← Chapters

အစွမ်းအထက်ဆုံး အဆင့် ၇

Vol. 11 Ch. 143

အစွမ်းအထက်ဆုံး အဆင့် ၇

Vol. 11 Ch. 143

သူတို့သုံးယောက် ချက်ချင်း နောက်လှည့်လာကြသည်။

လောထျန်း :

" တိမ်တွေလို နူးညံ့တဲ့ အသားတွေ "

လောရုံ  : " ပင်လယ်စာ တွေ "

လောရှောင်ရှောင်း  : " စားသောက်ဆိုင် "

သူတို့သုံးယောက်က ထိုသို့ပြောနေရင်း ရှောက်လုံအနားသို့ တမဟုတ်ချင်း ချဥ်းကပ်လာကြရာ ရှောက်လုံ အနည်းငယ်ပင် လန့်သွားသည်။

" သခင်လေး လောထျန်း .. "

ရှောက်လုံက လောထျန်းတို့ သုံးယောက်အား အံ့သြတကြီး ကြည့်လိုက်သည်။

" မင်း ခုနကပြောတဲ့ 'တိမ်ပင်လယ်စားသောက်ဆိုင်' က အစားအသောက်တွေ စားလို့ရတဲ့ ဆိုင်လား "

လောထျန်းက မေး၏။

ရှောက်လုံ ကြောင်အအ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်ဗျ ၊ ဒီဆိုင်က ဟဲ့ဒုံတစ်မြို့လုံးမှာ အကောင်းဆုံး စာသောက်ဆိုင်ပဲ။ ဒါပေမယ့် ဒီတလောတော့ ထျ်းယွမ်အင်ပါယာက ဆုမီတောင်ကို လာကြတဲ့ အနယ်နယ်အရပ်ရပ်က ပါရမီရှင်တွေကို ဆိုင်မှာ  ဧည့်ခံနေတာမို့ အပြင်လူတွေကို ပေးမဝင်ဘူးဗျ "

" ဒါဆို အဲ့မှာ ဝက်လက်ပေါင်း ရှိမှာပေါ့။ စားလို့ကောင်းလားဟင် "

လောထျန်းက တံတွေးမြိုချရင်း အငမ်းမရ မေးလိုက်သည်။

" ဟုတ် ..ဟုတ်ကဲ့ ၊ ရှိပါတယ်။ အသားက လတ်ဆတ်ပြီး နူးညံ့နေအောင် ချက်ထားတော့ စားလိုက်တာနဲ့ ပါးစပ်ထဲမှာတင် အရည်ပျော်သွားတာ ။ တအား အရသာရှိတယ်ဗျ "

ရှောက်လုံက ပြန်ဖြေ၏။

လောရုံကလည်း ဝင်မေးလိုက်သည်။

" အဲ့မှာ ပုဇွန်ထုပ်တွေရော ရလား "

ရှောက်လုံ ခေါင်းညိတ်ပြ၏။

" ရှိတယ်ဗျ ၊ သူတို့ဆီမှာ ပင်လယ်ကမ်းခြေ ဒေသဘက်ကနေ ပို့လာတဲ့ ထိပ်တန်းအဆင့် ပုဇွန်ထုပ်ကြီးတွေရှိတယ် "

လောရှောင်ရှောင်းကလည်း မေးသည်။

" သတ်သတ်လွတ်ဟင်းပွဲတွေရော ရလားဟင် "

ရှောက်လုံက ဖြေသည်။

" သူတို့ဆီမှာ အရွက်ဟင်းပွဲတွေရော ၊ ဂျင်ဆင်းဟင်းရည် တွေရော အစုံရတယ် "

ထိုစကားကို ကြားသည်နှင့် လောရုံရော လောရှောင်ရှောင်းကပါ လာထျန်းအား တစ်ပြိုင်နက်တည်း မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

လောထျန်းက ချောင်းဟန့်ကာ ပြော၏။

" အဲ့လိုဆိုတော့လဲ ဝက်လက် ပေါင်းအတွက် .. အဲ မဟုတ်သေးပါဘူး ၊ ထျန်းရှန့်သိုင်းပြိုင်ပွဲက လူတွေအားလုံးရဲ့ ဂုဏ်သိက္ခာအတွက် ဒီစားသောက်ပွဲကို တက်ရမှာပေါ့ကွာ "

ရှောက်လုံ အလွန်ဝမ်းသာ ပျော်ရွှင်သွားကာ ပြောလိုက်သည်။

" တကယ်လား .. ကောင်းလိုက်တာဗျာ။ သခင်လေး လောထျန်းသာ ဒီပွဲကို တက်ရင် ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးနိုင်မှာဗျ။ ကျန်တဲ့သူတွေ အားလုံးလဲ သခင်လေး ပွဲတက်မယ်မှန်းသိရင် ပျော်သွားကြမှာ "

လောထျန်းက လက်ယမ်းပြကာ ပြော၏။

" အဲ့ဒါကို စိတ်မပူပါနဲ့ကွာ။ ငါ တစ်ခု မေးချင်လို့ ၊ စားသောက်ပွဲက ဘယ်အချိန်စမှာလဲ "

" နောက် နာရီဝက်ဆိုရင် စမှာဗျ "

ရှောက်လုံက ​ပြန်ဖြေသည်။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ ။ ကဲ .. ဒါဆို သွားစားလိုက်ကြတာပေါ့ "

" ရေး .. "

လောရုံနှင့် လောရှောင်ရှောင်းတို့နှစ်ယောက်ထံမှ ဝမ်းသာစွာ အော်ဟစ်သံ တစ်ပြိုင်နက်တည်း ထွက်လာ၏။

ရှောက်လုံမှာ ထိုမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည်။

သို့သော် .. လောထျန်းက ပွဲတက်ရန် သဘောတူထားပြီဖြစ်ရာ ကျန်ကိစ္စများက အရေးမကြီးတော့ပါ။

ထို့နောက် သူက လောထျန်းတို့သုံးယောက်အား 'တိမ်ပင်လယ်စားသောက်ဆိုင်' သို့ ဦးဆောင်ခေါ်သွားလိုက်သည်။

သူသည် လမ်းတစ်လျှောက်တွင်လည်း လောထျန်းအား ဆုမီတောင်အကြောင်းနှင့် ယခု ပါရမီရှင်များ တွေ့ဆုံပွဲ၏ နောက်ခံအကြောင်းရင်းအချို့ကို ရှင်းပြလိုက်၏။

မြောက်ပိုင်းနယ်တွင် ဒေသကြီး ၁၆ ခု နှင့် ဒေသငယ်လေးများ ၃ ထောင်ခန့် ရှိပြီး ဖုန့်လင်းဒေသမှာ ထိုဒေသကြီး ၁၆ ခုထဲမှ တစ်ခုဖြစ်ပါသည်။

ထျန်းယွမ်အင်ပါယာကမူ ဖုန့်လင်းဒေသအတွင်းရှိ အဓိက အင်ပါယာကြီး သုံးခုထဲမှ တစ်ခုပင် ။

ထိုထျန်းယွမ်အင်ပါယာမှ ဧကရာဇ်၏ လက်အောက်တွင် အခြား နိုင်ငံငယ်လေးများလည်း များစွာ ရှိသေး၏။

ဥပမာ ဆိုရပါက .. ယဲ့ဖုန်းနိုင်ငံ ၊ ယွီလုံနိုင်ငံ စသည်တို့မှာ ထျန်းယွမ်အင်ပါယာ၏ နိုင်ငံငယ်လေးများ ဖြစ်သည်။

ထိုနိုင်ငံငယ်လေးများထဲမှ အင်အားအကြီးဆုံး နိုင်ငံလေးခုမှာ ထျန်းယွမ်အင်ပါယာ၏ အရှေ့တောင် ၊ အနောက်မြောက် ၊ အရှေ့မြောက် နှင့် အနောက်တောင် ဘက်တို့တွင် ရှိကြ၏။

ထျန်းရှန့်နိုင်ငံမှာ ထို နိုင်ငံလေးခုထဲမှ တစ်ခုပင် ။

ဘေးပတ်ဝန်းကျင် နိုင်ငံငယ်များနှင့် မဟာမိတ်များ အသီးသီး ဖွဲ့ထားသည့် ထိုနိုင်ငံလေးခုတို့သည် တစ်ဖက်နှင့်တစ်ဖက် ယှဥ်ပြိုင်လိုစိတ် များကာ မကြာခဏလည်း ပြဿနာတက်လေ့ ရှိတတ်ကြသည်။

ဥပမာ ဆိုရသော် ... ယခုနှစ် ဆုမီတောင် ဖွင့်သည့်အချိန်တွင် ထိုနိုင်ငံ ၄ ခုမှ ဆုမီတောင်သို့ ဝင်ခွင့်နေရာများ ရာနှင့်ချီ ရခဲ့ကြသည်။ ဆုမီတောင်တွင်လည်း ထျန်းရှန့်သိုင်းပြိုင်ပွဲနှင့် အလားတူပင် အဖိုးတန်ပစ္စည်းများကို မဟာမိတ်ဖွဲ့ထားကြသည့် တစ်ဖွဲ့ချင်းစီအလိုက် အကန့်အသတ်ဖြင့် ခွဲဝေသွားမည်ဖြစ်၏။

သို့ဖြစ်ရာ ဆုမီတောင်သို့ ဝင်သွားပြီးပါက နိုင်ငံချင်း မဟာမိတ်ဖွဲ့ထားသည့် အဖွဲ့မှ လူများမှာ အထဲတွင် အချင်းချင်း မဟာမိတ်ဖွဲ့ကြရန် ပိုလွယ်သွားမည်ဖြစ်သည်။

" ဒီ နိုင်ငံလေးခုထဲမှာ သခင်လေးလောထျန်းရော  ကျုပ်ရောက ထျန်းရှန့်နိုင်ငံကလေ ။ ကျန်တဲ့ နိုင်ငံသုံးခုကတော့ ထျန်းလန် နိုင်ငံ ၊ စန်းယွီ နိုင်ငံ နဲ့ ၊ ကျို့ရှင် နိုင်ငံတွေပဲဗျ။ ဒီနိုင်ငံလေးခုက ပုံမှန်ဆိုရင်တော့ အစွမ်းချင်း သိပ်မကွာကြဘူး။ ဒါပေမယ့် .. ဒီနှစ်အခြေအနေကတော့ နည်းနည်းပို ထူးခြားတယ်ဗျ။ ဒီကျန်တဲ့ အဓိကနိုင်ငံသုံးခုထဲက နိုင်ငံတစ်ခုစီတိုင်းမှာ မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်ကြတဲ့ သူတွေ ရှိနေတယ် "

" ဒါပေမယ့် သခင်လေးလောထျန်းလောက်တော့ မဟုတ်ကြဘူးပေါ့ဗျာ "

ရှောက်လုံက လောထျန်းအား သေချာရှင်းပြလိုက်၏။ သူ့မျက်နှာမှာလည်း တည်ကြည်လေးနက်နေသည်။

လောထျန်းကမူ တစ်စုံတစ်ခုကို စဥ်းစားနေဟန်ဖြင့် မျက်မှောင်ကြုံ့နေ၏။

ရှောက်လုံမှာ လောထျန်း နားထောင်နေသည်အထင်ဖြင့် စကားဆက်လိုက်သည်။

" အဲ့ထဲက ထျန်းလန်နိုင်ငံမှာ ဝံပုလွေအစောင့် ၄ ယောက်တောင် ရှိပြီးတော့ တစ်ယောက်ချင်းစီကလဲ မယုံချင်စရာကောင်းလောက်အောင်ကို အစွမ်းထက်ကြတယ်။ လွန်ခဲ့တဲ့ ရက်တွေတုန်းက ကျုပ်တို့ ထျန်းရှန့်နိုင်ငံက လူတွေကို အများဆုံး အနိုင်ကျင့်ခဲ့တဲ့သူက အဲ့ ဝုံပုလွေအစောင့် ၄ ယောက်ထဲက ၂ ယောက်ပဲဗျ "

" ပြီးတော့ ကျုပ်ကြားထားတာ တစ်ခုက သူတို့ဆီမှာ အဲ့ ဝံပုလွေ ၄ ယောက်တင်မကဘူး ၊ သူတို့ထက်ပိုပြီး အစွမ်းထက်တဲ့ ဝံပုလွေငယ်လေး တစ်ယောက်လဲ ရှိသေးတယ်တဲ့။ ဒါပေမယ့် သူကတော့ အခု ဟဲ့ဒုံမြို့မှာ မရှိဘူး ။ ကြည့်ရတာ ဆုမီတောင်ကို တခြားစုရပ်ဘက်ကနေ ဝင်ဖို့ ပြင်ဆင်နေတာ ထင်တယ် "

" စန်းယွီနိုင်ငံမှာကတော့ ဓားသမားတွေ အများကြီး ရှိတယ်ဗျ ။ သူတို့တွေအားလုံးကလဲ ကြောက်စရာကောင်းကြတယ်။ ကျုပ် ခပ်ဝေးဝေးက မြင်လိုက်ရတာတောင်မှ သူတို့ တစ်ယောက်ချင်းစီက ဖုန့်ဖေးရန်လောက်ကို အစွမ်းထက်ကြတယ်။ကျုပ်က အစွမ်းနိမ့်လွန်းသေးတော့ သူတို့ရဲ့ အစွမ်းအတိအကျကိုတော့ မပြောတတ်ဘူး "

" ကျို့ရှင်နိုင်ငံကတော့ ဒီနှစ် တော်တော်လျှို့ဝှက်ဆန်းကြယ်တယ်လို့ ပြောရမယ်။ ခု ဟဲ့ဒုံမြို့ထဲမှာ သူတို့ဆီက အစွမ်းထက်တဲ့ လူငယ်တွေ သိပ်ရှိမနေဘူးဗျ။ ပြီးတော့ ကျုပ်သတင်းကြားတာတော့ ဒီနှစ် သူတို့ဆီက လူငယ်ကျင့်ကြံသူတွေက ဘာမှ ထူးထူးခြားခြား မဟုတ်ပေမယ့် သူတို့ရဲ့အစွမ်းကို လျှော့တွက်လို့ မရဘူးတဲ့ "

" ဒါပေမယ့် တကယ်တမ်းပြောရရင်တော့ဗျာ .. အစွမ်းအထက်ဆုံးသူတွေ က ထျန်းယွမ်အင်ပါက လူတွေပါပဲ။ ကျန်တဲ့နိုင်ငံတွေအားလုံးက သူ့လက်အောက်ခံ နိုင်ငံတွေဆိုတော့ ထျန်းယွမ်အင်ပါယာမှာပဲ အစွမ်းထက်တဲ့ သူပေါင်းစုံ လာစုနေကြတာပေါ့ "

စကားဆုံးသည်နှင့် ရှောက်လုံက လောထျန်းအား ကြည့်လိုက်သည်။ လောထျန်းက ထိုအချိန်အထိတိုင် မျက်မှောင်ကြုံ့နေဆဲ ဖြစ်သဖြင့် သူ မေးလိုက်၏။

" သခင်လေးလောထျန်း ၊ ဒီမှာ ဖြစ်နေတဲ့ အခြေအနေတွေရဲ့ အတိုချုပ်ကိုတော့ ကျုပ်ရှင်းပြပြီးသွားပြီ။ သခင်လေးလောထျန်း မေးချင်တာ ဘာရှိသေးလဲ "

လောထျန်းက မျက်မှောင်ကြုံ့နေရင်း ပြန်ဖြေသည်။

" ဝက်လက် က .. အဝစားလို့ရအောင် ပေးမှာလား ၊ အကန့်အသတ်နဲ့ပဲ ပေးမှာလား "

ရှောက်လုံ ဆွံ့အသွား၏။

လောထျန်းက မျက်မှောင်ကြုံ့၍ လိုက်လာသည့် တစ်လျှောက်လုံး ထိုအကြောင်းကိုသာ တွေးနေခဲ့သည်လား ...

" အဝစားဖို့ ပေးမှာပါဗျာ "

ရှောက်လုံ ပြန်ဖြေလိုက်သည်။

ထိုအချိန်မှသာ လောထျန်းတစ်ယောက် သက်ပြင်းရှည်ကြီး ချလိုက်၏။

" ဟူး.. တော်သေးတာပေါ့ကွာ ။ ငါ့မှာ လမ်းတစ်လျှောက်လုံး တွေးပူလာတာ "

ရှောက်လုံမှာ မည်သို့မှပင် ထပ်မပြောနိုင်တော့ချေ။

မကြာမီမှာပင် မလှမ်းမကမ်းရှိ 'တိမ်ပင်လယ်စားသောက်ဆိုင်' ဆိုသည့်ဆိုင်းပုဒ်နှင့် အဆောက်အဦးအား လောထျန်း တွေ့သွားတော့သည်။

ထိုအဆောက်အဦးမှာ အလွန်ကြီးကျယ်ခမ်းနားလှပြီး ဆိုင်တွင်း ဆိုင်ပြင် နေရာများကို အကာအကွယ်အစီအမံပေါင်းစုံဖြင့် ကာကွယ်ပေးထား၏။

ထိုစားသောက်ဆိုင် ပိုင်ရှင်က သာမာန်လူတစ်ယောက် မဟုတ်သည်မှာ သိသာပေသည်။

" သခင်လေး .. ဒီနေရာပဲဗျ ။ အထဲဝင်ကြစို့ "

ရှောက်လုံက ပြောလိုက်သည်။

လောထျန်းခေါင်းညိတ်ကာ အထဲဝင်ရန် ခြေလှမ်း လှမ်းလိုက်စဥ်မှာပင် ...

" ဟေ့ .. ဟိုကောင်က ထျန်းရှန့်သိုင်းပြိုင်ပွဲက ရှောက်လုံ မဟုတ်လား။မင်းက ဒီကို အလကား စားသောက်ဖို့ ထပ်လာတာလား။ ဒီကိုတောင် လာရဲတာဆိုတော့ မင်းက တော်တော်လေးတော့ သတ္တိကောင်းသားပဲကွ "

ရှောက်လုံက အသံပိုင်ရှင်အား လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာ ချက်ချင်း ပြောင်းသွား၏။

" ထျန်းလန်နိုင်ငံက မူဟဲ့ "

ရှောက်လုံ မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။

မူဟဲ့က အပြုံးဖြင့် ပြန်ပြော၏။

" မင်းက ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့် ၅ ရထားပြီးတော့ စားသောက်ဆိုင်က ရန်ပွဲမှာကျတော့ ခွေးတစ်ကောင်လို အကိုက်ခံလိုက်ရတာပါလားကွ ။ ငါသာ မင်းဆိုရင် ရှက်လွန်းလို့ ထျန်းယွမ်အင်ပါယာက ထွက်သွားတာ ကြာလှပြီ။ မင်း ဒီကို ထပ်လာရဲလိမ့်မယ်လို့ ငါ လုံးဝကို ထင်မထားတာ "

" မင်း .. "

ရှောက်လုံ၏ မျက်နှာ တမဟုတ်ချင်း ဖြူဖျော့သွားတော့သည်။

မူဟဲ့က သူ့ကို လစ်လျူရှူထားလိုက်ပြီး သူ့ဘေးမှ လောထျန်းကို ကြည့်ကာ ဆက်ပြော၏။

" ငါတို့ချင်း အခုမှ တွေ့ဖူးတာနော် ။ မင်းကရောထျန်းရှန့်သိုင်းပြိုင်ပွဲကပဲလား။ မင်းအဆင့် ဘယ်လောက်ရှိလဲ "

လောထျန်းက မဆိုင်းမတွ ပြန်ဖြေသည်။

" ၇ "

ထိုအဖြေကို ကြားသောအခါ မူဟဲ့ တဟားဟား အော်ရယ်၏။

" အဆင့် ၇ .. ဟုတ်လား ။ နောက်ထပ် အရှုံးသမား တစ်ယောက်ပါလားကွ "

" ကောင်လေး ..မင်း ဘာပြောလိုက်တယ် "

လောရုံ ဒေါသထွက်သွားကာ ရှေ့တိုးလိုက်သည်။

လောရုံသည် ပုံမှန်တွင်လည်း လောထျန်းအား စော်ကားပြောဆိုသည့် မည်သူ့ကိုမှ ခွင့်မလွှတ်တတ်ပေ။

မိုဟဲ့က သူ့ကို လှည့်ကြည့်ကာ ထပ်ပြော၏။

" ဘာလဲ .. ငါပြောတာ မှားလို့လား။ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့် ၅ ရတဲ့ ရှောက်လုံကတောင် အမှိုက်ဖြစ်နေတာလေ။ ဆိုတော့ အဆင့် ၇ ရတဲ့သူကရော အမှိုက်ကလွဲပြီး ဘာများ ဖြစ်နိုင်ဦးမှာလဲ "

ထိုစဥ် ရှောက်လုံက ဝင်ပြောလိုက်သည်။

" မူဟဲ့ .  မင်း ဘာမှ မသိဘူးနော် ။ ငါတို့ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့် ၇ ရတဲ့သူက အစွမ်းအထက်ဆုံးပဲကွ "

ရှောက်လုံမှာ အမှန်ကို ပြောနေခြင်းဖြစ်သော်လည်း မူဟဲ့က ထိုစကားကို ကြားသည်နှင့် ခေတ္တမျှ မှင်သက်နေပြီးနောက် တဟားဟား အော်ရယ်လိုက်ပြန်၏။

" ဟား  ဟား ..ဟုတ်ပါပြီကွာ ၊ ဟုတ်ပါပြီ ။ အဆင့် ၇ က အစွမ်းအထက်ဆုံးပါ။ ကောင်လေး .. မင်းရဲ့အစွမ်းက အမှိုက်ဖြစ်နေရုံတင်မကဘူး ၊မင်းဦးနှောက်ကပါ အမှိုက်ဖြစ်နေတာပဲကွ ။ အဆင့်၇ က အစွမ်းအထက်ဆုံးတဲ့ ၊ ငါ ရယ်ရလွန်းလို့ သေတော့မယ် "

မူဟဲ့က ရယ်နေရင်း ပြောလိုက်သည်။

ရှောက်လုံက ပြန်ငြင်းရန် ပြင်လိုက်စဥ်မှာပင် .. ခပ်လှမ်းလှမ်းမှ အသံတစ်သံ ရုတ်တရက် ထွက်လာ၏။

" ဟိုမှာ ကြည့်ဟေ့ ..ဟိုလူ လာနေပြီ "

တစ်ယောက်က အံ့သြတကြီး ပြောလိုက်သည်။

All Chapters