← Chapters

စာစီစာကုံးခေါင်းစဥ်"အစားထိုး"

Vol. 80 Ch. 1193

စာစီစာကုံးခေါင်းစဥ်"အစားထိုး"

Vol. 80 Ch. 1193

စွန်းရုံက သတိထားမိသွား၍ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် သူ၏အပြုံးကို ချက်ခြင်းပင် ရုတ်သိမ်းလိုက်သည်။

ဤသည်က ၀မ်လင်းထံကနေ အဓိကမစ်ရှင်အဖြစ် ပထမဆုံးအကြိမ် အမိန့်ရရှိခဲ့ခြင်းဖြစ်၍ အနည်းငယ် အပျော်လွန်ပြီး အမှားကြီးတစ်ခုကို ထုတ်ဖော်မိသွားခြင်း ဖြစ်သည်။

ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က သူ့ရှေ့မှ မိန်းကလေးသည် ဟွာကောရေတံခွန်လုပ်ငန်းစု၏ မမလေး ဆိုသည်ကို ကောင်းစွာသိသည်။

သူမ အမှတ် ၆၀ အထက်တန်းကျောင်းကို စတင်တက်ကတည်းကပင် ဆရာလေးလင်းသည် သူမကို သတိထားရမည့် စာရင်းထဲတွင် ထည့်ထားခဲ့သည်။

ထိုကဲ့သို့သော လူမျိုးရှေ့တွင် အားနည်းချက်တစ်ခုကိုထုတ်ဖော်မိလိုက်သောကြောင့် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်သည် အမှားကြီးတစ်ခုကို ကျူးလွန်မိသလို ခံစားလိုက်ရသည်။

သူ့အနေဖြင့် ဘာလုပ်သင့်ပါသနည်း။

သူမကို ထိုးကြိတ်ပစ်လိုက်ရမည်လော။

သို့မဟုတ် သူမ၏ မှတ်ဥာဏ်ကို ဖျက်ပစ်လိုက်ရမည်လော။

သေချာစဥ်းစားပြီးနောက်တွင် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်သည် အဆုံးသတ်၌ ဘာမှ မလုပ်ဆောင်ခဲ့ပေ။

စွန်းရုံသည် သတိထားရမည့်လူအဖြစ် ဆရာလေးလင်း၏ စာရင်းသွင်းခြင်းကို ခံထားရသော်လည်း ဆရာလေးလင်း သည် သူမကို အမှန်တကယ် မမုန်းတီးဟု ခေါက်ဆွဲခြောက် တာအိုဧကရာဇ် ခံစားခဲ့ရသည်။

ဆရာလေးလင်းက သူမကို အမှန်တကယ် မုန်း၊မမုန်း မသေချာသောကြောင့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် အဆုံးသတ်တွင် စွန်းရုံကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရဲခဲ့ပေ။

ထိုအစား သူသည် မဟာမှတ်ဥာဏ်ဖျက် မှော်စွမ်းရည်ဖြင့် စွန်းရုံ၏ စိတ်ထဲမှ သူ၏ ပေါ့ပါးစွာပြုံးနေသည့် ပုံရိပ်ကို ဖျက်ပစ်လိုက်သည်။

ဤဖြစ်ရပ်က ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကို သတိ ပေးလိုက်ခြင်း ဆိုလည်းမမှားပေ။

သူက အပျော်လွန်နေသောကြောင့် သူ၏လုပ်ငန်းတာ၀န် တစ်ခုကို မေ့ပျောက်သွားပြီး ဆရာလေးလင်း၏ ပုံစံကို အတတ်နိုင်ဆုံး ထိန်းသိမ်းရန် မေ့လျော့သွားခဲ့သည်။

ဥာဏ်ရည်ဥာဏ်သွေး ရှိသည့် ပကတိကိုယ်ပွားတစ်ဦး အနေဖြင့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် ၀မ်လင်းနှင့်အတူတူပင် ဖြစ်သည်။

သို့သော်လည်း တကယ့်ခန္ဓာကိုယ်အစစ်နှင့် ယှဥ်လျှင် အမူအကျင့်များသည် အတိုင်းအတာ တစ်ခုအထိ ကွာခြားမှုရှိနေဆဲပင်။

ထို့ကြောင့် သူက ဤအချက်ကို ပို၍ဂရုစိုက်ရမည်ဟု တွေးမိခဲ့သည်။

တကယ်တမ်းတွင် သရုပ်ဆောင်ခြင်းသည် အပေါ်ယံတွင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အလွန်ခက်ခဲသော ပညာရပ်တစ်ခု ဖြစ်သည် မဟုတ်ပါလော။

စင်စစ် ကိုယ်ပွားများသည် ကွာခြားချက် အတော်လေး ကြီးမားလေ့ ရှိသည်။

သို့သော်လည်း သူက ၀မ်လင်း၏ ပကတိကိုယ်ပွား ဖြစ်၍ အဆုံးသတ်တွင် ကွာခြားချက် အနည်းငယ်သာ ရှိ၏။

နံနက်စောစောတွင် မီးတောင်ထွတ်ရှိ အမှတ်၆၀ အထက်တန်းကျောင်းမှ လူများသည် ခန္ဓာကိုယ်နည်းစနစ် နှီးနှော ဖလှယ်ပြိုင်ပွဲနှင့် ပတ်သက်၍ စာစီစာကုံးများကို ပြုလုပ်နေခဲ့ကြသည်။

စာစီစာကုံးရေးခြင်းဖြင့် အမျိုးသားအဆင့် ခန္ဓာကိုယ် နည်းစနစ် နှီးနှောဖလှယ်ပြိုင်ပွဲ အတွက် ထပ်ဆောင်းရမှတ်များကို ရရှိစေမည် ဖြစ်သည်။

စာစီစာကုံးအတွက် လိုအပ်ချက်မှာ အလွန်ပင် ရိုးရှင်း၏။

ပြိုင်ပွဲအတွင်းမှ အတွေ့အကြုံများကို စာစီစာကုံးအဖြစ် ပြီးစီးအောင် လုပ်ပြီး ပြိုင်ပွဲတွင် ပါ၀င်သူ တစ်ယောက်အနေဖြင့် မိမိ၏ တကယ့် ခံစားချက်များကို ဖော်ပြရမည် ဖြစ်သည်။

စာစီစာကုံးခေါင်းစဥ်ကိုမူ ကိုယ်တိုင် သတ်မှတ်၍ရပြီး အကြောင်းအရာ အနေဖြင့် ခန္ဓာကိုယ်နည်းစနစ်ဆိုင်ရာ တိုက်ပွဲများ၊ ခင်မင်ရင်းနှီးမှု၊ အဖွဲ့လိုက်ညီညွတ်မှု နှင့် ဗျူဟာပိုင်း ဆိုင်ရာ ဆွေးနွေးမှုများကိုပါ ထည့်သွင်းရေးနိုင်ပေသည်။

စာစီစာကုံးမှ ရမှတ်များအပေါ် မူတည်၍ ဆရာများသည် အသေအချာ စီစစ်ပြီး ပြိုင်ပွဲတွင် ရရှိသည့်ရမှတ်များတွင် ထည့်ပေါင်းပေးမည် ဖြစ်သည်။

အကယ်၍ စာစီစာကုံး မရေးလျှင်လည်း အမှတ်များလျှော့မည်တော့ မဟုတ်ပေ။

သို့သော်လည်း စာစီစာကုံး ရေးသားခြင်းသည် အပိုဆောင်း ရမှတ်များကို ရရှိစေမည် ဖြစ်သောကြောင့် ကျောင်းအများစုသည် စာစီစာကုံးရေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ဥပမာအားဖြင့် အမှတ် ၆၀ အထက်တန်းကျောင်း၏ အခြေစိုက်စခန်းရှိ ကျောင်းသားများသည် စာစီစာကုံးကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အမှတ် ၆၀ အထက်တန်းကျောင်းသည် အမှတ် ၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း ဦးဆောင်သည့် မြူခိုးတောင်ထွတ်တွင် အခြေစိုက်ထားသော ​ကျောင်းလေးကျောင်းကို ​ခြေမှုန်းလိုက်သည့်သတင်း ပျံ့နှံ့သွားပြီး ကတည်းကပင် အမှတ်၆၀ အထက်တန်းကျောင်း၏ စခန်းကို မည်သူမှ မစော်ကား၀ံ့တော့ပေ။

ထို့ကြောင့် သူတို့က ဤမနက်ပိုင်းတွင် သူတို့၏ စာစီစာကုံးကို လွတ်လပ်စွာ ဖန်တီးနိုင်ခဲ့သည်။

၀မ်လင်းက ကမ္ဘာကြီးကို ကယ်တင်ရန် သွားရောက်နေသောကြောင့် ယခုအခါတွင် စာစီစာကုံးရေးရမည့် တာဝန်မှာ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်၏ ပုခုံးပေါ်သို့ ကျရောက်လာခဲ့သည်။

အဓိကအားဖြင့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် လူတိုင်းက စာစီစာကုံး ရေးနေပြီး သူက မသွားခဲ့လျှင် လူမှုဆက်ဆံရေး မကောင်းဟု အထင်ခံရမည်ကို စိုးရိမ်ခဲ့သည်။

"၀မ်လင်းက စာစီစာကုံး လာရေးတယ်ဟေ့...မြန်မြန်လေးနေရာဖယ်ပေးလိုက်ကြ.."

ခေါက်ဆွဲခြောက် တာအိုဧကရာဇ် ရောက်လာသည်ကို မြင်လျှင် ၀ိုင်းဖွဲ့ထားသည့် လူအုပ်ကြီးသည် လူတစ်ယောက်စာနေရာလွတ်သွားအောင် သူတို့၏ တင်ပါးများကို ရွှေ့လိုက်ကြသည်။

ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က"ကျေးဇူးတင်ပါတယ်"ဟု​ ပြောချင်သော်လည်း ဤသည်က ဆရာလေးလင်း၏ အမူအကျင့်နှင့် မကိုက်ညီဟု ထင်၍ သူ၏ စကားများကို ပြန်လည် မျိုချလိုက်ရသည်။

ထို့နောက်တွင် သူသည် လူအုပ်ကြီးနှင့်အတူ စာစီစာကုံးရေးရန် ပြင်ဆင်လိုက်၏။

ယခုအခါတွင် လူအများစုသည် သူတို့ ရေးသားသည့် စာစီစာကုံးနှင့် ပတ်သက်၍ ခေါင်းစဥ်များကို စဥ်းစားနေခဲ့ကြသည်။

ယခင်ကဆိုလျှင် ၀မ်လင်းသည် သူ၏ အကျင့်အရ လူအုပ်ကြီး၏ ခေါင်းစဥ်ရွေးချယ်မှုကို လေ့လာပြီးမှသာ စာစီစာကုံးရေးလေ့ ရှိသည်။

ဆိုရလျှင် သူသည် လူအများဆုံး ရွေးချယ်ကြသည့် ခေါင်းစဥ်ကိုသာ ရွေးချယ်၍ စာစီစာကုံးရေးမည် ဖြစ်သည်။

ဥပမာအားဖြင့် လူငါးယောက်က "ခင်မင်ရင်းနှီးမှု" ဟူသော ခေါင်းစဥ်ဖြင့် စာစီစာကုံးရေးပြီး လူသုံးယောက်က "ဗျူဟာ ပိုင်းဆိုင်ရာအပြင်အဆင်" ဟူသည့် ခေါင်းစဥ်ဖြင့် စာစီစာကုံးရေးလျှင် ၀မ်လင်းသည် လူအများဆုံး ရွေးချယ်ကြသည့် စာစီစာကုံးကို သေချာပေါက် ရေးမည်ဖြစ်သည်။

ဤကဲ့သို့သောနည်းဖြင့် သူ၏စာစီစာကုံးကို အာရုံစိုက်ခြင်း မခံရအောင် သူသည် အတိအကျ ပြုလုပ်နိုင်ခဲ့သည်။

စာစီစာကုံးကို စစ်ဆေးသော ဆရာများသည် ခေါင်းစဥ်တူစာစီစာကုံးများကို အများအပြား တွေ့ခဲ့လျှင် ဖန်တီးနိုင်စွမ်း မရှိဟု သတ်မှတ်ကာ အမှတ်များ သိပ်ပေးလေ့ မရှိကြပေ။

ယင်းက ၀မ်လင်း လိုချင်သည်နှင့် လုံး၀ ကွက်တိပင် ဖြစ်၏။

သို့သော် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကမူ ၀မ်လင်း၏ အကျင့်ကို မသိခဲ့ပေ။

လူတိုင်းက ဘောပန်ကိုင်၍ ခေါင်းစဥ်ရေးရန် ပြင်နေကြသည်ကို မြင်သည်နှင့် သူက ချက်ခြင်းပင် စာစီစာကုံး ခေါင်းစဥ်ကို ကောက်ရေးလိုက်သည်။

သူ၏စာစီစာကုံးခေါင်းစဥ်မှာ "အစားထိုး" ဖြစ်၏။

ပတ်၀န်းကျင်ရှိ လူအများအပြားက ၀မ်လင်း၏ စာစီစာကုံးခေါင်းစဥ်ကို သတိထားမိပြီး စူးစမ်းခဲ့ကြသည်။

"အစားထိုး.. ဟုတ်လား.. ၀မ်လင်း.. ဒါက တစ်ခုခုကို တင်စားတဲ့အဓိပ္ပါယ်လား.."

လူတစ်ချို့က နားမလည်ခဲ့ကြပေ။

"အိုး..ဘုရားရေ..၀မ်လင်းက စာစီစာကုံးခေါင်းစဥ်ကို ရေးနေပြီဟ..အရင်တုန်းကဆိုရင် သူကအမြဲတန်း နောက်ဆုံးမှ ရေးလေ့ရှိတာလေ.."

ချန်းချောင်ကလည်း အံ့သြသွားခဲ့သည်။

ဤသည်က ၀မ်လင်း၏ အမူအကျင့်နှင့် မကိုက်ညီဟု သူခံစားခဲ့ရ၏။

"အစားထိုး ဟုတ်လား..ဒီစာစီစာကုံးခေါင်းစဥ်က တကယ်စိတ်၀င်စားဖို့ ကောင်းတာပဲ"

အတွေးအခေါ်နှင့် နိုင်ငံရေးအတန်း၏ ကိုယ်စားလှယ်အနေဖြင့် ကော်ဟောက်သည် ၀မ်လင်း၏ ခေါင်းစဥ်ကို မြင်ပြီးနောက်တွင် အတွေးတချို့ ရရှိခဲ့သည်။

များသောအားဖြင့် ဆရာများသည် စာစီစာကုံးထဲမှ အကြောင်းအရာများကို သေချာစစ်ဆေးလေ့ မရှိကြဘဲ ခေါင်းစဥ်ကိုသာ အာရုံစိုက်လေ့ ရှိကြသည်။

ဆိုရလျှင် ဆရာများ၏ မျက်နှာသာကို ရရှိစေမည့် အရာသည် စာစီစာကုံးခေါင်းစဥ်ပင် ဖြစ်၏။

ထို့ကြောင့် အစားထိုး ဟူသည့် ခေါင်းစဥ်ကို မြင်သည်နှင့် ကော်ဟောက်သည် ချက်ခြင်းပင် ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရရှိသွားခဲ့သည်။

"ငါနားလည်ပြီ..၀မ်လင်းရဲ့ ခေါင်းစဥ်အဓိပ္ပါယ်က ခင်မင်ရင်းနှီးမှုကို ဖော်ပြချင်တာပဲ..ငါတို့ သူငယ်ချင်းတွေရဲ့ ခင်မင်ရင်းနှီးမှုက အစားထိုးလို့မရဘူး.. စစ်မှန်တဲ့ သူငယ်ချင်း ဆိုတာက အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ အစားထိုးမရတဲ့ အရာပဲ.. အခက်အခဲဖြစ်နေတဲ့ သူငယ်ချင်းကို ဝေဒနာတွေ အတူတကွ မျှဝေခံစားပေးတာက အစားထိုးမရတဲ့ ခင်မင်ရင်းနှီးမှုပဲ.."

"ဒါဆို ၀မ်လင်း ဆိုလိုချင်တဲ့အဓိပ္ပါယ်က အဲဒါပေါ့"

လူတိုင်းက ကော်ဟောက်၏ သုံးသပ်ချက်ကို သဘောတူညီစွာဖြင့် ခေါင်းညိမ့်လိုက်ကြသည်။

ပထမအချက်အနေဖြင့် ကော်ဟောက်၏ ရှုထောင့်သည် သေချာစဥ်းစားကြည့်လိုက်လျှင် အတော်လေး ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု သူတို့ ခံစားခဲ့ရသည်။

တကယ်တမ်းတွင် ခေါက်ဆွဲခြောက် တာအိုဧကရာဇ် ကိုယ်တိုင်ပင် စာစီစာကုံး၌ ဤကဲ့သို့ အဆင့်အတန်းမျိုး ရှိမည်ဟု သူ့ကိုယ်သူ မထင်ထားခဲ့ပေ။

သူက ခေါင်းစဥ်တစ်ခုကို ကျပန်း ရေးချလိုက်ခြင်းသာ ဖြစ်သည်။

ဟုတ်ပါသည်။ဤသည်က အဆိုးဆုံးအရာ မဟုတ်သေးပေ။

ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က စာစီစာကုံးရေးရန် ဆုံးဖြတ်လိုက်သည့်အချိန်တွင် တခြားတစ်ဖက်၌ လောင်းကြေးတစ်ခုကို အမှန်အကန် သတ်မှတ်နေခဲ့ကြသည်။

ထုံးစံအတိုင်းပင် အလောင်းအစားကို ဦးဆောင်လုပ်နေသူ နှစ်ဦးမှာ ကော်ဟောက်နှင့် ချန်းချောင်တို့ပင် ဖြစ်၏။

"လာကြ..လာကြ.. မြန်မြန်လောင်းကြနော်..လောင်းကြေးပိတ်ရင် ဘယ်သူမှ ထပ်လောင်းလို့ မရတော့ဘူး.."

"ဒါက ဘယ်လိုအလောင်းအစားလဲ..ငါတို့ ဘယ်လိုကစားရမလဲ"

"လွယ်ပါတယ် ဒါက အကြီး အသေး လောင်းရုံပဲ..၂၀ ဒါမှမဟုတ် အဲဒီထက်နည်းရင် အသေး..၂၁ ဒါမှမဟုတ် အဲဒီထက် ပိုရင်တော့ အကြီးပေါ့"

"???"

တချို့လူတွေက ချန်းချောင်၏ ဆိုလိုရင်းအဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သဘောမပေါက်ခဲ့ပေ။

ထို့နောက်တွင် ချန်းချောင်သည် အလောင်းအစားနှင့် ပတ်သက်၍ ဆက်လက်ရှင်းပြလိုက်သည်။

"မင်းတို့နားလည်အောင် ရှင်းရှင်းလင်းလင်း ပြောရရင် ၀မ်လင်း ဒီတစ်ခါ စာစီစာကုံးရေးတဲ့အချိန်မှာ အစက်သုံးစက် ဘယ်လောက်ပါမလဲ ဆိုတာကို လောင်း​ကြေးထပ်နေတာပဲ"

အပိုင်း(၁၁၉၃) ပြီး၏

All Chapters