← Chapters

အနှိုင်းမဲ့နတ်ဘုရားစွမ်းအား

Vol. 145 Ch. 2161

အနှိုင်းမဲ့နတ်ဘုရားစွမ်းအား

Vol. 145 Ch. 2161

သွေးနီရောင်တောင်ကြားသခင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။

နောက်ဆုတ်ရမည့်အစား သူက ရှေ့သို့တက်လှမ်းပြီး သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ ချက်ချင်းပင်လှည့်ပတ်လိုက်၏။

ထို့နောက်ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပျောက်ကွယ်သွား၏။

သူ၏ တိုက်ခိုက်မှုက မည်သို့မှ အရာမရောက်တော့သည့်အခါ သွေးနီရောင်တောင်ကြားသခင်က ငေးမောမှင်တက်သွားရ၏။ သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ချက်ချင်းပင်ထုတ်လွှတ်ပြီး သူ၏ ဘေးဘက်လည်ကို စိုးရိမ်ပူပန်စွာ အကဲခတ်ကြည့်လိုက်၏။

အဲ့ဒါက မည်သို့သောနည်းလမ်းများပါလိမ့်။

ပုံရိပ်ယောင်နည်းစနစ်လား။

ကိုယ်ဖျောက်ခြင်းလား...။

တည်နေရာခုန်ကူးခြင်းလား...။

သွေးနီရောင်တောင်ကြားသခင်သည် အ​ခြေအနေကို ချက်ချင်းအကဲမဖြတ်နိုင်ပေ။

အဲ့ဒါက တည်နေရာခုန်ကူးခြင်း ဖြစ်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် တစ်နေရာရာမှာ ပြန်လည်ပေါ်ထွက်လာရပေမည်။ သို့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာ၏ မည်သည့်အရိပ်အယောင်ကိုမှ လုံးဝမတွေ့ရတော့ပေ။

ထူးဆန်းသောအရာမှာ သိုင်းတာအိုပင်မခန္ဓာက ဤနေရာမှာပင်ရှိနေသေးသည်ကို သူကအာရုံခံမိနေ၏။ သိုင်းတာအိုပင်မခန္ဓာ၏ အငွေ့အသက်က ဘက်ပေါင်းစုံကနေ ဝင်ရောက်လာသည့်အလားပင်။ သူသည် ထိုသူ၏ တည်နေရာအတိအကျကို လုံးဝအတည်မပြုနိုင်ပေ။

“မင်းသတ္တိရှိတယ်ဆိုရင် ထွက်လာခဲ့... ပုန်းမနေနဲ့”

သွေးနီရောင်တောင်ကြားသခင်က ထက်ရှသော အကြည့်နှင့်အတူ ဟိန်းဟောက်လိုက်၏။ သူက အစစ်အမှန်အမြုတေကနေစုဖွဲ့ထားသော ဆေဘာကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး သူ၏ စိတ်ကို လျှော့ချရဲခြင်းမရှိပေ။

မင်းက ငါ့ကိုခုတ်ပိုင်းဖို့ကြိုးစားခဲ့တယ်ဆိုမှတော့... ငါ့ရဲ့မျိုးဆက်သွေးနယ်မြေကိုလည်း စမ်းကြည့်ရသေးတာပေါ့”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာသည့်အလား အပြောင်းအလဲမြန်စွာထွက်ပေါ်လာ၏။

အဲ့ဒါက သူတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ ကောင်းကင်အင်မော်တယ်ချီလီနှင့် အခြားသူများအပါအဝင် ခန်းမထဲမှာ ကျန်ရှိနေသောလူများသည်လည်း ကြောင်တိကြောင်တောင်ဖြစ်နေကြ၏။ သူတို့သည် သူတို့၏ မျက်လုံးများကို ပြူးကျယ်၍ ဘေးပတ်လည်ကိုကြည့်ရှုနေသော်လည်း အသံလာရာအရင်းအမြစ်ကို ရှာမတွေ့နိုင်ပေ။

“တော်တော်ပူတာပဲ”

ထိုစဥ်မှာပင် ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးက သူ၏ ခန္ဓာကိုယ်သည် အပူရှိန်တက်လာပြီး ဘေးပတ်ဝန်းကျင်ရှိ အပူချိန်က လျင်မြန်စွာမြင့်တက်လာပုံရသည်ဟု ခံစားမိလိုက်၏။

တစ်ခဏချင်းမှာပင် အဲ့ဒါက သူ့အတွက် မခံမရပ်နိုင်အောင် ဖြစ်လာခဲ့လေသည်။

ထိုသူကချွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်၏။

အခြားသော ကောင်းကင်အင်မော်တယ်ပညာရှင်များကလည်း သူတို့၏ အသားအရေများနီမြန်းလာပြီး ချွေးများစိုရွှဲလာ၏။

သူတို့ထဲမှတစ်ယောက်သည် အဲ့ဒါကိုခံနိုင်ရည်မရှိတော့ဘဲ အပြင်ဘက်သို့ပြေးထွက်လိုက်၏။

သို့သော်လည်း သူက ဝေးဝေးမလျှောက်လှမ်းရသေးခင်မှာပင် သူက မာကျော၍ ချစ်ချစ်တောက်ပူလောင်သော သံပြားတစ်ချပ်ဖြင့် ပစ်တိုက်မိသွားပြီး လေထဲကနေပြုတ်ကျလာခဲ့၏။

“အား...”

ထိုသူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

သူ၏ ခန္ဓာကိုယ်က လောင်ကျွမ်း၍ အရည်ပျော်ကျလာပြီး မီးခိုးစိမ်းများအူထွက်လာ၏။

ကြောက်စရာကောင်းသော ထိုအော်သံက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။

နောက်ခဏ၌ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားကြ၏။

သူတို့၏ ဘေးပတ်လည်မှာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော ကွေးညွှတ်ထားသည့် သံနံရံတစ်ခုက ခပ်ရေးရေးပေါ်ထွက်လာ၏။ အဲ့ဒါသည် သွေးနီရောင်တောင်ကြားကထဲရှိလူတိုင်းကို ဝင်ဆံ့စေနိုင်သော ဧရာမမီးဖိုတစ်လုံးနှင့်တူလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနယ်မြေဖြစ်စဥ် ကောင်းကင်နှင့်မြေကြီးမီးဖို...။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို အဓိကထားပြီး ကျင့်ကြံလေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် ဤမျိုးဆက်သွေးနယ်မြေသည် သိုင်းတာအိုပင်မခန္ဓာ၏ အသန်မာဆုံးနည်းစနစ်ဖြစ်ပြီး သူ့ခွန်အား၏ အထွတ်အထိပ်ဖြစ်၏။

သူတက်လှမ်းမလာခင်က သိုင်းတာအိုပင်မခန္ဓာသည် ဤမျိုးဆက်သွေးနယ်မြေဖြစ်စဥ်ကို တဖြည်းဖြည်းပြီးပြည့်စုံစေခဲ့၏။

သူ၏ ခန္ဓာကိုယ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးချပြီး သူက ကိုယ်ကာယကို စကြာဝဠာအဖြစ်ရှုမြင်ကာ ကောင်းကင်နှင့်မြေကြီးကို သူ့ခန္ဓာကိုယ်၏ မီးဖိုနှင့် အစားထိုးထား၏။

ထိုဖန်တီးခြင်းဖြစ်စဥ်မှာ ယင်နှင့်ယန်က အားဖြည့်လောင်စာဖြစ်ပြီး သက်ရှိများအားလုံးက ကြေးသတ္တုဖြစ်လေသည်။ သိုင်းစိတ်ဝိညာဥ်မီး၊ ကပ်ဘေးမီး၊ နဂါးဖီးနစ်မီးတောက်နှင့် အနီရောင်ကြာပန်းကြမ္မာမီးတောက်တို့ဖြင့် ပေါင်းစပ်ထားပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုကို ထွက်ပေါ်လာစေ၏။

မီးတောက်လေးခုကနေ မျိုးဆက်သွေးနယ်မြေဖြစ်စဥ်က စုစည်းဖြစ်ပေါ်လာပြီး အလွန်တရာစွမ်းအားကြီးမားနေ၏။ အဲ့ဒါကရှုထောင့်တစ်ခုသာလျှင်ဖြစ်လေသည်။

သိုင်းတာအိုအတွင်းမှာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် နက်နဲသိမ်မွေ့မှုများပါဝင်နေ၏။ ၎င်း၏ ရဲဝင့်မှုက ထူးခြားအံ့မခန်းဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ကာကွယ်မှုအောက်မှာ ဘေးကင်းလုံခြုံနေသော အဆူရာကလွဲလျှင် လက်ရှိအခြားသော ကောင်းကင်အင်မော်တယ်ပညာရှင်များက အဲ့ဒါကိုမခုခံနိုင်ပေ။

မီးတောက်များက သူတို့၏ ခန္ဓာကိုယ်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး အသက်ရှုချိန် အနည်းငယ်အတွင်းမှာ သူတို့၏ အမြုတေစိတ်ဝိညာဥ်များနှင့် ကိုယ်ကာယများက လောင်ကျွမ်းပြာကျသွား၏။

ကောင်းကင်အင်မော်တယ်ချီလီကလည်း သေဆုံးသွား၏။

“ငါကပကတိမိစ္ဆာပဲ... မင်းကမျိုးဆက်သွေးနယ်မြေတစ်ခုလောက်နဲ့ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေလို့လား”

သွေးနီရောင်တောင်ကြားသခင်က ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာတစ်ခုနှင့်အတူ အော်ဟစ်ဟိန်းဟောက်လိုက်၏။

သူသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ရူးသွပ်စွာစုပ်ယူပြီး အဲ့ဒါကိုနက်မှောင်နေသော အစစ်အမှန်အမြုတေအဖြစ် အသွင်ပြောင်းလဲစေကာ သူ၏ ခန္ဓာကိုယ်၏ ဘေးပတ်လည်မှာ ရစ်သိုင်းစေလိုက်၏။ အဲ့ဒါက နေရာအနှံ့ကနေဝင်ရောက်လာသော မီးဖို၏ မီးတောက်များကို တားဆီးပေးနေ၏။

သို့သော် မကြာမီ သူ၏ အကြည့်က ပြောင်းလဲသွားပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

သွေးနီရောင်တောင်ကြားသခင်ကို ထိတ်လန့်တကြားဖြစ်သွားစေသည်မှာ သူ၏ ခန္ဓာကိုယ်ထဲမှာလှည့်ပတ်နေသော အစစ်အမှန်အမြုတေက ကောင်းကင်နှင့်မြေကြီး မီးဖို၏ အပူချိန်အောက်မှာ စတင်အငွေ့ပျံလာခဲ့ပြီဖြစ်၏။

“ဟာ...”

သွေးနီရောင်တောင်ကြားသခင်က တုန်လှုပ်သွား၏။

အစစ်အမှန်အမြုတေပင်လျှင် ထိုစွမ်းအားကို မခုခံနိုင်ဘူးလား..။

အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

မဟုတ်မှလွဲ...။

“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားပဲ”

သွေးနီရောင်တောင်ကြားသခင်၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုက တုန်လှုပ်မှုအဖြစ်ပြောင်းလဲသွားပြီး သူက ခပ်စူးစူးအော်ဟစ်လိုက်၏။

သူ့အပြင် ငွေရောင်မျက်နှာဖုံး၏ အောက်ကနေ ကောင်းကင်ဘုံဝံပုလွေ၏ အသံကလည်း တစ်ချိန်တည်းနီးပါးထွက်ပေါ်လာပြီး အဲ့ဒါက တူညီသောစကားသံပင်ဖြစ်လေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သိုင်းတာအိုပင်မခန္ဓာသည် နတ်ဘုရားကုန်းမြေတိုက်မှာ တိုက်ခိုက်ခဲ့စဥ်က သူသည် ကောင်းကင်နှင့်မြေကြီးမီးဖိုကို တစ်ခါထုတ်ဖော်ခဲ့၏။

သို့သော်လည်း ထိုအချိန်တုန်းက သူတို့သည် အောက်ဘုံလောကမှာရှိနေခဲ့သောကြောင့် ၎င်း၏ စွမ်းအားအပြည့်အဝက ပေါ်ထွက်မလာခဲ့ပေ။

ထိုမျိုးဆက်သွေးနယ်မြေကလည်း ပြီးပြည့်စုံမှုရှိမနေခဲ့ပေ။

သို့သော်ယခု သိုင်းတာအိုပင်မခန္ဓာသည် အဲ့ဒါကို သူ၏ အစွမ်းကုန်ဖြင့် ထိန်ချန်ခြင်းမရှိဘဲ လှည့်ပတ်လိုက်ပြီး ထွက်ပေါ်လာသည့် ကြောက်စရာကောင်းသောစွမ်းအားက ကောင်းကင်ဘုံဝံပုလွေကို တုန်လှုပ်သွားစေ၏။

ကောင်းကင်နှင့်မြေကြီးမီးဖိုက မျိုးဆက်သွေးနယ်မြေတစ်ခုဖြစ်၏။

သို့သော်လည်း ကောင်းကင်ဘုံဝံပုလွေ၏ အကဲဖြတ်မှုအရ ဤမျိုးဆက်သွေးနယ်မြေသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုနှင့် ယှဥ်နိုင်နေလေပြီ။

ကောင်းကင်ဘုံဝံပုလွေသည် သိုင်းတာအိုပင်မခန္ဓာထံမှာ အညံ့ခံခဲ့ရသော်လည်း သူ့နှလုံးသား၏ အနက်ပိုင်းထဲမှာ သူ့သခင်အပေါ် အထင်အမြင်သေးမှုတချို့ ရှိနေဆဲဖြစ်၏။

သူ့မှာ သခင်နှစ်ယောက်ရှိခဲ့ပြီး သူက သူတို့နှစ်ယောက်ကို အမြဲတမ်းနှိုင်းယှဥ်ကြည့်ခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာက သန်မာသော်လည်း ထိုသူက သူ၏ ယခင်သခင်နှင့်ယှဥ်လျှင် များစွာနိမ့်ကျနေဆဲဖြစ်၏။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုကိုတည်ထောင်ခဲ့၏။ သူ့အနေဖြင့်တစ်ခါမှမရှိခဲ့ဖူးသော ဤလမ်းကြောင်းကို ဖွင့်လှစ်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

သူ့ကို မည်သူကမှ လမ်းညွှန်မှုမပေးနိုင်သလို အကူအညီလည်းမပေးနိုင်ပေ။

အခြားသောသက်ရှိများအတွက်တော့... ရှေ့မှာရှိသောလမ်းကြောင်းက ရှင်းလင်းနေ၏။

သိုင်းတာအိုပင်မခန္ဓာကတော့ သူ၏ အနာဂတ်သည် မှောင်မည်းတိတ်ဆိတ်နေပြီး ခြေလှမ်းတိုင်းက ဖောက်လွဲဖောက်ပြန်ဖြစ်သွားနိုင်လေသည်။

မှားယွင်းသောခြေတစ်လှမ်းက အဆုံးမဲ့ချောက်နက်ထဲမှာ သေခြင်းတရားဆီသို့ ဦးတည်သွားစေနိုင်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနယ်မြေသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုနှင့်ယှဥ်နိုင်သော ဤကဲ့သို့သော စွမ်းအားကို ထုတ်ဖော်ပေးနိုင်လိမ့်မည်ဟု ကောင်းကင်ဘုံဝံပုလွေက ထင်မှတ်မထားခဲ့ပေ။

ပို၍ပြောစရာဖြစ်သည်မှာ အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာကိုယ်တိုင်၏ မျိုးဆက်သွေးနယ်မြေဖြစ်လေသည်။ အဲ့ဒါကို တစ်ယောက်ယောက်က သင်ကြားပေးထားခြင်းမဟုတ်ဘဲ သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုကနေ တိုက်ရိုက်ဆင်းသက်လာခဲ့ခြင်းဖြစ်၏။

သမိုင်းတစ်လျှောက်မှာ စာဖြင့် မှတ်တမ်းတင်ထားသော အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ဆယ်ခုကျော်ကျော်သာလျှင်ရှိပြီး သူတို့ကအလွန်တရာရှားပါးလေသည်။

သူတို့ထဲမှတစ်ခုခုကို နားလည်ဆင်ခြင်နိုင်သောမည်သူမဆို သူတို့၏ အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းနိုင်လေသည်။

အန္တိမနတ်ဘုရားစွမ်းအားများက သန်မာသော်လည်း သူတို့သည် ပကတိအင်မော်တယ်များနှင့် ပကတိမိစ္ဆာများကို ခြိမ်းခြောက်နိုင်စွမ်းများစွာမရှိပေ။

သို့သော်လည်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားသည် ပကတိအင်မော်တယ်များနှင့် ပကတိမိစ္ဆာများကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။

အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားကို ကောင်းကင်အင်မော်တယ်တစ်ဦးက ထုတ်ဖော်သည့်အခါ အဲ့ဒါသည် သွေးနီရောင်တောင်ကြားသခင်ကို သေချာပေါက်ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ကောင်းကင်နှင့် မြေကြီးမီးဖိုကတော့ အဲ့ဒါသည် သူ၏ အစစ်အမှန်အမြုတေကို အရည်ဖျော်ချနေပြီဖြစ်၏။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကသာလျှင် ထိုအဆင့်သို့ ရောက်ရှိနိုင်လေသည်။

“မဖြစ်နိုင်ဘူး... ဘယ်လိုမှကိုမဖြစ်နိုင်ဘူး”

သွေးနီရောင်တောင်ကြားသခင်၏ မျက်လုံးများက ပြူးကျယ်နေပြီး သူက အဘက်ဘက်သို့လှည့်ကာ အော်ပြောလိုက်၏။

“မင်က ကောင်းကင်အင်မော်တယ်နယ်ပယ်မှာပဲရှိသေးတယ်... မင်းက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ဘယ်လိုလုပ်ပြီး နားလည်ဆင်ခြင်နိုင်နေတာလဲ”

အဲ့ဒါသည် သူ၏ နားလည်နိုင်စွမ်းထက် လုံးဝကိုကျော်လွန်နေ၏။

ကောင်းကင်အင်မော်တယ်များကိုမပြောနှင့် သမိုင်းတစ်လျှောက်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်သော ပကတိအင်မော်တယ်များနှင့် ပကတိမိစ္ဆာများပင်လျှင် များစွာမရှိခဲ့ပေ။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုသည် ပကတိဧကနယ်ပယ်မှာရှိသော တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာပင် သတ်ဖြတ်ခြင်းလက်နက်တစ်ခုဖြစ်လာနိုင်လေသည်။

“အား... အား.... အား...”

သွေးနီရောင်တောင်ကြားသခင်က ရူးသွပ်သွားသည့်အလား သွေးရူးသွေးတမ်းအော်ဟစ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှရှိမလာခဲ့ပေ။

သူ၏ ဘေးပတ်လည်မှာ ဒေါသတကြီးလောင်ကျွမ်းနေသော မီးတောက်များသာလျှင်ရှိလေသည်။

ကောင်းကင်နှင့်မြေကြီး မီးဖို၏ အပူချိန်ကလည်း ဆက်လက်၍မြင့်တက်လာနေ၏။

သူ၏ ဘေးပတ်လည်မှ နက်မှောင်နေသော အစစ်အမှန်အမြုတေက တဖြည်းဖြည်းအငွေ့ပြန်လာခဲ့၏။ အဲ့ဒါကခန်း​ခြောက်သွားသောအခါ သူ၏ အသွေးအသားက ကောင်းကင်နှင့်မြေကြီးမီးဖို၏ စွမ်းအားကို မခုခံနိုင်တော့ပေ။

သွေးနီရောင်တောင်ကြားသခင်သည် ယခုတင်ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က လုံးလုံးလျားလျား တည်ငြိမ်မှုမရှိသေးပေ။

စောစောက တစ္ဆေမျက်နှာထံမှ အကြည့်တစ်ချက်ဖြင့် သူ၏ တာအိုသစ်သီးက လဲပြိုကျတော့မည့်လက္ခဏာများ ပြသခဲ့လေသည်။

ယခု... ကောင်းကင်နှင့်မြေကြီးမီးဖို၏ သန့်စင်မှုအောက်မှာ သူ၏ တာအိုသစ်သီးက ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။ အဲ့ဒါကလဲပြိုကျ​တော့မည့်ဆဲဆဲ ဖြစ်လာခဲ့၏။

“ကောင်းကင်နဲ့မြေကြီးက မီးဖိုဖြစ်လာပြီး ဖန်တီးခြင်းဖြစ်စဥ်က ပေါ်ထွက်လာလိမ့်မယ်... ယင်နဲ့ယန်က အားဖြည့်လောင်စာဖြစ်ပြီး သက်ရှိအားလုံးက ကြေးသတ္တုဖြစ်လာလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက ကောင်းကင်နှင့်မြေကြီးမီးဖိုထဲကနေ ဖြည်းဖြည်ချင်း ပေါ်ထွက်လာ၏။

ထိုအသံနှင့်ရင်ဆိုင်ရချိန်မှာ သွေးနီ​ရောင်တောင်ကြားသခင်၏ တာအိုက လဲပြိုကျသွားပြီး သူကဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူ၏ တာအိုက ဒေါသူပုန်ထနေသောမီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရပြီး တစ်ခဏချင်းမှာပင် အဲ့ဒါက အလျှံညီးညီး တောက်လောင်လာခဲ့၏။

သိပ်မကြာခင် သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်က လောင်ကျွမ်းပြာကျသွားခဲ့လေပြီ။

All Chapters