← Chapters

ဆံဖြူလူငယ်ရဲ့ အစစ်အမှန်လက္ခဏာ

Vol. 80 Ch. 1194

ဆံဖြူလူငယ်ရဲ့ အစစ်အမှန်လက္ခဏာ

Vol. 80 Ch. 1194

လူတိုင်းက ခေါင်းစဥ်ရွေးဖို့ ရုန်းကန်နေရသော အချိန်မှာပင် ၀မ်လင်းသည် နေဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။

စကြာ၀ဠာထဲမှ ကြီးမားပြီး ပူပြင်းသော ဓာတ်ငွေ့ဂြိုလ် တစ်ခုအနေဖြင့် ၎င်းသည် နှစ်ပေါင်း ၄.၅ ဘီလီယံလောက်ဆက်တိုက် ဆိုသလို ပူပြင်းစွာ တောက်ပနေခဲ့သည်။

သူ၏ မျက်နှာပြင်အပူချိန်သည်ပင် ဒီဂရီ ၆၀၀၀ နီးပါးရှိပြီး အူတိုင် အပူချိန်ကမူ ဒီဂရီ ၁၅သန်းအထိ မြင့်မားသည်။

ကမ္ဘာပေါ်ရှိ အဆင့်အမြင့်ဆုံး တယ်လီစကုပ်နှင့် ရိုက်ကူးထားသည့် မျက်နှာပြင်ပေါ်ရှိ ဆဲလ်ဖွဲ့စည်းပုံအရ ဆဲလ်တစ်ခုဆီသည် ပြင်သစ် ကျင့်ကြံခြင်း နိုင်ငံ၏ အရွယ်အစားမျှ ရှိသည်ကို ပြသနေခဲ့သည်။

ဟုတ်ပါသည်။ နေဆီသို့ ကမ္ဘာပေါ်ရှိ ပကတိအင်မော်တယ် အဆင့်ကျင့်ကြံသူများပင် နီးကပ်စွာ မသွားလာနိုင်ကြပေ။

သူတို့သည် စကြာ၀ဠာထဲမှာပင် ငါးမိနစ်ထက် ပိုနည်းသည့်အချိန်သာ နေနိုင်မည် ဖြစ်၏။

အင်မော်တယ်အရှင်မြတ်အဆင့်ကို ရောက်နိုင်မှသာ ထို နေရာသို့ သွားလာနိုင်ကြမည် ဖြစ်သည်။

အကြောင်းအရင်းမှာ အင်မော်တယ်အရှင်မြတ် အဆင့်သည် စကြာ၀ဠာမှ ထုတ်လွှတ်သည့် မူလအစ အသက်ဓာတ်ကို စုပ်ယူနိုင်ပြီး ရေရှည်စွမ်းအင် ထောက်ပံ့မှုကို ရရှိသောကြောင့် ဖြစ်၏။

ဤအချက်ကြောင့်ပင် အင်မော်တယ် ကျန်းရွမ်သည် ကိုယ်ပွားများနှင့် သင့်တော်သည့် မိုးခေါင်ခြင်းကြယ်ဂြိုလ်ကို ရှာမတွေ့ခင် စကြာ၀ဠာထဲ၌ နှစ်ပေါင်း ၁၀၀၀နီးပါး လှည့်လည်သွားလာနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အင်မော်တယ်အရှင်မြတ် အဆင့်မှာပင် အချို့သော နက္ခတ်ဗေဒဆိုင်ရာ ၀တ္ထုများနှင့် နီးကပ်စွာ မသွားလာနိုင်၍ စကြာ၀၀ဠာကို လှည့်လည် သွားလာသောအခါတွင် ရှောင်ကွင်း၍ သွားရသော အခိုက်အတန့်များလည်း ရှိသည်။

ဥပမာအားဖြင့် နေကဲ့သို့ ပူပြင်းတောက်လောင်သည့် ကြယ်ဂြိုလ်များနှင့် အရာအားလုံးကို မျိုချနိုင်သည့် ဘလက်ဟိုး(တွင်းနက်ကြီး)များ ဖြစ်ကြသည်။

၀မ်လင်းသည် အပေါ်မှ ကန့်သတ်ချက်များကြောင့် မထိခိုက်ခဲ့ပေ။

သူက နေနှင့် တွင်းနက်ကြီးများကို တိုက်ရိုက် နီးကပ်စွာ သွားလာနိုင်သော လူတစ်ယောက် ဖြစ်သည်။

၀မ်လင်း သတိထားဖို့ လိုအပ်သည့် အချက်တစ်ခုမှာ နေထံသို့မရောက်ခင် သူ၏ အ၀တ်အစားများကို ဥာဏ်အလင်းပေးရန် ဖြစ်သည်။

သို့မှသာ အ၀တ်အစားများသည် ဖိအားဒဏ်ကို ခံနိုင်မည့်စွမ်းရည်အချို့ ရှိလာမည် ဖြစ်၏။

ဆိုရလျှင် သူ၏ခန္ဓာကိုယ်က အ၀တ်အစား ရှိသော်လည်း ဤကဲ့သို့ ပျက်စီးမှုဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

၀မ်လင်း မှတ်မိသလောက် သူငယ်စဥ်က အ၀တ်အစားများကို ဥာဏ်အလင်း မပေးမိခဲ့၍ နေနှင့် အတော်နီးနီးသို့ သွားပြီးနောက်တွင် ကိုယ်လုံးတီး ဖြစ်သွားခဲ့သည်။

ဤသည်မှာ ၀မ်လင်း၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာမြှုပ် နှံထားသည့် လျှို့၀ှက်ချက်တစ်ခု ဖြစ်ပြီး စကြာ၀ဠာတစ်ခုလုံးတွင် သူနှင့်နေသာ ဤအကြောင်းကို သိနိုင်၏။

အရာအားလုံးတွင် စိတ်၀ိညာဥ်များ ရှိ၍ နေသည်လည်း ထိုနည်းအတိုင်းပင် စိတ်၀ိညာဥ် ရှိသည်။

သို့သော်လည်း နေ၏၀ိညာဥ်သည် အမြဲတစေ နှစ်ခြိုက်စွာ အိပ်မောကျနေတတ်၏။

အဆုံးသတ်တွင် သူနိုးလာသောအခါ သူ့ရှေ့၌ ကိုယ်လုံးတီး ဖြစ်နေသော ကလေးတစ်ယောက်ကို တွေ့လိုက်ရ၍ သူ၏ မျက်နှာပြင်ပေါ်ရှိ အပူချိန်သည်ပင် ဒီဂရီ ရာနှင့်ချီ မြင့်တက်သွားသည်အထိ အံ့သြသွားခဲ့သည်။

ယခုအခါတွင် ဤရင်းနှီးသော အရှိန်အ၀ါကို နောက်ထပ် တစ်ကြိမ် ခံစားလိုက်ရ၍ နေ၀ိညာဥ်က တုန်လှုပ်သွားပြီး အိပ်စက်ခြင်းကနေ နိုးထလာခဲ့သည်။

သူ လုံး၀ မမှားခဲ့ပေ။

ဤအငွေ့အသက်သည် သူ့ကြောင့် အ၀တ်အစားများ မီးလောင်သွားပြီး ခန္ဓာကိုယ် မထိခိုက်ခဲ့သည့် ကလေး၏ အရှိန်အ၀ါပင် ဖြစ်၏။

သူက မျက်လုံးမှိတ်ပြီး အိပ်ပျော်နေစဥ်မှာပင် ထိုကလေးက ဤမျှ အရွယ်ရောက်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် မကြာခင်မှာပင် နေ၀ိညာဥ်သည် တစ်စုံတရာမှားယွင်းနေသည်ကို သဘောပေါက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ကျောဘက်တွင် ၀မ်လင်းနှင့် တစ်ပုံစံတည်း ဖြစ်သည့် ဆံဖြူလူငယ် တစ်ယောက်ကို မြင်တွေ့လိုက်ရ၍ ဖြစ်၏။

" ? ? ? "

မြင်လိုက်ရသော မြင်ကွင်းကြောင့် နေ၀ိညာဥ်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

အခြေအနေက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည် မဟုတ်ပါလော။

ဆိုရလျှင် မည်သည့်လူသားကမှ သူ၏ အူတိုင် လောင်ကျွမ်းမှုဒဏ်ကို မထိမခိုက် ရှင်သန်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း ၀မ်လင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက်တွင် နေ၀ိညာဥ်သည် သူ၏ အူတိုင်က အလုပ်မဖြစ်သည်ကို သိရှိလိုက်ရသည်။

ယခုအခါတွင် သူ၏ အူတိုင်လောင်ကျွမ်းမှုဒဏ်ကို မခံစားရသည့် နောက်ထပ် တစ်ယောက် ထွက်ပေါ်လာပြန်ပြီ ဖြစ်၏။

သူတို့နှစ်ယောက်ထံမှ ထွက်ပေါ်လာသည့် အရှိန်အ၀ါကို ကြည့်ချင်းအားဖြင့် ပြင်းထန်သည့် တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်လာမည်မှာ သေချာသလောက်ပင်။

နေ၏ နောက်ကျောမှ ၀မ်လင်းနှင့်တစ်ပုံစံတည်း ရှိသည့် ဆံဖြူလူငယ်သည် အမှောင်ရောင်ခြည် စက်၀န်းတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံထားရသည်။

သူက နေ၏ပြင်းထန်သော အပူချိန်ကို လျစ်လျူရှုကာ လေထဲကို ပျံတက်သွားခဲ့သည်။

၀မ်လင်းက ဆံဖြူလူငယ်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံသည်နှင့် တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။

သူ့ရှေ့မှ လူငယ်က အဘယ်ကြောင့် သူနှင့် တစ်ပုံစံတည်း.ဖြစ်နေသည်ကို သူ မသိသော်လည်း ဤမျှနီးကပ်သည့် ထိတွေ့မှုအပြီးတွင် တခြားတစ်ဖက်မှ လူငယ်သည် သူ့ကို မယှဥ်နိုင်ဟု ၀မ်လင်း ခံစားခဲ့ရသည်။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့ ၀မ်လင်း.."

ဆံဖြူလူငယ်က သက်ပြင်းချ၍ ပြောလိုက်သည်။

"ငါ့ရဲ့လက်ရှိ တိုက်ခိုက်ရေးစွမ်းအားနဲ့ မင်းကို အနိုင်ယူဖို့ ခက်ခဲမယ်ဆိုတာ ငါနားလည်ပါတယ် ဒါပေမဲ့.."

ထိုအချိန်တွင် ဆံဖြူလူငယ်သည် နေ၏ နောက်ကျောတွင် ရှိသည့် ကြီးမားသော အနက်ရောင် တိုင်လုံးကြီးကို လှည့်ကြည့်လိုက်သည်။

အဝေးကနေကြည့်လျှင် ထိုဧရာမ အနက်ရောင် တိုင်လုံးကြီးသည် နေ၏ မျက်နှာပြင်ထဲကို ထိုးဖောက် ၀င်ရောက်နေသည့် အပ်တစ်ချောင်းနှင့်ပင် ဆင်တူ၏။

ဤသည်မှာ ဆံဖြူလူငယ် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားသည့် မှော်ရတနာဖြစ်သော အသင်္ချေ အစီအရင်တိုင်လုံးပင် ဖြစ်၏။

၎င်းက နေ၏အပူဆုံးဖြစ်သည့် အူတိုင်ထဲကိုပင် တိုက်ရိုက် ထိုးဖောက်နိုင်စွမ်း ရှိသည်။

ထိုအချိန်တွင် နေ၏၀ိညာဥ်သည် ဆံဖြူလူငယ်၏ရည် ရွယ်ချက်ကို အဆုံးသတ်၌ နားလည်သွားခဲ့သည်။

တစ်ဖက်လူက နေ၀ိညာဥ်၏စွမ်းအားကို ထုတ်ယူကာ နေအဖွဲ့အစည်းထဲရှိ တခြား ဂြိုလ်ရှစ်လုံးကို အတူတကွ လှုံ့ ဆော်ခြင်းပင် ဖြစ်၏။

ထို့နောက်တွင် ကမ္ဘာပေါ်ရှိ ကောင်းကင်သွေးပြန်ကြော၏ အဓိကဘားခလုတ်ကို ဖွင့်လှစ်လိုက်သောအခါ နေအဖွဲ့အစည်းကို ၀န်းရံထားသည့် စကြာ၀ဠာ သန့်စင်ခြင်းအစီအရင်သည် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ထိုအချိန်တွင် နေအဖွဲ့အစည်းတစ်ခုလုံးရှိ သက်ရှိသတ္တ၀ါအားလုံးကို ဤဆံဖြူလူငယ်က မျိုချသွားလိမ့်မည် ဖြစ်၏။

"ငါက နေအဖွဲ့အစည်း တစ်ခုလုံးရဲ့ စွမ်းအားကို ပေါင်းစည်းလိုက်ရင် မင်း ငါ့ကို ယှဥ်နိုင်ဦးမယ်လို့ ထင်လား"

စကားပြောရင်း ဆံဖြူလူငယ်သည် အသင်္ချေအစီအရင်တိုင် ဘက်သို့ လှည့်ကြည့်လိုက်ပြီး နေ၀ိညာဥ်ထံမှ စွမ်းအားများကို စတင်စုပ်ယူလိုက်သည်။

သူ၏ လက်ရှိခွန်အားသည် ၀မ်လင်းကို ယှဥ်နိုင်မည်ဟု သူ မထင်ပေ။

သို့သော်လည်း အသင်္ချေအစီအရင် တိုင်လုံးက နေ၀ိညာဥ်စွမ်းအားကို စုပ်ယူပြီးသည် အထိ အချိန်ဆွဲနိုင်လျှင် လုံလောက်ပြီ ဖြစ်၏။

ထိုအချိန်တွင် ၀မ်လင်းသည် အသင်္ချေအစီအရင် တိုင်လုံးဘက်သို့ လှည့်ကြည့်လိုက်ရာ နေ၏ မျက်နှာပြင်သည် ဆံပင်ထူထဲသော လူတစ်ယောက်က ကတုံးတုံး ခံလိုက်ရသည်နှင့် အမှန်တကယ် ဆင်တူနေသည်ကို တွေ့လိုက်ရသည်။

ဆိုရလျှင် နေ၏ မူလ တောက်ပသော မျက်နှာပြင်သည် ဗလာကျင်းနေခဲ့ပြီး အပူချိန်များ ရုတ်တရက် ကျဆင်းကာ နှင်းခွဲအလွှာများပင် ဖုံးအုပ်နေသည်ကို သူတွေ့လိုက်ရ၏။

ဤသည်မှာ ဆံဖြူလူငယ်၏ လက်ချက်မှန်း သိသာနေသည်။

၀မ်လင်း ကိုယ်တိုင်ပင် နေ၀ိညာဥ်ကို ဤမျှ အနိုင်ကျင့်နိုင်မည့် တခြားလူတစ်ဦး ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ့အနေဖြင့် ဆံဖြူလူငယ်ကို လွတ်မြောက်ခွင့်ပေးမည် မဟုတ်ချေ။

၀မ်လင်းက အသင်္ချေအစီအရင် တိုင်လုံး ဆီသို့ အလျင်အမြန်ပြေးသွားခဲ့သည်။

လက်ရှိအချိန်တွင် အရေးကြီးဆုံးအရာမှာ တစ်ဖက်လူက နေဝိညာဥ်၏ စွမ်းအားကို စုပ်ယူခြင်းအား ရပ်တန့်ရန် ဖြစ်ပြီး အသင်္ချေအစီအရင် တိုင်လုံးကို နေ၏ အူတိုင်မှ တိုက်ရိုက်ဆွဲထုတ်ရန် သို့မဟုတ် ဖျက်ဆီးရန်သည် အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်၏။

သို့သော်လည်း ၀မ်လင်းအနေဖြင့် မှော်အစွမ်းကို သုံး၍ ဖျက်ဆီးခဲ့လျှင် နေ၏ မျက်နှာပြင်ကို ပြန်ပြင်၍ မရသည့် ပျက်စီးမှုများ ဖြစ်မည်ကို စိုးရိမ်သောကြောင့် တိုက်ရိုက် ဆွဲထုတ်သည်ကသာ အကောင်းဆုံးဟု ခံစားခဲ့ရသည်။

သို့မှသာ နေနှင့် နေ၀ိညာဥ်၏ ပျက်ဆီးမှုကို အနည်းဆုံး လျော့ချနိုင်လိမ််မည် ဖြစ်သည်။

သို့သော် ၀မ်လင်း အံ့သြသွားသည်မှာ ဆံဖြူလူငယ်၏ လှုပ်ရှားမှုများနှင့် တုန့်ပြန်မှုများသည် သူကဲ့သို့ပင် မြန်ဆန်နေပြီး အရှိန်အဟုန်တွင်လည်း သူ့ထက် လုံး၀မနိမ့်ကျခြင်းပင်။

သူတို့က တစ်ပြိုင်နည်း နီးပါးဟုပင် ပြော၍ရသည်။

ဤမြင်ကွင်းက ၀မ်လင်းကို အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးတွင် မည်သူကမှ သူ၏ လှုပ်ရှားမှုများကို လိုက်လံ တုပနိုင်ခြင်း မရှိသောကြောင့်ပင်။

"၀မ်လင်း ဒီကမ္ဘာကြီးမှာ ငါတစ်ယောက်ပဲ မင်းလုပ်သမျှကို လိုက်လုပ်နိုင်တယ်"

ဆံဖြူလူငယ်က ယုံကြည်မှုအပြည့်ဖြင့် ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်းက ငါလုပ်သမျှကို တကယ်ပဲ လိုက်လုပ်နိုင်တာလား"

၀မ်လင်းက စိတ်ထဲကနေ စဥ်းစားလိုက်ပြီး ဆံဖြူလူငယ်၏ အထောက်အထားကို ခန့်မှန်းနေခဲ့သည်။

ပထမတွင် ၀မ်လင်းသည် ဆံဖြူလူငယ်ကို အပြိုင်ကမ္ဘာကနေ ရောက်ရှိလာသည့် လူတစ်ဦး ဖြစ်နိုင်သည်ဟု သံသယရှိခဲ့သည်။

သို့သော် ယခုအခါတွင် သူ၏စိတ်ထဲ၌ လုံး၀ ဆန်းကြယ်သည့်အတွေးတစ်ခု ရှိလာခဲ့သည်။

ထို့အပြင် ဤအတွေး၏ အဖြေသည် သူထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍ ရှုပ်ထွေးနေခဲ့၏။

နောက်ထပ် တခဏတွင် ၀မ်လင်းသည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ လက်ကို လှုပ်ရှားကာ အဆင့်၁၃ မှော်စွမ်းရည်ကို အသုံးပြုလိုက်သည်။

ဤမှော်စွမ်းရည်ကို "ဂလက်ဆီ ပေါက်ကွဲမှု"ဟု ခေါ်ပြီး အနီး အနားရှိ ဥက္ကာပျံအားလုံးကို စုစည်းကာ ကြယ််မိုးရွာချ သကဲ့သို့ ကြောက်မက်ဖွယ် ဗုံးကျဲမှုများ ပြုလုပ်နိုင်၏။

သို့သော် ၀မ်လင်းက ထိုမှော်အစွမ်းကို ထုတ်သုံးရန် သူ၏ လက်ကို မြှောက်လိုက်သောအချိန်မှာပင် ချက်ခြင်းဆိုသလို တစ်ဖက်မှ ဆံဖြူလူငယ်သည်လည်း သူ၏ လုပ်ဆောင်ချက်နှင့် တစ်ထပ်တည်းကျအောင် လိုက်လံ လုပ်ဆောင်နိုင်ခဲ့သည်။

သူတို့က တစ်ချိန်တည်းမှာပင် လက်တွေကို မြှောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် လက်ဟန်များကို ပြုလုပ်ကာ မှော်အစွမ်းများကို အသုံးပြုလိုက်ကြသည်။

သူတို့၏ လှုပ်ရှားမှုများက မိုက်ခရိုစက္ကန့်အထိ အတိအကျ တူညီနေသည်ဟုပင် ဆို၍ရသည်။

ကမ္ဘာပေါ်ရှိ အားအကောင်းဆုံး ကော်ပီကောင်လေး ဖြစ်သည့်ကျန်းဝူကျိပင် ဤသည်ကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအချက်ကြောင့်ပင် ၀မ်လင်းသည် သူ၏ အတွေးကို အတည်ပြုနိုင်ခဲ့သည်။

အဖြေက တစ်ခုသာရှိနိုင်၏။

ယင်းမှာ သူ၏အရှေ့ရှိ ဆံဖြူလူငယ်သည် သူ၏ ကိုယ်ပိုင်အရိပ် ဖြစ်နိုင်သည်ဟူသော အချက်ပင် ဖြစ်၏။

အပိုင်း(၁၁၉၄) ပြီး၏

All Chapters