပေ။

ကျန်းယင်ယွဲ့ အံ့သြနေရသည့် အဓိကအကြောင်းရင်းမှာ သူမသည် စစ်မှန်သည့် ခြောက်ထောင့်စစ်သည်ကို တစ်ခါမှမမြင်ဖူး၍ ဖြစ်နိုင်သည်ဟု ထွင်ထျန်းဟာခံစားခဲ့ရသည်။

[ခြောက်ထောင့်စစ်သည် = ခွန်အား၊အမြန်နှုန်း၊နည်းစ နစ်၊အတွေ့အကြုံစသည်တို့တွင် ပြီးပြည့်စုံသည်ဟူသော ဗန်းစကား]

မှန်၏။ ခြောက်ထောင့်ဟု ခေါ်သည်မှာ တင်စား၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။

ဆရာလေးလင်းသာ ဆိုလျှင် လေးဆယ့်ရှစ်ထောင့် စစ်သည်ဟုပင် ခေါ်ဆို၍ ရနိုင်မည် မဟုတ်ပါလား။

ဤအချိန်တွင် တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေခဲ့သည်။

လီဟွမ်းယန်က သူ၏ မကောင်းဆိုး၀ါးအရိပ် တိုက်ခိုက်မှုသည် ၀မ်ကျန်းအပေါ် သက်ရောက်မှု မရှိသည်ကို မြင်လျှင် မျက်နှာပေါ်၌ အံ့အားသင့်သော အမူအရာများ ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။

သူ၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးသော အကျိုးသက်ရောက်မှုသည် ဤကဲ့သို့ မအောင်မမြင် တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ။

သူ၏ တိုက်ခိုက်မှုက လုံလောက်ခြင်းမရှိဟု တွေးမိပြီး လီဟွမ်းယန်သည် သူ၏ အစွန်းရောက်လက်သီး လမ်းစဥ် ခွန်အားကို ဆဋ္ဌမအဆင့်ထိ မြင့်တင်လိုက်သည်။

ထိုသို့ဖြင့် သူ၏ခွန်အားသည် ယခင်ကထက် ပို၍ ကြီးမားလာခဲ့၏။

သူ၏ လက်သီးချက်တိုင်းသည် ၀မ်ကျန်းကို သွေးအိုင်ကြီး တစ်အိုင် အန်ထွက်စေခဲ့သည်။

သို့သော်လည်း လူသားဒိုင်းတစ်ယောက် အနေဖြင့် ၀မ်ကျန်း၏ ဖိအားကို ခံနိုင်ရည်ရှိမှုသည် တကယ်ကို အံ့အားသင့်စရာပင်။

သူ၏ အထူးခန္ဓာကိုယ်က အထိုးခံနေရစဥ်မှာပင် ဒဏ်ရာများကို ချက်ခြင်း ပြန်လည်ကုသပေးနိုင်ခဲ့၏။

ဆိုရလျှင် အစွန်းရောက်လက်သီး လမ်းစဥ်၏ ဆဋ္ဌမအဆင့်သည် ၀မ်ကျန်းကို နာကျင်အောင် ပြုလုပ်ရန်အတွက် အတော်လေး အလှမ်းဝေးနေပါသေးသည်။

တစ်ချိန်တည်းမှာပင် ၀မ်ကျန်းသည် လီဟွမ်းယန်နှင့် ပတ် သက်၍ တွေးတောနေခဲ့သည်။

သူက လီဟွမ်းယန်ကို အစွန်းရောက်လက်သီး လမ်းစဥ်၏ ခွန်အား ဆက်လက် မသုံးစွဲစေချင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် လီဟွမ်းယန်သည် ဤကဲ့သို့ဆက်လက် တိုးမြှင့်နေလျှင် အဆုံးသတ်၌ သေဆုံးသွားမည် ဖြစ်သောကြောင့်ပင်။

၀မ်ကျန်း၏ အမြင်တွင် လီဟွမ်းယန်သည် ထွင်ထျန်းဟာ စည်းရုံးခဲ့သည့် ကျန်းယင်ယွဲ့နှင့် ဆင်တူသည်။

လီဟွမ်းယန်ကိုသာ သူတို့၏အဖွဲ့ထဲသို့ စည်းရုံးနိုင်ခဲ့လျှင် သူတို့အတွက် အတော်လေး အကျိုးရှိမည် မဟုတ်ပါလော။

သူ့အတွက် ဤတိုက်ပွဲကို အဆုံးသတ်ရန်နည်းလမ်းမှာ အလွန်ပင် ရိုးရှင်း၏။

သူက လီဟွမ်းယန်၏ စိတ်ကို ထိန်းချုပ်နေသည့် သံကြိုးများကနေ လွတ်မြောက်အောင် ကူညီပေးဖို့သာ လိုအပ်သည်။

စင်စစ် လီဟွမ်းယန်သည် လီရှောင်ကိုင်၏သား ဖြစ်သည်။

စိတ်ထိန်းချုပ်မှုကို မခံရသ၍ ကျင့်ကြံခြင်းလောက၏ အဖြူရောင် ပုဂ္ဂိုလ်ကြီးတစ်ဦး အနေဖြင့် နောက်ကွယ်မှကြိုးကိုင်သူကို ဆက်လက် ကူညီပေးစရာ အကြောင်းမရှိချေ။

သို့သော် လီဟွမ်းယန်ကို စိတ်ထိန်းချုပ်မှုကနေ လွတ်မြောက်အောင် ကူညီရန်မှာ အရေးပါသည့် ပြဿနာတစ်ခု ဖြစ်သည်။

"လီဟွမ်းယန်က အတော်လေး အားကောင်းတဲ့ စိတ်ထိန်းချုပ်မှု ယန္တရားအောက်မှာ ရှိနေတယ်.. သူက ပြန်လည်ရှင်သန်ခြင်း ယန္တရားနဲ့ ဆင်တူတဲ့ ယန္တရားတစ်ခုခုအောက်မှာ ရှိနေနိုင်တယ်.. ဒါကြောင့်လီဟွမ်းယန်က ပြန်လည်ရှင်သန်တဲ့အချိန်တည်းက ထိန်းချုခံထားရပြီးသားပဲ"

ထွင်ထျန်းဟာက လီဟွမ်းယန်၏ အခြေအနေကို အကဲခတ်ပြီးနောက် အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"ဒါကို ဖျက်ဆီးဖို့ နည်းလမ်းရှိလား"

ငွေရောင်လေးက မေးခွန်းထုတ်လိုက်သည်။

"သာမန်အားဖြင့်တော့ ဒီလိုအားကောင်းတဲ့ စိတ်ထိန်းချုပ်မှုယန္တရားကို ဖျက်ဆီးဖို့ နည်းလမ်းသုံးခုရှိတယ်.. ပထမတစ်ခုက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို အသုံးပြုပြီး ပြိုင်ဘက်ကိုစိတ်ထိန်းချုပ်မှု အခြေအနေကနေ အတင်းအကြပ် လွတ်မြောက်စေတာပဲ.. ဒါပေမဲ့ ဒီနည်းလမ်းက လက်ရှိအချိန်မှာ ဖြစ်နိုင်မဲ့ပုံ မပေါ်ဘူး.. ရုပ်ပိုင်းဆိုင်ရာနည်းလမ်းနဲ့ ဖျက်ဆီးဖို့ အသုံးမ၀င်ဘူးဆိုမှတော့ ငါတို့ ပိုကောင်းတဲ့နည်းလမ်းကို အသုံးပြုရမယ်.. ဒုတိယနည်းလမ်းကတော့ နောက်ကွယ်ကနေ စိတ်ထိန်းချုပ်မှု ပြုလုပ်နေတဲ့သူကို တိုက်ရိုက်ရှာပြီး အနိုင်ယူလိုက်ရင် ထိန်းချုပ်မှုယန္တရားက ပျက်စီးသွားလိမ့်မယ်"

ထိုစကားကို ပြောသည်က မပြောသည်နှင့် ထူးမခြားနားမှန်း ထွင်ထျန်းဟာ သိသည်။

သူတို့၏ ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူကို လာရသည့်ရည်ရွယ်ချက်သည် နောက်ကွယ်မှ ကြိုးကိုင်သူ၏ အထောက် အထားကို ခြေရာခံရန်နှင့် အဖိုးအိုဟွမ်ဖုန်း လဲလှယ်ခံရခြင်း၏ သက်သေ အထောက်အထားများကို စုဆောင်းရန်ဖြစ်သည် မဟုတ်ပါလော။

ရွေးချယ်စရာ နည်းလမ်းနှစ်ခုကို ဖယ်ရှားပြီးနောက်တွင် တတိယနည်းလမ်းသာ ကျန်ရှိတော့၏။

တတိယနည်းလမ်းမှာ လီဟွမ်းယန်၏ စိတ်ကို လွှမ်းမိုးရန် ဖြစ်၏။

သို့သော် ပြဿနာမှာ သူတို့သုံးယောက်လုံးသည် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်စွမ်းတွင် ထူးချွန်သူများ မဟုတ်ကြပေ။

ဆိုရလျှင် လီဟွမ်းယန်ကဲ့သို့ အဆင့်လွန် ကျင့်ကြံသူတစ်ယောက်၏ စိတ်ထိန်းချုပ်မှု ယန္တရားကို ဖယ်ရှားရန်မှာ အမှန်တကယ် မလွယ်ကူပေ။

လီဟွမ်းယန်ကို သက်ရောက်နိုင်သည့် စိတ်ထိန်းချုပ်မှုထက် ပိုမို အားကောင်းသည့် စိတ်ထိန်းချုပ်မှု စွမ်းရည်ကို လိုအပ်သည်။

သို့သော် သူတို့သုံးယောက်လုံးသည် ထိုအပိုင်းတွင် မထူးချွန်ကြပေ။

"သူ့ရဲ့စိတ်ကို လွှမ်းမိုးအောင် လုပ်နိုင်ရင် လုံလောက်ပြီလား"

ထိုအချိန်တွင် ၀မ်ကျန်းက မေးခွန်းထုတ်လိုက်သည်။

"သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်"

ထွင်ထျန်းဟာက ခေါင်းညိမ့်လိုက်သည်။

"မင်း အသုံးပြုတဲ့ စိတ်ထိန်းချုပ်မှုစွမ်းရည်က သူ့ကို လုံး၀ အသာစီးရနေသ၍ သူ့အပေါ်မှာ သက်ရောက်နေတဲ့ စိတ်ထိန်းချုပ်မှု ယန္တရားကို ဖယ်ရှားနိုင်မှာ သေချာပါတယ်"

"ဒါဆိုရင် ငါကြိုးစားကြည့်မယ်"

၀မ်ကျန်း၏မျက်နှာက တည်ကြည် လေးနက်နေခဲ့သည်။

"၀မ်ကျန်း.. မင်းက လူသားဒိုင်းတစ်ယောက် မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး စိတ်ထိန်းချုပ်မှု မှော်စွမ်းရည်တွေကို သိနေရတာလဲ"

ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့က အံ့အားသင့်နေခဲ့သည်။

"ငါသိနေတာမဟုတ်ဘူး.. ငါ့ရဲ့အရိပ်ရုပ်သွင်မှာ အဲဒီ စွမ်းရည်ရှိနေခဲ့တာပဲ"

"ဒါဆို ချည်နှောင်ခံထားရတဲ့လူက ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ကိုပဲ ထိန်းချုပ်နိုင်တာ မဟုတ်ဘူးပေါ့"

"ငါအလိုရှိသ၍ စိတ်ကိုလည်း သူက ထိန်းချုပ်နိုင်တယ်"

၀မ်ကျန်း၏ လက်ရှိအကြံအစည်သည် အမှန်တကယ်ပင် ရိုးရှင်းသည်။

သူက ချည်နှောင်ခံထားရသည့်လူ၏ အကျိုးသက်ရောက်မှုကိုအသုံးပြုကာ လီဟွမ်းယန်၏ စိတ်ထိန်းချုပ်မှု ယန္တရားကို လွှမ်းမိုချင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် လီဟွမ်းယန်၏ အရိပ်ရုပ်သွင် အကျိုးသက်ရောက်မှုကို ဖျက်ဆီးလိုက်သည်နှင့် လီဟွမ်းယန်သည် ပုံမှန်လူတစ်ယောက် ကဲ့သို့ ပြန်ဖြစ်သွားပေလိမ့်မည်။

ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့က ထိုအကြံအစည်ကို ချက်ခြင်းပင် သဘောတူလိုက်ကြ၏။

သူတို့အနေဖြင့် ပြန်လည် ရှင်သန်လာသူများကို သူတို့၏ အဖွဲ့ထဲသို့ စည်းရုံးနိုင်ခဲ့လျှင် နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေရန် အတွက် အခွင့်အရေး ပိုမို များပြားလာပေလိမ့်မည်။

ကျန်းယင်ယွဲ့က အကုန် ဖွင့်ဟ မပြောလျှင်ပင် လီဟွမ်းယန်သည် ဖြောင့်မတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ၏ စိတ်ထားပုံမှန် ဖြစ်လာလျှင် မည်သည့် သတင်းအချက်အလက်ကိုမှ သို၀ှက်ထားလိမ့်မည် မဟုတ်ပေ။

ထိုသို့ တွေးမိပြီးနောက်တွင် ၀မ်ကျန်းသည် အချိန်မဆွဲသင့်ဟု ခံစားလိုက်ရသည်။

သူက သူ၏ ချည်နှောင်ခံထားရသည့်လူကို လီဟွမ်းယန်အား တိုက်ရိုက် ထိန်းချုပ်စေခဲ့သည်။

၀မ်ကျန်း ပြောခဲ့သည့်အတိုင်းပင်။

ချည်နှောင်ခံထားရသည့်လူသည် ရုပ်ပိုင်းဆိုင်ရာ ချုပ်နှောင်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်သည့် ခွန်အားလည်း ရှိနေခဲ့သည်။

ချည်နှောင်ခံထားရသည့်လူ၏ ချည်နှောင်ခြင်းကို ခံရလျှင် မည်သူမဆို နာခံလိုစိတ် ရှိသူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

အပိုင်း(၁၁၈၉) ပြီး၏

All Chapters