← Chapters

လမ်းဆုံးသို့

Vol. 145 Ch. 2163

လမ်းဆုံးသို့

Vol. 145 Ch. 2163

သိုင်းတာအိုပင်မခန္ဓာက သွေးနီရောင်တောင်ကြားသို့ ရောက်မလာခင် သွေးနီရောင်တောင်ကြားသခင်သည် တစ်ခါက ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုသို့ ဝင်ရောက်ပြီး ရတနာတစ်ခု ရရှိထားခဲ့သည်ဆိုတာကို သူက ကြားဖူးထားလေသည်။ ထို့ကြောင့်ပင်လျှင် သူ၏ ကျင့်ကြံမှုက လျင်မြန်စွာ မြင့်တက်လာပြီး သူက ဤပိုင်နက်နယ်မြေမှာ ကျော်ကြားလာခဲ့ခြင်းဖြစ်၏။

သူထင်တာ မမှားဘူးဆိုလျှင် ရတနာဟု ခေါ်ဆိုသော ထိုအရာသည် မပြည့်စုံသော ဤအနက်ရောင်ကားချပ် ဖြစ်ရပေမည်။

လူတစ်ယောက်က မပြည့်စုံသော ကားချပ်ကို စိုက်ကြည့်မည်ဆိုလျှင် သူတို့အနေဖြင့် ၎င်းထဲမှာ နစ်မျောသွားပြီး အထဲမှာ ရှိသော ပြင်းထန်ကြမ်းတမ်းပြီး သတ်လို ဖြတ်လိုသော စိတ်ခံစားချက်များဖြင့် သက်ရောက်ခြင်းခံရဖို့ အရမ်းကို လွယ်ကူပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက အငိုက်မိသွားပြီး ၎င်းထဲမှာ ကျဆင်းလုနီးပါး​ ဖြစ်ခဲ့၏။

လူတစ်ယောက်၏ စိတ်က သက်ရောက်ခံလိုက်ရသည်နှင့် မပြီးပြည့်စုံသော ကားချပ်က ထူးဆန်းသော စွမ်းအားတစ်ခုကို ထုတ်လွှတ်ပြီး ကြည့်ရှုသူ၏ ခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော နက်မှောင်နေသည့် နတ်ဆိုးအင်းကွက်များကို ပေါ်ထွက်လာစေလိမ့်မည်။

နက်မှောင်နေသော ဓမ္မအင်းကွက်များသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီအပေါ် အလွန်တရာ သန်မာ၍ ထိန်းမနိုင်သိမ်းမရဖြစ်သော စုပ်ယူစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

ထိုစွမ်းအား၏ စုဆောင်းရယူမှုနှင့်အတူ သူ၏ ကျင့်ကြံမှု အလျင်အဟုန်က သေချာပေါက် ဆပွားများစွာ တိုးလာပေလိမ့်မည်။

ထို့ကြောင့်ပင်လျှင် သွေးနီရောင်တောင်ကြားသခင်၏ ကျင့်ကြံမှုက အချိန်တိုအတွင်းမှာ မြင့်တက်လာခဲ့ခြင်းဖြစ်၏။ တကယ်ဆို သူသည် နောက်ဆုံးမှာ ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ပြီး တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ကာ ပကတိမိစ္ဆာတစ်ဦးပင် ဖြစ်လာခဲ့၏။

မပြီးပြည့်စုံသော အနက်ရောင်ကားချပ်သည် လူတစ်ယောက်၏ ရုပ်ပုံကို ပုံဖော်ထားသော်လည်း အဲဒါသည် ထိပ်တန်းမိစ္ဆာနည်းစနစ်တစ်ခုကို မှတ်တမ်းတင်ထားခြင်း ဖြစ်ဖို့များလေသည်။

ထိုမိစ္ဆာနည်းစနစ်က သိုင်းတာအိုပင်မခန္ဓာအပေါ်မှာပင် သက်ရောက်စေနိုင်၏။

ထူးခြားမှု တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သိုင်းတာအိုပင်မခန္ဓာက သိပ်မကြာခင် ရုန်းထွက်လာခဲ့၏။

သူ့ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေခဲ့သော အနက်ရောင် ဓမ္မအင်းကွက်များကပင်လျှင် သူ၏ သွေးချီဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာသည် သုတ္တန်တစ်ရာကို ပြုစုပျိုးထောင်ပြီး ကျင့်ကြံမှု နည်းစနစ်များကို အရည်ဖျော်ချဖို့အတွက် သိုင်းတာအိုမီးဖိုကို အသုံးချခဲ့လေသည်။ သို့သော်လည်း သူသည် ထိုသုတ္တန်များ၏ ကန့်သတ်ချုပ်နှောင်ခြင်းကို တကယ်တမ်း ခံရလိမ့်မည် မဟုတ်ပေ။

သူ၏ အခြေခံအုတ်မြစ်က သိုင်းတာအိုသာ ဖြစ်လေသည်။ ကျင့်ကြံမှု နည်းစနစ်များကို အရည်ဖျော်ချခြင်း၏ ရည်ရွယ်ချက်မှာ သူတို့ထံကနေ ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီး သူ၏ ကိုယ်ပိုင်တာအိုနှင့် ဓမ္မပညာရပ်များကို ဖန်တီးဖို့ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် သုတ္တန်များစွာနှင့် ကျင့်ကြံရေး နည်းစနစ်များကို လှန်လှောဖတ်ရှုခဲ့ပြီး သူတို့ကို ကျင့်ကြံဖို့ပင် ကြိုးပမ်းခဲ့ဖူးလေသည်။ သို့သော်လည်း သူသည် ထိုပညာရပ်များထဲမှာ ကျဆင်းသွားလိမ့်မည် မဟုတ်သလို သူ၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့် အမှတ်အသားကိုမှလည်း ကျန်ရစ်ခဲ့စေလိမ့်မည် မဟုတ်ပေ။

သူသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများနှင့် မတူကွဲပြားသော ဓမ္မအစီအရင်တစ်ခုကို ဖန်တီးလိုသည်ဆိုလျှင် သူသည် ထိုဓမ္မတာအို သုံးခု၏ လွှမ်းမိုးမှုကနေ ရုန်းထွက်နိုင်မှသာ အဲဒါကို အောင်မြင်ရရှိနိုင်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် များစွာသန်မာနေပြီဖြစ်၏။ သို့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က ပိတ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့လာရပြီး သူ့အနေဖြင့် ထပ်မံ၍ အဆင့်ချိုးဖျက်တက်လှမ်းဖို့က ခက်ခဲသွားခဲ့လေပြီ။

သူက ထပ်မံ၍ ရှေ့ကို တက်လှမ်းချင်သည်ဆိုလျှင် သူသည် နောက်ထပ် ဓမ္မတာအိုတစ်ခုကို ဖန်တီးရပေမည်။ သူ့ရှေ့မှာ ရှိသော လမ်းကြောင်းက မှောင်မည်း၍ တိတ်ဆိတ်ခြောက်ကပ်နေသော ချောက်နက်တစ်ခု ဖြစ်၏။

သူက သူ၏ တာအိုကို ဖန်တီးပြီးမှသာ ရှေ့ကို ဆက်တက်နိုင်မည်ဖြစ်၏။

သို့သော်လည်း အဲဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ကွဲပြားခြားနားလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာကို မယှဉ်နိုင်သော်လည်း သူ၏ အနာဂတ်က ရှင်းလင်းတိကျနေ၏။ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို တက်လှမ်းပြီးနောက် ပကတိဧကနယ်ပယ်က သူ့ကို စောင့်ကြိုနေပေလိမ့်မည်။

ပကတိဧကနယ်ပယ်ကို တက်လှမ်းပြီးနောက် ကောင်းကင်လိုဏ်ဂူနယ်ပယ်က သူ့ကို စောင့်ကြိုနေပေလိမ့်မည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းပြီးနောက် ဧကရာဇ်နယ်ပယ်က သူ့ကို စောင့်ကြိုနေပေလိမ့်မည်။

ထိုကျင့်ကြံရေး လမ်းကြောင်းက ငွားငွားစွင့်စွင့် မြင့်မားသော တောင်တစ်လုံးကဲ့သို့ ဖြစ်၏။

ဘိုးဘေးများသည် သွေးများနှင့် အလောင်းများနှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ရှေ့မှာ ကျောက်လှေကားထစ်များကို ဖောက်လုပ်ပေးခဲ့ကြ၏။ သူလုပ်စရာ ရှိသည်မှာ အပေါ်ကို တက်လှမ်းဖို့သာ ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာအတွက်တော့ သူသည် အပေါ်သို့ မတက်လှမ်းခင် တောင်ထွတ်ပေါ်မှာ ကျောက်လှေကားထစ်များကို သူ့အားသူကိုး၍ ဖောက်လုပ်ရမည်ဖြစ်၏။

နှိုင်းယှဉ်မည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် တောင်ထွတ်ပေါ်ကို ရောက်ရှိဖို့က ပိုမိုလွယ်ကူပေလိမ့်မည်။

“ဒီမပြည့်စုံတဲ့ ကားချပ်ကို မင်းသိလား”

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး အသံတစ်ခုကို ပို့လွှတ်ကာ မေးလိုက်၏။

ကောင်းကင်ဘုံဝံပုလွေသည် အထက်ဘုံမှ လာခြင်းဖြစ်ပြီး သူသည် ငရဲဖိနှိမ်မီးဖိုနှင့် ရှေးဟောင်းလျှို့ဝှက်ချက်များစွာကို သိရှိထားလေသည်။ သူသည် ဤမပြီးပြည့်စုံသော ကားချပ်၏ မူလဇာစ်မြစ်ကို သိရှိနေဖို့များလေသည်။

“ကျုပ် မသိပါဘူး”

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။

“ဒါပေမဲ့ ဒီမပြည့်စုံတဲ့ကားချပ်က အတော်လေး အိုဟောင်းနေပြီ.. အဲဒါက ကျုပ်ထက်တောင်မှ ပိုပြီးတော့ ရှေးကျနေလောက်တယ်.. အဲဒီပေါ်မှာ မှတ်တမ်းတင်ထားတာက အရမ်းကို စွမ်းအားကြီးမားတဲ့ မိစ္ဆာနည်းစနစ်တစ်ခု ဖြစ်လောက်တယ်”

အဲဒါသည် သိုင်းတာအိုပင်မခန္ဓာ၏ အကဲဖြတ်မှုနှင့် အတူတူပင်ဖြစ်၏။

မပြီးပြည့်စုံသော အနက်ရောင် ကားချပ်ပေါ်ရှိ မိစ္ဆာနည်းစနစ်သည် ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ရူးသွပ်စွာ စုပ်ယူနိုင်ပြီး အရမ်းကို စီးပိုးခြယ်လှယ်မှု ရှိလေသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေ အဲဒါက သိုင်းတာအိုမီးဖို၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို မယှဉ်နိုင်ပေ။

သိုင်းတာအိုမီးဖိုက အမြုတေစိတ်ဝိညဉ်သတ္တုတွင်းတစ်ခုလုံးကိုပင် စုပ်ယူသန့်စင်နိုင်၏။

တကယ်တော့ မပြီးပြည့်စုံသော အနက်ရောင် ကားချပ်သည် သူ့အတွက် ကြီးမားစွာ အထောက်အကူဖြစ်နေနိုင်သေး၏။

သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုမှာ ရှေ့သို့ နောက်ထပ်တက်လှမ်းချင်သည်ဆိုလျှင် သူသည် များပြားလှစွာသော ကျင့်ကြံရေး နည်းစနစ်များနှင့် သုတ္တန်များကို လေ့လာဖတ်ရှုရပေမည်။

ကျင့်ကြံရေး နည်းစနစ်များ၏ အရည်အသွေးက ပိုမိုမြင့်မားပြီး ပိုမိုသန်မာလေလေ.. သူတို့ကို သိုင်းတာအိုမီးဖိုကနေ အရည်ဖျော်ချပြီးနောက် သူ့အတွက် အကျိုးအမြတ်ကြီးမားလေ ဖြစ်သည်။

တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက ဆူဇီမိုသည် အမွေအနှစ်များစွာကို ရရှိခဲ့ပြီး အတွေ့အကြုံများစွာကို စုဆောင်းခဲ့လေသည်။ နှစ်ငါးထောင်ကြာ သန့်စင်စစ်ထုတ်ပြီးနောက် သူသည် နောက်ဆုံးမှာ သက်ရှိများ အားလုံးအတွက် သိုင်းတာအိုကို တည်ထောင်နိုင်ခဲ့၏။

“အဟွတ်.. အဟွတ်..”

ထိုစဉ်မှာပင် ဘေးဘက်ကနေ လေးလံသော ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ အတွေးများကို ဖြတ်တောက်လိုက်၏။

ယန်ပေးချန်က လွတ်မြောက်လာခဲ့ပြီဖြစ်သော်လည်း သူသည် ဤနှစ်များအတွင်း ညှင်းပန်းနှိပ်စက်မှုများစွာကို တွေ့ကြုံခံစားခဲ့ရပြီး သူ၏ ရင်ထဲရှိ အမုန်းတရားကြောင့်သာ သူက အဲဒါကို ယခုအချိန်ထိ တောင့်ခံနေနိုင်သေးခြင်း ဖြစ်၏။

ယခု သူက အန္တရာယ်ကနေ လွတ်မြောက်လာပြီး သူ၏ စိတ်ကို လျှော့ချလိုက်သောအခါ သူ၏ အမုန်းတရားများက အနည်းငယ် လျော့ပါးသွားလေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက လုံးဝကို ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီဖြစ်၏။

ယန်ပေးချန်၏ မျက်နှာက ဖြူဖျော့သွားပြီး သူက ညိုမည်းနေသော သွေးများကို ထွေးထုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက အလွန်တရာ အားနည်းသွားပြီး သူက လမ်းဆုံးကို ရောက်ရှိလာခဲ့လေပြီ။

ယန်ပေးချန်၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်၍ မှေးမှိန်နေ၏။

ဤအတိုင်းသာ ဆက်သွားလျှင် ယန်ပေးချန်က သိပ်မကြာခင် သေရပေတော့မည်။

သိုင်းတာအိုပင်မခန္ဓာသည် ယန်ပေးချန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

သူသည် တိုက်ခိုက်ရည်မှာ သန်မာပြီး တစ်မူထူးခြားသော နည်းလမ်းများကို ပိုင်ဆိုင်ထားသော်လည်း ယန်ပေးချန်၏ ထိခိုက်ဒဏ်ရာများနှင့် ပတ်သက်၍ သူက ဘာမှ မတတ်နိုင်ပေ။

သူသည် ဆေးလုံးများကို မလိုအပ်သည့်အတွက် သူ၏ သိုလှောင်အိတ်ထဲမှာ မည်သည့် ဆေးလုံးမှ ရှိမနေပေ။

ဒါ့အပြင် ယခုအချိန်မှာ မည်သည့်ဆေးလုံးကမှ ယန်ပေးချန်ကို ကယ်တင်နိုင်မည် မဟုတ်ချေ။

ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းကပင်လျှင် ယန်ပေးချန်၏ ခန္ဓာကိုယ်ကိုသာ ကုသပေးနိုင်မည်ဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကုသပေးနိုင်မည် မဟုတ်ပေ။

အထက်ဘုံမှာဖြစ်စေ.. အောက်ဘုံမှာဖြစ်စေ.. အမြုတေစိတ်ဝိညာဉ်ကို ကုသပေးနိုင်သည့် ဆေးလုံးများက အရမ်းကို ရှားပါးလေသည်။

သို့သော်လည်း ယန်ပေးချန်၏ ထိခိုက်ဒဏ်ရာများက အရမ်းကို ပြင်းထန်နေ၏။

“အစ်ကိုယန်”

သိုင်းတာအိုပင်မခန္ဓာက လေးလံသော စိတ်ဖြင့် ညင်သာစွာ ခေါ်လိုက်၏။

“ဟားဟား”

သူ၏ ရလဒ်ကို ခန့်မှန်းမိသွားပြီဖြစ်သည့်အလား ယန်ပေးချန်က စိတ်လက်ပေါ့ပါးသော အပြုံးတစ်ခုကို လုပ်ယူလိုက်၏။

“ဇီမို.. ဘာမှ စိုးရိမ်မနေနဲ့.. ငါ သေသွားတယ်ဆိုလည်း သေပါစေ.. ငါက တမလွန်လောကကို ဝင်ရောက်ပြီး ဖျန်ရန့်ဆီကို သွားလည်လို့ ရပြီ”

သိုင်းတာအိုပင်မခန္ဓာက ကြိတ်၍ သက်ပြင်းချလိုက်၏။

ချင်ဖျန်ရန်၏ သေဆုံးမှုက ယန်ပေးချန်အပေါ် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်နေဆဲပင်။

ဤနှစ်များ အားလုံးမှာ သူသည် မရေရာသော တမလွန်လောကနှင့် လျှို့ဝှက်ဆန်းကြယ်သော ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ရှာဖွေဖို့ စဉ်းစားတွေးတောနေခြင်းကြောင့်သာ မဟုတ်လျှင် သူက အထက်ဘုံသို့ တက်လှမ်းလာလိမ့်မည် မဟုတ်ပေ။ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာကတည်းက သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပေလိမ့်မည်။

သို့သော်လည်း လူတစ်ယောက်သည် ဗလာနယ်ဝိညာဉ်နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ခြင်း မရှိပါက သူတို့က သေဆုံးသွားပြီး တမလွန်လောကသို့ ဝင်ရောက်သွားမည်ဆိုလျှင်တောင် ယန်ပေးချန်သည် ချင်ဖျန်ရန်ကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်သည်ကို သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေထံမှ သိရှိခဲ့ရ၏။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက လုံလောက်အောင် မြင့်မားခြင်း မရှိဘဲ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သို့ ဝင်ရောက်သွားမည်ဆိုလျှင် သူတို့၏ ယခင်ဘဝမှတ်ဉာဏ်များက သေချာပေါက် ဖယ်ရှားရှင်းလင်းခံရပြီး သူတို့က ပြန်လည်မွေးဖွားလာပေလိမ့်မည်။

သူတို့နှစ်ယောက်ကြား ကံကြမ္မာက ပြတ်တောက်သွားခဲ့ပြီဖြစ်၏။

ယန်ပေးချန်က အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ မည်သည့်အရာကမှ ပြောင်းလဲလာတော့မည် မဟုတ်ပေ။

“အူး.. အူး..”

ထိုစဉ်မှာပင် တောကောင်ငယ်လေးတစ်ကောင်၏ ငိုကြွေးသံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာ၏။

ထို့နောက် တစ်ဆက်တည်းမှာပင် အဖြူရောင် ပုံရိပ်တစ်ခုက အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် ရိပ်ခနဲ ပြေးထွက်လာ၏။ ၎င်းက ယန်ပေးချန်၏ ခြေရင်းသို့ ရောက်ရှိလာပြီး အဆက်မပြတ် လှည့်ပတ်ကာ တအီအီအော်မြည်နေ၏။

အဲဒါသည် လက်တစ်ဖက်စာလောက် ရှည်လျားသော အဖြူရောင် ဖျံတစ်ကောင် ဖြစ်လေသည်။ ၎င်း၏ သားမွေးများက နှင်းလို ဖြူဖွေးနေပြီး မည်သည့် အညစ်အကြေးမှ မရှိပေ။

ဖျံဖြူ၏ နက်မှောင်နေသော မျက်လုံးများက စိုးရိမ်ပူပန်သော မျက်ရည်များနှင့်အတူ တောက်ပနေ၏။

“အဲဒါ မင်းပဲ”

ယန်ပေးချန်က ဖျံဖြူကို ကြည့်ပြီး ၎င်း၏ မျက်နှာကို ပွတ်သပ်ဖို့အတွက် သူ၏ ကိုယ်ကို ကိုင်းညွှတ်လိုက်၏။ သို့သော်လည်း သူ၏ ဒဏ်ရာများက ပို၍ဆိုးဝါးလာပြီး သူက မြေပြင်ပေါ်ကို ဒူးထောက်ကျကာ ခါးသီးစွာ ရယ်မောလိုက်၏။

“ငါ တက်လှမ်းလာပြီးတဲ့နောက် ဒီဖျံဖြူလေးနဲ့ ကြုံတွေ့ခဲ့ရတယ်.. သူက တော်တော်လေး အသိစိတ်ရှိတယ်”

ယန်ပေးချန်က တီးတိုးရေရွတ်လိုက်၏။

“အခု ငါ ဒုက္ခရောက်နေတဲ့ အချိန်မှာတောင် မင်းက ထွက်မသွားဘူးဆိုတော့..”

ခဏမျှ ရပ်တန့်ပြီးနောက် ယန်ပေးချန်က ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ.. ဒီတစ်ခေါက်မှာတော့ ငါက အရင်ထွက်သွားရတော့မယ်”

“အူ.. အူ..”

ဖျံဖြူလေးက ငိုကြွေးနေသည့်အလား ညင်သာစွာ အော်ညည်းနေပြီး လူတစ်ယောက်၏ နှလုံးသားကို နာကျင်သွားစေနိုင်၏။

“သခင်.. သူ့ကို ကယ်ဖို့အတွက် ကျုပ်မှာ နည်းလမ်းတစ်ခု ရှိလောက်တယ်”

ထိုစဉ် သိုင်းတာအိုပင်မခန္ဓာ၏ အသိစိတ်ထဲမှာ ကောင်းကင်ဘုံဝံပုလွေ၏ အသံက ထွက်ပေါ်လာခဲ့၏။

All Chapters