← Chapters

စစ်မှန်သော ပါရမီရှင် တဲ့လား

Vol. 11 Ch. 144

စစ်မှန်သော ပါရမီရှင် တဲ့လား

Vol. 11 Ch. 144

မူဟဲ့၏ မျက်နှာထား အနည်းငယ်ပြောင်းသွားကာ ရှောက်လုံကို ကြည့်၍ ပြောလိုက်သည်။

" မင်းလို ဦးနှောက်ပျက်နေတဲ့ကောင်နဲ့ ဆက်မပြောချင်ဘူး။ တကယ့် ပါရမီရှင်အစစ်ကို သွားကြည့်ရဦးမှာ "

သူက ထိုသို့ ပြောပြီးသည်နှင့် နောက်လှည့်၍ ထွက်ခွာသွား၏။

နေရာတွင် ကျန်နေခဲ့သော ရှောက်လုံကလည်း အံ့သြတကြီး ပြောလိုက်သည်။

" ပါရမီရှင်အစစ်တဲ့ ၊ သခင်လေးလောထျန်း ..ကျုပ်တို့ရော သွားကြည့်ကြမလား "

သို့သော် .. လောထျန်းက လုံးဝ စိတ်ဝင်စားဟန် မပြဘဲ ပြော၏။

" ဘာကွ .. အဲ့လိုသွားကြည့်ဖို့ အချိန်ရှိလို့လား။ အထဲကို မြန်မြန်ဝင်ပြီး နေရာကောင်း ရှာရမယ်လေ။ ပြီးရင် စားသောက်ရဦးမယ် "

လောရှောင်ရှောင်းကလည်း ဝင်ပြောသည်။

" အမှန်ပဲ ၊ စားသောက်ကြစို့ ။ သွားစားကြမယ်လေ "

" ဟင် ..ကောင်းပါပြီဗျာ "

ရှောက်လုံမှာ မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းညိတ်၍သာ အားလုံးကို စားသောက်ဆိုင် ခန်းမထဲသို့ ခေါ်လာခဲ့လိုက်သည်။

" သခင်လေးလောထျန်း ၊ ဘယ်နားထိုင်ကြမလဲဗျ "

ရှောက်လုံက မေးလိုက်သည်။

လောထျန်းက ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။ ခန်းမမှာ အလွန်ကျယ်ပြီး  ရာနှင့်ချီသော စားပွဲများဖြင့်  နေရာအနှံ့ တည်ခင်းထားကာ အလယ်တွင်မူ နေရာလွတ် ချန်ထား၏။

ထိုနေရာမှာ စား‌ေသာက်ပွဲအတွင်း သိုင်းပညာယှဥ်ပြိုင်ကြမည့် လူများအတွက် တမင်ချန်ထားမှန်း သိသာပါသည်။

နောက်ဆုံးတွင်မူ လောထျန်း၏ အကြည့်က တံခါးအနီး ထောင့်တစ်ခုဆီသို့ ကျသွားပြီး မေးလိုက်၏။

" အဲ့နေရာက အစားအသောက်တွေ အမြန်ဆုံး ချပေးတဲ့ ‌ေနရာမဟုတ်လား "

ရှောက်လုံက ထိုနေရာဘက် လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ်ဗျ ၊ ဒါပေမယ့် အဲ့နေရာက ထောင့်ကျလွန်းတယ် ။ အကိုလောထျန်းရဲ့ ဂုဏ်နဲ့ မလိုက်ဖက်ပါဘူးဗျာ "

လောထျန်းက ခေါင်းယမ်းကာ ပြန်ပြောသည်။

" ဘာဂုဏ်လဲကွ ။ အခုက စောစောစားရဖို့သာ အရေးကြီးဆုံးပဲ။ အဲ့မှာပဲ ထိုင်ကြမယ်ဟေ့ "

" ဒါ .. ကောင်းပါပြီဗျာ "

ရှောက်လုံမှာ မည်သို့မှ မတတ်နိုင်ဘဲ လောထျန်းတို့ လူအုပ်နှင့်သာ ထိုင်ချလိုက်ရ၏။

သူတို့ ထိုင်ပြီး မကြာခင်မှာပင် မူဟဲ့နှင့် အခြားသူအချို့ ဆိုင်ထဲသို့ ဝင်လာကြသည်။ သူတို့က လမ်းလျှောက်လာရင်းလည်း သက်ပြင်းများ ချနေကြ၏။

ထိုစဥ် မူဟဲ့သည် လောထျန်းတို့လူစုအား ရုတ်တရက် သတိထားမိသွားကာ ရပ်ပြီး ရယ်သွမ်းသွေးလိုက်သည်။

" ဟေ့ ..မင်းတို့တွေက ကိုယ့်ကိုကိုယ် ဘာကောင်မှန်းတော့ သိသေးသားပဲကွ ။ အခုလို အလိုက်တသိနဲ့ ထောင့်နားလေးမှာ သွားထိုင်နေတော့ ကောင်းတာပေါ့ကွာ။ ဘာမှ သုံးစားမရတဲ့ကောင်တွေ "

သူ့စကားဆုံးသည်နှင့် လောထျန်းက ရုတ်တရက် ခေါင်းမော့လာပြီး သူ့အား အေးစက်စက် ကြည့်၍ ပြောလိုက်၏။

" မင်းက ငါ ဒီကို စရောက်ကတည်းက ပွစိပွစိနဲ့ နားညည်းအောင် လာလုပ်နေတာ။  မင်း နောက်တစ်ခွန်း ထပ်ပြောတာနဲ့ မင်းခြေထောက်ကို ချိုးပစ်မယ်ဆိုရင် ယုံလား "

အေးစက်စက် စကားသံနှင့်အတူတွဲပါလာသည့် လူသတ်အရိပ်အငွေကြောင့် မူဟဲ့ ကြောက်သွားပြီး နောက်သို့ ခြေလှမ်း နှစ်လှမ်းပင် ဆုတ်သွားရသည်။

ထို့နောက် ချက်ချင်းပင် သူ့ရင်ထဲ၌ အရှက်နှင့် ဒေါသများ လိပ်တက်လာ၏။

သူက ဘာမှမဟုတ်သည့် အမှိုက်တစ်စကြောင့် လန့်သွားခဲ့ရသည်တဲ့လား ..

၎င်းက မည်သို့ ဖြစ်နိုသ်ပါမည်နည်း။

" မင်း .. "

ဘုန်း ...

သူစကားစလိုက်ရုံ အချိန်မှာပင် နောက်သို့ ရုတ်တရက် လွင့်စင်ထွက်သွားတော့၏။ သူ ကြမ်းပြင်ပေါ် ပြန်ကျလာသည့် အချိန်တွင်မူ သူ့ခြေထောက်များက လိမ်ကောက်နေလေပြီ ။ သူ့ထံမှ နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

" မင်းကို ပါးစပ်ပိတ်ထားဖို့ ငါ ပြောသားပဲ "

လောထျန်းက အေးစက်စက် ပြော၏။

ထိုအဖြစ်အပျက်ကို မြင်လိုက်ရသည့် ရှောက်လုံမှာ လောထျန်းအား မယုံနိုင်စွာ လှည့်ကြည့်လိုက်သည်။

အစောက လောထျန်း မည်သို့သော သိုင်းကွက်မျိုးဖြင့် လှုပ်ရှားလိုက်သည်ကိုပင် သူ သေချာ မမြင်လိုက်ရပါချေ။

၎င်းမှာ လောထျန်း လုပ်လိုက်တာ ဟုတ်ပါရဲ့လား ဆိုသည်ကိုပင် သူ သေချာ မပြောနိုင်ပါ။

ထိုသိုင်းကွက်က အလွန်အစွမ်းထက်ပြီး အားပြင်းလှပေသည်။

တစ်ချိန်တည်းမှာပင် ရှောက်လုံ အလွန်ပျော်သွား၏။

ယခု သူ့ဘေးတွင် လောထျန်း ရောက်နေပြီဖြစ်ရာ သူတို့ကို မည်သူက အနိုင်ကျင့်နိုင်ပါဦးမည်နည်း။

ထိုစဥ် .. မူဟဲ့ဘေးသို့ လူများ စုဝေးရောက်သွားကြသည်။

" ငါ့ ခြေထောက်တွေ .. အား ... ငါ့ ခြေထောက်တွေ "

မူဟဲ့ထံမှ အော်သံ ထွက်လာ၏။

" လမ်းဖယ်ကြစမ်း "

ထိုလူအုပ်၏ အပြင်ဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

လူအုပ်က နောက်လှည့်ကြည့်လိုက်ရာ သူတို့နောက်တွင် ရပ်နေသည့် အရပ်ရှည်ရှည်နှင့် လူငယ်အား မြင်လိုက်ကြရသည်။

" သူက မူဟဲ့ရဲ့ အကို ဝမ်းကွဲ၊ ဝံပုလွေအစောင့် မူဖုန်း ပဲ "

" ဟဲ့ဒုံမြို့က ပါရမီရှင်တွေ့ဆုံပွဲတိုင်းမှာ တစ်ခါမှ မရှုံးနိမ့်ဖူးတဲ့ သူတစ်ယောက်ပေါ့ "

ထိုလူငယ်ကို မြင်သည်နှင့် အားလုံး အလိုလို ဘေးဖယ်လိုက်ကြသည်။

မူဖုန်းက သူ့ညီ၏ ခြေထောက်ကို ကြည့်ပြီး မျက်မှောာင်ကြုံ့သွားကာ မေး၏။

" ဘယ်သူ လုပ်လိုက်တာလဲ "

မူဟဲ့က အံကြိတ်၍ ပြန်ပြောသည်။

" ကျုပ် သေချာမမြင်လိုက်ရဘူး ။ ဒါပေမယ့် ဟို ထျန်းရှန့်သိုင်းပြိုင်ပွဲက ကောင်တွေရဲ့ လက်ချက်ဆိုတာ သေချာတယ် "

" ထျန်းရှန့်သိုင်းပြိုင်ပွဲ .. ဟုတ်လား  "

မူဖုန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူက နောက်လှည့်၍ လောထျန်းတို့ လူအုပ်အား ကြည့်လိုက်သည်။

ဝုန်း...

ထို့နောက်တွင်မူ မူဖုန်းသည် ကြောက်မက်ဖွယ် အရှိန်ဖြင့် လှုပ်ရှားသွားပြီး ‌ေလာထျန်းတို့လူစု ရှိရာဘက်သို့ လက်သီးဖြင့် ထိုးလိုက်၏။

" အား ... "

ရှောက်လုံထံမှ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။

သူသည် မူဖုန်း၏ အစွမ်းကို လက်တွေ့မြင်ဖူးထားသဖြင့် မည်မျှကြောက်စရာကောင်းမှန်း သိပေသည်။ မူဖုန်းသည် နတ်ဆိုးလေး မိုရှထက် လုံးဝ အစွမ်းမနိမ့်နိုင်ပါ။

ရက်စက်မှုခြင်း ယှဥ်လိုက်လျှင်မူ မူဖုန်းကပင် ပိုသာနိုင်သေး၏။

သို့ဖြစ်ရာ .. ထိုလူ၏ လက်သီးချက်ကိုသာ ခံလိုက်ရပါက သူတို့ အခြေအနေ ဟန်တော့မည် မဟုတ်ချေ။

သို့သော် လောထျန်းနှင့် ကျန်နှစ်ယောက်ကမူ ထိုလက်သီးချက်နှင့် ရင်ဆိုင်နေသည့်တိုင် မူဖုန်းဘက်သို့ တစ်ချက်လေးပင် လှည့်မကြည့်ကြပါ။

မူဖုန်း၏ လက်သီးချက် လောထျန်းတို့အနီး ရောက်လုဆဲဆဲမှာပင် ..

ဝုန်း ...

လက်တစ်ဖက်က မူဖုန်း၏ လက်ကောက်ဝတ်အား ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။

" ဟင် .. "

မူဖုန်းက လက်ပိုင်ရှင်အား လှည့်ကြည့်လိုက်ရာ သူ့ရှေ့မှ ပိတ်နေသည့် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုအဘိုးအိုက ခေါင်းယမ်း၍ ပြော၏။

" သခင်လေး မူဖုန်း ၊ စားသောက်ပွဲက အခုထိ မစသေးဘူးလေ။ ပွဲမစခင်မှာ ကိုယ်ပိုင်ရန်ပွဲတွေ တိုက်ခွင့်မပြုထားဘူးဆိုတာ သခင်လေးလဲ သိတာပဲ ။ ဒါ  ကျုပ်တို့ရဲ့ သခင်လေးက ချမှတ်ထားတဲ့ စည်းမျဥ်းပဲဗျ "

မူဖုန်းသည် အစပိုင်းတွင် အဘိုးအို၏ လက်ထဲမှ ရုန်းမည်ဟု စဥ်းစာထားသော်လည်း နှစ်ကြိမ်တိုင်တိုင် အားသုံးရုန်းပြီးသည်အထိ လုံးဝ လှုပ်မရ ဖြစ်နေ၏ည်။  ထိုအဘိုးအို၏ အစွမ်းက သူ့အစွမ်းထက် များစွာသာလွန်သည်မှာ သိသာပေသည်။

" ကျုပ်ကလဲ ခင်ဗျားရဲ့ သခင်လေးကို မျက်နှာမပျက်စေချင်ပါဘူး။ ဒါပေမယ့် ကျုပ် ညီရဲ့ ခြေထောက်တွေကို ဒီကောင်က ချိုးပစ်လိုက်တာဗျ။ ဒါကိုရော ကိုယ်ပိုင်ရန်ပွဲလို့ ပြောလို့ရသေးလား။ ခင်ဗျား ကျုပ်ကို ဖြေရှင်းချက် တစ်ခုခုတော့ ပေးသင့်တယ်ဗျာ "

မူဖုန်းက အေးစက်စက် ပြောလိုက်သည်။

အဘိုးအိုက မျက်မှောင်ကြုံ့သွားပြီး လောထျန်းအား လှည့်ကြည့်လာ၏။

" သခင်လေး ..ဘာဖြစ်လို့ တခြားသူတွေကို ဒဏ်ရာရအောင် လုပ်လိုက်ရတာလဲ "

အဘိုးအို မေးလိုက်သည်။

လောထျန်းက သူ့ကို မျက်ခုံးပင့်ကြည့်ကာ ပြန်ပြောသည်။

" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာ ။ ကျုပ် သူ့ကို ဒဏ်ရာရအောင် လုပ်တာ ဘယ်သူမြင်လိုက်လို့လဲ။ကျုပ်က ဘယ်လက်ကို သုံးပြီး လုပ်လိုက်တာလား ၊ ညာလက်ကို သုံးလိုက်တား ။ ဒါမှမဟုတ် ..ခြေထောက်ကိုသုံးလိုက်တာလား "

" ဟင် .. "

အဘိုးအို အံ့အားသင့်သွားရသည်။

အမှန်တွင်လည်း လောထျန်းနှင့် သူ့လူများ တိုက်ခိုက်သည်ကို သူ မမြင်ခဲ့ရပါ။

ထို့နောက် သူက အနီးနားတွင် ရှိနေကြသည့် အစောင့်အကြပ်များအား မျက်စပစ် အချက်ပြလိုက်၏။

သို့သော် .. အစောင့်များ အားလုံးကလည်း ခေါင်းသာယမ်းပြလိုက်ကြသည်။

မူဟဲ့တစ်ယောက် မည်သို့ ဒဏ်ရရသွားသည်ကို မြင်လိုက်သူ တစ်ယောက်မှ မရှိသည်မှာ သိသာပါသည်။

ထို့နောက် အဘိုးအိုက သက်ပြင်းရှည်ကြီး ချကာ ပြော၏။

"ကျုပ် မတွေ့လိုက်ဘူး "

လောထျန်းက ပြန်ပြောလိုက်သည်။

" ဒါပဲလေ၊ လူကောင်းတစ်ယောက်ကို မဟုတ်တမ်းတရားတွေ မစွပ်စွဲချင်ပါနဲ့ဗျာ ။ ဒါနဲ့ ခင်ဗျား အချိန်ရှိရင် စားဖိုဆောင်ကလူတွေကို အစားအသောက် မြန်မြန်ချပေးဖို့ ပြောပေးလို့ ရမလား "

အဘိုးအိုမှာ ခေတ္တမျှ မှင်သက်ဆွံ့အသွား၏။ ထို့နောက်မှ မူဖုန်းဘက်လှည့်၍ ပြောလိုက်သည်။

" သခင်လေး မူဖုန်း ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် အများကြိးမပြောနိုင်တာ ခွင့်လွှတ်ပါဗျာ။ ဒါပေမယ့် သခင်လေး တိုက်ခိုက်ချင်ရင်တော့ ဒီနေ့ စားသောက်ပွဲ စပြီးရင် သိုင်းပညာယှဥ်ပြိုင်ဖို့အတွက် စိန်ခေါ်လို့ ရပါတယ် "

သူ ပြောသည်မှာ ရှင်းပါသည်။ မူဖုန်းအနေဖြင့် လောထျန်းတို့လူစုအား လက်တုန့်ပြန်လိုပါက သိုင်းပညာပြိုင်ပွဲမှတဆင့် စိတ်ခေါ်တိုက်ခိုက်ရန် ပြောလိုက်ခြင်းပင်။

တစ်ဖက်မှ မူဖူန်းက မည်သို့မှ ပြန်မပြောဘဲ လောထျန်းကိုသာ တိတ်တဆိတ် စိုက်ကြည့်နေ၏။

အဘိုးအိုက ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

" ပြီးတော့ .. သခင်လေးမူဖုန်း ၊ သခင်လေးအနေနဲ့ ယင်ထျန်းလွေ့ ကို စိန်ခေါ်ဖို့ အခွင့်အရေး ရအောင်လဲ ကျုပ် လုပ်ပေးနိုင်ပါတယ် "

မူဖုန်းက အဘိုးအိုဘက်သိူ့ ချက်ချင်းလှည့်လာကာ မေးလိုက်သည်။

" ခင်ဗျား တကယ်ပြောနေတာလား "

အဘိုးအို ခေါင်းညိတ်ပြလိုက်၏။

မူဖုန်းက ထိုအချိန်မှသာ ဆုပ်ထားသည့် လက်သီးကို ပြန်ဖြေပြီး လောထျန်းတို့လူစုကို ကြည့်၍ ပြောလိုက်သည်။

" ငါ မင်းတို့ကို ခဏလောက် အသက်ဆက်ရှင်ခွင့် ပေးလိုက်မယ်။ သိုင်းပြိုင်ပွဲ စမှပဲ ပြန်တွေ့ကြတာပေါ့ကွာ "

ထို့နောက် သူက ချက်ချင်း နောက်လှည့်၍ ထွက်ခွာသွား၏။

အဘိုးအိုက မူဖုန်း ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် လောထျန်းအား ဦးညွှတ်၍ ဆိုလိုက်သည်။

" သခင်လေးက ကျုပ်တို့ သခင်ငယ်လေးရဲ့ စားသောက်ပွဲကို ရောက်နေတာဆိုတော့ ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာပေးဖို့ ပြောပါရစေဗျာ။ ကျုပ်အတွက် ခက်ခဲအောင် မလုပ်ပါနဲ့ "

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

" ကောင်းပါပြီ ။ ဝက်လက်ပေါင်းရဲ့ မျက်နှာကိုထောက်ပြီး ကျုပ် ဘာမှ အလောတကြီး မလုပ်ဘူးလို့ ကတိပေးပါတယ် "

ထို့နောက်တွင်မူ အဘိုးအိုက နောက်လှည့်၍ ထွက်ခွာသွားသည်။

ထိုစဥ် လောထျန်းဘေးတွင် ရှိနေသည့် ရှောက်လုံက သက်ပြင်းချ၍ အံ့သြတကြီး ဆို၏။

" ယင်ထျန်းလွေ့ ... အစောက မူဟဲ့ပြောခဲ့တဲ့ ပါရမီရင်အစစ်အမှန်က ယင်ထျန်းလွေ့ ဖြစ်နေတာပဲ '

လောထျန်းက သူ့ကိုကြည့်ကာ တအံ့တသြ မေးလိုက်သည်။

" ဘာဖြစ်လို့လဲ ။ အဲ့ဒီ ယင်ထျန်းလွေ့ဆိုတဲ့သူက နာမည်ကြီးလို့လား "

ရှောက်လုံ ခေါင်းညိတ်ပြလိုက်၏။

" ဒါပေါ့ဗျ ၊ သူက တကယ့်နာမည်ကျော်ပဲ ။ ယင်ထျန်းလွေ့က ထျန်းယွမ် လျှို့ဝှက်နဂါးစာရင်းမှာ အဆင့် ၁၀ ရထားတာဗျ ။ သဘောကတော့.. ထျန်းယွမ်အင်ပါယာတစ်ခုလုံးမှာရှိတဲ့ အသက် ၃၀ အောက် လူငယ်တွေထဲမှာ သူ့အစွမ်းက နံပါတ် ၁၀ ဆိုတဲ့ အဓိပ္ပါယ်ပဲ "

" ကျုပ်ကြားတာတော့ သူက လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ သူ့ရဲ့ အရင်ဂိုဏ်းအဟောင်းကနေ ထွက်လိုက်တာတဲ့။ ဒါ့ကြောင့်မို့ ထျန်းယွမ်အင်ပါယာက ထိပ်တန်းအဆင့် ဂိုဏ်းဆယ်ခုကျော်လောက်ကတောင် သူ့ကို ဂိုဏ်းထဲသွင်းဖို့ ကြိုးစားနေကြတယ်ပြောတယ်။ ပြီးတော့ ကျုပ် ထပ်ကြားထားတာ သူ့ကြောင့်မို့ တုကျဲ့အဆင့် ကျင့်ကြံသူတွကြားမှာ တိုက်ပွဲသေးသေးလေးတောင် ဖြစ်သွားခဲ့ရတယ်တဲ့ "

" ဒီလူ က တကယ်ကြီး ဒီနေရာကို ရောက်နေတာပဲ ။ သူက တကယ့်ကို စစ်မှန်တဲ့ ပါရမီရှင်ပဲဗျာ "

ရှောက်လုံက ပြောကာ သက်ပြင်းချလိုက်စဥ်မှာပင် ခန်းမဆောင်အတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

All Chapters