← Chapters

ဝမ်ယင်

Vol. 80 Ch. 1195

ဝမ်ယင်

Vol. 80 Ch. 1195

ယခုအခါတွင် ၀မ်လင်းသည် သူအမြဲတမ်းလိုလို နားလည်မှုလွဲနေခဲ့သော အရာတစ်ခုကို အဆုံးသတ်၌ ရှာဖွေတွေ့ရှိသွားခဲ့သည်။

၀မ်မင်၏ အိပ်မက်မှတဆင့် ၀မ်လင်းသည် သူနှင့်နောက် ကွယ်မှ ကြိုးကိုင်သူတို့ကြား ဆက်စပ်မှုအချို့ ရှိနေနိုင်သည်ဟု သိရှိခဲ့သော်လည်း ထိုလူကို အပြိုင်ကမ္ဘာထဲတွင် ရှိနေသည်ဟုသာ တွေးတောမိခဲ့ပြီး သူ၏ ရှေ့တည့်တည့်တွင် ရှိနေသော သဲလွန်စကိုမူ လျစ်လျူရှုမိခဲ့သည်။

စင်စစ် ဆံဖြူလူငယ်သည် သူ၏အရိပ်ပင် ဖြစ်၏။

ဆိုရလျှင် သူ့အရိပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

သူ၏ ပြိုင်ဘက်သည် အလွန်ပင် လိမ္မာပါးနပ်သည်။

သူက ၀မ်လင်းကို စိတ်ရှုပ်ထွေးအောင်လုပ်ရန် အရိပ်စွမ်းအားအနည်းငယ်ကို ဝမ်လင်းထံ ချန်ထားရစ်ခဲ့ပြီး ဝမ်လင်းဆီမှ ထွက်ခွာသွားသည်ကို ဝမ်လင်း သတိမထားမိစေရန် လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ၀မ်လင်းသည် သူ၏ အရိပ်က သူ့ထံတွင် ဆက်လက်ရှိနေသောကြောင့် မရိပ်မိခဲ့ခြင်းပင် ဖြစ်၏။

ဤသို့ဖြင့် ပြိုင်ဘက်သည် ၀မ်လင်း၏ အရိပ်ကနေ ခွဲထွက်သွားသော အချိန်တွင် သူ၏စွမ်းအားကို အဆက်မပြတ် မြှင့်တင်နေခဲ့သည်။

၎င်းက ငါးကြီးကို ငါးသေးမျိုချသော နည်းလမ်းနှင့် ဆင်တူသည့် နည်းစနစ်ကို အသုံးပြုကာ အခြားသူများ၏ အရိပ်များကို အဆက်မပြတ် မျိုချ၍ သူ့ကိုယ်သူ အားကောင်းလာအောင် လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် သူအသုံးပြုလေ့ ရှိသော ပြန်လည်ရှင်သန်ခြင်း မန္တန်သည် ရှင်သန်ထမြောက်လာသော သူများကို မျိုချရန်အတွက် ပြင်ဆင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

၀မ်လင်းက အလွန်ပင် သတိကြီးသော လူတစ်ဦးဖြစ်သော်လည်း သူ့အရိပ်က သူ့ကို လှည့်စားနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူ၏အရိပ် ဖြစ်သောကြောင့် ၀မ်လင်းသည် ဆံပင်ဖြူလူငယ်ကို ၀မ်ယင်ဟု အမည်ပေးရန် ချက်ခြင်း ဆုံးဖြတ်လိုက်သည်။

"ဟမ့်.. ငါ့ကို နာမည်လျှောက်မပေးစမ်းနဲ့"

တစ်ဖက်မှ ဆံဖြူလူငယ်သည် ၀မ်လင်း၏ စိတ်ထဲမှ ရေရွတ်လိုက်သော အသံကို ကြားလိုက်ပြီးနောက်တွင် မျက် နှာရှုံ့မဲ့ကာ ဒေါသတကြီး ပြောလိုက်သည်။

သူတို့နှစ်ဦးက အဆင့်တူများ ဖြစ်သောကြောင့် တစ်ဦးကို တစ်ဦး ဘာမှ မလုပ်ဆောင်နိုင်ကြောင်း သူကောင်းစွာသိ၏။

တစ်နည်းအားဖြင့် ၀မ်လင်းသည် စိတ်ထဲကနေ ဝမ်ယင်ကြားအောင် တမင်တကာ မရေရွတ်ခဲ့လျှင် ၀မ်လင်း၏ အတွင်းစိတ်ထဲမှ အသံကို ဆံဖြူလူငယ် ဝမ်ယင် အနေဖြင့် လုံး၀ ကြားနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ၀မ်ယင်သည် ၀မ်လင်းက သူ့ကို နာမည်ပေးခြင်းအား တမင်တကာ ကြားစေခဲ့ကြောင်း ချက်ခြင်း ဆိုသလို နားလည်ခဲ့၏။

"ဘယ်လောက်တောင် ယုတ်မာလိုက်တဲ့ ကောင်လဲ..ငါ့ကို နာမည်ပေးလိုက်တာနဲ့ပဲ သူ့ကို လက်နက်ချ အရှုံးပေးလိမ့်မယ်လို့ ထင်နေတာလား မသိဘူး"

၀မ်လင်းနှင့် ကွဲကွာသွားသော အချိန်မှစ၍ ၀မ်ယင်သည် ဤဘ၀အတွင်း မည်သူ၏ နောက်လိုက်မှ မလုပ်တော့ရန် ကျိန်ဆိုထားခဲ့ပြီ ဖြစ်သည်။

၀မ်လင်းသည် တစ်နေ့နေ့တွင် သူ၏ အရိပ်နှင့် ပြန်လည်တိုက် ခိုက်ရလိမ့်မည်ဟု မထင်ခဲ့ပေ။

၀ူရှ၀တ္ထုများတွင် တွေ့ရလေ့ရှိသည့် ဘယ်လက် နှင့် ညာလက်အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် ဆင်တူသော ခံစားချက်သည် အလွန်ပင် အံ့သြဖွယ်ကောင်း၏။

[ဥပမာ= မက်မွန်မြေကချစ်တေးတစ်ပုဒ်မှ ကျိုးပုထုံး]

"စည်းတံဆိပ်ခတ်ခြင်းမန္တန်"

ထိုအချိန်တွင် ၀မ်လင်းသည် ၀မ်ယင်ကို ကိုင်တွယ်နိုင်မည့် ဖြစ်နိုင်ချေရှိသော နည်းလမ်းကို တွေးတောနေခဲ့သည်။

သူက ၀မ်ယင်နှင့် တိုက်ခိုက်လျှင် ၀မ်ယင်ကလည်း အလားတူအရာမျိုး လုပ်ဆောင်နိုင်ဖွယ် ရှိ၏။

နေရောင်အောက်တွင် တိုက်ခိုက်၍ နေ၀ိညာဥ်ကို ထိခိုက်စေခဲ့လျှင် ကမ္ဘာမြေကြီး၏ ပတ်၀န်းကျင်အတွက် အသက်ရှု ရပ်တန့်သွားစေမည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ၀မ်လင်း တွေးတောနေသည်မှာ ၀မ်ယင်ကို စည်းတံဆိပ်ခတ်ရန် အတွက် အဆင့်မြင့် စည်းတံဆိပ်ခတ် မန္တန်ကို အသုံးပြုရန်ပင် ဖြစ်၏။

ဤသည်မှာ လက်ရှိအချိန်တွင် သူတွေးနိုင်သော အသင့်တော်ဆုံး နည်းလမ်း ဖြစ်သည်။

ဟုတ်ပါသည်။ သူ့အနေဖြင့် ၀မ်ယင်ကို သာမန် ကောင်းကင်တာအို မန္တန်များ အသုံးပြုနိုင်မည်မဟုတ်ပေ။

၀မ်ယင်က သူ၏ စွမ်းရည်အားလုံးကို အသုံးပြုနိုင်သည် ဖြစ်၍ သူမည့်သည့်အရာကို ပြုလုပ်ပါစေ၊ အပြစ်အနာအဆာမရှိ ကော်ပီကူးယူနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဤတိုက်ပွဲသည် ဦးနှောက်ကို အသုံးပြုရမည့် တိုက်ပွဲမျိုး ဖြစ်၏။

၀မ်လင်းက ကောင်းကင်တာအိုများကို ပေါင်းစပ်ကာ ၀မ်ယင်ကို တိုက်ခိုက်ရန်အတွက် အသစ်စက်စက် စွမ်းရည်တစ်ခုကို တီထွင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

သူတို့နှစ်ဦးစလုံးသည် အတွင်းစိတ်မှ ရေရွတ်သံကို တမင်တကာ မဖော်ထုတ်သ၍ တစ်ဦး၏ စိတ်ကို တစ်ဦးက ဖတ်နိုင်မည် မဟုတ်ပေ။

"မင်းငါ့ကို လျှော့တွက်လွန်းတယ် ၀မ်လင်း.. ငါမင်းဆီကနေ ထွက်လာကတည်းက စိတ်ချင်းဆက်သွယ်မှုနေ မင်းစိတ်ကို မဖတ်နိုင်ခဲ့တောင် မင်းအကြောင်း ငါ့ရဲ့ နားလည်မှုအပေါ် အခြေခံပြီး မင်းဘာတွေ တွေးနေသလဲ ဆိုတာကို ငါခန့်မှန်းနိုင်ပါသေးတယ်"

၀မ်ယင်က မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောလိုက်သည်။

သူ၏ အမူအရာအရ ၀မ်လင်းကို အထင်သေးနေသည်မှာ ထင်ရှားနေ၏။

"မင်းမမေ့ပါနဲ့.. ငါက မင်းနဲ့အတူ ကြီးပြင်းလာခဲ့တာ ဆိုတော့ မင်းရဲ့အကျင့်တွေ အားလုံးကို ငါ့လက်ဖ၀ါးပေါ်က လက္ခဏာတွေလိုမျိုး သိနေခဲ့ပြီ"

၀မ်ယင်၏ စကားသည် ၀မ်လင်း၏ သူငယ်အိမ်များကိုပင် အနည်းငယ် ကျဥ်းမြောင်းသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက ၀မ်ယင်ကို အမှန်တကယ် လျှော့တွက်မိလိုက်ပြီဟု ခံစားလိုက်ရ၏။

အဆုံးသတ်တွင် ၀မ်ယင်သည် သူ့ဆီကနေ ခွဲထွက်သွားသည့် ကိုယ်ပွားတစ်ခုပင် ဖြစ်သည် မဟုတ်လော။

၎င်းက ကိုယ်ပိုင် ဥာဏ်ရည်ဥာဏ်သွေး ရှိရုံသာမက သူ၏ စွမ်းရည်အားလုံးကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။

ယင်းမှာ သူယခင်က ကြုံတွေ့ခဲ့သည့် ပြိုင်ဘက်များနှင့် လုံး၀မတူပေ။

ဆိုရလျှင် ၀မ်ယင်သည် လက်၀ါးရိုက်ချက် တစ်ချက်တည်းဖြင့် ၀မ်လင်း အနိုင်ယူ၍မရသည့် ပထမဦးဆုံးလူ ဖြစ်နိုင်ပေသည်။

သို့သော် နောက်ထပ် တခဏမှာပင် သူ့ရှေ့မှလူငယ်ကို ကြည့်ပြီး ၀မ်လင်းသည် သက်ပြင်းချလိုက်သည်။

သူ၏ သက်ပြင်းချသံနှင့်အတူ ၀မ်ယင်သည် ပတ်၀န်းကျင်ရှိ ပေသုံးထောင် ပတ်လည်အတွင်း တုန်ခါလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"စည်းတံဆိပ်ခတ် မှော်စက်ကွင်းပါလား..မင်းဘယ်လိုလုပ်လိုက်တာလဲ.."

၀မ်လင်းက မှော်စက်ကွင်းတစ်ခုကို တိတ်တဆိတ် တည် ဆောက်ခဲ့ပြီး ၀မ်ယင် အသင့်မဖြစ်ခင် အငိုက်ဖမ်းခဲ့သည်။

၀မ်ယင်က ၀မ်လင်း၏ မှော်စက်ကွင်းကို ခန့်မှန်းရန် အသည်းအသန် ကြိုးစားနေခဲ့သော်လည်း မည်သို့သောစွမ်းရန် အသုံးပြုထားသည်ကို မမြင်နိုင်ခဲ့ပေ။

၀မ်လင်းသည် မှော်စက်ကွင်းကို ထုတ်ဖော်ရန်အတွက် သက်ပြင်းချရုံက လွဲ၍ လုံး၀ မလှုပ်ရှားခဲ့ပေ။

သူက မည်သည့်လက်ဟန်မှ မပြုလုပ်ဘဲ ခန္ဓာကိုယ်ကနေ စွမ်းအင်လှိုင်းများပင် မထုတ်လွှတ်ခဲ့ပေ။

သို့တိုင် ၀မ်လင်းသည် မှော်စက်ကွင်း အစီအရင်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။

ယင်းမှာ အသစ်စက်စက် မှော်စက်ကွင်း အစီအရင်လည်း ဖြစ်၏။

အနည်းဆုံးတော့ ၀မ်ယင်၏ မှတ်ဥာဏ်ထဲတွင် ဤကဲ့သို့ မှော်စက်ကွင်း အစီအရင်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ချက်ခြင်းဆိုသလိုပင် မှော်စက်ကွင်း အစီအရင်သည် တောက်ပနေသော နေမျက်နှာပြင်ကို စတုရန်းပုံ ကျားကွက်တစ်ခုအဖြစ် ပိုင်းခြားလိုက်သည်။

မရေမတွက်နိုင်သောကြယ်များသည် ကျားကွက်အတွင်းစုစည်းလာခဲ့ပြီး ကျားကွက်ပတ်ပတ်လည်တွင် ကျားကွက်ရွှေ့သကဲ့သို့ လှုပ်ရှားနေခဲ့သည်။

ကျားကွက်၏ အလယ်ဗဟိုကိုမူ ယင်နှင့်ယန်အဖြစ် တစ်ခုချင်းဆီ ရှင်းရှင်းလင်းလင်း ပိုင်းခြားထား၏။

၀မ်လင်းသည် ယင်နှင့်ယန် ဆုံမှတ်တွင် မတ်တပ်ရပ်နေခဲ့သည်။

ထိုခဏမှာပင် ကျားကွက်အတွင်းရှိ ကြယ်များနှင့် ဖွဲ့စည်းထားသော အစီအရင်စွမ်းအားများသည် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကို ထုတ်လွှတ်လိုက်သည်။

အစီအရင်စွမ်းအားများက ဆက်တိုက်ဆိုသလို ၀မ်ယင်၏ ဦးတည်ရာဆီသို့ ရွေ့လျားသွားခဲ့၏။

ယင်းမှာ ၀မ်လင်းက မန္တန်အမျိုးမျိုးကို ပေါင်းစပ်ကာ အသစ်တီထွင်ထားသော မှော်အစီအရင်တစ်မျိုး ဖြစ်သည်။

အစီအရင်စွမ်းအားများက ပစ်မှတ်ကို ထိမိသည်နှင့် ချက်ခြင်းဆိုသလို ပစ်မှတ်သည် စည်းတံဆိပ်ခတ် ခံရလိမ့်မည် ဖြစ်၏။

ဤစွမ်းအားသည် အဆင့် ၁၄ မှော်စွမ်းအား အဆင့်အထိ အားကောင်းနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း အစီအရင်စွမ်းအားက ၀မ်ယင်နှင့် ထိခိုက်မိတော့မည့် အချိန်မှာပင် အလျင်အမြန် ရွေ့လျားနေသည့် အစီအရင် စွမ်းအားများသည် ရုတ်တရက် လမ်းကြောင်းမှာတင် ရပ်တန့်သွားခဲ့သည်။

ထိုခဏတွင် ၀မ်ယင်၏ ခြေထောက်အောက်၌ ပေသုံးထောင် ကျယ်ဝန်းသည့် ကျားကွက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဆိုရလျှင် ၀မ်ယင်သည် ၀မ်လင်း၏ ယခုမှ အသစ် ဖန်တီးလိုက်သော မှော်စွမ်းအားကို ကော်ပီကူးလိုက်ပြီ ဖြစ်သည်။

ကောင်းကင်တာအိုကျားကွက်၊ ကြယ်အနေအထား ပြောင်းလဲခြင်း မှော်စက်ကွင်း၊ အင်္သေချေ ဖုန်မှုန့်အစီအရင်..

အချိန်အနည်းငယ် ကြာခဲ့သော်လည်း ၀မ်ယင်သည် ၀မ်လင်းအသစ်စက်စက် ဖန်တီးထားသည့် မှော်အစီအရင်၏ ဖော်မြူလာကို တွက်ချက်နေနိုင်ဆဲပင်။

၀မ်လင်းက ၀မ်ယင်အနေဖြင့် ဤမျှအထိ မြန်မြန်ဆန်ဆန် တွက်ချက်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဤအတိုင်းဆိုလျှင် ရိုးရှင်းသည့် အစီအရင်တစ်ခုဖြင့် ၀မ်ယင်ကို လှည့်စား၍ မရပုံ ပေါ်၏။

ထို့ကြောင့် သူက ပိုမိုရှုပ်ထွေးသည့် မန္တန်များကို ဖန်တီးရပေဦးမည် မဟုတ်ပါလော။

အပိုင်း(၁၁၉၅) ပြီး၏

All Chapters