← Chapters

ထောင်ချောက်ထဲကျရောက်ခြင်း

Vol. 80 Ch. 1200

ထောင်ချောက်ထဲကျရောက်ခြင်း

Vol. 80 Ch. 1200

အမှတ် ၆၀ အထက်တန်းကျောင်း၏ အသက်ရှင်ကျန်ရစ်သော လူအရေအတွက်သည် အပေါ်ယံကြည့်လျှင် ကောင်းမွန်သည်ဟု ထင်ရသော်လည်း ၀မ်လင်း၏ အမြင်တွင် အားလုံး၏ အာရုံစိုက်ခြင်းကို ခံရသည့် အနေအထားထဲသို့ တွန်းပို့ခံနေရသည်နှင့် မခြားပေ။

ဆိုရလျှင် အကြီးစား ပြိုင်ပွဲများတွင် မျှတမှုသည် အဓိကဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းက လက်ရှိအချိန်တွင် လူစာရင်း အပြည့်အ၀ရှိနေသေးသည် မြင်လျှင် တခြားကျောင်းများသည် နောက်ဆုံးရက်တွင် အင်အားများ စုပေါင်းကာ အမှတ်၆၀ အထက်တန်းကျောင်းကို အရင်ဦးဆုံး ဖြိုခွင်းနိုင်ချေရှိပေသည်။

တကယ်လည်း ၀မ်လင်း၏ စိုးရိမ်ပူပန်မှုသည် မကြာခင် အချိန်အတွင်းမှာပင် အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။

"အခုအချိန်မှာ ငါတို့အပြင် ကျန်ရှိတဲ့လူ ၆၀ကျော်ထဲမှာ အသက်ရှင်ကျန်ရစ်တဲ့ ကျောင်းပေါင်း ၁၁ ကျောင်းရှိတယ် ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ အရတော့ တစ်ကျောင်းချင်းဆီက အဖွဲ့၀င် တစ်ယောက်ဆီကို စေလွှတ်ပြီး မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းဖို့ စီစဥ်ထားကြတယ်.. မဟာမိတ်အဖွဲ့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်းကို ​ချေမှုန်းဖို့ပဲ"

မွန်းတည့်ချိန်တွင် စွန်းရုံသည် ဟိုလိုဂရပ်ဖစ် မျက်နှာပြင် မြေပုံမှ တဆင့် စစ်မြေပြင်၏ လက်ရှိအခြေအနေကို လူတိုင်းအား ရှင်းပြလိုက်သည်။

အမှတ်၆၀ အထက်တန်းကျောင်းတွင် လူအပြည့်အစုံ ရှိနေသေးသည်ကို သိလျှင် အာရုံခံစွမ်းရည်တွင် ကျွမ်းကျင်သူဖြစ်သည့် နန်ယန်ရှို့၏ဦးဆောင်မှုအောက်တွင် ကျောင်းအသီးသီးသည် သူတို့ အမှတ်၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်ရန်အတွက် လူ၁၁ ဦးပါ မဟာမိတ်အဖွဲ့ကို ချက်ခြင်းပင် ဖွဲ့စည်းခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ အဖွဲ့၀င်တစ်ယောက်အတွက် သူတို့ဆီမှ အဖွဲ့၀င် တစ်ယောက်ကို လဲလှယ်နိုင်လျှင်ပင် မဆိုးလှဟု သူတို့က တွက်ချက်ထားခဲ့သည်။

"အခုက ပြိုင်ပွဲရဲ့ အရေးပါတဲ့နောက်ဆုံးအဆင့်ကို ရောက်နေပြီ.. ဒီအဆင့်က တိုက်ပွဲမှာ စုဆောင်းထားတဲ့ ရမှတ်တွေ အသက်ရှင်ကျန်ရစ်တဲ့ ရမှတ်တွေနဲ့ အပိုဆုရမှတ်တွေ အပေါ်မှာ မူတည်တယ်.. ပြိုင်ပွဲရဲ့ အစောပိုင်းနဲ့ အလယ်ပိုင်းအဆင့်တွေမှာ လူတိုင်းက အသက်ရှင်ရပ်တည်ဖို့ အတွက် အတူတကွလုပ်ဆောင်ခဲ့ကြတာကြောင့် ကျောင်းတစ်ကျောင်းဆီမှာ တိုက်ပွဲရမှတ်တွေ အများအပြားတော့ ရှိမနေဘူး.. ဒါပေမဲ့ ငါတို့အနေနဲ့ ငါတို့ရဲ့လူဦးရေ အားသာချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ် ဆိုရင် အသက်ရှင်ကျန်ရစ်တဲ့ ရမှတ်တွေကို အသုံးပြုပြီး ကြီးမားတဲ့ အားသာချက်ကို ရရှိနိုင်တယ်.. ဒါက ပြိုင်ပွဲမှာ အနိုင်ရရှိဖို့ အဓိကသော့ချက်ပဲ"

စွန်းရုံက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ရမှတ်များထဲတွင် အသက်ရှင်ကျန်ရစ်သည့် လူအရေအတွက်ပေါ် မူတည်၍ ပေးသော ရမှတ်များသည် အရေးပါဆုံး ဖြစ်သည်။

ပြိုင်ပွဲ၏ နောက်ဆုံးနေ့ ဖြစ်သည့် အဌမမြောက်နေ့ ပြီးဆုံးသောအခါတွင် ကျောင်းတစ်ကျောင်းစီတွင် ကျန်ရစ်သည့်အဖွဲ့၀င် အရေအတွက်ပေါ် မူတည်၍ အမှတ်များကို တွက်ချက်ပေးလိမ့်မည် ဖြစ်သည်။

တစ်ယောက် အသက်ရှင်ကျန်ရစ်ခဲ့လျှင် အမှတ် ၁၀၀ ကိုရရှိလိမ့်မည် ဖြစ်၏။

ထိုနောက်ဆုံးနေ့တွင် အဖွဲ့၀င်တစ်ယောက်မှ မဆုံးရှုံးခဲ့လျှင် အမှတ် ၆၀ အထက်တန်းကျောင်းသည် အမှတ် အများအပြားကို ရရှိသွားလိမ့်မည် မဟုတ်ပါလား။

ယင်းက တိုက်ပွဲရမှတ်ကို မှီခိုခြင်းနှင့် နှိုင်းယှဥ်လျှင် အမှတ်စုဆောင်းရန် အတွက် ပို၍မြန်ဆန်သော နည်းလမ်း ဖြစ်သည်။

စွန်းရုံက တိုက်ပွဲဗျူဟာကို ဆွေးနွေးနေချိန်တွင် ၀မ်ကျန်း၊ ကူရွှင်းကျစ်နှင့် အခြားသူများသည် ပျင်းရိစွာဖြင့် ကောင်းကင်ကို မော့ကြည့်နေခဲ့ကြသည်။

သူတို့က အမှတ်၆၀ အထက်တန်းကျောင်း အတွက် စိုးရိမ်ပူပန်မှု လုံး၀မရှိခဲ့ပေ။

သို့သော်လည်း အမှတ်၆၀ အထက်တန်းကျောင်းသည် နောက်ဆုံးနေ့ ရောက်ခါနီးသည်အထိ တိုက်ပွဲတွင် တစ်ယောက်မှ မသေဆုံးသေးပေ။

ယင်းမှာ တကယ့်လက်တွေ့နှင့် အနည်းငယ် ကင်းကွာနေသလို ၀မ်ကျန်းတို့လူစု ခံစားခဲ့ရသည်။

သူတို့က ၀မ်လင်းထံကနေ သိုသိုသိပ်သိပ် နေထိုင်ပုံကို လေ့လာခဲ့ကြသော်လည်း လက်ရှိ အခြေအနေသည် အများ၏ အမြင်တွင် ထင်းခနဲ ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူတို့သည် သီးခြားစိတ်ပိုင်းဆိုင်ရာ နေရာလွတ် ချာနယ်ထဲတွင် ဆွေးနွေး ပြောဆိုခဲ့ကြသည်။

စတင်ဆွေးနွေးခဲ့သူမှာ ကျန်းရွမ် ဖြစ်သည်။

"ငါတို့တွေ သရုပ်ဆောင်တာ သိပ်သဘာ၀မကျသလိုပဲ.. အခုအချိန်ထိ တစ်ယောက်မှ မသေဆုံးသေးတာတော့ နည်းနည်းများသွားပြီလို့ မင်းတို့ မထင်ဘူးလား"

ကူရွှင်းကျစ်က ခေါင်းငြိမ့်လိုက်ပြီး ကျန်းရွမ်၏ အဆိုကို သဘောတူလိုက်သည်။

"ကျန်းရွမ်ပြောတာ အဓိပ္ပါယ်ရှိတယ်.. ငါလည်း ဒီအခြေအနေကို သဘောမကျဘူး.. တအားကြီး မသိသာသွားဖို့ အတွက် ငါတို့တွေ ပြိုင်ပွဲက ထွက်ခွာမှ ဖြစ်လိမ့်မယ်.. ငါတို့ထဲမှာ ဘယ်သူက သဘာ၀ကျကျ သေဆုံးမှုကို ပြသပေးနိုင်မလဲ"

ထိုစကားကိုကြားလျှင် လျူချင်းရီသည် ချက်ခြင်းပင် ထောက်ခံချက်ပေးလိုက်သည်။

"အဲဒီအပိုင်းမှာဆို ၀မ်ကျန်းက အတော်ဆုံးပဲ"

၀မ်ကျန်း"........"

ဤသို့ဖြင့် စွန်းရုံက ရန်သူများကို ကိုင်တွယ်ရန် အတွက် ဗျူဟာကို စဥ်းစားနေချိန်တွင် ၀မ်ကျန်းသည် လျူချင်းရီနှင့် တခြားသူများကို ချောက်ကမ်းပါးကနေ ခုန်ချဖို့ ဆွဲခေါ်လာခဲ့သည်။

ဤအစီအစဥ်သည် ကူရွှင်းကျစ်၊ ကျန်းရွမ်၊ လျူချင်းရီနှင့် ၀မ်ကျန်းတို့ အတူတကွ စဥ်းစားထားသည့် အစီအစဥ် ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းသာ အမှန်တကယ် အမှတ်အများအပြားနှင့် ချန်ပီယံဆုကို ရရှိသွားလျှင် တော်တော်လေး သိသာထင်ရှားသွားလိမ့်မည် ဖြစ်၏။

ကူရွှင်းကျစ်၏ တွက်ချက်မှုအရ သူတို့လေးယောက်သာ ပြိုင်ပွဲကနေ နှုတ်ထွက်သွားခဲ့လျှင် တခြားကျောင်းများကို မျက်နှာသာပေးနိုင်ရုံသာမက အမှတ်၆၀ အထက်တန်း ကျောင်းကိုလည်း အမှတ်နည်းနည်းဖြင့် ချန်ပီယံဆုရရန် အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်သည်။

၎င်းက အောင်ပွဲနှင့် ရှုံးနိမ့်မှုအကြားမှ အမှတ်ကွာဟချက်ကို ကျဥ်းမြောင်းစေပြီး အမှတ်၆၀ အထက်တန်းကျောင်းကို ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

ဟုတ်ပါသည်။ ဤသို့လုပ်ဆောင်ရန်အတွက် သူတို့၏ သရုပ်ဆောင်မှုသည် လက်တွေ့ကျရန်လည်း အလွန်ပင်အရေးကြီးသည်။

ဤသို့ဖြင့် သတ္တမမြောက်နေ့၏ ညနေဘက်တွင် တောင်ပင်လယ် ကောင်းကင်အထက်တန်းကျောင်းနှင့် တိုင်တန်အထက်တန်းကျောင်းတို့ ဦးဆောင်သည့် ကျောင်း ၁၁ ကျောင်း မဟာမိတ်အဖွဲ့သည် အမှတ်၆၀ အထက်တန်း ကျောင်း၏ သတင်းအသစ်ကို ရရှိခဲ့သည်။

ထိုသတင်းမှာ အမှတ် ၆၀ အထက်တန်းကျောင်းဘက်မှ လူ ၄ ယောက်သည် မတော်တဆ သေဆုံးသွားပြီ ဟူသော သတင်း ဖြစ်သည်။

" ? ? ? ? "

ထိုသတင်းကို ကြားသောအခါတွင် နန်ယန်ရှို့သည် အလွန် အမင်း အံ့အားသင့်ကာ မှင်တက်သွားခဲ့သည်။

သူတို့၏ ကြိုတင်စီစဥ်ထားသည့် တိုက်ခိုက်မှုပင် မစတင်ရသေးပေ။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ၄ယောက်သည် အဘယ်ကဲ့သို့ သေဆုံးသွားရပါသနည်း။

"သိရသလောက်တော့ သူတို့တွေက ချောက်ကမ်းပါးပေါ်ကစိတ်၀ိညာဥ် သစ်သီးတွေကို စုဆောင်းနေရင်း ခြေချော်ပြီး ချောက်ကမ်းပါးကနေ ပြုတ်ကျသွားခဲ့တယ်လို့ ကြားတယ် ပထမတော့ ပြုတ်ကျတာ ၁ ယောက်ပဲ.. ဒါပေမဲ့ နောက်လူတွေက သူ့ကိုဖမ်းဖို့ ကြိုးစားရင်းနဲ့ သူတို့တွေအားလုံးပါ ပြုတ်ကျသွားကြတယ်"

"သူတို့တွေအဆင်ပြေရဲ့လား"

"တောင်ပေါ်က ချော်ကျပြီး ကာကွယ်ရေးအတွက် ပြုလုပ်ပေးထားတဲ့ ရွှေရောင် အဆောင်လက်ဖွဲ့ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားမှတော့ သူတို့က ဘာများဖြစ်နိုင်ဦးမှာလဲ"

"........"

ဘာကြောင့်မှန်း မသိသော်လည်း နန်ယန်ရှို့သည် ထိုသတင်းကို ကြားသည့်အခါတွင် သိပ်မပျော်ရွှင်ခဲ့ပေ။

ထိုအစား လျှို့၀ှက်ကြံစည်မှု တစ်ခုခု ရှိနေသည်ဟု ခံစားခဲ့ရသည်။

သူက ကျောင်း၁၁ကျောင်းမှ ပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။

မူလက သူသည် ညဘက်တွင် အမှတ်၆၀အထက်တန်း ကျောင်း၏ စခန်းကို ခိုး၀င်တိုက်ခိုက်ရန် စီစဥ်ထားခဲ့သည်။

အဓိက အကြောင်းအရင်းမှာ လူစာရင်းအပြည့်အ၀ ရှိနေသော အမှတ်၆၀ အထက်တန်းကျောင်းသည် တခြားကျောင်းများကို အားနည်းချက် ဖြစ်စေခဲ့သောကြောင့်ပင်။

ယခုအခါတွင် အမှတ်၆၀ အထက်တန်းကျောင်းသည် လူ ၄ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်၍ သီအိုရီအရ စစ်ဆင်ရေးကို စီစဥ်ရန် မလိုအပ်တော့ပေ။

ပထမတွင် အမှတ်​၆၀ အထက်တန်းကျောင်းကို အလစ်အငိုက် တိုက်ခိုက်ရန်အတွက် နန်ယန်ရှို့သည် တခြားကျောင်းများမှ လက်ရွေးစင်များကို ကိုယ်တိုင် ရွေးချယ်ထားခဲ့သည်။

ယခုအခါတွင် အမှတ်၆၀ အထက်တန်းကျောင်း၏ လူဦးရေသည် အခြားသော ကျောင်းများနှင့် အခြေခံအားဖြင့် တူညီနေသောကြောင့် နောက်ထပ် အန္တရာယ်မရှိတော့၍ ထိုးစစ်ဆင်ရေးကို မလိုအပ်တော့ပေ။

သို့သော်လည်း နန်ယန်ရှို့သည် ဤကိစ္စတွင် သံသယဖြစ်စရာတစ်ခုခု ရှိနေသည်ဟု ခံစားခဲ့ရသည်။

သူက အမှတ်၆၀ အထက်တန်းကျောင်းမှ လူများနှင့် ခြောက်ရက်ကြာ အတူတူ နေထိုင်ခဲ့သောကြောင့် ၎င်းတို့၏ အလုံးစုံ တိုက်ခိုက်ရေးစွမ်းအားက အရမ်းကြီး ထူးချွန်နေခြင်း မဟုတ်မှန်း သိခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ အဖွဲ့၀င်အားလုံး၏ အလုံးစုံတိုက်ခိုက်ရေး စွမ်းအားသည် တခြားကျောင်းများနှင့်ယှဥ်လျှင် အလယ်အလတ် အဆင့်တွင်သာ ရှိသည်။

စွန်းရုံသည် အမှန်တကယ်ကို ထူးချွန်သူတစ်ဦး ဖြစ်သော်လည်း အဖွဲ့လိုက်ဂိမ်းများတွင် ထူးချွန်မှုသည် အရမ်းကြီး အသုံးမ၀င်ပေ။

ထိုအချိန်တွင် မိုးစက်တစ်စက်သည် နန်ယန်ရှို့၏ နှာခေါင်းထိပ် ပေါ်သို့ ကျရောက်လာခဲ့သည်။

နန်ယန်ရှို့က မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်တွင် မိုးဖွဲဖွဲရွာနေသည်ကို ရုတ်တရက် သိရှိလိုက်ရ၏။

ဤကဲ့သို့ ရာသီဥတုမျိုးသည် အလစ် ၀င်ရောက်တိုက်ခိုက်ရန်အတွက် တကယ်ကို အားနည်းချက် ဖြစ်သည်။

သို့သော်လည်း သူတို့အနေဖြင့် အလစ် ၀င်ရောက်တိုက် ခိုက်ရန် မလိုအပ်တော့ပေ။

အကြောင်းအရင်းမှာ သူတို့ မလှုပ်ရှားခင် အမှတ်၆၀ အထက်တန်းကျောင်းသည် လူ၄ယောက် ဆုံးရှုံးသွားခဲ့သောကြောင့်ပင်။

သို့သော် နောက်ထပ် တခဏမှာပင် နန်ယန်ရှို့၏ မျက်နှာ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

"မကောင်းတော့ဘူး.."

"ဘာဖြစ်လို့လဲ"

"ငါတို့ ထောင်ချောက်ထဲကို ကျသွားခဲ့ပြီ"

နန်ယန်ရှို့သည် ရုတ်တရက် သဘောပေါက်လိုက်သည်။

သူတို့တွင် ကြီးမားသော အန္တရာယ်ရှိမှန်း သူသိလိုက်သော်လည်း ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ထိုအချိန်မှာပင် တောတောင်ထဲကနေ ရွှေရောင် အလင်းတန်းများက ကောင်းကင်ပေါ်သို့ အစီအရီ ထိုးတက်လာသည်ကို တွေ့လိုက်ရသည်။

ယင်းမှာ ပြိုင်ပွဲဝင်များ အသက်အန္တရာယ်ရှိပုံ ထောက်၍ ရွှေရောင်အဆောင်လက်ဖွဲ့ အသက်ဝင်လာသည့် အ​ခြေအနေ ဖြစ်၏။

"ပြီးပြီ.. အားလုံးပြီးသွားခဲ့ပြီ"

နန်ယန်ရှို့က ရွှေရောင် အလင်းတန်းများကိုကြည့်ပြီး မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

သူက ရာသီဥတု၏ အရေးပါသောအချက်ကို မေ့လျော့နေခဲ့သည်။

အထူးသဖြင့် မိုးရွာသောနေ့တွင် စွန်းရုံ၏ ဆန်းကြယ်ပင်လယ်သည် အကြွင်းမဲ့အားသာချက် ရှိနေခဲ့သည်။

ဆိုရလျှင် မိုးရွာသောနေ့တွင် စွန်းရုံ၏ ဆန်းကြယ်ပင်လယ်အတွက် အိမ်ကွင်းတိုက်ပွဲ တစ်ပွဲလိုပင် အားသာချက် ရှိနေ၏။

၎င်းက မိုး၏စွမ်းအားကို အသုံးပြုပြီး တစ်ယောက်ချင်းစီ၏ နေရာများကို ဆုံးဖြတ်နိုင်ကာ ဓားချီဖြင့် အဝေးကနေ တစ်ယောက်ချင်းစီ ဖြိုခွဲနိုင်မည် ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရန် စိတ်၀ိညာဥ်စွမ်းအား အများအပြား လိုအပ်၍ စွန်းရုံတစ်ယောက်တည်းဖြင့် လုပ်ဆောင်ရန် ခက်ခဲနိုင်သော်လည်း အမှတ်၆၀ အထက်တန်းကျောင်းတွင် လူ၆ယောက် ကျန်နေပါသေး၏။

ထို့အပြင် စွန်းရုံသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် စုဆောင်းရရှိထားသည့် ပစ္စည်းအမျိုးမျိုးကို အသုံးပြုပြီး သူ၏ ဆေးလုံးထုတ်စက်နှင့် ပေါင်းစပ်ကာ စိတ်၀ိညာဥ်စွမ်းရည် အများအပြားကို သန့်စင်ထားခဲ့သည်။

ထို့ကြောင့် မိုးရွာသောနေ့တွင် စွန်းရုံသည် သူမ လုပ်ဆောင်ချင်သည့် အရာမှန်သမျှကို လုပ်ဆောင်နိုင်သည်ဟု ဆိုနိုင်ပေသည်။

ဆိုရလျှင် သူမသည် ဟွာကော ရေတံခွန်လုပ်ငန်းစု၏ မမလေးနှင့် အမှတ်၆၀ အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင် ဖြစ်သည့် သူမ၏ ဂုဏ်သတင်းနှင့် ထိုက်တန်သည်ဟုသာ ဆိုနိုင်တော့၏။

သူမသည် ဤမျှအထိပင် အသေးစိတ် တွက်ချက်နိုင်ခဲ့သည်။

အပိုင်း(၁၂၀၀) ပြီး၏

All Chapters