← Chapters

အားလုံးကို အသေသတ်မည်

Vol. 11 Ch. 150

အားလုံးကို အသေသတ်မည်

Vol. 11 Ch. 150

​ကြမ်းပြင်တွင် သူတို့မြင်လိုက်ရသည့် အရာမှာ .. တစ်ဝက်တစ်ပျက် ကိုက်ထားသည့် ဝက်လက်တစ်ချောင်းပင် ။

" ငါ အမြင်မှားနေတာ မဟုတ်ဘူးမလား ။ ဒီဟာက ကွေ့ရှအဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ လက်ကို ချိုးပစ်ခဲ့တာလား "

လူငယ်တစ်ယောက်က မျက်လုံးကို လက်ဖြင့်ပွတ်ကာ မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။

" ဟိုမှာကြည့် ..ဝက်လက်အပေါ်မှာ သွေးတွေ ရှိနေတယ်ကွ ။ ဒါ .. အမှန်ပဲနဲ့ တူတယ် "

အခြားတစ်ယောက်က ပြန်ပြောလိုက်သည်။

" ဒီဟာက ဝက်လက်ပုံ လုပ်ထားတဲ့ မှော်လက်နက်တစ်ခုများ ဖြစ်နေမလား "

နောက်တစ်ကလည်း သူ၏ ထူးထူးဆန်းဆန်းအတွေးကို ထုတ်ပြော၏။

" ဒါလဲ ဖြစ်နိုင်တာပဲ "

တစ်ယောက်က သဘောတူလိုက်ပြီး ဝက်လက်အား သူ့လက်မှ တူဖြင့် သေချာ  ထိုးကြည့်လိုက်သည်။

ဇွိ ..

သူ့တူက ဝက်လက်အသားထဲသို့ ချက်ချင်း နစ်ဝင်သွား၏။

ထိုတခဏတွင် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

၎င်းမှာ သာမာန် ဝက်လက်တစ်ချောင်းဖြစ်ပြီး ၎င်းက တစ်ဖက်လူ၏ လက်ကို ချိုးခဲ့သည်တဲ့လား။

၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း။

အားလုံး အံ့သြတုန်လှုပ်နေကြစဥ်မှာပင် အခန်းထောင့်မှ စိတ်မရှည်သည့် အသံတစ်သံ ထွက်လာသည်။

" ငါက အေးအေးဆေးဆေး စားချင်တဲ့ဟာကို ဘာလို့ ပြဿနာတွေ အဲ့လောက် များနေတာလဲ "

ထိုအသံနှင့်အတူ လောထျန်းက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။

လောထျန်းသည် ဆိုင်ထဲသို့ အစောဆုံး ရောက်လာပြီး ပွဲအစကတည်းက တောက်လျှောက် စားနေခဲ့သဖြင့် သူစားထားသည့် ပန်းကန်လွတ်များက သူ့မျက်နှာကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေခဲ့ရသည်။

ထို့ကြောင့် ရှောက်လုံ တစ်ယောက်မှ လွဲ၍ သူရှိနေကြောင်းကို မည်သူမှ မသိခဲ့ကြပါ။

ယခုမှသာ သူရှိနေသည်ကို မြင်လိုက်ရသည့် ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူများအားလုံး စိတ်လှုပ်ရှားသွားကြ၏။

" လောထျန်းပဲ ..ဘုရားရေ .. အဲ့ဒါ လောထျန်းဟ"

" လောထျန်းက ဟဲ့ဒုံမြို့ကို တကယ်ကြီး ရောက်နေတာပဲ။ ငါတို့ သိတောင် မသိလိုက်ဘူး "

" ဟား ဟား ..လောထျန်းနဲ့သာဆို ငါတို့ကို ဘယ်သူကမှ အပေါ်စီးကနေ ကြည့်ရဲတော့မှာ မဟုတ်ဘူး "

သူတို့အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ထျန်းရှန့်သိုင်းပြိုင်ပွဲမှ မဟုတ်သည့် အပြင်လူများကမူ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်နေရသည်ကို နားမလည်ကြချေ။

ထျန်းယွမ်အင်ပါယာမှ လူတစ်ယာက်မှ သူ့ဘေးမှ လူငယ်ကို မေး၏။

" အကို .. ဒီ လောထျန်းဆိုတဲ့ လူက ဘယ်သူလဲဗျ "

တစ်ဖက်မှ လူငယ်က ဂုဏ််ယူစွာ ပြန်ဖြေသည်။

" လောထျန်းဆိုတာ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့် ၇ ရထားတဲ့သူပဲ။ သုက အားလုံးထဲမှာ အစွမ်းအထက်ဆုံးပဲကွ "

" ဟင် .. "

ဘေးမှ လူငယ်မှာ နားမလည်နိုင် ဖြစ်သွားသည်။

ထိုစဥ် စွန်းရှို့ဘေးတွင် ရှိနေသည့် ယင်ထျန်းလွေ့သည် ခြေထောက်များ ပျော့ခွေလာပြီး ကြမ်းပြင်သို့ လဲကျသွား၏။ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေကာ သူ့မျက်နှာတွင်လည်း အလွန်ကြောက်ရွံ့နေဟန်ကို အထင်းသား မြင်နေရသည်။

" ဟင်.. အကိုယင် ..ဘာဖြစ်တာလဲဗျ "

စွန်းရှို့တစ်ယောက် နားမလည်နိုင် ဖြစ်သွားရ၏။

ယင်ထျန်းလွေ့သည် အစောက ဦးလေးမူကျိုးနှင့် ရင်ဆိုင်နေစဥ်တွင်ပင် ကြောက်ရွံ့ဟန် လုံးဝ မရှိခဲ့ပါချေ။

သူသည် အလွန်သတ္တိ​ကောင်းပြီး ရဲရင့်သူတစ်ယောက် ဖြစ်ပါသည်။

ထိုသို့သော လူက ယခု မည်သည့်အတွက်ကြောင့် အလွန်ကြောက်ရွံ့နေရပါသနည်း။

" ညီလေးစွန်း .. မင်း ငါ့ရဲ့ အိမ်မက်ဆိုးကို မှတ်မိသေးလား "

ယင်ထျန်းလွေ့က အသံတုန်တုန်ဖြင့် မေးလိုက်သည်။

" မှတ်မိတယ်လေ ၊ ဘာဖြစ်လို့လဲဗျ "

စွန်းရှို့က ခေါင်းညိတ်၍ ပြန်ဖြေ၏။

ယင်ထျန်းလွေ့က အောင့်သက်သက်ပြုံးကာ ပြောလိုက်သည်။

" ငါ့ အိမ်မက်ဆိုးထဲက လူက သူပဲ "

ထိုစကားကြောင့် စွန်းရှို့တစ်ကိုယ်လုံး တုန်သွားပြီး အံ့သြတကြီး ပြော၏။

" ဒါဆို .. သူက .. "

ယင်ထျန်းလွေ့က စွန်းရှို့စကားမဆုံးခင် သူ့ပါးစပ်ကို ကြောက်လန့်တကြား လက်ဖြင့်လှမ်းပိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

စွန်းရှို့မှာ အံ့သြလွန်းသဖြင့် ကြက်သေပင် သေနေ၏။

" အကိုထျန်း ၊ ကျွန်မ ပြဿနာ ရှာလိုက်မိပြီလား "

ထိုအချိန်တွင် လောရှောင်ရှောင်းက လောထျန်းဆီသို့ လျှောက်သွားကာ ကြောက်ရွံ့နေသည့် အသံလေးဖြင့် မေးလိုက်သည်။

လောထျန်းက သူမ၏ ခေါင်းကို လက်ဖြင့် အသာပုတ်ကာ နှစ်သိမ့်လိုက်၏။

ထို့နောက် သူက ဦးလေးမူကျိုးဘက်လှည့်၍ ပြောလိုက်သည်။

" လူငယ်မျိုးဆက်တွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်ကြတာကို ကျုပ် လက်ခံတယ်။ အခု ခင်ဗျားတို့ရဲ့ လူငယ်ကလဲ တစ်ဖက်လူလောက် အစွမ်းမထက်သေးလို့ ရှုံးသွားလေ။ ဒီတော့ အိမ်ကို ပြန်ပြီးတော့ပဲ ကြိုးကြိုးစားစား ကျင့်ကြံသင့်တာပေါ့ မဟုတ်ဘူးလား။ ဒါပေမယ့် ခင်ဗျားလို အကြီးအကဲတစ်ယောက်က ရုတ်တရက် ပေါ်လာပြီးတော့ တိုက်မယ်၊ သတ်မယ်နဲ့ အော်နေတယ်။ ခင်ဗျားက ကိုယ့်ကိုကိုယ် တိုက်ခိုက်တဲ့နေရာမှာ တော်တယ်လို့ ယူဆထားတာလား "

ဦးလေးမူကျိုးမှာ လောထျန်းကို ကြည့်နေရင်း ရင်ထဲတွင် ကြောက်စိတ်များ တဖွားဖွားပေါ်လာ၏။

သူ့ရှေ့တွင် ရှိနေသူမှာ အစောက သူ့လက်တစ်ဖက်ကို ချိုးဖျက်လိုက်သည့် သူမှန်း သေချာပါသည်။

ထိုလူ​ကြောင့် ဖြစ်လာသည့် ​ခံစားမှုမှာ မူမိသားစု ဘိုးဘေး၏ အရောင်အဝါထက်ပင် များစွာ ပိုကြောက်စရာ ကောင်းနေသေး၏။

ဦးလေးမူကျိုး ရင်ထဲတွင် သူ့လူနှစ်ယောက်အပေါ်  အပြစ်တင်လိုစိတ်များ ကြီးစွာ ဖြစ်လာရသည်။

မူဟဲ့နှင့် မူဖုန်းတို့ နှစ်ယောက်က မည်သို့သော လူမျိုးကိုမှ သွား၍ စော်ကားရန်စခဲ့ကြပါသနည်း။

" သခင်လေး .. စောနက...  နားလည်မှု လွဲသွားတာပါ "

မူကျိုးက မပြုံးချင်ဘဲ အတင်းပြုံးကာ ပြောလိုက်သည်။

" နားလည်မှုလွဲတာ ..ဟုတ်လား ။ တကယ်လို့ ကျုပ်သာ ဒီမှာမရှိရင် ၊ ဒါမှမဟုတ် ကျုပ်ကသာ လုံလောက်အောင် အစွမ်းမထက်ထားရင် ခင်ဗျားကြီးက ကျုပ်ညီမကို သတ်ပစ်မှာလေ ၊ မဟုတ်တယ်မလား ။ အဲ့ကျရင်ရော နားလည်မှုလွဲတာလို့ ခေါ်ဦးမှာပဲလား "

လောထျန်းက သူ့ကို အေးစက်စက် စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။

လောထျန်း၏ အကြည့်ကြောင့် ဦးလေးမူကျိုးမှာ ခြေမခိုင်တော့ဘဲ လဲကျသွားတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။

ဝှစ် ..

ထို့နောက်တွင်မူ သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်

သူ ဤနေရာတွင် ယခုကဲ့သို့ မသေသွားချင်ပါ။

သို့သော် ...

သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးစဥ်မှာပင် လောထျန်းက သူ့ရှေ့၌ ရုတ်တရက် ပေါ်လာပြီး သူ့ကို လက်နောက်ပြန် ရိုက်လိုက်၏။

ထိုလက်ဝါးချက်မှာ သူ့ရင်ဘတ်ကို အသာအယာသာ ရိုက်မိသွားသော်လည်း သူ့ရင်ညွှန့်ရိုး ချက်ချင်း ကျိုးသွားပြီး သူ့ပါးစပ်မှ သွေးများ အန်ထွက်လာသည်။

အားလုံးမှာ ပါးစပ်အဟောင်းသားဖြင့် အံ့သြမှင်သက်သွားကြ၏။

ဦးလေးမူကျိုးသည် ကွေ့ရှအဆင့် ၉ ရှိ အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။

သာမာန်ရိုက်ချက်တစ်ခုက ထိုသို့သော လူကို ဤမျှ ထိခိုက်အောင် လုပ်လိုက်နိုင်သည်လား ။

" မင်း ငါ့ကို သတ်လို့မရဘူးကွ ။ မင်း ငါ့ကို သတ်လိုက်ရင် မူ မိသားစုက မင်းကို ဒီတိုင်း အလွတ်ပေးမှာ မဟူတ်ဘူး "

ဦးလေးမူကျိုးက လောထျန်းကို ကြည့်ကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

လောထျန်းက သူ့ကို အေးစက်စက် တစ်ချက်ကြည့်ကာ ပြန်ပြော၏။

" ဟုတ်လား .. ဒါဆို ခင်ဗျားရဲ့ မူမိသားစုက ကျုပ်ကို ဘယ်လိုမျိုး အလွတ်မပေးမှာလဲဆိုတာ ကြည့်ရတာပေါ့ "

သူက ထိုသို့ပြောကာ တစ်ချက် ကန်လိုက်သည်။

ဘုန်း ...

ထိုကန်ချက်ကြောင့် ဦးလေးကျိုး၏ ခေါင်းမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရတော့၏။

ကွေ့ရှအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က ထိုသို့ အလွယ်တကူ အသတ်ခံလိုက်ရပြီလား ...

ထိုအချိန်မှာပင် လောထျန်းက သတိမေ့နေသော မူဖုန်းဘက် လှည့်ကြည့်ကာ လက်ညိူးဖြင့် ထိုးလိုက်ပြန်သည်။

ဘုန်း ...

ထျန်းလန်နိုင်ငံ၏ လူငယ်မျိးဆက် ဝံပုလွေအစောင့် ၄ ယောက်ထဲမှ တစ်ယောက်ဖြစ်သော မူဖုန်းသည်လည်း ချက်ချင်း သေသွားရပြန်၏။

ထိုမြင်ကွင်းကြောင့် အခန်းထဲရှိ လူများအားလုံးမှာ ကြက်သေသေနေကြတော့သည်။

လောထျန်း၏ သိုင်းကွက်များက တည့်တိုးကျလွန်းပြီး ကြောက်စရာ ကောင်းလွန်းလှပေသည်။

ထိုစဥ် လောထျန်းက အခန်းပတ်လည်သို့ ဝေ့ဝဲကြည့်ကာ အေးစက်စက် အသံဖြင့် ပြောလာ၏။

" ဒီမှာ ရှိတဲ့ ထျန်းလန်နိုင်ငံကလူတွေအားလုံး ၊ မင်းတို့ရဲ့ ထျန်းလန်နိုင်ငံကို ပြန်ကြတော့။ မင်းတို့ ဒီနှစ် ဆုမီတောင်ကို ဝင်ဖို့ အရည်အချင်း မပြည့်ဘူး "

ထိုစကားတစ်ခွန်းတည်းဖြင့်ပင် ထျန်းလန်နိုင်ငံမှ လူများ၏ ဆုမီတောင်သို့ ဝင်ခွင့် အခွင့်အရေး ဆုံးရှုံးသွားတော့သည်။

သူ့စကား ဆုံးသည်နှင့် လူအုပ်ထဲမှ ဆူဆူညံညံ အသံများ ရုတ်ချည်း ထွက်လာ၏။

" ဟေ့ ..အဲ့လိုလုပ်ဖို့ မင်းကို ဘယ်သူက လုပ်ပိုင်ခွင့်ပေးထားလို့ ... "

ထျန်းလန်နိုင်ငံမှ လူငယ်တစ်ယောက်က လှမ်းအော်ကာ လောထျန်းအား မေးခွန်းထုတ်လိုက်သည်။

သို့သော် .. သူ့စကား မဆုံးခင်မှာပင် ..

ဘုန်း ..

လောထျန်းက သိုင်းကွက်တစ်ကွက်ပင် မရွှေ့လိုက်ရဘဲ လူငယ်မှာ နောက်သို့ လွင့်သွားကာ နံရံနှင့် ရိုက်မိသွား၏။ သူ့ကိုယ်ထဲမှ အရိုးများ များစွာပင် ကျိုးသွားရသည်။

" ဘာဖြစ်လို့ အဲ့လိုလုပ်ရလဲဆိုတော့ ငါက မင်းတို့အားလုံးထက် ပိုပြီးအစွမ်းထက်လို့ပဲ။ ပြီးတော့ ငါက အခု မပျော်နေလို့ "

လောထျန်းက အေးစက်စက် ပြောလိုက်သည်။

အကယ်၍သာ အစောက ပြိုင်ပွဲက နှစ်ယောက်ချင်း သီးသန့်ရင်ဆိုင်တိုက်ခိုက်ရသည့် ပြိုင်ပွဲဆိုလျှင်ပင် သူမည်သို့မှ ဝင်စွက်ဖက်မိမည် မဟုတ်ပေ။

သို့သော် ထျန်းလန်နိုင်ငံမှ လူများသည် သူတို့ အနိုင်ရနေစဥ်တွင် မောက်မာသလောက် သူတို့ ရှုံးနိမ့်သွားခဲ့လျှင်လည်း အရှုံးကို လက်မခံဘဲ တစ်ဖက်လူကို သတ်ရန်ပင် ကြိုးစားခဲ့ကြ၏။ ထို့ကြောင့်လည်း လောထျန်း ဒေါသထွက်သွားရခြင်း ဖြစ်ပါသည်။

ထျန်းလန်နိုင်ငံမှ လူများမှာ တမဟုတ်ချင်း အသံ တိတ်သွားကြ၏ ။ သုတို့သည် လောထျန်းနှင့် မျက်လုံးချင်းပင် မဆုံရဲဘဲ ခေါင်းငုံ့နေလိုက်ကြသည်။

သို့သော် .. ထိုအချိန်မှာပင် ..

" ဟားဟား .. တော်တော်လာတဲ့ လူပါလားကွ ။ မင်းက အစွမ်းထက်တာ မှန်ပါတယ်၊ ဒါပေမယ့် မင်းပြောတာက လွန်နေပြီကွ ။ ဆုမီတောင်ကို ဝင်ခွင့်က ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက နိုင်ငံတွေအားလုံး စုပေါင်းပြီး ချခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ။ ဆိုတော့ မင်းတစ်ယောက်တည်းနဲ့ စည်းမျဥ်းတွေကို ပြောင်းချင်တိုင်း ပြောင်းလိုက်လို့ မရဘူး "

အသံတစ်သံနှင့်အတူ အဘိုးအိုတစ်ယောက် ခန်းမထဲ၌ ပေါ်လာသည်။

" သခင်ကြီးယွမ် .. ဒီရောက်နေတာလား "

" ကောင်းတယ် ။ သခင်ကြီးယွမ်က တုကျဲ့အဆင့် ၁ ရှိတာကွ ။ သူသာရှိရင် ဟိုကောင်က စိတ်ထင်သလို မောက်မောက်မာမာ ပြုမူရဲတော့မှာ မဟုတ်ဘူး "

ထျန်းလန်နိုင်ငံမှ လူများ စိတ်လှုပ်ရှားသွားကြပြန်သည်။

သို့သော် လောထျန်းက အဘိုးကြီးယွမ်ကို တစ်ချက်သာ ကြည့်လိုက်၏။ ထို့နောက် သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားကာ အဘိုးကြီးယွမ်အား ဖမ်းဆုပ်လိုက်သည်။

အကြီးအကဲယွမ်သည် လောထျန်းက စတင်တိုက်ခိုက်လာသည်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်၏။

" မင်းက တကယ်လဲ အစွမ်းထက်တဲ့ သူတစ်ယောက်ပါ ။ ဒါပေမယ့် မင်းက ငါ့အတွက် လုံလောက်အောင် အစွမ်းမထက်သေးတာတော့ မင်း ကံဆိုးတာပေါ့ကွာ "

သူက ထိုသို့ပြောပြီး လောထျန်းအား လက်နောက်ပြန် ရိုက်လိုက်သည်။

" သူ့ကို သတ်ပစ်ပါ သခင်ကြီးယွမ် "

ထျန်းလန်နိုင်ငံမှ လူအား အော်ဟစ်အားပေးလိုက်ကြ၏။

ထို့နောက်တွင်မူ ...

ဘုန်း ...

လောထျန်းက ကောင်းကင်ဘုံ လက်ဝါးသိုင်းကွက်ကို သုံးလိုက်ရာ သခင်ကြီးယွမ်၏ အစအနပင် ကျန်မနေခဲ့တော့ပါချေ။

" ဒီလောက်နဲ့ မလုံလောက်သေးဘူး ဆိုရင်လဲ ငရဲကို သွားပြီး ဆက်ကြည့်လိုက်ပေါ့ "

လောထျန်းက ထိုသို့ အေးစက်စက်ပြောကာ လက်နှစ်ဖက်ကို ဖုန်ခါလိုက်သည်။

All Chapters